Win Thu
�����
03/06/2024
ဒီပုံလေးမြင်တော့ ပထမ ရယ်ချင်မိသား။
နောက်တော့-
"အနုပညာသမားတွေ"ရဲ့တတိယအရွယ် နေဝင်ချိန်ဟာ ခက်ခဲရင်နင့်ဖွယ်ကောင်းလှပါလားရယ်"-လို့
အတွေးရသွားမိပါတယ်ဗျာ။
"အသံမှာ စိန်အောင်မင်း ပြီးရင်အကောင်းဆုံး"လို့ သတ်မှတ်ခံခဲ့ရတဲ့"ပုလဲစိန်" ဟာ-
"ဘီအီးဒီ အောင်သိုက်၊လူငယ်ကြည်ခိုင်"တို့နဲ့ တွဲပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ ဖူးပါတယ်။
"ဖိုးချစ်"ကရာ ဇာတ်ရုံရဲ့ နဘေး ယာတောကတဲလေးမှာ
လူတစ်ယောက် သေအံ့မူးမူး ဖြစ်နေလို့-
ဇာတ်အဖွဲ့သား တစ်ယောက်သွားကြည့်ပြီး မေးစမ်း
ကြည့်တော့မှ "ပုလဲစိန်" တဲ့။
ပြုစု ကုသဖို့ ဝိုင်းကြိုးစားကြပေမယ့်
ဆုံးပါးသွားခဲ့ရပါတယ်။
တစ်ခေတ်မှာတစ်ယောက်လို့ ဆိုရမယ့်-"မြို့မငြိမ်း"ဟာ
ရောင်စုံ ဒုတ်ထိုးရုပ်လေးတွေရောင်းပြီး
ဝမ်းရေးအတွက် ဖြေရှင်းခဲ့ရ ဖူးသတဲ့။
ကားကို အရမ်းကြောက်တဲ့သူဟာ-
အုတ်သယ်ကားအောက်ကို ခေါင်းထိုးထည့် ပြီး-
မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ရှာပါတယ်။
"ပန်းရည်ဘဏ်တိုက်၊ ရွှေပုပ္ပါး၊ရုပ်သေးပွဲ"သီချင်းတွေ
ရေးခဲ့တဲ့ "ကံမြဲ ဦးအေးကျော်"ဟာ-
"နွားတင်းကုတ်"ထဲမှာ လူမသိဘဲ-
အသက်ဆုံးပါးခဲ့ရပါတယ်။
ရေဒီယိုခေတ် ကာလပေါ်သီချင်းတွေကစလို့
နာမည်ကြီး စတီဒီယို သီချင်းပေါင်းများစွာကို
ရေးစပ်ပေးခဲ့တဲ့ "ကိုလေးလွင်"ဟာ-မိုးသဲနေတဲ့အချိန်
တာမွေမီးသတ်ရှေ့က ပလက်ဖောင်းပေါ်မှာ
လဲနေခဲ့ပါတယ်။
လက်ထဲမှာ ခေါက်ဆွဲသုတ် ထုတ်ကလေး နဲ့တဲ့။
( နေမကောင်းတဲ့ကြားက သူ့သမီးစားချင်တယ်ဆိုလို့
သွားဝယ်ပေးရင်း အားပြတ်ပြီး လဲသွားခဲ့ရတာပါ)
ဘေးလူတွေက မေးစမ်းပြီး ဆေးရုံပို့ပေးကြပေမယ့်
အသက် မမှီတော့ပါဘူး။
နာမည်ကသာ "အနုပညာ သမား"။
ဒါပေမယ့်-
သူတို့ဘဝတွေဟာ ရှင်သန်ဖို့
ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်ဗျာ။
😞😞😞😞😞
06/05/2024
သိ၄သိ
05/05/2024
လောက
တလွှား အို လူသားတို့။
ထိုပုံကိုကြည့်
သ တိ ရှိ လော့။
ငယ်စဥ်အခါ
ချော,မောပါလည်း။
အို
လာသောခါ
သင့်
ရုပ်လွှာဝယ်။
ဇရာဒဏ်ချက်
ရန်,စနက်ကြောင့်။
ပျက်,ယွင်းမှန်စွာ
ဓ မ္မ တာ တည်း။
မိအို,ဘအို
ဆရာအို,ကို
သင် တို့ရွံတာ
မဆန်းပါဘူး။
သို့ပါမူလည်း
လူ,အိုကြီး က
မြတ် ဓမ္မ ကို
သင့် တွက်နေ့တိုင်း
စိတ်,ရိုင်း မဝင်
အမှန် မြင်အောင်
ပြ,ပေးနေတာ သိ စမ်း ပါ လော့။
လှသွေးကြွချိန်
မာန,မိုးရောက်
တံခွန်,ဆောက်လည်း
အဆုံးတနေ့
အို,ရန် ဖြစ်လာ
ချိန်,အခါ မှ။
နှာရည် မနိုင်
ဆီး မခိုင် နှင့်
ယိမ်း ယိုင်,ခြေလှမ်း
သွား,တိုင်း မပါ
သင့် ခန္ဓာ ကို
သင် လျှင် နှစ်သက် ဘယ်သူမက်လိမ့်။
သင်
သေ,သောခါ။
သင့်
မသာ,တောင်
အိမ်,မှာ ကျောပူ
မထား မူဘဲ
ရေခဲတိုက်သာ ပို့ကြပါလိမ့်။
ငါ့,ကို ချစ်သူ
သင့် ချစ်သူလည်း။
ချွတ်,ကနဲကြား
အသံ များကြောင့်
ကြောက်အားပိုလျှက်
အအိပ်ပျက်၍၊
ရဟန်းသံဃာ
ပင့် ဘိတ် ခါ ဖြင့်။
ကမ္မဝါ ပရိတ်
ရွတ် လိမ့် ခါခါ
နှင် ကြ မှာမို့။
ဘယ်မှာလည်း သား
ဘယ်မှာ သမီး
ဇနီး,ခင်ပွန်း
သေရင်လွမ်းမည်
သတိ
လေး,တော့ ရှိစေ ခြင်။
ဘဒ္ဒန္တပညာသီရိ ( လောကသရဖူ)
Category
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Win Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.