Isshin Library and Book Store
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Isshin Library and Book Store, 50th Street (Middle Block), Yangon.
လုပ်ငန်းခွင်အင်တာဗျူးများအတွက် ကြိုတင်ပြင်ဆင်ထားကြပါရန်။
အိရှင်းအင်တာနေရှင်နယ်မှ ဂျပန်နိုင်ငံသို့ လက်တွေ့လုပ်ငန်းခွင်ဝင် ကျွမ်းကျင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင် ရန်ပြင်ဆင်နေသော ဂျပန်စာသင်တန်းသားများအား လုပ်ငန်းခွင်အင်တာဗျူးများ ၀င်ရောက် ဖြေဆိုနိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရေး အတွက် အသိပေးနှိုးဆော်ခြင်း။
၁။ ယခင် အင်တာဗျူးဝင်ရောက်ပြီး မအောင်မြင်သေးသူများ၊
၂။အင်တာဗျူး လုံးဝမ၀င်ရသေးသောသူများ၊လက်ရှိ သင်တန်းတက်ရောက်နေသူများ၊
၃။ ဂျပန်စာသင်တန်းလုံးဝမတက်ရသေးသောသူများ၊
၎။ကာလတို သင်တန်း တက်ရောက်ပြီး ပြင်ပကျောင်းများမှ ၀င်ရောက်ဖြေဆိုမည့်သူများ၊
(ပြင်ပကျောင်းသားများအတွက် ကာလတို၂ ရက်သင်တန်းကို (၁၆.၆.၂၀၁၈) ရက်နေ့ မှ (၁၇.၆.၂၀၁၈) ရက်နေ့အထိဖွင့်လှစ် မည်ဖြစ်ပါသည်။
*****လူဦးရေ ကန့်သတ်ထားပါသဖြင့် သင်တန်းမဖွင့်မီ ၁ပတ် နောက်ဆုံးထားပြီး ကြိုတင် အပ်နှံထားကြပါရန်)
၆ လပိုင်း ၂၂ ရက်နေ့တွင် အကြိုအင်တာဗျူးပြုလုပ် မည်ဖြစ် ပါသောကြောင့် ရုံးသို့အမြန်ဆက်သွယ်ပြီး လူကိုယ်တိုင်လာရောက် စာရင်းပေးထားကြပါရန်။
**** မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊အိရှင်း ယူနီဖောင်းနှင့် ရိုက်ထားသော ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံစီ(နောက်ခံအပြာရောင်)၊နောက်ဆုံး တက်ရောက်သင်ကြားခဲ့သည့် ပညာရေးအထောက်အထားမိတ္တူ။ ဂျပန်စာ အရည် အချင်းစစ်စာမေးပွဲ N5 အောင်မြင် ကြောင်းလက်မှတ် မိတ္တူတို့အား တစ်ပါတည်းယူဆောင်လာကြပါရန်။
လုပ်ငန်းအမျိုးအစား တည်နေရာ လူဦးရေ အင်တာဗျူးကာလ
၁။ လျပ်စစ်နှင့် အခြားဆက်စပ် ပစ္စည်းထုတ်ပိုး။ချိဘပြည်နယ်(ကျား-၄၊
မ-၄) ၇ လပိုင်း ပထမအပတ်။
၂။ ဟင်းသီးဟင်းရွက် နှင့် အသီးအနှံထုတ်ပိုး။ခရူးရှူးပြည်နယ်(မ-၅) ၈ လပိုင်း နောက်ဆုံးအပတ်၊
၃။ ထမင်းဘူးစက်ရုံ ။အိုဆာကာ(ကျား-၆၊ မ-၃)။ ၁၁ လပိုင်း
၎။ စားသောက်ကုန်ထုတ်ပိုး ထမင်းနှင့်ဟင်းသီးဟင်းရွက် Shopping Mall။နီဂါတာပြည်နယ် (ကျား-၂ ၊မ-၅) ၁၀ လပိုင်း
၅။ ဆောက်လုပ်ရေး (အိမ်တွင်းအလှဆင်)ဖုခုအိပြည်နယ်(ကျား-၃) အတည်ပြုဆဲ
၆။ စားသောက်ကုန် (မုန်ထုတ်လုပ်ခြင်း) နာဂိုယာမြှို (ကျား-၄၊မ-၈)
၁၁ လပိုင်း
အသေးစိတ်စုံစမ်းသိရှိလိုပါက
ရုံးဖုန်း -၀၉ ၄၂၄၀၇၇၇၇၁ နှင့် ၀၉ ၇၈၄၀၇၇၇၇၁ သို့ရုံးချိန် မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
အိရှင်းအင်တာနေရှင်နယ်
အမှတ် ၁၀၇၊၅ လွှာ၊လမ်း ၅၀ အလယ်ဘလောက်၊ပုဇွန်တောင်မြို့နယ်။
ဂျပန်နိုင်ငံသို့ Training Visa ၊ကာလရှည်အလုပ်ဗီဇာတို့ဖြင့် သွားရောက် လုပ်ကိုင်ရန်ပြင်ဆင် နေသူများ ၊ မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ဗဏီများတွင် အလုပ်လုပ်ကိုင်ရန်ကြိုးစားနေသူများ၊ဂျပန်ဘာသာစကားကို အခြေခံ မှစပြီး ကျွမ်းကျင်ပိုင်နိုင် စွာပြောဆိုရေး ဖတ်လိုသူများ နှင့် စိတ်ပါဝင်စား သူများအတွက် အခြေခံမှ စပြီး ဂျပန်စာ အရည်အချင်း စစ်စာမေးပွဲများ ၀င်ဖြေနိုင်သည်အထိ လေ့ကျင့် သင်ကြားပေးသည့်ဂျပန်ဘာသာစကား တန်းခွဲသစ် များဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းကောင်း။
၁။ (အခြေခံ N5+N4၊ ၆ လခွဲ သင်တန်း )
သင်တန်းစတင်မည့်ရက်စွဲ (၂၈.၅.၂၀၁၈)
သင်တန်းချိန်။ ( နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ အထိ)
(တစ်ပါတ် ၄ ရက် ၊အပါတ်စဉ် တနလာင်္ မှ ကြာသာပတေး နေ့အထိ)
သင်တန်းကြေး ငွေကျပ် (၃) သိန်း (စာရွက်စာတန်း နှင့် ယူနီဖောင်းကြေးပါပြီး)
သင်တန်းနောက်ဆုံး လက်ခံရက်(၂၆၊၅၊၂၀၁၈ )ရက်။
၂။ N4 တန်းခွဲသစ်
သင်တန်းစတင်မည့်ရက်စွဲ (၁၈.၆.၂၀၁၈)
သင်တန်းချိန်။ ( နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ)
(တစ်ပါတ် ၄ ရက် ၊အပါတ်စဉ် တနလာင်္ မှ ကြာသာပတေး နေ့အထိ)
သင်တန်းကြေး ငွေကျပ် (၁ သိန်း ၇ သောင်း) (စာရွက်စာတန်း ကြေးပါပြီးနှင့် ယူနီဖောင်းကြေးမပါ)
သင်တန်းနောက်ဆုံး လက်ခံရက်(၁၆၊၆၊၂၀၁၈ )ရက်။
*****မှတ်ချက်။ ။ သက်ဆိုင်ရာ သင်တန်းဖွင့်ရက်မတိုင်မီ ၃ ရက်ကြိုတင်အပ်ထားရန်။
ဆက်သွယ်ရန်။ ဖုန်း ၀၉ ၄၂၄၀၇၇၇၇၁ ၊ ၀၉ ၇၈၄၀၇၇၇၇၁ ။
အိရှင်းစာပေနှင့် ဂျပန် ဘာသာစကား သင်တန်းကျောင်း
တိုက် ၁၀၇၊ ၅လွှာ ၊ လမ်း ၅၀ အလယ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်။
14/05/2018
5S ၊ သို့မဟုတ် ဂျပန်ပုံစံ
လုပ်ငန်းခွင်စီမံခန့်ခွဲမှုနည်းစနစ်
++++++++++++++++++++++++
ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းကာလတွင် ဂျပန်နိုင်ငံသည် စက်မှုခေတ် နိုင်ငံပြန်လည် တည်ဆောက်ရေး အတွက် အနောက်နိုင်ငံများ၏ စီမံခန့်ခွဲမှု နည်းစနစ်များကို တိုက်ရိုက်အသုံးမပြုဘဲ၊ မိမိနိုင်ငံ၏ အခြေအနေ၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် ကိုက်ညီသော ဂျပန်ပုံစံစီမံခန့်ခွဲမူ (Japanese Style Management ) ကိုအသုံးပြုခဲ့သည်။ ၄င်းတို့၏ စီမံခန့်ခွဲမူနည်းစနစ်များ (Management Techniques) တွင် ထင်ရှားသော စနစ်တစ်ခုမှာ 5S၊ သို့မဟုတ် ဂျပန်ပုံစံလုပ်ငန်းခွင် စီမံခန့်ခွဲမှုနည်းစနစ်ဖြစ်သည်။ ယခုအခါ အဆိုပါ နည်းစနစ်ကို ဂျပန်နိုင်ငံ သာမကမြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံများ တွင်လည်း လက်တွေ့အသုံးပြုနေကြပြီး၊ အောင်မြင်မူ ရရှိနေကြောင်းတွေ့ရ သည်။
5S ၊ သို့မဟုတ် ဂျပန်ပုံစံလုပ်ငန်း ခွင်စီမံခန့်ခွဲမှု နည်းစနစ်သည် ဂျပန်တို့၏စီမံ ခန့်ခွဲမှုဆိုင်ရာ အခြေခံများ (Management Foundation) များအနက်မှ တစ်ခု ဖြစ်သည်။ ကျန်နှစ်ခုမှာ လူ့စွမ်းအားစီမံခန့်ခွဲမှု (Human Resource Management) နှင့်မြင်သာသော စီမံခန့်ခွဲမှု (Visual Management) တို့ဖြစ် သည်။ ထိုသို့သော စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံကောင်းများရှိမှသာလျှင် စီးပွားရေး လောကတွင် ရင်ဆိုင် ကြုံတွေ့ရမည့် စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ် ချက်များ (Management Challenges) များကို ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ဂျပန်လူ မျိုးများ ယုံကြည်ကြသည်။
5S ကိုဆောင်ရွက်ရသော ရည်မှန်း ချက်များမှာ-
၁။ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်း မွန်လာစေရန်
၂။ ကုန်ပစ္စည်းစောင့်ဆိုင်းချိန် ပိုမိုတိုတောင်းစေရန်နှင့် ပို့ဆောင်ပေးရမည့် အချိန်ဇယားအတိုင်းအချိန်မီ ပို့ဆောင် နိုင်ရန်
၃။ ကုန်လက်ကျန်သိုလှောင်မှုကို လျှော့ချရန်
၎။ အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်
၅။ စက်ပစ္စည်းကို ထိခိုက်ပျက်စီးစေနိုင်သော အနှောင့်အယှက်၊ အတားအဆီး များကိုဖယ်ရှားရန်
၆။ လုံခြုံစိတ်ချမှုရှိစေရန်
၇။ ကုန်ကျစရိတ်လျှော့ချရန်
၈။ အလုပ်သမားများ၏ အသင်းအဖွဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးရန်နှင့်
၉။ ကုမ္ပဏီ၊ သို့မဟုတ် အဖွဲ့အစည်း၏ ပုံရိပ်ပိုမိုကောင်းမွန်လာစေရန်တို့ဖြစ် သည်။
5S ကို အကောင်အထည်ဖော်မည် ဆိုလျှင် ပစ်မှတ်ထား (Target) လုပ်ဆောင် ရမည့်အချက်များမှာ-
အလုပ်သမားများကို လုပ်ပိုင်ခွင့် ပိုမိုပေးရန်၊ ကောင်းမွန်သော အုပ်စုလိုက် ဆောင် ရွက်မှုများ ဖြစ်ပေါ်လာစေရန်နှင့် ခေါင်းဆောင်အားလုံးကို ခေါင်ဆောင်မှု သင်တန်းပေးရန်တို့ဖြစ်သည်။
5S ဆိုသည်မှာ ဂျပန်ဘာသာဖြင့် ဖော်ပြထားသော ဂျပန်တို့၏လုပ်ငန်းခွင် စီမံခန့်ခွဲမှု နည်းစနစ် တစ်ခုဖြစ်သည်။ 5S ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။
S = Seiri
အမျိုးအစားခွဲခြားခြင်း (လိုအပ်ချက်နှင့် မလိုအပ်ချက်ကိုခွဲခြားပြီး မလိုအပ် သောပစ္စည်းများကို လုပ်ငန်းခွင်မှဖယ်ရှား ခြင်း)
S = Seiton
အစီအစဉ်တကျထားရှိခြင်း (မလိုအပ်သောပစ္စည်းများကို လုပ်ငန်းခွင်မှ ဖယ်ရှား ပြီး နောက် ကျန်ရှိသော အသုံးပြုမည့် လိုအပ်သော ပစ္စည်းများကို အလွယ်တကူ အသုံးပြုနိုင်ရန် သတ်မှတ်ထားသော နေရာတွင် အစီအစဉ်တကျထားရှိခြင်း)
S = Seiso
သန့်ရှင်းရေးပြုလုပ်ခြင်း (လုပ်ငန်းခွင်တွင် အမြဲတမ်းသန့်ရှင်းသပ်ရပ်မှုရှိစေရန် လူတိုင်းသန့်ရှင်းရေးပြု လုပ်ခြင်း)
S = Seiketsu
သန့်ရှင်းမှုအတွက် စံချိန်စံညွှန်း သတ်မှတ်ခြင်း (လုပ်ငန်းခွင်တွင် သန့်ရှင်း မှု ဆောင်ရွက်ရန်အတွက် စံချိန်စံညွှန်း သတ်မှတ်ဆောင်ရွက်ရန်ဖြစ်သည်။)
S = Sh*tsuke
လေ့ကျင့်သင်ကြား၊ သင်ယူခြင်း (ဝန်ထမ်းများ၊ အလုပ်သမားများအနေဖြင့် အလုပ်ခွင် စည်းမျဉ်းစည်းကမ်းများကို လေ့လာသင်ယူသော အလေ့အထရှိလာ စေရန်)။
ထိုကဲ့သို့ 5s ကို စနစ်ကျဆောင် ရွက်ပါက လုပ်ငန်းခွင်မှာအမြဲတမ်းသန့်ရှင်း သပ်ရပ်နေပြီး၊ ပြဿနာတစ်စုံတစ်ရာဖြစ် ပေါ်ပါက အလွယ်တကူ သိမြင် ဖြေရှင်းနိုင်သည်။
5s သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်တို့၏ယဉ်ကျေးမှုနှင့် နေထိုင်မှု ဘဝတွင် ပထမ 3S ဖြစ်သော Seiri ၊ Seiton နှင့် Seiso တို့သည် ရှေးနှစ်ပေါင်း များစွာကပင် တစ်ခုရှိခဲ့သည်။ ထို့ကြောင့်လည်း စက်ရုံ၊ အလုပ်ရုံများတွင် သာမက ဂျပန်နိုင်ငံ၏ အိမ်ရာများ၊ ဘုရားကျောင်း များနှင့် အဆောက်အအုံများ မည်သည့် နေရာကိုကြည့်ကြည့် သန့်ရှင်းသပ်ရပ်နေ ကြောင်းတွေ့ရသည်။ ရပ်ကွက်မြို့နယ်များ တွင်လည်း အပတ်စဉ်စုပေါင်းသန့်ရှင်းရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပရေး ဆောင်ရွက်ချက်များကြောင့် နေချင့်စဖွယ် မြို့ရွာများဖြစ် နေကြောင်း တွေ့ရသည်။
5S ကို စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ပထမဦးစွာ 5S သဘောတရားများ သိရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဒုတိယအချက်အနေဖြင့် 5S ကို သေချာစွာ အကောင်အထည်ဖော်မည့် 5S ကော်မတီ ဖွဲ့စည်းခြင်းနှင့် တတိယ အချက်အနေဖြင့် 5S ကို စီမံခန့်ခွဲ လုပ် ဆောင်ခြင်းတို့ဖြစ်သည်။ 5S ကော်မတီဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ သို့မဟုတ် စက်ရုံမှူးက အကြီးအကဲ အဖြစ် ဆောင် ရွက်ပြီး သက်ဆိုင် ရာဌာန၊ တာဝန်ခံ၊ မန်နေဂျာများကအဖွဲ့ဝင် အဖြစ်ပါ ဝင်ပြီး၊ တစ်လတစ်ကြိမ် အစည်းအဝေးပြုလုပ်ရမည်။ 5S ၏မည်သည့် အစိတ် အပိုင်းများကို ဆောင်ရွက်မည်ဖြစ် ကြောင်း၊ မည့်သည်အပိုင်းကို စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရန် အချက်များ (Check List) ပြုစုထားရမည်။ ဌာနတိုင်း ကို တစ်လတစ်ခါ ကော်မတီကလှည့်လည် ကြည့်ရှုစစ်ဆေးပြီးအမှတ်ပေးရမည်။ ရလဒ် အကောင်းဆုံးရရှိသောဌာနကို ဆုချီးမြှင့်ရမည်။ သို့မှသာ 5S ကို တက် ကြွစွာ ဆောင်ရွက်လိုသော စိတ်ဓာတ်များ ဝန်ထမ်းများကြားတွင် ရှိလာပြီး ရေရှည်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ 5S ကို ဆောင်ရွက်တော့မည်ဆို လျှင် ဆောင်ရွက်ရမည့်အစီအစဉ်များမှာ-
5S လုပ်ဆောင်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ 5S အသိပညာပေးအစီ အစဉ်ကို အကောင် အထည်ဖော်ခြင်း၊ Seiri ကိုဆောင်ရွက်ခြင်း၊ Seiton ကိုဆောင် ရွက်ခြင်း၊ Seiso ကိုဆောင်ရွက်ခြင်း၊ 5S အားလုံးကို ဆောင် ရွက်ခြင်းတို့ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် 5S အားလုံးကို တစ်ခါတည်း၊ တစ်နေရာတည်း ဆောင်ရွက်ရန်မဖြစ်နိုင်ပါ။ 5S ဆောင်ရွက် မည့်အစီအစဉ် ဇယား (ပြက္ခဒိန်ဇယား) ကို ရေးဆွဲပြီး မည်သည့်လတွင်၊ မည်သည့်နေရာ 5S ၏မည်သည့်အပိုင်းကို ဆောင်ရွက်မည်၊ မည်သို့စစ်ဆေးကြီးကြပ်မည်၊ မည်သည့် ဆု ချီးမြှင့်မည်စသည့်တိကျ သော အစီအစဉ် ဇယားရေးဆွဲသင့်သည်။
5S ကိုလုပ်ဆောင်ရာတွင် ခဏတာ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ လစဉ်၊ နှစ်စဉ် ဆောင်ရွက်ရန် အရေးကြီးသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအဖွဲ့ အစည်း ၏ ဥက္ကဋ္ဌအကြီးအကဲက ဦးစီးဦး ဆောင်ပြုလုပ်ပြီး 5S မူဝါချမှတ်ခြင်း၊ 5S ကော်မတီဖွဲ့ခြင်း၊ ကော်မတီမှ 5S လုပ်ငန်း စဉ်များကို လစဉ်ကင်းလှည့် စစ်ဆေးခြင်း၊ ကြိုးစားဆောင်ရွက်သော ဝန်ထမ်းများ၊ ဌာနများကို ဆုချီးမြှင့်ခြင်း၊ တွေ့ရှိချက်များကို ပြန်လည်သုံးသပ်ခြင်း စသည့် 5S သံသရာ စက်ဝန်းကို အမြဲ မပြတ်လည်ပတ်နေမှသာ 5S သည် ထာဝရ အသက်ဝင်နေမည်ဖြစ် သည်။ ထိုကဲ့သို့ဆောင်ရွက်မှသာ အထက်တွင်ဖော်ပြခဲ့သော 5S ပြုလုပ်ရခြင်းကောင်း ကျိုးများရရှိပြီး လုပ်ငန်းပုံရိပ် ပိုမိုကောင်းမွန် လာမည်ဖြစ်သည်။ အကျိုးဆက် အနေဖြင့် ဈေးကွက်တွင် မိမိလုပ်ငန်း၏ ယှဉ်ပြိုင် နိုင်စွမ်းအား ပိုမိုကောင်းမွန် လာပြီး ရောင်းအားတိုးတက်ခြင်း၊ အမြတ်ပိုမိုရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်။
5S သည် ကုန်ထုတ် လုပ်ငန်းများတွင် အဓိကအသုံးပြုသော်လည်း ဝန် ဆောင်မှု လုပ်ငန်းများတွင် မိမိနှင့်သင့်တော်သလို 5S ကိုအသုံးချနိုင်ပါက ကောင်းကျိုး သုခရရှိနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ဒေါက်တာမြင့်ဆန်း
Myint San
,May2018
ဂျပန်နိုင်ငံလုပ်ငန်းခွင် အသီးသီးသို့သွား ရောက် အလုပ် လုပ်ကိုင်လိုသဖြင့် အင်တာဗျူး ဖြေဆိုရန်ပြင်ဆင်နေသော လုပ်သားများ၊ ဂျပန်ဘာသာစကား ကို လေ့လာလိုက်စားနေသူများနှင့် ပြည်တွင်းပြည်ပ လုပ်ငန်းများတွင် လစာကောင်းကောင်းဖြင့် အလုပ်လုပ်ရန် ကြိုးစားနေသူများအတွက်
ဂျပန် ဘာသာ (အရေး၊အပြော၊အဖတ် နှင့် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနိုင်သည် အထိ) သင်ကြားပေးနေသည့် တန်းခွဲအသစ်များ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းကောင်း.............
၁။ ဂျပန်ဘာသာစကား (N4 +JLPT or NATTEST 4,Kanji နှင့် speaking တန်းခွဲ
ဖွင့်လှစ်မည့် ရက်စွဲ (၁၉ .၂.၂၀၁၈)
သင်တန်းချိန် ၊ မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီအထိ
သင်တန်းကာလ၊ ၃ လခွဲ
( တစ်ပတ် ၄ ရက်၊ တင်္နလာမှ ကြာသပတေးအထိ)
သင်တန်းကြေး ငွေကျပ် ၁ သိန်း ၇ သောင်း( စာရွက်စာတမ်းကြေးပါပြီး)ယူနီဖောင်းကြေး မပါဝင်ပါ။
ဖောင်ပိတ်ရက်၊ ၂၀.၂.၂၀၁၈ ရက် အင်္ဂါနေ့။
၂။ ဂျပန်ဘာသာစကား( အခြေခံ+N5+N4+JLPT or NATTEST 5,4၊ Kanji နှင့် စကားပြော ) ၆ လခွဲ သင်တန်းသစ်
ဖွင့်လှစ်မည့် ရက်စွဲ (၂၂.၂.၂၀၁၈)
သင်တန်းချိန် ၊ နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီအထိ
သင်တန်းကာလ၊ ၆ လခွဲ
( တစ်ပတ် ၄ ရက်၊ တင်္နလာမှ ကြာသပတေးအထိ)
သင်တန်းကြေး ငွေကျပ် ၃ သိန်း( စာရွက်စာတမ်းနှင့် ယူနီဖောင်းကြေးပါပြီး)
ဖောင်ပိတ်ရက်၊ ၂၀.၂.၂၀၁၈ ရက် အင်္ဂါနေ့။
ဆက်သွယ်ရန်။
ဖုံး၊ ၀၉ ၄၂၄၀၇၇၇၇၁၊ ၀၉ ၇၈၄၀၇၇၇၇၁
အိရှင်း စာပေနှင့် ဂျပန်ဘာသာစကား သင်တန်းကျောင်း
တိုက်အမှတ် ၁၀၇၊ ၅လွှာ၊လမ်း၅၀ အလယ်ဘလောက်၊ပုဇွန်တောင်မြို့နယ်။
04/02/2018
24/01/2018
05/08/2017
ဂျပန်စာပေအားလေ့လာနေသူများနှင့် စာပေချစ်သူများအတွက် အိရှင်း အဖွဲ့သားများမှ ပိတ်ရက်ဖြစ်သောငြားလည်း ကြိုးကြိုးစားစား အပင်ပန်းခံကာ Japan Club မှ ဂျပန်စာအုပ်များ သွားရောက်လက်ခံရယူခဲ့ပြီး စာကြည့်တိုက်သို့ သယ်ဆောင်ကာ စာအုပ်များအား မှောင်ခါနီးအထိ တစ်နေကုန် စီပြီးသကာလ............အမျိုးအစားမျိုးစုံ စာအုပ်စုစုပေါင်း ၁၁၀၆ အုပ်၊ခန့်မှန်းတန်ဘိုး သိန်း ၁၃၆ သိန်းကျပ်ခန့် လက်ခံရရှိခဲ့ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မိတ်ဆွေတို့ရေ တစ်ဝကြီး ဖတ်ဘို့အသင့်ဖြစ်ပြီလား
Japan Club အားအထူးကျေးဇူးတင်ပါကြောင်းလည်း အထူးပြောကြားလိုပါသည်။
ယနေ့အိရှင်း စာပေနှင့် စာကြည့်တိုက် ၏ ၀န်ဆောင်မှုများ စတင်သည့်နေ့ တွင် လာရောက် အားပေးကြည့်သည့် ဂျပန်စာ ချစ်သူများအား အထူးပင် ကျေးဇူးတင်ပါကြောင်းနှင့် ၈ လပိုင်းအတွင်း စာလာဖတ်သူများအား ကော်ဖီ နှင့် snack များနှင့် ဧည့်ခံပေးသွားမည်ဖြစ်ပါကြောင်း🙂🙂🙂😋
Click here to claim your Sponsored Listing.
Telephone
Website
Address
50th Street (Middle Block)
Yangon