Cele Cele

Cele Cele

Share

This page is about Myanmar celebrities' photos, news and activities. We strictly avoid pornography, drug or weapon selling, gambling and illegal content.

အနုပညာရှင် သတင်းတွေနဲ သုတ ရသ ပေးစွမ်းနိုင်တဲ့ ဓာတ်ပုံနဲ့ Video တွေကို အမြဲတင်ဆက်ပေးနေတဲ့ “Cele Bee” 🤍🌸✨🎙️🐝
Buzzing about celebrities, entertainment & trending stories.
✨ Your daily buzz of celebrity news.

07/10/2026

သူငယ်ချင်းတွေက လှတယ် လှတယ်လို့ပြောထားတယ်နော်....မင်းဧကရာဇ် ၊ ချိုချိုချစ်၊ ဆုလဲ့ရတနာ၊ ရွှေအိမ်နန်းနွယ်


&Mrs
#မင်းဧကရာဇ်
#ချိုချိုချစ်
#ဆုလဲ့ရတနာ
#ရွှေအိမ်နန်းနွယ်

06/10/2026

ဒီနှစ်မှာ ငါ့ သားလေး ဗီတာမင်က ချစ်စရာကောင်းလိုက်တာ ချစ်လိုက်တာဆိုတာမျိုးပေးခဲ့ပြီးပြီဆိုတော့.....ဗီတာမင်

Bee
#ဗီတာမင်
#ရေသောက်မြစ်

Photos from Cele Cele's post 06/10/2026

အတ္တဖြင့်ချည်သောကြိုး ဇာတ်လမ်းတွဲ ကန်တော့ပေးပွဲ အခမ်းအနား

⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛

ဒါရိုက်တာ စိုးမိုးမင်း ရိုက်ကူးသော အတ္တဖြင့်ချည်သောကြိုး ကန်တော့ပေးပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာလ (၆) ရက်နေ့ မနက်(၁၀:၀၀) တွင် ရန်ကုန်မြို့ ရွှေနားပန်ဘုရားတွင် ကျင်းပခဲ့ပါသည်။

ကန်တော့ပွဲအခမ်းအနားကို ရန်အောင်၊ ထက်အောင်ရှိုင်း၊ဇော်ရှိုင်းထက်၊ ခင်ဇာခြည်ကျော်၊ မျိုးသဥ္ဇာနွယ်၊ ဆောင်းဝတ်ရည်မေနှင့် ဇာတ်ကားတွင်ပါဝင်သော အခြား အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါသည်။


#အတ္တဖြင့်ချည်သောကြိုး
#ရန်အောင် #ထက်အောင်ရှိုင်း #ဇော်ရှိုင်းထက် #ခင်ဇာခြည်ကျော် #လှမျိုးသဉ္ဇာနွယ် #ဆောင်းဝတ်ရည်မေ

06/10/2026

ရေသောက်မြစ် ဇာတ်ကားက လမ်းပေါ်မှာနေနေတဲ့ ကလေးလေးတွေဘဝအကြောင်းကို အဓိက ရိုက်ကူးထားတာပါ...ယုန်လေး

Bee
#ယန်လေး
#ရေသောက်မြစ်

06/10/2026

ထပ်ဆင့်အကယ်ဒမီဆုရှင် ဝါရင့် ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန်

ထပ်ဆင့်အကယ်ဒမီဆုရှင် ဝါရင့် ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန်ခဲ့လို့ အနုပညာအသိုင်းအဝိုင်းက သိရပါတယ်။

အောက်တိုဘာ ၆ ရက် နံနက် ၀၀:၂၅ နာရီမှာ ၉၆ ပါးသောရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ မိသားစုက အသိပေးပါတယ်။ ဦးခင်မောင်ကြီးဟာ ရုပ်ရှင်တေးဂီတနယ်ပယ်မှာထင်ရှားတဲ့ ဂီတမှူးတစ်ဦးဖြစ်ပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီ အကောင်းဆုံးတေးဂီတဆုကို သုံးကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်တေးဂီတလောကမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် ဝါရင့်ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများအတွက် နောက်ခံတေးဂီတနဲ့ တေးသံစဉ်များ ဖန်တီးပေးခဲ့သူလည်းဖြစ်ပါတယ်။

ဦးခင်မောင်ကြီးဟာ ၂၀၀၂ ခုနှစ်မှာ ငါသူတပါးယောကျာ်းမိန်းမ ဇာတ်ကားနဲ့လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှာ ကျန်စစ်မင်းဇာတ်ကားနဲ့လည်းကောင်း အကယ်ဒမီတွေ ရရှိခဲ့ပါတယ်။ နောက်ဆုံးရရှိခဲ့တဲ့ တေးဂီတအကယ်ဒမီဆုက ၂၀၁၄ ခုနှစ်က ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားနဲ့ဖြစ်ပါတယ်။

ဂီတနှင့် ရုပ်ရှင်အနုပညာလောကမှာ ကာလရှည်ကြာ အနုပညာတာဝန်များ ထမ်းဆောင်ခဲ့တဲ့ ဂီတမှူး အကယ်ဒမီ ဦးခင်မောင်ကြီး၏ ကွယ်လွန်မှုအတွက် အနုပညာရှင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပရိသတ်များက ဝမ်းနည်းကြေကွဲလျက်ရှိနေပါတယ်။


#ဦးခင်မောင်ကြီး
#ငါသူတပါးယောက်ကျားမိန်းမ
#ကျန်စစ်မင်း
#ကောင်းကျိုးကိုယ်၌တည်စေမင်း

06/10/2026

ဆေးသုတ်တဲ့အချိန်၊ ပန်းရံလုပ်ခဲ့တဲ့အချိန် ၊ လက်သမားလုပ်ခဲ့တဲ့အချိန် သူငယ်ချင်းတွေရခဲ့ပြီး တချို့လူငယ်တွေဘဝနဲ့ မတူပေမယ့် ကျွန်တော်နဲ့ တူတဲ့လူတွေနဲ့ ပျော်ခဲ့ရပါတယ်....ခန့်ကျော်


#ခန့်ကျော်
#ရေသောက်မြစ်

06/10/2026

ငယ်ငယ်က လူငယ်ဘဝကို အပြည့်ဝလွန်ပြီးကို ဖြတ်သန်းခဲ့ရတာ ကျောင်းဆင်းရင် ပုဆိုးတရွတ်တိုက်ဝတ်ပြီး ဘူရှိုးတွေရှိုးကြ ထမင်းချိုင့်တွေနဲ့ အမှတ်တရတွေပါပဲ....ချာလီငြိမ်း


#ချာလီငြိမ်း
#ရေသောက်မြစ်

05/10/2026

၂၀၂၃ လောက်မှာ အိမ်ထောင်ရေး ကို လုံးဝရပ်တန့်လိုက်ပြီး Single Mother အဖြစ် ခံယူလိုက်တယ် ငါ့သမီးအတွက် ငါသန်မာနေမှရမယ် ကျန်းမာနေမှရမယ်ဆိုတဲ့ စိတ်တစ်ခုထဲနဲ့ ကြိုးစားခဲ့တာ...အိဖြူသော် (Natural Beauty Builder)


#အိဖြူသော်
#ကာယဗလမယ်

Photos from Cele Cele's post 05/10/2026

ရေသောက်မြစ် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲ အခမ်းအနား

⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛

ဇာတ်လမ်း နှင့် ဒါရိုက်တာ ယုန်လေး ရိုက်ကူးသော ရေသောက်မြစ် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာလ (၅) ရက်နေ့ မနက် (၈:၀၀) တွင် ရန်ကုန်မြို့ အိမ်တော်ရာဘုရားတွင် ကျင်းပခဲ့ပါသည်။

ကန်တော့ပွဲအခမ်းအနားကို ထွန်းထွန်း၊ ချာလီငြိမ်း၊ယုန်လေး၊ ဗီတာမင်၊ ခန့်ကျော် နှင့် ဇာတ်ကားတွင်ပါဝင်သော အခြား အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါသည်။


#ရေသောက်မြစ်
#ထွန်းထွန်း #ချာလီငြိမ်း #ဗီတာမင် #ယုန်လေး #ခန့်ကျော်

Photos from Cele Cele's post 05/10/2026

Mal Chi Floral House မှ ဦးစီးကျင်းပသော Florist Contest 2026 by Mal Chi ပန်းအလှဆင်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား

🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵

အောက်တိုဘာလ ( ၄ ) ရက် မနက် ( ၉) နာရီတွင် ရန်ကုန်မြို့ Zealax Hotel၌ Mal Chi Floral House မှ ဦးစီးကျင်းပသော Florist Contest 2026 by Mal Chi ပန်းအလှဆင်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် ပန်းအလှဆင်ပညာရှင်များ၊ Florist များအနေဖြင့် ၎င်းတို့၏ ပန်းအလှဆင်ဖန်တီးမှု၊ အနုပညာစွမ်းရည်နှင့် ဖန်တီးနိုင်စွမ်းများကို ယှဉ်ပြိုင်ပြသနိုင်ပြီးဆုများလည်းသတ်မှတ်ပေးထားပါသည်။

ရည်ရွယ်ချက်အနေဖြင့် ပန်းအလှဆင်ခြင်းနှင့် ပတ်သက်သည့် ဖန်တီးမှုအမြင်များ၊ အတွေ့အကြုံများနှင့် အနုပညာဆိုင်ရာ လက်ရာများကို ဖလှယ်နိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ဖြစ်ကြောင်း သိရသည်။

- Sponsor Post




#ခင်စန်းဝင်း #မေ့ချစ်သက် #မာမီကျော်
#မာမီလင်း

Telephone

Website

Address


Yangon
11082

Alerts

Be the first to know and let us send you an email when Cele Cele posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.