Business Owner Guide - BOG

Business Owner Guide - BOG

Share

လုပ်ငန်းကို System များနှင့်လည်ပတ်နိုင်ရန် System ကောင်းများတည်ဆောက်ခြင်းနှင့် အကြံဉာဏ်များရယူနိုင်မည့် တစ်ခုတည်းသော နေရာ

05/03/2026

Hello Come Back

ကျွန်မတို့ Team အနေနဲ့ Service တွေကို ရပ်ထားခဲ့တာ ကြာပါပြီ

ခုတော့ ကျွန်မတို့ SME တွေကို အသက်သာဆုံး Fees တွေနဲ့

လုပ်ငန်းရဲ့ စီမံခန့်ခွဲမှု့ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် စနစ်တွေ နဲ့

လုပ်ငန်းကို စနစ်တကျ လည်ပတ်နိုင်မယ့် SME System တွေကို Setup ပြန်လုပ်ပေးတော့မှာဖြစ်ပါတယ်

ဒီ့အတွက် ပထမဆုံ SME လုပ်ငန်း (၃၀) ကို Special Offer အနေနဲ့ စီစဥ်ပေးထားတာတွေလည်းရှိနေပါတယ်

စိတ်၀င်စားတယ်ဆိုရင် "BOG" လို့ Comment ပေးခဲ့ပါရှင်

အသေးစိတ်ရှင်းပြပေးပါ့မယ်ရှင်

17/05/2024

Purchasing Process တစ်ခုကို System ချတော့မယ်ဆိုရင်

Purchasing Process တစ်ခုမှာ အသုံးပြုမယ့် စာရွက်တမ်းဆိုရင်

1. Purchase Request ( ဝယ်ယူမှု့တောင်းခံခြင်း ) Form

2. Payment Form ( ငွေထုတ်ယူရန် တောင်းခံခြင်း ) Form

3. Voucher or Without Voucher ( Voucher မရခဲ့သော ၀ယ်ယူမှု့များအတွက် Without Voucher )

4. Photo Reference ( ဝယ်ယူထားသော ပစ္စည်းဓါတ်ပုံ)

စသည့် စာရွက်စာတမ်းများကို Purchasing Process တွင် ထည့်သွင်းအသုံးပြုရပါမည်။

Business Owner Guide - BOG

16/05/2024

ဝန်ထမ်းတွေကို ချေးငွေထုတ်ပေးဖို့အတွက် Loan Requestion Form တစ်ခုဖန်တီးတော့မယ်ဆိုရင် ဘယ်လိုအချက်တွေပါသင့်လဲ

1. Name ( ချေးငွေ ထုတ်ယူမည့်သူအမည် )

2. Department ( မည်သည့်ဌာနမှ ဝန်ထမ်းဆိုတာကို ဖော်ပြရမည်)

3. Hire Date ( အလုပ်စ၀င်သည့်နေ့စွဲ ) လုပ်ငန်းမှ တစ်နှစ်ပြည့်သည့် ၀န်ထမ်းများကိုသာ ချေးငွေထုတ်ပေးမည်ဟူသော သတ်မှတ်ချက်မျိူးရှိခဲ့လျှင် အလုပ်စ၀င်သည့်နေ့ပေါ်မူတည်ပြီး ချေးငွေ ထုတ်ပေးခြင်း ဖြစ်နိုင်မဖြစ်နိုင်ကို ဆုံးဖြတ်နိုင်ရန် ဖြစ်ပါသည်။

4. Loan Detail ( ချေးငွေထုတ်ယူရန် လိုအပ်ချက်ဖြစ်ပေါ်သည့် အကြောင်းအရာ )

5. Loan Request Amount ( ချေးငွေ ပမာဏ )

6. No of Installment ( ပြန်လည်ပေးသွင်းမည့် အကြိမ်အရေအတွက် )

7. Monthly Payment ( လစဥ် ပြန်ဆပ်မည့်ပမာဏ )

8. Loan Required Date ( ချေးငွေထုတ်ယူလိုသည့်ရက်စွဲ )

9. Reject or Approved ( ချေးငွေ ထုတ်ယူခွင့်ရ / မရ )

10. Request Sign ( ချေးငွေတောင်းခံသူ လက်မှတ် )

11. Department Manager Sign ( ဌာနမှုးလက်မှတ် )

12. HR Manager Sign ( ဝန်ထမ်းရေးရာ မန်နေဂျာ လက်မှတ် )

13. Approved Sign ( ထုတ်ယူခွင့်ပြုသူ လက်မှတ် )

Business Owner Guide - BOG

15/05/2024

လုပ်ငန်းတာ၀န်ရေးသားတော့မယ်ဆိုရင် JD Form တစ်ခု ဘယ်လိုပြင်ဆင်ရမလဲ ?

1. Job Title ( ရာထူး )

2. Department ( ဌာန )

3. Department Manager ( ဌာနမှုး)

4. Report To ( အစီရင်ခံတင်ပြရမည့်သူ )

5. Supervise the Following ( အုပ်ချူပ်ရမည့်သူ )

6. Job Description ( လုပ်ငန်းတာ၀န် )

7. Responsibilities ( တာ၀န်များ )

8. Reporting ( အစီရင်ခံစာများ )

9. Materials ( အသုံးပြုရမည့် ကိရိယာများ )

10. Environment Factor ( လုပ်ငန်းခွင် ပတ်၀န်းကျင် )

11. Job Specification ( အထက်ပါ လုပ်ငန်းတာ၀န်များကို လုပ်ဆောင်ရမည့် အရည်အချင်းများ )

Business Owner Guide - BOG

14/05/2024

ဝန်ထမ်းတွေကို ဆုချီးမြှင့်တော့မယ်ဆိုရင် ဘယ်လိုဆုမျိူးတွေပေးသင့်လဲ ?

ဝန်ထမ်းတွေကို ဆုချီးမြှင့်တော့မယ်ဆိုရင် များသော အားဖြင့် လုပ်ငန်းရှင်အများစုအနေနဲ့ ငွေကြေး ၊ ရွှေ ၊ ကား ၊ ပိုင်ဆိုင်မှု့ အစရှိတဲ့ ဆုမျိူးတွေ ချီးမြှင့်ပေးတတ်ကြပါတယ်

ဒါပေမယ့် တစ်ခါတစ်ရံမှာ စိတ်ခံစားချက်ကို လှုံဆော်ပေးနိုင်မယ့် ဆုမျိူး ၊ ကိုယ့်ရဲ့ ပုံရိပ်နဲ့ ဂုဏ်ဒြပ်ကို မြှင့်မားသွားစေမယ့်ဆိုမျိူး ၊ ချက်ချင်းလက်ငင်း ရရှိမက်မောစေမယ့်ဆုမျိူးပေးသင့်ပါတယ်

၁. မိသားစုပါ လိုက်ပါ ခံစားခွင့်ရှိတဲ့ ဆုမျိူး

ဥပမာ - မိသားစုလိုက်အနားယူခရီးပို့ပေးတာမျိူး ၊ ကိုယ့်ရဲဲ့ ဂုဏ်ပြုပွဲကို မိသားစုနှင့် တတ်ရောက်ကျင်းပခွင့်ရတာမျိူး

၂. ဂုဏ်ပြုပန်းစည်းပေးတာမျိူး

Social Media မှ ဂုဏ်ယူ၀င့်ကြွားစွာ ပြန်လည်ဖော်ပြလို့ ကောင်းတဲ့ ဆုမျိူးကို ဆိုလိုတာ ဖြစ်ပါတယ် အဲ့လိုဆုက ကိုယ်တိုင်တောင် မ၀ယ်ယူဖြစ်တဲ့ အရာ ၊ တော်ရုံ လက်ဆောင်မရတတ်တဲ့ အရာနဲ့ ၊ စိတ်ထဲကနေ လိုချင်လို့ လိုချင်မှန်းမသိတဲ့ အရာမျိူး ကို ပေးသင့်ပါတယ်

၃. တစ်နှစ်ပြည့် နှစ်နှစ်ပြည့်ဆုထက် လစဥ်ဆုမျိူး

လစဥ် Bonus တွေစီစဥ်ပေးထားတာမျိူး လစဥ် Incentive တွေပေးထားတာမျိူး အစရှိတဲ့ ဆုမျိူးတွေက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ချက်ချင်းဆိုသလို တတ်သွားစေပါတယ်

Business Owner Guide - BOG

13/05/2024

ဝန်ထမ်းရေးရာ ဌာနတစ်ခု ဖွဲ့စည်းပြီးလျှင် ဝန်ထမ်းရေးရာ ဌာနနှင့်တွဲလျက် ထားရှိနိုင်သော ဌာနများ

၁. ဝန်ထမ်းရေးရာ ဌာန

၂. စီမံရေးရာ ဌာန

၃. Housekeeping and Cleaning Section

၄. Security Section

၅. Gardener Section

၆. Reception Section

တချိူ့သော လုပ်ငန်းတွေမှာ

၇. Safety Department

၈. Maintenance Department

တို့ကိုလည်း ထားရှိကြပါတယ်

12/05/2024

ဝန်ထမ်းရေးရာ မူ၀ါဒ အနေဖြင့် ထားရှိရမည့် မူ၀ါဒများ

လုပ်ငန်းခွင်အတွင်းစည်းကမ်းလိုက်နာတဲ့ဝန်ထမ်းတွေနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ဖို့ ထားရှိရမည့် မူ၀ါဒ အမျိူးအစားများမှာ

၁. စည်းမျဥ်းစည်းကမ်းဆိုင်ရာ မူ၀ါဒ

၂. ဝန်ထမ်းရှာဖွေခန့်ထားခြင်းဆိုင်ရာ မူ၀ါဒ

၃. ဝန်ထမ်းနုတ်ထွက်ခြင်းဆိုင်ရာ မူ၀ါဒ

၄. ဝန်ထမ်းများအား လုပ်ငန်းတာ၀န်မှ ရပ်စဲခြင်းဆိုင်ရာ မူ၀ါဒ

၅.ခွင့်ခံစားခွင့်ဆိုင်ရာ မူ၀ါဒ

၆. အစမ်းခန့်ကာလ ခန့်အပ်ခြင်းဆိုင်ရာ မူ၀ါဒ

၇. လုပ်ခလစာပေးချေခြင်းဆိုင်ရာ မူ၀ါဒ

၈. အချိန်ပိုလုပ်ကိုင်ခြင်းဆိုင်ရာ မူ၀ါဒ

၉. အလုပ်ချိန်သတ်မှတ်ချက်ဆိုင်ရာ မူ၀ါဒ

၁၀. စွမ်းဆောင်ရည်အကဲဖြတ်အမှတ်ပေးခြင်းဆိုင်ရာ မူ၀ါဒ

၁၁. ရာထူးတိုး ၊ လစာတိုးခြင်း ဆိုင်ရာ မူ၀ါဒ

၁၂. လုပ်ငန်းခွင်နေရာ ပြောင်းရွှေ့ခြင်းဆိုင်ရာ မူ၀ါဒ

၁၃. ဝန်ထမ်းများ အကျိူးခံစားခွင့်ဆိုင်ရာ မူ၀ါဒ

အစရှိတဲ့ မူ၀ါဒများကိုရေးဆွဲထားသင့်ပါတယ်

Business Owner Guide - BOG

11/05/2024

ဝန်ထမ်းတွေရဲစွမ်းဆောင်ရည်ကို အကဲဖြတ်အမှတ်ပေးဖို့ စနစ်တစ်ခု ဘယ်လိုတည်ဆောက်ရမလဲ ?

ဝန်ထမ်းတွေကို စွမ်းဆောင်ရည် အကဲဖြတ်အမှတ်ပေးစနစ်သတ်မှတ်တော့မယ်ဆိုရင် စဥ်းစားရမယ့်အချက်တွေကို မျှ၀ေပေးသွားမှာ ဖြစ်ပါတယ်

၁. တစ်နှစ်မှာ ဘယ်နှစ်ကြိမ် အကဲဖြတ်အမှတ်ပေးမှာလဲ ?

၂. အကဲဖြတ်အမှတ်ပေးစနစ်မှာ ဘယ်လိုအချက်တွေ ထည့်သွင်းအကဲဖြတ်မှာလဲ ?

၃. ဘယ်လတွေမှာ အကဲ ဖြတ်အမှတ်ပေးခြင်း လုပ်ဆောင်မှာလဲ ?

၄. အကဲဖြတ်အမှတ်ပေးခြင်းအပေါ် ရလာဒ် Grade တွေကို ဘယ်လိုသတ်မှတ်မှာလဲ ?

အစရှိတဲ့ အခြေခံအချက် ၄ ချက်ကို စဥ်းစားပြီး အကဲဖြတ်အမှတ်ပေးစနစ်တကို တည်ဆောက်ရမှာဖြစ်ပါတယ်

Business Owner Guide - BOG

27/04/2024

လုပ်ငန်းခွင်ထဲမှာ ဘယ်လိုစည်းကမ်းသတ်မှတ်ချက်မျိူးတွေထားသင့်လဲ ?
*************************************************************

လုပ်ငန်းခွင်တိုင်းမှာ လုပ်ငန်းလိုအပ်ချက်အရ မတူညီတဲ့ စည်းကမ်းသတ်မှတ်ချက်တွေရှိရပါတယ်

ဒီလို စည်းကမ်းသတ်မှတ်ချက်တွေထဲမှာ အပိုင်းအားဖြင့် ၃ ပိုင်းခွဲပြီးစည်းကမ်းသတ်မှတ်ချက်တွေ လုပ်ထားသင့်ပါတယ်

အပိုင်း ၁ - အခြေခံစည်းမျဥ်းစည်းကမ်း

အခြေခံစည်းမျဥ်းစည်းကမ်းဆိုတာ လုပ်ငန်းခွင်အတွင်းလုပ်ကိုင်ရာတွင် လုပ်ငန်းဆောင်ရွက်ခြင်း ၊ ဝန်ထမ်းတစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် လိုက်နာရမည့် ကျင့်၀တ်များ ၊ လုပ်ငန်းခွင်အတွင်းလိုက်နာရမည့်ကျင့်၀တ်များ အစရှိတဲ့ အချက်များကိုသာ အဓိကထားသတ်မှတ်ရမှာဖြစ်ပါတယ်

အပိုင်း ၂ - အထူးလိုက်နာရမည့် စည်းမျဥ်းစည်းကမ်း

အထူးလိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများသည် လုပ်ငန်းကို ထိခိုက်ဆုံးရှုံးနစ်နာစေမယ့် အကြောင်းအရာများကို စည်းကမ်းအဖြစ်သတ်မှတ်ခြင်းဖြစ်ပါသည်

အပိုင်း ၃ - ပြစ်မှု့များ

ပြစ်မှု့များသည် မည်သည့် လုပ်ဆောင်ချက်များသည် ပြစ်မှု့မြောက်ပါသည်ဟူသော သတ်မှတ်ချက်များနှင့်

လုပ်ငန်းတွင်းမသာမာမှု့များ ၊ ခိုက်ရန်ဖြစ်ပွားမှု့များကို ပြစ်မှု့များအဖြစ် ဖော်ပြပြီး စည်းကမ်းသတ်မှတ်ထားခြင်းဖြစ်ပါသည်။

Business Owner Guide - BOG

25/04/2024

ခွင့်ခံစားခွင့်စနစ်တစ်ခု ဘယ်လိုတည်ဆောက်ရမလဲ ?
*************************************************

ခွင့်ခံစားခွင့်စနစ်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ခွင့်ဘယ်နှစ်ရက်ပေးမယ် နဲ့ ဘယ်လိုခွင့်အမျိူးအစားတွေပေးမယ်ဆိုတဲ့အချက်ကိုတော့

တကူးတက Strategy တစ်ခုအနေနဲ့ မစဥ်းစားဘဲ လုပ်ငန်းရဲ့ အခြေနေပေါ်မူတည်ပြီးဆုံးဖြတ်နိုင်ပါတယ်

ခွင့်ခံစားခွင့် စနစ်ရဲ့ ရည်ရွယ်ချက်က ဝန်ထမ်းတွေကို ခွင့်မယူစေချင်တာမျိူးမဟုတ်ဘဲ လိုအပ်တဲအချိန် အရေးကြီးတဲ့ အခြေနေမျိူးတွေမှာပဲ ခွင့်ယူစေချင်တာမျိူးဖြစ်တာမလို့

ခွင့်မယူရေးထက် ခွင့်ကို စနစ်တကျ ယူရေးကို ဦးစားပေးရမှာ ဖြစ်ပါတယ်

ဒါ့ကြောင့် ခွင့်ယူတဲ့အခါ အလွယ်တကူ ခွင့်ယူစေမယ့် စနစ်မျိူးတည်ဆောက်ခြင်းကို ရှောင်ရှားပြီးတည်ဆောက်ရမှာ ဖြစ်ပါတယ်

ဒီစနစ်မှာ စဥ်းစားရမယ့် အဓိက အချက်ကတော့ ခွင့်ယူခြင်း လုပ်ငန်းစဥ်ပဲ ဖြစ်ပါတယ်

၁. ခွင့်ယူတဲ့အခါ ခွင့်တိုင်ကြားရမယ့် တာ၀န်ရှိသူကို သေချာသတ်မှတ်ဖို့

၂. ခွင့်ယူတဲ့အခါ လုပ်ဆောင်ရမယ့် ခွင့်တိုင်ကြားခြင်းပုံစံ

၃. ခွင့်မှတ်တမ်းထားရှိရမယ့် System အမျိူအစား

အစရှိတဲ့ အချက်တွေကို System ကျကျ သတ်မှတ်ပြီး ခွင့်ခံစားခွင့်ကို စနစ်တကျ ခွင့်ယူခြင်းဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်

Business Owner Guide - BOG

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 375, Taw Win Street, 7th Qt, Shwe Pyi Thar Tsp
Yangon
11181