Digital X
Perfect Marketing with The Perfect Partner
သင့်စီးပွားရေးအတွက် အောင်မြင်မှုရရှိစေမည့် Facebook Marketing ဝန်ဆောင်မှုများ
❤️ ဈေးနှုန်းလည်း သင့် ၊
❤️ ရလဒ်လည်း မြန် ၊
❤️ ရည်မှန်းချက်များ ပြည့်မှီဖို့ သင့်စီးပွားရေးကို ထောက်ပံ့ကူညီမည့် အကောင်းဆုံး ဝန်ဆောင်မှု
အခုပဲ Digital X ကို ဆက်သွယ်ပြီး
သင့်စီးပွားရေးအရှိန်အဟုန်ကို မြင့်တင်လိုက်ပါ ။
21/05/2024
ဗျာ၊ ဖွား၊ ပွင့်၊ စံ
ဤလေးတန်
မှတ်ရန် ဗုဒ္ဓနေ့ ...
🙏🙏🙏
13/05/2024
Social Media Marketing Platforms တွေ အများကြီးရှိကြပါတယ်။ အဲ့ဒီအထဲက မိမိ Marketing ပြုလုပ်လိုတဲ့ Product (or) Service နဲ့ ကိုက်ညီတဲ့ Platform ကို ရွေးချယ်အသုံးပြုရန်လိုအပ်ပါတယ်။ အချို့သော Platform များသည် Brand အတွက် Audience ရွေးချယ်ရာမှာ အခြားသော Platform များထက် ပိုမိုသင့်လျော်ပါတယ်။
ရေပန်းအစားဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းတိုင်းအတွက် စမတ်ကျသော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ် ။ Brand Awareness တိုးစေရန်၊ Follower များရရှိရန်၊ Market မှာ Lead လုပ်နိုင်ရန် နှင့် Sale Target တွေကို မြင့်တင်နိုင်ရန်အတွက် အသုံးပြုကြပါတယ် ။ ဒါပေမဲ့ Facebook ဟာ ဆိုရှယ်မီဒီယာစျေးကွက်ရှာဖွေခြင်းအတွက် ထိရောက်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် ပြိုင်ဆိုင်မှုများစွာ နှင့်လည်း ရှိကြပါတယ် ။
ပုံများကိုမျှဝေရန် အခြေခံပလပ်ဖောင်းတစ်ခုအဖြစ် စတင်ခဲ့လို့ ပြောရမလိုပါပဲ ။ အချိန်ကြာလာသည်နှင့်အမျှ၊ Brand Logoများပါရှိသော ဆွဲဆောင်မှုရှိသော ဓာတ်ပုံများနှင့် ဗီဒီယိုများဖြင့် ပရိသတ်များကို ဆွဲဆောင်နိုင်သည့်နေရာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ် ။ နောက်ပြီးတော့ Instagram ဟာ သင့်စျေးကွက်ရှာဖွေရေးကြိုးပမ်းမှုများကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်စေမည့် ဇာတ်လမ်းများ၊ reelများ ၊ Live များနှင့် လုပ်ငန်းအတွက် Account များကို ဖွင့်ပြီး Marketing များ ပြုလုပ်နိုင်ပါတယ် ။။ သင့်လုပ်ငန်းသည် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ရောင်းချရန် ရုပ်ပုံများပေါ်တွင် မှီခိုနေပါက Instagram ကို မေ့ထားလို့မရပါဘူး။
ဆန်းသစ်သော စိတ်ကူဒများဖြင့် ဖန်တီးထားသော ဗီဒီယိုအတိုများဖြင့် လည်ပတ်နေသည့် လူမှုမီဒီယာပလပ်ဖောင်းအသစ်ဖြစ်ပါတယ် ။ အထူးသဖြင့် လူငယ်များအသုံးများလေ့ရှိပါတယ် ။ မိမိတို့ရဲ့ Brand ကို လူအများပိုမို သိရှိလာစေရန် စိတ်ဝင်စားစရာ Videoများ ၊ ဟာသဆန်ဆန် Video များဖြင့် Brand Image ကို ပိုမိုတိုးတက်လာစေရန် ဆွဲဆောင်နိုင်သည့် Platform တစ်ခုပဲဖြစ်ပါတယ် ။ TikTok တွင် လုပ်ငန်းတစ်ခုအနေဖြင့် ပို့စ်များ၊ အမှတ်တံဆိပ်နှင့် ကမ်းလှမ်းမှုများနှင့် သက်ဆိုင်သည့် hashtags များကို အသုံးပြုနိုင်သည်။ အသုံးပြုသူများသည် hashtags များကို ရှာဖွေသောအခါ လုပ်ငန်းရဲ့ Content များကို တွေ့နိုင်ပြီး Customer များကို ပိုမိုရရှိစေပါလိမ့်မယ် ။
Streaming ဆိုရှယ်မီဒီယာပလပ်ဖောင်းတစ်ခုဖြစ်ပြီး Google ၏နောက်တွင်ဒုတိယအကြီးဆုံး ရှာဖွေရေးအင်ဂျင်ဖြစ်သည်။ မိမိတို့ရဲ့ Product/Services များအတွက် အဓိပ္ပာယ်ပြည့်ဝသော ဗီဒီယိုအကြောင်း အရာများကို မျှဝေဖို့ ဆန္ဒရှိပါက YouTube သည် အသင့်လျော်ဆုံးသော Social Media Platform တစ်ခုဖြစ်ပါတယ် ။ YouTube ဖြင့် ရှုပ်ထွေးသောအကြောင်းအရာများကို သေချာလေး ရှင်းပြနိုင်ပါတယ် ။ ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ငန်းစဉ်များကို ပြသနိုင်ပါတယ် ။ ဥပမာ - ခရီးသွား Vlog အကြောင်းတို့ Software သွင်းပုံအဆင့်ဆင့်တို့ စသဖြင့်ပေါ့ ။ နောက်ပြီးတော့ product/Services (သို့) လုပ်ငန်းရဲ့ ထူးခြားတဲ့ အကြောင်းအရာတွေကို ပြောပြရင်းနဲ့ လုပ်ငန်းရဲ့ ပုံရိပ်ကိုမြှင့်တင်နိုင်ပြီး အခြားအရာများစွာကို လုပ်ဆောင်နိုင်ပါသည်။ သင့်စျေးကွက်ရှာဖွေရေးဗျူဟာတွင် ဗီဒီယိုများထည့်သွင်းရန် အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ် ။
စာသား၊ ရုပ်ပုံများ၊ ကာတွန်း GIF များ၊ ဗီဒီယိုများနှင့် လင့်ခ်များပါသည့် “တွစ်များ” ဟုခေါ်သော ပို့စ်အတိုများကို အသုံးပြုနိုင်ပါတယ် ။ တိုတောင်းသော်လည်း တန်ဖိုးရှိသော မက်ဆေ့ချ်များမှတစ်ဆင့် သင့်ပရိသတ်နှင့် ချိတ်ဆက်ရန် Twitter ကို အသုံးပြုနိုင်ပါတယ်။ လုပ်ငန်း၏ သဘောသဘာဝပေါ် မူတည်၍ twitter သည် သင့်အား Customer Service များကိုပေးဆောင်နိုင်ပြီး ၊ Brand Awareness ကိုလည်း တည်ဆောက်နိုင်ပါတယ် ။ ဒါတင်မကသေးပါဘူး လုပ်ငန်းရဲ့ Target Audienceနှင့် သက်ဆိုင်တဲ့ အကြောင်းအရာအချက်အလက်များကိုလည်း ရှာဖွေလိုရပါသေးတယ် ။ tweet တစ်ခုတွင် များသောအားဖြင့် စာလုံး 280 အထိ ပါဝင်နိုင်သည်။
သုံးစွဲသူများကို လှုံ့ဆော်ပေးသည့် “visual discovery engine (မြင်ယောင်ရှာဖွေမှုအင်ဂျင်)” ဟု လူသိများပါတယ် ။ အသုံးပြုသူများသည် ၎င်းတို့၏နေအိမ်များကို ပြန်လည်ပြုပြင်ရန်၊ စိတ်ကူးယဉ်အားလပ်ရက်များရယူရန်၊ မင်္ဂလာဆောင်ပွဲများကို စီစဉ်ပြီး ၎င်းတို့၏ဘဝတွင် အခြားအိပ်မက်များကို ဖြည့်ဆည်းပေးသည့် အကြံဉာဏ်များအတွက် ပလက်ဖောင်းကို မကြာခဏ ရှာဖွေလေ့ရှိပါတယ်။ သင့်အမှတ်တံဆိပ်သည် အသုံးပြုသူများအား ၎င်းတို့၏အိပ်မက်များကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းအိပ်မက်များကို ရရှိနိုင်စေရန် ပံပိုးပေးနိုင်သည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို ဖြစ်ကြောင်းကို Pinterest တွင် ကြော်ငြာသင့်ပါတယ် ။
B2B လုပ်ငန်းများအတွက် အလွန်အသုံးဝင်သော လုပ်ငန်းကွန်ရက်တစ်ခုဖြစ်ပါတယ် ။ အလုပ်များကိုလည်းရှာဖွေနိုင်ပြီး ၊ ကျွမ်းကျင်ပညာရှင်များအတွက် အဓိကဦးတည်ထားတယ်လို့ ပြောလို့ရပါတယ် ။ သင့်ရဲ့ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုများကို မျှဝေရန် အခွင့်အရေးပေးထားပါတယ် ။ သင့်ရဲ့ ကုမ္ပဏီရဲ့ အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ပြနိုင်ပြိး ၊ သင့်လုပ်ငန်းများအတွက် အခပေးကြော်ငြာများမှတစ်ဆင့် ဦးဆောင်မှုများ ပြုလုပ် နိုင်ရန် LinkedIn ကို အသုံးပြုနိုင်ပါသည်။
☎️ 09 972 697 718, 09 455 970 573
03/05/2024
🎯တစ်လလုံးစာ Package လည်း မသုံးချင်ဘူး။ စိတ်ကူးထားတဲ့အရေအတွက်အတိုင်းကိုပဲ Content လုပ်ချင်ပါတယ် ဆိုတဲ့ လူကြီးမင်းများအတွက် Custom Package လေးတွေ လာပါပြီနော် ...
🎀လူကြီးမင်းတို့အတွက် Content တစ်ခုချင်းစီကို စိတ်ကြိုက်တင်နိုင်မဲ့ အခွင့်အရေးလေးကို Digital X မှ ဖန်တီးပေးလိုက်ပါပြီ။
💁♂️ကိုယ့်စိတ်ကြိုက် အသုံးပြုချင်တဲ့ Content နှင့် Graphic အရေအတွက် အလိုက်သာ ကုန်ကျမှာ ဖြစ်တဲ့အတွက်
✔️Boosting အတွက် ရည်ရွယ်ပြီး Content အပ်ချင်တဲ့ လုပ်ငန်းများ
✔️Budget ကို Save လုပ်ချင်တဲ့ လုပ်ငန်းများ ✔️စိတ်ကူးထားတဲ့ပုံစံမျိုးအတိုင်း Content အရေအတွက်ကို လိုချင်တယ်ဆိုတဲ့ လုပ်ငန်းများ အတွက်
(၁)လစာ Package တို့ (၃)လစာ Package တို့ ယူစရာမလိုဘဲနဲ့ Digital X ကို Service အပ်လို့ရနေပြီနော်။
🤔Content နှင့် Graphic ကို တစ်ခုပဲဖြစ်ဖြစ် နှစ်ခုပဲဖြစ်ဖြစ် လစဉ် Package ပဲဖြစ်ဖြစ် ဘယ်လို Service ပဲအပ်အပ် လုပ်ငန်းရဲ့ Page ကို Analysis လုပ်ပြီးမှ ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်မဲ့ Content ကို ဖန်တီးပေးမှာ ဖြစ်တဲ့အတွက် Content Quality အတွက် စိတ်ပူစရာမလိုပါဘူးနော် ။
🎁နောက်ထပ် သတင်းကောင်းလေးကတော့ May လအတွင်းမှာ ပထမဆုံးအပ်တဲ့ လုပ်ငန်း (၅) ခုအတွက် Page Cover Photo ကို မေတ္တာလက်ဆောင် ပြုလုပ်ပေးမှာဖြစ်လို့ အခုပဲ အမြန်ဆုံး ဆက်သွယ်လိုက်ပါနော် ...
☎️ 09 972 697 718, 09 455 970 573
30/04/2024
ကမ္ဘာ့အလုပ်သမားနေ့(May Day)
အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားများအဖို့ အလွန်အရေးပါသော နေ့တစ်နေ့ဖြစ်ပါတယ် ။ အလုပ်သမားလူတန်းစားတို့ရဲ့ဘဝကို အရင်းရှင်စနစ်လက်အောက်မှ ရုန်းထွက်ပြီး ဘဝသစ်တစ်ခု တည်ဆောက် ကြိုးစားအားထုတ်ခဲ့သော နေ့များအတွက် အောင်မြင်မှုပန်တိုင်ကို ရရှိခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ် ။
၁၈၈၆ ခုနှစ်၊ မေလ ၁ရက်နေ့ကစပြီး အမေရိကန်နိုင်ငံမှာ တစ်နေ့အလုပ်ချိန် ၈နာရီ သတ်မှတ်ပေးဖို့ အတွက် ၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ဆုံးဖြတ်ခဲ့ကြပြီး ထိုဆုံးဖြတ်ချက်အတိုင်း အလုပ်သမားထုက တောင်းဆိုခဲ့ကြရာ အလုပ်ရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို များစွားခံစားခဲ့ကြရပြီး အောင်မြင်ခဲ့သည့်အထိ တိုက်ပွဲဝင်ခဲ့ကြရာမှ အလုပ်သမားနေ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ သွေးမြေကျတိုက်ပွဲတွေကို အကြောင်းပြုပြီး မေလ ၁ ရက်နေ့ကို အလုပ်သမားနေ့အဖြစ် သတ်မှတ်ဖို့ ၁၈၈၉ခုနှစ် ၊ ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ် ဒုတိယညီလာခံမှာ ဆုံးဖြတ်ခဲ့ပါ တယ်။ ထိုဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းတွင် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့ကြပါတယ် ။
မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခုနှစ်မှစတင်ပြီး ပထမဆုံးအကြိမ် အလုပ်သမားနေ့ကို ကျင်းပခဲ့တာ အခုဆိုရင်တော့ဖြင့် ၈၆ ကြိမ်မြောက်ထိ ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ် ။
22/04/2024
နှစ်သစ်မှာ အားသစ်အင်သစ်တွေနဲ့အတူ
Social Media မှာ Lead လုပ်နိုင်ဖို့အတွက် အပြိုင်အဆိုင် အားထည့်လာမဲ့ Social Media Marketing မှာ ခြေတစ်လှမ်းသာနေဖို့လိုပါတယ်
ပိတ်ရက်ရှည်တွေမှာ မရခဲ့တဲ့ Sale Target တွေကို ပြန်လည်ဖြည့်တင်းနိုင်ရန်
Customer တွေနဲ့ အမြန်ဆုံးထိတွေပြီး Follower တွေရဲ့ အသဲတစ်ခြမ်းကို သိမ်းပိုက်နိုင်ဖို့အတွက် ငေးမနေဘဲ တွေးမနေဘဲ အခုပဲ စလိုက်တော့နော်
အားလုံးကို နောက်ကောက်ချထားနိုင်ဖို့ Digital X ကို အခုပဲ ဆက်သွယ်လိုက်တော့နော်
အော် မေ့နေလို့
May မှာ Promotion တွေရှိတယ်နော် …..
☎️ 09 972 697 718, 09 455 970 573
20/04/2024
စေတနာအရင်းခံဖြင့် လှပသေသပ်စွာ တာ၀န်ယူဆောင်ရွက်ပေးနေတဲ့ ဝင်းကော်ပိတ်ကပ်လုပ်ငန်း မှ Facebook Marketing and Advertising အတွက် ကျွန်တော်များ Digital X နှင့် ဆွေးနွေးတိုင်ပင်ပြီး Silver Package ၀န်ဆောင်မှုကို
ရယူတဲ့အတွက် ကျေးဇူးတင်လျက်ရှိပါတယ်။
ကျွမ်းကျင်ရာ လိမ္မာရာဆိုတဲ့စကားအတိုင်း လူတိုင်းဟာ သူ့ကျွမ်းကျင်မှုနဲ့ သူရှိကြပါတယ်။ Digital X ရဲ့ကျွမ်းကျင်မှုနဲ့ အခုလို အပြန်အလှန် ကူညီ လုပ်ကိုင် ဆောင်ရွက်ပြီး ရရှိလာတဲ့ results နဲ့အတူ ပိုမိုအောင်မြင်တဲ့ လမ်းကြောင်းဆီကို အတူတူ လျောက်လှမ်းနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
☎️ 09 972 697 718, 09 455 970 573
13/04/2024
29/03/2024
လုပ်ငန်းရှင်များခင်ဗျ အခုချိန်က သတိကြီးကြီးထားရမဲ့ အချိန်ရောက်လာပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သင်္ကြန်ရောက်တော့မယ်လေ။
ပြိုင်ဆိုင်များတဲ့ ဒီသင်္ကြန်အချိန်အခါမှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းက တခြားလုပ်ငန်းများထက် ထင်ရှားပေါ်လွင်နေသင့်တဲ့အပြင် သင်္ကြန်အခါသမယမှာ အေးအေးဆေးဆေး အနားယူနိုင်ဖို့အတွက် ကျွန်တော်တို့ Digital X ရဲ့ Promotion Package ေတွရှိပါတယ် ...
လူကြီးမင်းတို့အတွက် စိတ်ချရတဲ့ လူယုံတစ်ယောက်ရသလို ကျွန်တော်တို့ Digital X မှ လှပသေသပ်တဲ့ Design တွေ၊ အတွေးတွေထဲ ရစ်ဝဲနေမဲ့ Content တွေနဲ့ Potential Customer တွေကို ဆွဲဆောင်ပြီး Brand Awareness ကို မြင့်တင်လိုက်ရအောင်။
လူကြီးမင်းက အေးအေးဆေးဆေး ရေပက်နေပါ Digital X က လူကြီးမင်းရဲ့ လုပ်ငန်းအတွက် Marketing လုပ်ပေးပါရစေ ...
☎️ 09 972 697 718, 09 455 970 573
28/03/2024
စာရင်းစစ်ဆေးခြင်းသည် လူကြီးမင်းတို့၏ လုပ်ငန်းများကို ရေရှည်တွင် သိသာထင်ရှားသော ကုန်ကျစရိတ်များကို သက်သာစေနိုင်သည်ကို လူကြီးမင်းသိပါသလား ။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသော Accounting ဝန်ဆောင်မှုများကို ရယူနိုင်ရန် Royal Partners မှ ကြိုဆိုလိုက်ပါတယ် …..
လုပ်ငန်းရှင်များ ၊ ကုမ္ပဏီများအတွက် Financial Goals များ အောင်မြင်မှုရရှိစေရန် လိုအပ်တဲ့ စာရင်းပိုင်းဆိုင် ရာ အကြံပေးမှုနှင့် ဖြေရှင်းပေးခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိတယ် ။
ကျွန်တော်တို့ရဲ့ အတွေ့အကြုံရှိသော Service Provider များမှ အောက်ပါ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး လျက်ရှိပါတယ် ။
Accounting Services
1. Accounting Advisory
2. Preparation of Financial Statements
3. Accounting System Set Up
4. Asset and Inventory Physical Taking and Valuation
5. Business Valuation Services
6. Payroll Services
Auditing Services
1. Financial Statement Audit
2. Internal Audit Services
3. Regulatory Compliance & Reporting Services
Tax Clearance Services
1. Corporate Income Tax
2. Commercial Tax
3. Personal Income Tax
Company Registration & General Service
1. Company Incorporation
2. Liquidation Services
3. Secretarial Services
လုပ်ငန်းရှင်းများ ၊ ကုမ္ပဏီများအနေဖြင့် လိုအပ်သည့် အကြံဉာဏ်များကို Page Chat box မှ မေးမြန်းနိုင်ပြီး ဝန်ဆောင်မှုများရယူရန်လိုအပ်ပါက
ဆက်သွယ်ရန်
09 979613025, 09427662704
အမှတ် - ၄၃ ၊ ရွှေတိဂုံဘုရာလမ်း (အောက်ဘလောက်)
လသာမြို့နယ် ၊ ရန်ကုန်တိုင်း
23/03/2024
🙏🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
Yangon