Myanmar Foundation For Fire Safety and Rescue - MFFR
Our foundation as private organization that pursue to relieve risk and suffering, promote the interests of the fireman, protect the environment
To HELP and SUPPORT the facilities of fire safety, search and rescue for a safe and secure Myanmar.
26/04/2026
Pope ဖရန်စစ် သေဆုံးချိန်မှာ သူ့မှာ ငွေဒေါ်လာတစ်ရာ သာ ကျန်ခဲ့ပါတယ်။ ဒါကတော့ မြန်မာငွေ 4သိန်းကျော် လောက်ပဲ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုလည်း မရှိဘူး။ ဘဏ်အကောင့်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဘာတစ်ခုမှ မရှိပါဘူး။
သူ့ရဲ့ နှစ်စဉ်လစာက ယူရို ၃၄၀,၀၀၀ (မြန်မာငွေ ခန့်မှန်းအားဖြင့် သိန်း ၁ သောင်း ၆ထောင်ကျော်) ရရှိခွင့်ရှိပေမဲ့ သူယူဖို့ ငြင်းခဲ့ပါတယ်။ Jesuit အသင်းဂိုဏ်းဝင် တစ်ဦးဖြစ်တဲ့အလျောက် ဆင်းရဲသားတို့အတွက် ပြန်လည်ပံ့ပိုးခဲ့သောကြောင့် ဘဏ္ဍာပိုင်ဆိုင်မှုတစ်စုံတစ်ရာ မယူခဲ့ပါဘူး။
Popeတွေ ရဲ့ နေထိုင်စရာနေရာဖြစ်တဲ့ နန်းတော်ကြီးထဲ မနေရပါဘူး။ ဗာတီကန်အတွင်းက Casa Santa Marta ဆိုတဲ့ သာမာန် Guest House တစ်ခုမှာသာ နေထိုင်ခဲ့ပါတယ်။
ဗာတီကန်က သူ့ရဲ့ အစားအသောက်၊ ခရီးသွားလာမှု၊ လုံခြုံရေး စတာတွေကို တာဝန်ယူကုသိုလ်ပြုပေးခဲ့ပေမဲ့ သူ့ကိုယ်သူတော့ သာမန်လူမျိုးတစ်ယောက်လို ဂုဏ်ယူမှုမဲ့ အသက်
တာလမ်းစဉ်နဲ့ မျှတစွာနေထိုင်ရင်း တာဝန်ထမ်းရွက်ခဲ့ပါတယ်။
ဒီ Popeဖရန်စစ်က—
• ကိုယ်တိုင် သူ့အိတ် 🧳ကိုသယ်တတ်သူ
• ရွေးချယ်ခံပြီးနောက် ကိုယ်တိုင် ဟိုတယ်ခ ပေးဆောင်သူ
• နန်းတော်ကြီးမှာ မနေ၊ Guest Houseအခန်းလေးမှာသာ နေသူ ဖြစ်ပါတယ်။
သူ့ဘဝက တခုလုံးက အရင်ခေတ်အဆက်ဆက် က Pope ရဟန်းမင်းတွေLifestyleထက်များစွာ ရိုးရှင်းခဲ့ပါတယ်။
စစ်မှန်တဲ့ခေါင်းဆောင်မှုဆိုတာ ရွှေငွေ ပိုင်ဆိုင်မှု နဲ့ အာဏာ တွေထက် နှလုံးသားနဲ့ သမာဓိသာလိုအပ်ပါတယ်ဆိုတာကို ကမ္ဘာကြီးကို မီးမောင်းထိုးပြခဲ့သူလည်းဖြစ်ပါတယ်။
သူ့ရဲ့ ရှင်သန်ခဲ့ အသက်တာဟာ ရာထူးရာခံ ဂုဏ်တက်တွေထက် နှိမ်ချခြင်းဟာ ပိုလို့မြင့်မြတ်ကြောင်း ပြသခဲ့ပါတယ်။
Pope ဖရန်စစ်ဟာ သူ ပျံလွန်သွားသည့်တိုင်အောင် သူ၏ကျင့်စဉ်တွေ အားဖြင့် ကျနော်တို့တွေကို အတုယူ လေ့လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Crd Translate by Philip Joseph
Transl: https://www.facebook.com/share/1XZ1QPVemd/?mibextid=wwXIfr
me
Click here to claim your Sponsored Listing.
Contact the organization
Telephone
Website
Address
No. 129, Central Fire Station (1), Sule Pagoda Road, Kyauktada Township
Yangon