Win World
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win World, Shopping & retail, Yangon.
10/12/2024
Pose Ideas for Guys 📷
04/03/2024
ငွေဆိုတာ
လိုတဲ့အချိန်တိုင်း ရှာလို့
ရတာမဟုတ်ပါဘူး။
၁။ အခါအခွင့်သင့်ချိန်
၂။ ကံကောင်းနေတဲ့အချိန်
၃။ အရွယ်ကောင်းနေတဲ့အချိန်
၄။ ကျန်းမာရေးကောင်းနေတဲ့အချိန်
၅။ ခေတ်ကောင်းနေတဲ့အချိန်
အခါအခွင့်သင့်လို့
အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့ ။
ဘာလုပ်လုပ်
အစဉ်ပြေနေတဲ့အချိန်ဆိုတာ
ကံတရားက မျက်နှာသာပေးတဲ့
အခါမျိုးမှာပဲ ရခွင့်ရှိပါတယ်။
အရွယ်လွန်မှ
ပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ
ကလေးတွေကြားမှာ
တန်းဝင်စီရလိမ့်မယ်။
ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့ စိတ်မကူးပဲ
မလိုအပ်ပဲ စိတ်ထဲရှိတာ အကုန်ဝယ်
အပျော်အပါးသုံးဖြုန်း သောက်သောက်စားစားနဲ့
နာဖျားချိန်ရောက်တော့မှ
ပိုက်ဆံရှာရကောင်းသိလာတာဟာ
အရမ်းနစ်နာလွန်းတယ်။
ခေတ်ကာလကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ
အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်..
ခေတ်ကာလပျက်စီးယိုယွင်းတဲ့အခါကျမှ
ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့
မလွယ်နိုင်တော့ပါဘူး။
15/02/2024
လက်ရှိ ဘဝ ကြီးက
သူ့ ဘဝ ကိုယ်အားကျ
ကိုယ့်ဘဝ သူ အားကျ လိုက်နဲ့ မရေရာတဲ့ ဘဝတွေ အတွေးများစွာနဲ့
ဘာမှ မတတ်နိုင်တဲ့ ဘဝတွေ
အပူအပင်တွေ ကိုယ်စီနဲ့.......
02/08/2022
Flannelကိုခုလိုလေးဝတ်ရင်တကယ်မိုက်တယ်နော် ညီကိုတို့
30/07/2022
သင်ရင့်ကျက်လာပြီလား
လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး
တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ
ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး
“ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ”တဲ့
ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်
ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ
အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ်
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်
အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်
ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ
ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်
ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ
ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက
မယုံမရှိပါနဲ့
တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။
“ဒါဆို သင် ရင့်ကျက်လာပြီ”
ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်
လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။
အရှုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ
အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ
ဒါဆို သင် ရင့်ကျက်လာပါပြီ။
ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်
နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့၊
မျှဝေဖို့၊
စတဲ့ တိက်တဲ့
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။
ဒါဆို သင် ရင့်ကျက်လာပြီ။
၀မ်းနည်း နေပေမယ့် ပြုံးနေမိတယ်
ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ ပါ တယ်
ဒါဆို သင် ရင့်ကျက်လာပြီ။
လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်
ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်
ဒါဆို သင် ရင့်ကျက်လာပြီ။
အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်
နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်
ဒါဆို ရင့်ကျက်လာပြီ။
ဘယ်အချိန်မှာ ပြောရမယ်၊
ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။
လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး
ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ
ဒါဆို ရင့်ကျက်လာပြီ။
အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး
ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။
ဆရာကြီးဦးအောင်သင်းအား
အစဉ်လေးစားလျက်
#မူရင်းရေးသားသူကိုလေးစားစွာcreditပေးပါတယ် 🙏🏻🙏🏻
18/10/2021
Flannel Outfit
20/01/2021
အမျိုးသားတွေအတွက် ရေမွှေးကလည်း မရှိမဖြစ် လိုအပ်တဲ့ အရာတခုထဲမှာပါပါတယ်နော်
ချွေးနံ့ဆိုးတွေ မထွက်လာအောင် ရေမွှေး သုံးသင့်သလို ကိုယ်သင်းရနံ့ကောင်းခြင်းကလည်း စွဲဆောင်မှုကို ပိုစေနိုင်ပါတယ်
တစ်နေ့လုံးလတ်ဆတ်တဲ့အနံ့လေးရနေခြင်းက စိတ်ကိုကြည်လင်စေပီး ကိုယ့်ကိုယ်ကို Confidence ပိုရှိစေပါတယ်ခင်ဗျာ
ကျွန်တော်လိုပဲ ရေမွှေးကြိုက်တဲ့ broတွေရှိလား??
18/01/2021
Shirt Crazyတို့အတွက်
Styel ကျကျဝတ်လို့ရတဲ့ Design Ideaလေးတွေ ဝေမျှပေးလိုက်ပါတယ်ခင်ဗျ
22/11/2020
ယနေ့ညနေ 5:30 မဖလန် live sale ရှိပါမယ်🙂
ဈေးနှုန်းလေးတွေကတော့ ၃၀၀၀ မှ ၅၀၀၀ အထိ
ပါပဲနော် လက်သွက်သွက်လေးမန့်ဖို့တော့လိုမယ်
နော်အမျိုးတို့😎
Category
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Win World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.