Alliance Myanmar Insurance Services

Alliance Myanmar Insurance Services

Share

Alliance Myanmar Insurance is one of Myanmar’s leading approved insurance brokers, regulated by Myanmar Insurance under Ministry of Finance.

We pride ourselves on creating and sustaining supportive relationships where objective and timely advice and services enables our clients to have their risks managed.

01/03/2022

🌾 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐞𝐚𝐬𝐚𝐧𝐭𝐬’ 𝐃𝐚𝐲 🌾

၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်၊ ဗုဒ္ဓဟူးနေ့တွင်ကျရောက်သော “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုပါသည်။

Photos from Alliance Myanmar Insurance Services's post 10/01/2022

Comprehensive Motor Insurance
All Covers

Please Contace us

Photos from Alliance Myanmar Insurance Services's post 28/10/2021

Comprehensive Motor Insurance for
Landrover ( Range Rover ) 2021

Thanks Our Valued Customer

24/09/2021

မင်္ဂလာပါခင်မျာ
ယခုလို Covid အခြေအနေ၊ နိုင်ငံရေးအကျပ်အတည်း
ကာလမှာ ကျွန်တော်တို့ Alliance Myanmar Insurance Services အနေဖြင့် လူကြီးမင်း​၏ အာမခံထားရှိထားသော ပိုင်ဆိုင်မှုများအတွက် အာမခံအကာအကွယ်အပြည့်အဝ ရရှိပြီး ဆုံးရှုံးနစ်နာမှုမရှိရအောင်
ဆောင်ရွက်ပေးရန် အမြဲတမ်း အဆင်သင့်ဖြစ်နေပြီး လူကြီးမင်းနှင့်အတူတကွရှိနေပါကြောင်း လေးစား
နွေးထွေးစွာ အကြောင်းကြားအပ်ပါသည်။

11/09/2021

Advice & Services

Risk management consulting
Claim administrations

Photos from Alliance Myanmar Insurance Services's post 18/08/2021

Comprehensive Motor Insurance
for Mercedes Benz Vito

Thanks Our Valued Customer

Photos from Alliance Myanmar Insurance Services's post 18/08/2021

Comprehensive Motor Insurance
for Mercedes Benz GLC

Thanks Our Valued Costomer

Photos from Alliance Myanmar Insurance Services's post 18/08/2021

Comprehensive Motor Insurance
for Mercedes Banz GLS 400

Thanks Our Valued Customer

17/08/2021

ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအာမခံ
Cargo Insurance 🚛🚂✈️⛴️⚓

ကုန်ပစ္စည်းများတစ်နေရာမှတစ်နေရာသို့ သယ်ဆောင်သည့်အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း မြစ်ကြောင်း ၊ ကမ်းရိုးတန်းနှင့်
ကုန်းလမ်းခရီးတို့တွင် ရေယာဉ် ၊ မော်တော်ကားစသည်တို့ဖြင့် သယ်ယူပို့ဆောင်ရသောသော ကုန်ပစ္စည်းများနှင့် ပြည်ပနိုင်ငံများနှင့် ကုန်ပစ္စည်းများအပြန်အလှန်တင်ပို့ရောင်းချခြင်းများအတွက် အာမခံဝယ်ယူနိုင်ပါသည်။

ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအာမခံကို

- ကုန်ပစ္စည်းပိုင်ရှင် (သို့မဟုတ်)
- ပိုင်ရှင်​၏တရားဝင်ကိုယ်စားလှယ်များမှ ဝယ်ယူနိုင်ပါသည်။

အာမခံတန်ဖိုးအနေဖြင့်

-သယ်ယူသည့်ကုန်ပစ္စည်းတန်ဖိုးကိုထားရှိရပါ မည်။

အာမခံသက်တမ်းအနေဖြင့်

ပြည်တွင်းအတွက်

- ကုန်ပစ္စည်းစတင်သယ်ဆောင်သည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်လှောင်ရုံမှရောက်ရှိသည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်လှောင်ရုံအထိ ခရီးစဉ်တစ်ခေါက် နှင့်
- ပြည်ပအတွက်
ခရီးစဉ်အစမှ အဆုံးနှင့် (Transshipment)
ရှိပါက ဖေါ်ပြပေးရန် လိုအပ်ပါသည်။

အာမခံကြေး (ပရီမီယံ) အနေဖြင့်

ပြည်တွင်းတွင်
- ရေယာဉ်ဖြင့်သယ်ယူပို့ဆောင်ခြင်းအတွက် ကုန်ပစ္စည်းတန်ဖိုး​၏ (၀.၁၄%) မှ (၀.၈၄%) အထိ နှင့်
- မော်တော်ယာဉ်ဖြင့်သယ်ယူပို့ဆောင်ခြင်းအတွက် ကုန်ပစ္စည်းတန်ဖိုး​၏ (၀.၁၄%) မှ (၀.၈၀%) အထိ ကျသင့်ပါမည်။

ပြည်ပသို့
- သယ်ပို့ခြင်းအတွက် ကုန်ပစ္စည်းတန်ဖိုး​၏ (၀.၅၆%) မှ (၀.၈၀%) အထိ ကျသင့်ပါမည်။

ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအာမခံနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို လူကြီးမင်းတို့၏ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ကို (𝐌𝐞𝐬𝐬𝐚𝐠𝐞 𝐁𝐨𝐱) သို့ ပေးပို့ပါက (𝐏𝐫𝐞𝐦𝐢𝐮𝐦) ကျသင့်နှုန်းကို တွက်ချက်ရှင်းပြပေးမည်ဖြစ်ပါသည်။

17/08/2021

🚕🚜 အလုံးစုံမော်တော်ယာဉ်အာမခံ
(𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐌𝐨𝐭𝐨𝐫 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞) 🚗🚛

လူကြီးမင်းတို့ ပိုင်ဆိုင်သော မော်တော်ယာဉ်များ မတော်တဆထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် မိမိယာဉ်၏ မတော်တဆမှုကြောင့် မိမိယာဉ်နှင့် သူတပါးပျက်စီးမှုများအတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့် အလုံးစုံမော်တော်ယာဉ်အာမခံ (𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐌𝐨𝐭𝐨𝐫 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞) နှင့်
မိတ်ဆက်ပေးလိုပါသည်။

အလုံးစုံမော်တော်ယာဉ်အာမခံထားရှိခြင်းအားဖြင့်
✅ မတော်တဆမှုကြောင့်
- ယာဉ်တိုက်မိခြင်း
- ယာဉ်တိမ်းမှောက်ခြင်း
- မီးလောင်ပျက်စီးခြင်း
- ပြင်ပမီးကူးစက်လောင်ခြင်း
- ယာဉ်အလိုအလျောက်မီးလောင်ခြင်း
- မိုးကြိုးပစ်ခြင်း
- ယာဉ်အား မလိုတမာဖျက်ဆီးခံရခြင်း
- ယာဉ်ပေါ်သို့ပစ္စည်းတစ်ခုခုပြုတ်ကျခြင်းနှင့်
- သပိတ်မှောက်၊ အဓိကရုဏ်း၊ ဆူပူထကြွခြင်းကြောင့် မိမိယာဉ်ပျက်စီးခြင်းတို့အတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့်အပြင်

✅ ယာဉ်တိုက်မှုကြောင့်
- သူတပါးယာဉ် ထိခိုက်ပျက်စီးမှု
- လူသေဆုံးခြင်းနှင့်
- ဒဏ်ရာရခြင်းများအတွက်ပါ အကာအကွယ်များရရှိနိုင်ပါသည်။

✅ အလုံးစုံမော်တော်ယာဉ်အာမခံကို
- ယာဉ်ပိုင်ရှင် (သို့မဟုတ်) ယာဉ်ကိုတာဝန်ယူကြီးကြပ်သူများမှ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

✅ အလုံးစုံမော်တော်ယာဉ်အာမခံတွင်
- အာမခံထားမည့်ယာဉ်၏ ကာလပေါက်ဈေး (𝐌𝐚𝐫𝐤𝐞𝐭 𝐕𝐚𝐥𝐮𝐞) ကို အာမခံတန်ဘိုး သတ်မှတ်ထားရှိနိုင်ပါသည်။

✅ အာမခံသက်တမ်းအနေဖြင့်
- အနည်းဆုံး (၃) လ
- (၆) လ
- (၉) လ
- အများဆုံး (၁) နှစ်အတွက် ဝယ်ယူနိုင်ပါသည်။

✅ အလုံးစုံမော်တော်ယာဉ်အာမခံကြေး (𝐏𝐫𝐞𝐦𝐢𝐮𝐦) ကို
- ခန့်မှန်းကားတန်ဖိုး
- အင်ဂျင်ပါဝါ
- ကားကိုအသုံးပြုပုံ
- ဝယ်ယူလိုသည့် အပိုအကာအကွယ်ပေါ်တွင် မူတည်၍ အာမခံကြေးတွက်ချက်ပါသည်။

✅ အလုံးစုံမော်တော်ယာဉ်အာမခံ (𝐏𝐫𝐞𝐦𝐢𝐮𝐦) တစ်နှစ်စာ ခန့်မှန်းကျသင့်နှုန်း
- အိမ်စီးကားအတွက် ယာဉ်တန်ဘိုး၏ ၁% မှ ၁.၅%
- လုပ်ငန်းသုံးကားအတွက် ယာဉ်တန်ဘိုး၏ ၁.၅% မှ ၂% ခန့်မှန်းကျသင့်ပါသည်။

အလုံးစုံမော်တော်ယာဉ်အာမခံနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို လူကြီးမင်းတို့၏ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ကို (𝐌𝐞𝐬𝐬𝐚𝐠𝐞 𝐁𝐨𝐱) သို့ ပေးပို့ပါက (𝐏𝐫𝐞𝐦𝐢𝐮𝐦) ကျသင့်နှုန်းကို တွက်ချက်ရှင်းပြပေးမည်ဖြစ်ပါသည်။

17/08/2021

🏠 မီးအာမခံ (𝐅𝐢𝐫𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞) 🏠

လူကြီးမင်းတို့ တန်ဖိုးထားပိုင်ဆိုင်သော အိုးအိမ်၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ ကုန်ပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများ မတော်တဆမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလျော်သည့် အာမခံအမျိုးအစားဖြစ်သည့် မီးအာမခံ (𝐅𝐢𝐫𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞) နှင့် မိတ်ဆက်ပေးလိုပါသည်။

မီးအာမခံထားရှိခြင်းဖြင့်
✅ အဆောက်အအုံများအတွက်
- မတော်တဆလောင်ကျွမ်းသောမီး
- အခြားမှ ကူးစက်လောင်ကျွမ်းသောမီး
- မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီးနှင့်
- အိမ်သုံးဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းသောမီးများကြောင့် ပျက်စီးခြင်းတို့အတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့်အပြင်

✅ ပစ္စည်းများအတွက်
- မီးသတ်ရာတွင် အသုံးပြုသည့် မီးသတ်ဆေးကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ ပစ္စည်းများပျက်စီးခြင်း
- မီးလောင်နေသည့် အဆောက်အအုံအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းစဉ်ပျက်စီးခြင်း
- မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးဆုံးရှုံးခြင်း
- မီးလောင်မှုကြောင့် အမိုး/ ကြမ်းခင်း/ နံရံများ ပြိုကျရာမှ ပျက်စီးခြင်း
- မီးလောင်နေစဉ် အဆောက်အအုံအတွင်းမှပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ် မိုးရေကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးခြင်းများကို လျော်ကြေးပြန်လည်ရရှိနိုင်ပါသည်။

✅ အာမခံသက်တမ်းအနေဖြင့်
- အနည်းဆုံး (၁၀) ရက်မှ
- အများဆုံး (၁) နှစ်အတွက် ဝယ်ယူနိုင်ပါသည်။

✅ မီးအာမခံကြေး (𝐏𝐫𝐞𝐦𝐢𝐮𝐦) ကို
- အဆောက်အအုံအမျိုးအစား
- အဆောက်အအုံကို အသုံးပြုပုံနှင့်
- ပတ်ဝန်းကျင်အခြေအနေပေါ်တွင် မူတည်၍ တွက်ချက်ပါသည်။

✅ မီးအာမခံနှင့်အတူ
- အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှု
- လေယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း
- ကုန်းလမ်းသွားယာဉ်များကြောင့် ထိခိုက်ပျက်စီးခြင်း
- မြေကျွံခြင်း၊ မြေပြိုခြင်း
- မြေငလျင်ကြောင့်မီးလောင်ခြင်း၊ ပြိုအက်ပျက်စီးခြင်း
- ပေါက်ကွဲပျက်စီးမှု
- အလိုအလျောက်မီးစွဲလောင်မှု
- လေပြင်းမုန်တိုင်းအမျိုးမျိုး
- ရေကြီးခြင်း၊ ရေလျှံခြင်း
- ဖောက်ထွင်းခိုးယူမှုနှင့်
- စစ်ဘေးအန္တရာယ်တို့အတွက် အပိုအကာအကွယ်များကိုလည်း ထပ်မံဝယ်ယူနိုင်ပါသည်။

မီးအာမခံနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

23/09/2019

Position Title : Marketing

Required Position : (Female ) 1 Post

Job Description : Insurance Field

Job Requirement & Experience
-Any Graduated
-Microsoft Excel ,word
-(No need experience in Insurance field )
-Age Between 20 - 28
-Must be good personality and
communication skills

Working Hour - 8:30 Am to 5:00 Pm

Salary + Commision

Off Day : Sat , Sun and Myanmar Gazetted
Holidays

Interview Date : 1.10.2019 ( 9:00 Am )

No.25/27, Kanlaysuu Street , 2 Qtr,
Mayangone Tsp, Yangon.
[email protected]
09252649312

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


37 A Thazin Street
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00