Thirty Days Insurance Services

Thirty Days Insurance Services

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thirty Days Insurance Services, Insurance Agent, Yangon.

01/01/2026

Happy New Year 2026 🎉🎊🎉🎊

မိတ်ဆွေများအားလုံး နှစ်သစ်ကစပြီး ပျော်ရွှင်ခြင်း ကျန်းမာခြင်း အောင်မြင်ခြင်းများကို နေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေဗျာ 🙏🙏🙏

09/12/2025

မင်္ဂလာပါ။

AIA Myanmar က “Step into A Healthier You” အစီအစဥ်ကို ပြန်လည်စတင်ပြုလုပ်သွားမည်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် (စနေနေ့) မှာ AIA Khit တွင်ပြုလုပ်သွားမည့် Zumba အစီအစဥ်မှာ ပါဝင်ကြရန် ဖိတ်ခေါ်လိုက်ပါရစေ။
ပိုမိုကျန်းမာတဲ့လူနေမှုဘဝကို အတူတူလျှောက်လှမ်းနိုင်ရန်အတွက် AIA Myanmar ၏ ပျော်ရွှင်ဖွယ်ရာ Zumba အစီအစဥ်မှာ အားအင်အပြည့်ဖြင့် ပါဝင်ဆင်နွှဲရန် တိုက်တွန်းလိုက်ရပါသည်။

ပွဲအစီအစဥ်
နေ့ရက် - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ (စနေနေ့)
အချိန် - မနက် ၇း၀၀ နာရီ မှ ၈း၀၀ နာရီ အထိ
နေရာ - AIA Khit (ဝန်ကြီးများရုံး၊ ရန်ကုန်)

စာရင်းပေးသွင်းရန် - https://forms.office.com/r/mpTTQjfi20

မှတ်ချက် - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် (သောကြာနေ့)၊ နေ့လယ် ၁၂း၀၀ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းပါရန် တိုက်တွန်းအပ်ပါသည်။

အသေးစိတ်စုံစမ်းလိုပါက
09-795551636 (or) Viber သို့လည်းမေးမြန်းနိုင်ပါသည်.

လေးစားစွာဖြင့်၊
AIA Myanmar

14/11/2025

Insurance Tea Talk Day ☕

Insurance နှင့်ပက်သက်သော အကြောင်းအရာတွေ အများကြီးဆွေးနွေးခဲ့ကြရင်း တကယ်ကို နွေးထွေးတဲ့ အာမခံစကားဝိုင်းလေးဖြစ်ခဲ့ပါတယ်

အာမခံအကာအကွယ်ရယူထားသော Clients များရဲ့ စိတ်အေးချမ်းသာမှုတွေ စိတ်လုံခြုံမှုတွေ

လျော်ကြေးရရှိထားသော Clients များရဲ့ စိတ်ကျေနပ်မှုတွေ အများကြီးကိုလည်း သိရှိနားထောင်ခဲ့ရလို့ တကယ်ကိုကျေနပ်ပီတိဖြစ်ရတဲ့နေ့လေးတနေ့ပါ

ကြွရောက်လာပေးကြသော ဧည့်သည်တော်များနှင့် မိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင် ❤️

နောက်ထပ်လည်း ပိုမိုကောင်းမွန်တဲ့ အသိပညာတွေ ဝေမျှနိုင်ဖို့ အာမခံပညာရပ်တွေကို ကြိုးစားလေ့လာသင်ယူဆောင်ရွက်လျက် ❤️

ချစ်တဲ့

Nay Yee
Financial Services Consultant
MDRT 2026
MOM
AIA Myanmar Life Insurance

07/11/2025

Congratulations AIA Myanmar 🎊🎉🎊🎉

AIA Myanmar က ၂၀၂၅ ခုနှစ်ရဲ့ မြန်မာနိုင်ငံရှိ အလုပ်လုပ်ဖို့ အကောင်းဆုံး ကုမ္ပဏီလုပ်ငန်းများစာရင်းမှာ ၄ နှစ်ဆက်တိုက် ထပ်မံအသိအမှတ်ပြုခြင်းခံရကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ဝေမျှလိုပါတယ်။

အခုလိုအသိအမှတ်ပြုခံရခြင်းက ကျွန်တော်တို့ AIA Myanmar အဖွဲ့တစ်ခုလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို အကောင်းဆုံး မီးမောင်းထိုးပြသလိုက်သလိုပါပဲ။ အခုလိုမျိုး အောင်မြင်မှုတွေ နှစ်စဉ် ဆက်တိုက်ရရှိအောင် အဖက်ဖက်ကနေ ပါဝင်ကူညီအားဖြည့်ပေးတဲ့ AIA Myanmar မိသားစုဝင်အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တို့ AIA Myanmar က ဝန်ထမ်းများအားလုံး တိုးတက်အောင်မြင်နိုင်ပြီး ပြောင်းလဲမှုကောင်းတွေကို ယူဆောင်ပေးလာနိုင်တဲ့ လုပ်ငန်းခွင်ကောင်းတစ်ခုဖြစ်အောင် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပြီး၊ နောင်လာမယ့် အနာဂတ်မှာလည်း အရည်အချင်းရှိမျိုးဆက်သစ်လူငယ်လေးတွေကို ပျိုး‌ထောင်ရင်း အခုလိုအောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်လုပ်ဖို့ အကောင်းဆုံးကုမ္ပဏီဖြစ်တဲ့ AIA Myanmar မှာ အလုပ်လုပ်ကိုင်လိုပါက [email protected] ဆီ ဆက်သွယ်နိုင်ပါတယ်။

AIA Myanmar has once again been recognized as one of the 𝗕𝗲𝘀𝘁 𝗖𝗼𝗺𝗽𝗮𝗻𝗶𝗲𝘀 𝘁𝗼 𝗪𝗼𝗿𝗸 𝗶𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿 for 2025, marking our 4th year in a row receiving this honour!

This achievement reflects the passion and teamwork of our incredible AIA Myanmar family. Thank you to the team for making this milestone possible!

At AIA, we’re committed to creating the best working environment where our people can grow, thrive, and make a difference while we continue to nurture talent and raise the bar for the future.

If you want to be part of one of the Best Companies in Myanmar, please send email to [email protected] .

Photos from Thirty Days Insurance Services's post 05/11/2025

𝐀 𝐂𝐨𝐥𝐨𝐫𝐟𝐮𝐥 𝐍𝐢𝐠𝐡𝐭 𝐨𝐟 𝐀𝐩𝐩𝐫𝐞𝐜𝐢𝐚𝐭𝐢𝐨𝐧” by AYA SOMPO

Photos from Thirty Days Insurance Services's post 05/11/2025

မီးအာမခံအကြောင်းရှင်းပြတဲ့အခါ အပိုအကာအကွယ်တွေကိုလည်း လိုအပ်ရင်ထပ်ယူနိုင်ဖို့ သေချာလေးရှင်းပြပေးဖြစ်ပါတယ်

စိတ်ပူနေကြတဲ့ ငလျင်အကာအကွယ်လည်း ပါတာမို့ ချက်ချင်းအာမခံထားဖို့ဆုံးဖြတ်ခဲ့တဲ့ Client အစ်မနေအိမ်ကို လိုချင်တဲ့စျေးနှုန်းအတိုင်း အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တာပါ

04/11/2025

ယနေ့ကျရောက်သော

တန်ဆောင်တိုင်လပြည့် အခါသယမှာ

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ

စီးပွားလာဘ်လာဘများလဲ ဒီရေအလား တိုးတက်ကြပါစေ

ကောင်းသော လိုအင်ဆန္ဒများလဲ ပြည့်ဝကြပါစေလို့

ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏

4.11.2025

#တန်ဆောင်မုန်းလပြည့်
#တန်ဆောင်တိုင်ပွဲတော်

21/10/2025

ချစ်စရာ အပြုံးလေးတွေရဲ့ နောက်ကွယ်က တောက်ပတဲ့ အနာဂတ်တွေ...

သင်နဲ့ သင်တန်ဖိုးထားရတဲ့အရာတွေကို ကာကွယ်ရင်း ကလေးတွေအတွက် တောက်ပတဲ့ အနာဂတ်ကိုပါ လမ်းပြပေးနိုင်မယ့် AYA SOMPO ရဲ့ “Be the Light for A Better Future” Campaign ကတော့ စတင်နေပါပြီ။

အောက်တိုဘာလ (၁) ရက်နေ့က စတင်ပြီး ဒီဇင်ဘာလ (၃၁) ရက်နေ့ အထိ ကျွန်တော်တို့ အာမခံအကာအကွယ်တွေ ရယူလိုက်တိုင်း အာမခံပရီမီယံကြေးထဲက ၁၀,၀၀၀ ကျပ်ကို ကလေးတွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကလေးတွေရဲ့အနာဂတ်မှာ ရင်းနှီးမြှုပ်နှံခြင်းဟာ သူတို့အတွက် သာမက ကျွန်တော်တို့အားလုံးအတွက် ပိုမိုတောက်ပတဲ့ အနာဂတ်တွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့နဲ့ အတူ ကလေးတွေရဲ့ အိပ်မက်တွေအတွက် လမ်းပြကူရင်း သူတို့ အပြုံးလေးတွေကို ကာကွယ်လိုက်ကြရအောင်။

AYA SOMPO Insurance - Your Partner for Life

Photos from Thirty Days Insurance Services's post 21/10/2025

FNIG ၏ သီတင်းကျွတ် 🪔 ဆီမီး (၃၀၀၀) ကပ်လှူပူဇော်ပွဲနှင့် စတုဒိသာ အလှူပွဲအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ (၂) ရက်နေ့တွင် ရွှေတိဂုံဘုရား၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ပွဲသို့ FNIG မှတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ FNIG နှင့်လက်တွဲဆောင်ရွက်လျက်ရှိသော ကိုယ်စားလှယ်တော်ကြီးများ ပူးပေါင်းပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။

28/09/2025

“သီတင်းကျွတ် မီးထွန်းပွဲနှင့် စတုဒိသာ”

First National Insurance (General) Co.,Ltd သီတင်းကျွတ်မီးထွန်းပွဲနှင့် စတုဒိသာအလှူပွဲအား ရွှေတိဂုံဘုရား၌ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

စတုဒိသာအလှူပွဲ
အချိန် - (၂-၁၀-၂၀၂၅) ညနေ ၄ နာရီခွဲ
နေရာ - ‌ရွှေတိဂုံဘုရား အ‌ ရှေ့ဘက်မုဒ် ဓာတ်လှေခါး အတတ် ညောင်ပင်ခြေရင်း။
အလှူပစ္စည်း- မုန့်ဟင်းခါး

သီတင်းကျွတ်မီးထွန်းပွဲ
အချိန် - (၂-၁၀-၂၀၂၅) ညနေ ၆ နာရီ
နေရာ - ‌ရွှေတိဂုံဘုရား အောင်မြေ မှ စနေထောင့်အထိ
အလှူပစ္စည်း- ဆီမီး (၃၀၀၀)

Photos from Thirty Days Insurance Services's post 20/08/2025

FNI(General) နှင့် အာမခံကိုယ်စားလှယ်များအနေဖြင့် Customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ၊ (၇) ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ FNI (General) ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ Agent Meeting ကျင်းပ​ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် FNI (General) မှ CEO နှင့် DMD တို့မှ ဦးဆောင်၍ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အာမခံကိုယ်စားလှယ်တော်ကြီးများအား အပြန်အလှန်ဖြေရှင်းညှိနှိုင်း ပူးပေါင်းဆွေးနွေးခဲ့ကြပါသည်။

Photos from Thirty Days Insurance Services's post 04/08/2025

မီးအာမခံထားမယ့်အဆောက်အဦးတခုကို survey စစ်နေတုန်း အရှေ့က ၃ ထပ်ခွဲတိုက်ပိုင်ရှင်ကလည်း စိတ်ဝင်စားတယ်ဆိုလို့ ရှင်းပြပေးရင်း မီးအာမခံ+ငလျင်
အကာအကွယ်ပါ တခါထည်း ဝန်ဆောင်မှုပေးဖြစ်ခဲ့ပါတယ်💚

#မီးအာမခံ
#ငလျင်အကာအကွယ်

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
1234