Htoo Automobile Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Automobile Service, Automotive, aircraft & boat, No 4 Main Road, Yangon.
17/04/2025
29/03/2025
ရွှေပြည်သာမြို့နယ်အတွင်း ဖုန်း၊ ပါဝါဘဏ်၊ အားသွင်းမီးလုံးမီးချောင်းများ ကျွန်တော်တို့ဝပ်ရှော့တွင် အခမဲ့ လာရောက်အားသွင်းနိုင်ပါသည်။
မီးစက်နှိုးချိန် > မနက် ၇နာရီခွဲမှ ညနေ ၄နာရီ (ကြားထဲ ၉နာရီခွဲဝန်းကျင်တွင် ၁၅ မိနစ်တကြိမ်၊ နေ့လည် ၁၂ နာရီတွင် ၄၅ မိနစ်တကြိမ်၊ နေ့လည် ၃နာရီတွင် ၁၅ မိနစ်တကြိမ်) မီးစက်ခေတ္တရပ်နားပါမည်။
နေရာ > ရွှေပြည်သာကွေ့အကျော်၊ ငါးကန်လမ်းမရောက်ခင်၊ ရွှေတံခါးလမ်း၊ ဂိတ်ဟောင်းမှတ်တိုင်
https://maps.app.goo.gl/K8HrWBVUxMr6Lwyt9?g_st=com.google.maps.preview.copy
14/03/2025
Chevrolet Spark အတွက် ယနေ့ service များ
Spark plugs လဲ၊ Tensioner လဲ၊ Stablizer link လဲလှယ်ခြင်း။
ထူး Automobile Service
(၂၉/၁ခ)၊ ရွှေတံခါးလမ်း၊ ဂိတ်ဟောင်းမှတ်တိုင် ရွှေပြည်သာကွေ့အနီး၊အမှတ်(၄) လမ်းမကြီး၊ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။
09 443067898 , 09 795355487
13/03/2025
သုဒ္ဓေါဒနမင်းကြီးကား ခေါင်းခဲလျက်ရှိသည်။ သားတော်မြတ်စွာဘုရားရှင်ကို ဖူးမြှော်ရန် အပင့်လွှတ်လိုက်သော အမတ်များနှင့်နောက်လိုက်များပါ နန်းတော်သို့ပြန်မလာတော့ပဲ ဘုရားရှင်၏ "ဧဟိ ဘိက္ခူ" ခေါ်ဆိုခြင်းဖြင့် ရဟန်းပြုသွားကြပြီဖြစ်သည်။ နောက်ဆုံးအားကိုးရန် ဥဒါယီသာကျန်တော့သည်။ ဥဒါယီကား စကားအရာ စာပေအရာတွင် ကျွမ်းကျင်နှံ့စပ်သောကြောင့် မင်းကြီးစိတ်ချလျက်ရှိသည်။ သို့နှင့်ဥဒါယီ ဘုရားရှင်ရှိရာသို့ခရီးနှင်လေတော့သည်။ ဥဒါယီဘုရားရှင်ထံပါးသို့ရောက်သော် ရှေးလူများအတိုင်းရဟန်းအရာသို့ရောက်၏ ။ ပညာနှင့်ပြည့်စုံသောဥဒါယီကား ဘုရားရှင်၏တရားတော်များကိုကောင်းစွာသဘောပေါက်ကျင့်ကြံပြီး မကြာမီ အရဟတ္တဖိုလ်ဆိုက်ကာ ရဟန္တာအဖြစ်ကူးပြောင်း၏ ။ သို့သော်လည်း သားတော်ဘုရားရှင်ကို ကပ္ပိလဝတ်နန်းဆောင်သို့ ပင့်ဆောင်လာပါမည်ဟူသော မင်းကြီးအားကတိပေးချက်ကိုတည်ရပေဦးမည်။ လူဝတ်ကြောင်ဘဝက ကျွမ်းကျင်နှံ့စပ်ခဲ့သော စာပေပညာရပ်များဖြင့် ရာဇဂြိုလ်ပြည်မှ ကပ္ပိလဝတ်ပြည် လမ်းတလျှောက် တောများ၊သစ်ပင်များ၊ကျေးငှက်သာရကာမြည်ကျွေးပုံများ၊ နွေရာသီရှုခင်းများအကြောင်းကို ဂါထာပေါင်း ၆၄ ပိုဒ် ဖွဲ့ဆိုသီကုံးကာ ဘုရားရှင်ထံပူဇော်လေသည်။ ဘုရားရှင်လဲကျေနပ်တော်မူပြီး ကပ္ပိလဝတ်သို့အပူဇော်ခံကြွရောက်မည်အကြောင်း ပြန်လည်မိန့်ကြားသည်။ အချိန်ကား ယနေ့လိုယခုလို တပေါင်းလပြည့်နေ့။
01/01/2025
2025 is started with Kia Optima
31/12/2024
ကျွန်တော်တို့ ထူး Automobile Service ကို ဒီနှစ်၊ ဒီအချိန်မှာ ပိတ်ပြီး နောက်နှစ် ၂၀၂၅ မှ ပြန်လည်ဖွင့်လှစ်ပါမယ်ခင်ဗျာ
အားလုံးပဲ ခရစ်နှစ်သစ် ၂၀၂၅ မှာ စီးပွါးရေးတွေဒီထက်ကောင်းပြီး ကျန်းမာချမ်းသာကြပါစေခင်ဗျာ
ပြီးခဲ့တဲ့ ခရစ်စ်မတ်စ်ကာလနဲ့ ကရင်လူမျိုးတို့ရဲ့ နှစ်သစ်ကူးမှာ ဆုမွန်ကောင်းမတောင်းဖြစ်လို့ တောင်းပန်အပ်ပါတယ် ကျွန်တော် နေမကောင်းဖြစ်နေတာမို့ ဒီဖက်မရောက်ဖြစ်တာပါ အားလုံးပဲ ကျန်းမာချမ်းသာပြီး အစစအရာရာအဆင်ပြေကြပါစေဗျာ စီးပွါးတွေလဲဒီထက်မက တိုးတက်ကြပါစေ
အားလုံးပဲ Merry Belated Christmas and Happy Karen New Year ပါဗျာ
27/12/2024
ရာသီစာလေးပေါ့ဗျာ
21/12/2024
Hyundai Grand i10 လိုအပ်တဲ့ suspension parts replacement ဖြစ်ပါတယ်
ထူး Automobile Service
(၂၉/၁ခ)၊ ရွှေတံခါးလမ်း၊ ဂိတ်ဟောင်းမှတ်တိုင် ရွှေပြည်သာကွေ့အနီး၊အမှတ်(၄) လမ်းမကြီး၊ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။
09 443067898 , 09 795355487
Viber 09443067898
20/12/2024
Chevrolet Spark လေး ပုံမှန်လှိုင်းရှိတဲ့လမ်းမှာတောင် အောက်ပိုင်းက ဂလုံးဂလွမ်းအသံတအားထွက်ပြီး ပလပ်မစစ်ဖြစ်တာကြာပြီမို့လို့ စစ်ဆေးပြုပြင် လိုအပ်တဲ့ပစ္စည်းများ အသစ်လဲလှယ်တဲ့ process ပါ ရှော့ဘားရဲ့ဖြစ်ပျက်နေပုံကို Comment မှာ တင်ပေးထားပါတယ်
လူကြီးမင်းတို့စီးနင်းနေတဲ့ မော်ဒယ်မြင့် Kia, Hyundai, Chevrolet တို့ရဲ့ spare parts များကို instock သို့မဟုတ် pre-order စနစ်ဖြစ်ဖြင့် ရောင်းချပေးနေပါတယ် မူဆယ်တစ်ဖက်ကမ်း Made in China အင်္ဂုလိ များကို လုံးဝ လုံးဝမရောင်းပါ
ထူး Automobile Service
(၂၉/၁ခ)၊ ရွှေတံခါးလမ်း၊ ဂိတ်ဟောင်းမှတ်တိုင် ရွှေပြည်သာကွေ့အနီး၊အမှတ်(၄) လမ်းမကြီး၊ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။
09 443067898 , 09 795355487
Viber 09443067898
16/12/2024
မနက်ခင်းသို့မဟုတ်အေးနေချိန်မှာ Hybrid စနစ်နဲ့ အချိတ်အဆက်ပျောက်နေတဲ့ Honda Civic လေး
ဒီ Civic လေးက ရပ်ထားတာကြာတာတို့ အေးနေတဲ့အချိန်တို့ဆိုရင် Hybrid battery cell နဲ့မနှိုးပဲ starter motor ကနေပဲနိုးပါတယ် IMA မီးလင်းတယ် စတီယာရင်လေးတယ် တခါတခါ စက်သေပါတယ် လိုအပ်တဲ့အပိုင်းတွေကိုစစ်ဆေး၊ လဲဖို့လိုတဲ့ Motor Control Module (MCM) ကို လဲလှယ်လိုက်တဲ့အခါမှာတော့ ဘယ်အချိန်နိုးနိုး အဆင်ပြေစွာနဲ့ နိုးသွားပြီး စနစ်အားလုံး ပုံမှန်အခြေအနေသို့ရောက်သွားပါတယ် ပြုပြင်လဲလှယ်ထားတဲ့ စနစ်ရဲ့အစိတ်အပိုင်းနဲ့ပတ်သက်ပြီး အာမခံအနေနဲ့ ၆လ ပါရှိတာမို့ စိတ်ချစွာ မောင်းနိုင်ပြီဖြစ်ပါတယ်
ထူး Automobile Service
(၂၉/၁ခ)၊ ရွှေတံခါးလမ်း၊ ဂိတ်ဟောင်းမှတ်တိုင် ရွှေပြည်သာကွေ့အနီး၊အမှတ်(၄) လမ်းမကြီး၊ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။
09 443067898 , 09 795355487
Viber 09443067898
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No 4 Main Road
Yangon
Opening Hours
| Monday | 08:00 - 17:30 |
| Tuesday | 08:00 - 17:30 |
| Wednesday | 08:00 - 17:30 |
| Thursday | 08:00 - 17:30 |
| Friday | 08:00 - 17:30 |
| Saturday | 08:00 - 17:30 |
| Sunday | 08:00 - 17:30 |