Myanmar Sense Focus
စိတ်အာရုံတို့ဆုံစည်းရာ... 𝓜𝓢𝓢
01/06/2026
ငိငိ EV, EVနဲ့လူလည်း ETရုပ်ပေါက်နေပါပြီကွယ်။
29/05/2026
လောင်စာဆီလျှော့ချချင်လို့ ယာဉ်အိုယာဉ်ဟောင်းတွေကို EV နဲ့အစားထိုးသုံးစွဲစေချင်တယ်ဆိုရင် ပြည်သူတွေကို တစ်ခြားနိုင်ငံတွေလို ငွေကြေးထောက်ပံ့မှုမပေးနိုင်ဘူးဆိုရင်တောင် ပြည်သူတွေEVလဲစီးနိုင်ဖို့
ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့ အခွန်ကင်းလွတ်ခွင့်လောက်တော့ပေးစေချင်တယ်။
22/05/2026
အေးဆို..ကားလောကက ဖဲသုံးချပ်ထက်ဆိုးတယ်
တဖက်နိုင်ငံကအကြွေးဝယ်လို့ရမဲ့ကားကို
ကားကုမ္ပဏီတွေက
pre orderကောက်တယ်
အစီးထောင်ချီကို
half paidယူပြီး
တရားဝင်၅လနဲ့
၆လကြားစောင့်ခိုင်းလိုက်တယ်
၆လ ပြည့်သွားတဲ့အချိန်
ကားတွေရလာတော့
နားညည်းတဲ့သူ
shockရှိတဲ့သူ
မျက်နှာနာတဲ့သူတွေကိုဦးစားပေးကားအပ်လိုက်တယ်
အပ်တဲ့အခါအကြောင်းတခုခုပြပြီး
ပိုက်ဆံထပ်တောင်းတယ်
ကားမြင်ပြီးစီးခြင်နေကြပြီလေ
ထပ်ပေးကြတာပေါ့
အပြင်မှာလည်းအဲ့ကားကို
သွင်းဈေးထက်၄/၅၀၀ပိုပေးမဲ့
ဝယ်လက်ကရှိနေပြီ
ကုမ္ပဏီက
ဒလန်လုပ်ပြီး
၅၀၀လောက်အမြတ်ပေးပြီး
၃စီးလောက်ဝယ်ပြလိုက်ရင်
နောက်ထပ် orderထပ်တင်ကြပြန်ရော🤭
စကားပြန်ဆက်ရရင်
ကားမအပ်ပေးသေးဘဲ
ဘာမှcomplainမတက်ဘဲ
ငြိမ်နေတဲ့သူတွေကို
ဒီတိုင်းထားပြီး
သူတို့ရမဲ့ကားတွေကို
နောက်ပေါက်ကအပြင်ထုတ်ရောင်း
တော့အကျိုးမြတ်ရကြပြန်ရော
half paidယူထားပြီး
အစီးထောင်ချီစာကို
၆လအတွင်း
အိမ်ခြံမြေ
ရွှေ
ဒေါ်လာ
အတိုးကစားပြီးအမြတ်ရကြပြန်ရော
ဒီနည်းနဲ့ကားလောကမှာ
ချမ်းသာသွားကြတဲ့သူအများကြီး
ဘာမှရင်းစရာကိုမလိုတာ
ငွေဈေးမတည်ငြိမ်အောင်လုပ်တဲ့အထဲ
ဒီကောင်တွေလည်းပါတယ်
တိုင်းပြည်ကတရားဥပဒေမစိုးမိုးတော့
လုပ်ခြင်ရာလုပ်လို့ရနေတာ
အဲ့လိုလိမ်ပြီးငွေလှည့်သုံး
နောက်ပေါက်ကရောင်းတဲ့ကောင်တွေကဝယ်သူဖက်က
တခုခုအသံထွက်ကြည့်
သူတို့မှာမရှိတဲ့သိက္ခာကျရပါတယ်ဆိုပြီးတရားစွဲမယ်ဘာမယ်နဲ့
သတင်းစာထဲကြော်ငြာထည့်လိုက်ရင်
ဝယ်သူတွေငြိမ်ကျသွားရော
သနားဖို့ကောင်းတဲ့
ပြည်သူ/ပြည်သားတွေ။
crd ..
22/05/2026
စိတ်လာသလိုဘဲ...
18/05/2026
သတိအသိရှိကြပါစေ။
Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
16/05/2026
နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီမှာ
အမေစု ပြန်ပါလာရင် .....ရွှေဈေး၊မြေဈေး၊ကားဈေး၊ငွေဈေးတွေတော့
မြင်ယောင်မိသေး..
26/03/2026
စုံ/မစံနစ်ကတော့မဖျက်လောက်ဘူးထင်တယ်...660cc/1000ccတွေက1.3/1.5/2.0တွေနဲ့Quotaအတူတူဆိုတော့ 660ccတွေရှယ်ပေါ့။
22/03/2026
■စက်သုံးဆီကို ယာဥ်စက်စွမ်းအားပေါ်မူတည်ပြီး တပတ်တကြိမ်ဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် အစီအစဥ်ကိုပြောင်းလဲသတ်မှတ်မည်
စက်သုံးဆီကို ယာဥ်စက်စွမ်းအားပေါ်မူတည်ပြီး တပတ်တကြိမ်ဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် အစီအစဥ်ကိုပြောင်းလဲသတ်မှတ်မည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
စက်သုံးဆီ ဝယ်ယူရာတွင် ပိုမိုအဆင်ပြေစေရန် ယာဉ်၏စက်စွမ်းအားပေါ်မူတည်ပြီး တပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တပတ်အတွင်းတစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံးနှစ်ကြိမ် ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့်စနစ်ကို Bar code နှင့် QR စနစ်အတွင်း ထည့်သွင်းပြီး လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်မည်ဟု သိရသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီး ပုံမှန်တင်သွင်းနေသည့်လမ်း ကြောင်းများအပြင် အခြားလမ်းကြောင်းများကိုလည်း ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊ ပြည်သူများ စိုးရိမ်ကြောင့်ကြပြီးဝယ်ယူခြင်း မပြုလုပ် ကြရန်နှင့် စက်သုံးဆီ ရောင်းချခြင်း မမှန်မကန် တွေ့ရှိပါက သက်ဆိုင်ရာသို့ ဖုန်းများဖြင့် တိကျစွာ တိုင်ကြားမှု ပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးကြရန် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
တိကျစွာတိုင်ကြားလာသည့် ဖြစ်စဉ်များကို သက် ဆိုင်ရာအရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးကာ ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မတ် ၁၂ ရက်တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
■Read more >>>>>https://news-eleven.com/article/310667
■ Eleven Website: https://news-eleven.com
စက်သုံးဆီကို ယာဉ်စက်စွမ်းအားပေါ်မူတည်ပြီး တပတ်တကြိမ်ဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲ၍ဖြစ စက်သုံးဆီကို ယာဉ်စက်စွမ်းအားပေါ်မူတည်ပြီး တပတ်တကြိမ်ဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲ၍ဖြစ်စေ ပြောင်းလဲသတ်မ.....
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်း။
Yangon