Beautain

Beautain

Share

Beaütain introduce to Burmese people by genuine Singapore products formulated in USA.

မျက်နှာ၊ ဆံကေသာနှင့် ကိုယ်ခန္ဓာ အသားအရေ ချောမွေ့လှပ စိုပြေစေရန် စင်္ကာပူနိုင်ငံထုတ် Beaütain အမှတ်တံဆိပ် အလှကုန်ပစ္စည်းမျိုးစုံ။

25/09/2019
Photos 31/05/2017

❖မိမိစိတ်ကို ထိန်းသိမ်းနည်း❖
မြတ်စွာဘုရားက ဘာဟောလိုတာလဲဆိုရင် အေး . . . သူများတော်နေလို့ကောင်းနေတဲ့ အကောင်းမျိုးမဖြစ်စေနဲ့လို့ ဟောတာ။ ပင်ကိုယ်က ကောင်းအောင် ကျင့်ပါလို့ ဒီလိုဟောတာနော်။ အဲဒီနောက်မှာ မြတ်စွာဘုရားက လောကမှာ လူတွေဟာ အချင်းချင်းဆက်ဆံ နေကြရတဲ့အခါမှာ ကိုယ့်အကြောင်းကို မပြောသင့်တဲ့ အချိန်မှာ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ မဟုတ်မမှန်တာတွေ ပြောတာလည်း ရှိချင်ရှိမယ်။ ရိုင်းရိုင်းပြပြ ပြောတာတွေလည်း ကြုံနိုင်တယ်။ ကျိုးကြောင်းဆီးလျော်မှုမရှိဘဲ ပြောတာတွေလည်း ကြုံတွေ့နိုင်တယ်။ အဲဒီလိုကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို ဘာနဲ့ ခံယူမလဲတဲ့။ အဲဒီနေရာမှာ မေတ္တာနှလုံး အစဉ်သုံးလို့ ပြောတာနော်။
တရားကျင့်တယ်ဆိုတာ
မြတ်စွာဘုရားက ကျင့်စဉ်လေးပေးထားတယ်။ ဘာပေးထားတုန်းဆိုရင် “န စေဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ” အဲဒီစကားမျိုးတွေကြားလာခဲ့ရင် ငါ့စိတ်က အပြောင်းအလဲမဖြစ်စေရဘူးလို့ အဲဒီလို စိတ်မဆိုးနဲ့တဲ့။ အဲဒီလိုပြောတာနော်။ ပင်ကိုယ် စိတ်ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့၊ ဒေါသစိတ် မဖြစ်ပေါ်နဲ့။ စိတ်ဓာတ်မပြောင်းလဲသွားစေနဲ့တဲ့။ အပြောမခံရခင်က စိတ်က တစ်မျိုး၊ ကိုယ့်ကို လာပြောတဲ့အခါမှာ အပြောခံလိုက်ရတဲ့ စိတ်ကတစ်မျိုး အဲဒီလို မပြောင်းလဲသွားစေနဲ့တဲ့။
အပြောမခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့။ မျက်နှာကြောတင်းသွားတာတို့၊ ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီလို စိတ်ကလေး ပြောင်းလဲမသွားအောင်လို့ မြတ်စွာဘုရားက ထိန်းပါလို့ပြောတာနော်။
တရားကျင့်တယ်ဆိုတာ ဒါပါပဲ။ တရားကျင့်တယ်ဆိုတာ အများက “တင်ပလ္လင်ခွေထိုင်ပြီး မျက်စိကို စုံမှိတ်ထားတာ အဲဒီလိုမျိုး ထိုင်တာကိုမှ တရားကျင့်တယ်” လို့၊ တရားအား ထုတ်တယ်လို့ထင်တယ်။ အဲဒီလိုကျင့်တာ တစ်မျိုး၊ သမာဓိရအောင် ကျင့်တာခေါ်တယ်။
ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုးမဖြစ်အောင် ထိန်းနိုင်တာကိုလည်း တရားကျင့်တယ်လို့ သတ်မှတ်နိုင်တယ်။ ဒီကနေ နှစ်ဦးကာလကနေစပြီးတော့ ကိုယ့်စိတ်ကလေးကို (determine) လုပ်လိုက်ရမယ်။ စိတ်ဆုံးဖြတ်ချက်ချပြီးတော့ စိတ်ကလေးကို ထိန်းသိမ်းမယ်လို့ သန္နိဠာန်ချထားလိုက်ပါ။
မိမိစိတ်ကို ထိန်းသိမ်းနည်း
အဲဒီလို စိတ်ကလေးကို မထိန်းနိုင်လို့ ပြောင်းသွားပြီဆိုရင် ဘာဖြစ်ဦးမလဲဆိုရင် ထပ်ပြီး ထိန်းလိုက်ရမှာက မကောင်းတဲ့စကားနဲ့ မတုံ့ပြန်နဲ့၊ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်နဲ့တဲ့။ မကြားဝံ့မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့တဲ့။ စိတ်ကပြောင်းသွားပြီ ဆိုရင် ယုတ်ယုတ်မာမာ မကြားဝံမနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့တဲ့၊ မထွက်စေရဘူးဆိုပြီး ကျင့်ပါတဲ့။
နံပါတ် (၁) က စိတ်မဆိုးမိအောင်လို့ ထိန်းလိုက်ပါ။
နံပါတ် (၂) က တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသဖြစ်မိရင်လည်း မကြားဝံ့မနာသာ စကားတွေနဲ့ မတုံ့ ပြန်လိုက်ပါနဲ့တဲ့။
လူက ကိုယ့်ကို လာပြီးဆဲရင် ပြန်ပြီးတော့ ဆဲတတ်ကြတယ်နော်။ ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲပ ပြန်မပြောပါနဲ့လို့ပြောတာ။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ်။ တချို့က ပြောသေးတယ်။ မျိုသိပ်ရတာ များလာရင် ပေါက်ကွဲ ကုန်မယ်နော်တဲ့။
တစ်နည်းအားဖြင့်တော့ သည်းခံတယ် ဆိုတာ အတိုင်းအတာရှိတယ်။ ဒါကြောင့်မို့ မပေါက်ကွဲရအောင် ဘယ်လိုလုပ်ရမလဲဆိုရင် -
(၃) ဒီစကားပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့ကောင်းကျိုးကိုလိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါတဲ့။
ဟော . . . စိတ်ဓာတ်ကို ပြောင်းလိုက်တာနော်။ ဟုတ်တာကော၊ မဟုတ်တာရော ပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့ စိတ်ကို မွေးလိုက်ပါ။ ဒေါသစိတ်နဲ့ မတုံ့ပြန်ဘဲ နေလိုက်ပါ။
(၄) စတုတ္ထအချက်ကတော့ - ဒီလိုပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့ စိတ်နဲ့ တကယ့်ကို မေတ္တာပို့ပေးပါ။
သူ့ကိုပဲ ကြည့်ပြီးတော့ မေတ္တာပွားပေးပါ။ ဒီလိုမှမလုပ်ရင် ပေါက်ကွဲနိုင်တာကိုး။ အဲဒါကြောင့် မြတ်စွာဘုရား ရှင်က ကိုယ့်ကို ဒီလိုမျိုးဆက်ဆံလာလို့ရှိရင် ပထမအချက်က ပြောလာတဲ့ သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ။ ဒုတိယက ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့တဲ့။ တတိယကတော့ အဲဒီပုဂ္ဂိုလ်ရဲ့ အကျိုးကိုလိုလားတဲ့ စိတ်ကလေးမေတ္တာစိတ်ကို မွေးလိုက်ပါတဲ့။ ပိုပြီးတော့ ခိုင်မာလာအောင် အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါတဲ့။
လေ့ကျင့်ပေးရင် စွမ်းရည်တက်
လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ယူရမှာ ဖြစ်တယ်။ လေ့ကျင့်ရင်တော့ အောင်မြင်နိုင်တယ်။ တချို့ကပြောတယ်။ ကိုယ်နဲ့မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာထားလို့ မရဘူးတဲ့။ ဒါဟာ “အမုန်းတရားကို အရှုံးပေးနေတာပါပဲ” လေ။ အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ဖြစ်မယ်။
လူတွေရဲ့မွေးရာပါသန္တာန်မှာ အကောင်းနဲ့ အဆိုး (၂) မျိုးပဲရှိတယ်။ သဘာဝ (၂) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓာတ်တွေ အားနည်းနေတာ ဖြစ်တယ်။
ဒါဆို ဘယ်လိုလုပ်ရမလဲဆိုရင် မေတ္တာ ဓာတ်တွေရလာအောင် လို့ တစ်ဖြည်းဖြည်းနဲ့ လေ့ကျင့် ယူရမှာပေါ့။ မလေ့ကျင့်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
တောင်တက်သမားတွေ ဆိုရင်လည်း လေ့ကျင့်ရတာပါပဲ။ ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ကြရတာပါပဲ။ ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ။ လေ့ကျင့်တယ်ဆိုရင် စွမ်းရည် တတ်လာတာပါပဲ။ စိတ်ကိုလည်း လေ့ကျင့်ပေးရင် စွမ်းရည်တတ်လာမှာပါပဲ။
အဲဒီပုဂ္ဂိုလ်ကိုပဲ ဦးတည်ပြီးတော့ မေတ္တာပွားရုံနဲ့တော့ မလုံလောက်သေးပါဘူး။ အဲဒီတော့ မေတ္တာကို ထပ်ပြီးတော့ တိုးချဲ့လိုက်ပါဦးတဲ့။ သတ္တဝါအားလုံးရဲ့ အပေါ်မှာ မေတ္တာပွားများလိုက်ပါ။ မေတ္တာဓာတ်ကို ပိုပြီးတော့ ခိုင်မာအောင် တိုးချဲ့လိုက်တာ။ ဘုရားဟောတဲ့ စိတ်ထားလေးတွေ ဘယ်လောက်ကောင်းလိုက်သလဲနော်။
ပထမအချက်အနေနဲ့ ကိုယ့်အပေါ်မှာ မကောင်းသတင်းပြောလာတဲ့အခါမှာ မိမိစိတ်ကို ပြောင်းလဲမသွားအောင် စိတ်ကို မဆိုးအောင်ထိန်းလိုက်ပါ။
တကယ်လို့ စိတ်ဆိုးမိပြီဆိုရင်လည်း ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ မတုန့်ပြန်မိပါစေနဲ့။
အဲဒီလို ပြောလာတဲ့သူအပေါ်မှာ ကောင်းကျိုးကို လိုလားတဲ့ မေတ္တာစိတ်ကလေးမွေးလိုက်ပါ။
နောက်ဆုံးမှာ မေတ္တာပွားများပေးပါ။ နောက်တစ်ခု အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားနေရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာဖြန့်ကျက်လိုက်ပါတဲ့။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ

http://www.drnandamalabhivamsa.com.mm/book/556
“မေတ္တာ နှလုံးအစဉ်သုံး“တရားဒေသနာတော်စာအုပ်အားWeb Site မှတဆင့် downloadရယူနိုင်ပါသည်။

Photos 08/10/2016

Beautain အမှတ်တံဆိပ် Made in Singapore ရေချိုးဆပ်ပြာများကို အထူး
လျှော့ဈေး 1ဗူးကို 7000 ကျပ်ဖြင့်ရောင်းချပေး
နေပါပြီ။

Photos from Beautain's post 26/03/2016
Photos from Beautain's post 25/03/2016

အိတ်လှလှလေးတွေ၊ စတိုင်ကျကျအိတ်လေးတွေ စိတ်ဝင်စားတဲ့ sis တွေအတွက် အိတ်လှလှလေးတွေတင်ပေးထားတယ်နော်။ စိတ်ဝင်စားရင် message box မှာပုံနံပါတ်နဲ့ဈေးပြောပေးမယ်နော်။ pre order ပါ။ 3ပါတ်စောင့်ရပါမယ်။

30/01/2016

🎀 Valentine day အကြို 👉🏻30 Jan to 31 Jan 👈🏼 Clearance Sale (50% off) ဈေးလေးရောင်းမယ်နော် 😘

👉🏻 Singapore brand ဖြစ်တဲ့ BEAUTAIN skin care အားလုံးကို 50 % အထိ လျော့ပြီးရောင်းပေးမှာ ဖြစ်ပါတယ်. " 30 နှင့် 31 " ၂ရက်ပဲ ရောင်းမှာပါ. နေရာကတော့ တော်ဝင် စင်တာ ပထမထပ် Avon usa ကောင်တာပါ. အချိန်ကတော့ မနက် ၉ နာရီမှ ညနေ ၇နာရီ ပါ.😊 သီရိ လဲ တနေကုန်ရှိနေမှာပါ. ပစ္စည်းကောင်းဖြစ်လို့ အားပေးဖို့ တိုက်တွန်းပါတယ်နော်.ဈေးလဲ အရမ်းတန်ပါတယ်. ကိုယ်တိုင်လဲ လက်ရှိသုံးကြည့်ပြီး result အရမ်းကောင်းပါတယ်. ရရှိနိုင်မဲ့ ပစ္စည်းတွေက 👇🏼

- အဆီချ lotion 2မျိုး
- ရင်သားကျစ်လှစ် ၍ တင်းရင်းစေမည့် Bust up cream
- Green tea မျက်နှာ အဆိပ်ထုတ်ပေးခြင်း နှင့် မျက်နှာဖြူဝင်းစေမဲ့ scrub နဲ့ wash
- အသားရေအဆီပြန်လွန်းသူများ အတွက် မျက်နှာအဆီသန့်ဆေး နှင့် cream
- ဝက်ခြံ နှင့် ဆားဝက်ခြံတို့မှ ဖြစ်သော အမာရွှတ်ချိုင့်ခွက်နှင့် အစက်များပျောက်ကင်းသည့် skin fade cream
- အမြုပ်ထွက်အားကောင်းပြီး မျက်နှာကြည်လင်၍ဝက်ခြံ နှင့် အမဲစက်လျော့ပါးစေမည့် ဇီဝမျက်နှာသစ်ဆေး
- Whitening series ဖြစ်တဲ့ အသားရေကို ဖြူစင်ဝင်းပလာစေမည့် whitening မျက်နှာသစ်၊toner၊cream နှင့် ပေါင်းဆေး set
- နာမည်ကြီး Toner 3မျိုး
- အသက်ရွှယ်ကြီးသူများအတွက် ရေဓာတ်ဖြည့်ပေး၍ အသားရေ ပြန်လည်တင်းရင်းစေသည့် collagen serum
- လူသုံးများသော မိတ်ကပ်လိမ်းပြီးလျှင် တနေကုန်မပျက်ပဲ စိုစိုပြောင်ပြောင်လေးနှင့် လှပစေမည့် skin energy spray
- ဗောက်များလုံးဝပျောက်ကင်းစေမည့် dandruff control ၊ ဆံပင်ကျွတ်ခြင်း ကိုပျောက်ကင်းစေပြီး ပြန်လည်အားဖြည့်ပေးသည့် hair stimulant၊ soft & shine hair coat
- Shampoo & Conditioner အမျိုးမျိုး
- Shower gel
- Spa professional ဆားကြမ်း နှင် သဲကြမ်း ၂မျိုးပါဝင်သည့် Body Scrub
- ရောင်းအကောင်းဆုံး ယောကျာင်္းလေးမျက်နှာသစ်ဆပ်ပြာနှင့် SPF 20 ပါသည့် moisturiser cream

~ စင်ကာပူ Brand အစစ်အမှန်ဖြစ်လို့ စိတ်ချလက်ချသုံးနိုင်ပါတယ်. လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်.နယ်ကလိုချင်တယ်ဆိုလဲ ကားဂိတ်ကို လာပို့ပေးပါ့မယ်နော်. Share ပေးတဲ့ လူတွေ Post အောက်မှာ Cmm ပေးပေးပါနော် . Share ပေးတဲ့လူတွေကို လာဝယ်ရင် လက်ဆောင်ပစ္စည်းလေးတွေပြန်ပေးမှာပါ 😘 အသေးစိတ် သိချင်လျှင် CB မှာလာရောက်မေးမြန်းနိုင်ပါတယ်. ကျေးဇူးတင်ပါတယ်ရှင် 😊😊

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


725A ZAWTIKA Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00