WE Distribution
စာအုပ်နှင့်သင့်ကြား ဝေးကွာမှု မရှိစေရ
We Distribution သည် အွန်လိုင်းအခြေစိုက် စာအုပ်အရောင်းဆိုင်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးသို့ အိမ်တိုင်ရာရောက် စနစ်ဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ အခုပဲ စိတ်ကြိုက်စာအုပ်များ ရွေးချယ်မှာယူလိုက်ပါ...
10/10/2026
ယနေ့
အောက်တိုဘာ ၁၀ ရက်နေ့ဟာ
World Mental Health Day ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးအတွက်
စာဖတ်ခြင်းဟာလည်း
အလွန်အရေးပါပါတယ်။
အမှတ်တရအနေနဲ့
စာဖတ်ပြီး
စိတ်ခွန်အားရခဲ့ဖူးပါသလား…
ရခဲ့ဖူးရင် ဘယ်စာအုပ်တွေများ
ဖြစ်မလဲ
09/10/2026
ဘဝမှာ
စျေးအကြီးဆုံးနဲ့ ဝယ်ထားပြီး
စာအုပ်စင်ပေါ်မှာ
မြတ်မြတ်နိုးနိုးသိမ်းထားတဲ့
စာအုပ်ဆိုရင်
ဘယ်စာအုပ်ဖြစ်မလဲ
08/10/2026
ဆရာ ကိုစိုးထိုက်ရဲ့ စာအုပ်တွေဟာ ရိုးရိုးရှင်းရှင်း ရသပေးရုံတင်မကဘဲ စာဖတ်သူကို ဘဝအကြောင်း၊ လူတွေအကြောင်းနဲ့ ပတ်ဝန်းကျင်အကြောင်းကို ပြန်လည်သုံးသပ်မိစေမယ့် "စွဲမက်ဖွယ် ဘဝရောင်ပြန်ဟပ် စာအုပ်များ" ဖြစ်တာကြောင့် ရသစာပေကို စွဲစွဲလန်းလန်း ဖတ်ရှုချင်သူတိုင်း မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်များ ဖြစ်ပါတယ်။ ☕📚
📌မှာယူနိုင်ပုံလေးကို Comment မှာကြည့်ပေးပါနော်
(မှာယူရရှိနိုင်မယ့် ဆရာကိုစိုးထိုက်ရဲ့ စာအုပ်များ)
မြေစာပင် ၁အုပ် - 9,000 ကျပ်
ကျွန်တော်နှင့်ပန်းကလေး ၁အုပ် - 10,000 ကျပ်
နံနက်ခင်းမှာလင်းတဲ့ကြယ် ၁အုပ် - 8,500 ကျပ်
ဖားစည်သံ ၁အုပ် - 8,000 ကျပ်
အရိပ်ဖြူ ၁အုပ် - 8,000 ကျပ်
ပိုးဖလံ ၁အုပ် - 9,500 ကျပ်
06/10/2026
အသစ်ပြန်ထွက်
ဖေဖေဗိုလ်လကျ်ာ
စာအုပ်ကို
⭐️မူရင်းတန်ဖိုး ၅၀၀၀၀ ကျပ်အစား
⭐️၂၀% လျှော့စျေး
⭐️၄၀၀၀၀ ကျပ်
(ပထမဆုံးမှာယူသူ အုပ် ၅၀ သာ)
ရဲဘော်သုံးကျိပ်ဝင် သခင်လှဖေ(ဗိုလ်လက်ျာ)ရဲ့
သမီးဖြစ်သူ ဒေါက်တာခင်လကျ်ာရေးသားတဲ့
အတ္ထုပ္ပတ္တိစာအုပ်ကြီး
ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် အမျိုးသားစာပေဆု
ရရှိခဲ့တဲ့ စာအုပ်ကြီး
ဖြစ်သလို
ဗိုလ်လကျာ်ရဲ့ဘဝဖြတ်သန်းမှု
နိုင်ငံရေးနနဲ့ စစ်ရေးဆိုင်ရာ အခန်းကဏ္ဍများ
မိသားစုဘဝပုံရိပ်များကို
အနီးကပ် လေ့လာဖတ်ရှုနိုင်မယ့်
စာအုပ်ကောင်းကြီး
ဖြစ်ပါတယ်။
ပထမဆုံးမှာယူသူ
အယောက် ၅၀ အတွက်
မူရင်းတန်ဖိုး ၅၀၀၀၀ ကျပ်အစား
၂၀% လျှော့စျေး
၄၀၀၀၀ ကျပ်တည်းနဲ့
ရရှိမှာဖြစ်တာကြောင့်
အခုပဲ မက်ဆေ့ပေးပို့
မှာယူလိုက်ပါတော့…
06/10/2026
မိတ္တဗလဋီကာကို
ဘယ်နှစ်ကြိမ်ဖတ်ဖူးလဲ
တစ်ကြိမ်ကနေ သုံးကြိမ်ဆိုရင် ❤️
သုံးကြိမ်ကနေ ငါးကြိမ်ဆိုရင် ❤️❤️
ငါးကြိမ်အထက်ဆိုရင် ❤️❤️❤️
ကိုယ်တိုင်လည်းဖတ် အပေါင်းအသင်းတွေကိုပါ ဖတ်ဖို့ တိုက်တွန်းဖူးရင် ❤️❤️❤️❤️❤️
တစ်ကြိမ်မှ မဖတ်ဖူးသေးရင် 💔
02/10/2026
ရတုန်းဝယ်ထား
ကုန်သွားရင်
ပြန်မရိုက်တဲ့အထဲမှာ
ပန်းချီနဲ့ ပန်းချီဆိုင်ရာ စာအုပ်တွေက
အများစုပါဝင်ပါတယ်။
လက်ရှိမှာယူနိုင်တဲ့ ပန်းချီဆိုင်ရာ
စာအုပ်များနဲ့ စျေးနှုန်းများကို
စုစည်းပြသလိုက်ပါတယ်။
ဇီဝဇိုးငှက်လို အနုပညာအန်ဖတ်တွေကို ကမ္ဘာမြေပေါ်ညှစ်ချပေးခဲ့သူ-38000 ကျပ်
-ပေါ်ဦးသက် (60000 ကျပ်)
-အင်္ကျီဝတ်သစ်တစ်ပင်(35000 ကျပ်)
-ကျွန်မတို့ကတော့ဦးလေးအေး အမျုးစုကတော့ ပန်းချီအမ်တင်အေး (15000 ကျပ်)
-သက်တံ တံတားပေါ်ကလူတစ်ယောက် (25000 ကျပ်)
-ပန်းချီဝါကျများ (9500 ကျပ်)
-ပန်းချီရေးရာကိစ္စ (8000)
-မီနီမယ်လ်အတ် (9500)
-မော်ဒန်အမေရိကန်ပန်းချီ (6000 ကျပ်)
-ငှက်နဲ့ငါးကိုရေးခဲ့သူ အုန်းခိုင်ဇင် (38000 ကျပ်)
-watercolors book (50000)
-72 အမ်ပီပီရဲမြင့် (35000)
-ခွေးပုံအခြေခံ ရေးဆွဲနည်း (3000)
-ပန်းချီပညာရပ်ဆိုင်ရာ ဗဟုသုတစာစုများ (40000 ကျပ်)
-ဆီဆေးပန်းချီရေးဆွဲနည်းများ (10000)
-ဆင့်ကဲပြောင်းလဲ (28000 ကျပ်)
-သမိုင်းတစ်လျှောက်အကျော်အမော် ပန်းချီဆရာ (30000)
-ကိုဆန်နီညိမ်း(သို့မဟုတ်) အနုပညာသက်ရောက်မှုကြီးမားသူ (20000)
-မြောင်စတာပိစ် (15000)
-မြစ်ပေါ်မှ ရေဆေးပန်းချီကား ၅၀ (15000)
- အနုပညာမြတ်နိုးသူတစ်ယောက်အကြောင်း (9500)
01/10/2026
🌸 Top Ten List for September 2026 🌸
စက်တင်ဘာလ၏ အရောင်းရဆုံးစာအုပ် (၁၀) အုပ် 📚
စက်တင်ဘာလအတွင်း စာဖတ်သူတွေရဲ့ ရွေးချယ်မှုနဲ့ အရောင်းရဆုံးဖြစ်ခဲ့တဲ့ Top 10 စာအုပ်လေးတွေ ကို စုစည်းပေးထားပါတယ်။ 💕
Top 10 ထဲမှာ ကိုယ်ဖတ်ပြီးသားစာအုပ် ဘယ်နှစ်အုပ်ပါလဲ? 👀📚
ဖတ်ချင်တဲ့စာအုပ်တွေ များနေပြီး ဘယ်စာအုပ်ကစဖတ်ရမလဲ မသိသေးရင်တော့ ဒီစာရင်းလေးထဲက ကိုယ်နဲ့အကိုက်ညီဆုံးစာအုပ်ကို ရွေးချယ်ကြည့်လိုက်နော် 🥰
📌 စာအုပ်တစ်အုပ်ချင်းစီရဲ့ ဈေးနှုန်းတွေကို ပုံလေးတွေအောက်မှာထည့်ပေးထားပါတယ်။
💌 ဖတ်ချင်တဲ့စာအုပ်လေးတွေကို ရွေးချယ်ပြီး လာရောက်မှာယူနိုင်ပါတယ်ရှင့်
(မှာယူနိုင်ပုံလေးကို Comment မှာကြည့်ပေးပါနော်ရှင့်)
01/10/2026
🙏စာအုပ်ဝယ်ရင်း ကုသိုလ်ယူ +
❤️ဆရာမကြီးရဲ့ အမှတ်တရ လက်မှတ်
ဆရာမကြီး သန်းမြင့်အောင်ရဲ့
စာအုပ်သစ်လေးက
ထူးခြားပါတယ်။
ဆရာမကြီးရဲ့
စာပေဖန်တီးမှု အနုပညာကတော့
အထူးညွှန်းဆို မိတ်ဆက်ပေးဖို့
လိုမယ် မထင်။
ဝါရင့်ကလောင်ရှင်ပီပီ
သေသေသပ်သပ် လှလှပပဖွဲ့ဆိုထားပါတယ်။
ထူးခြားတယ်ဆိုတာကတော့
စာအုပ်ဝယ်သူတိုင်းဟာ
အနုပညာဆည်းဆာရိပ်ကို
ပါဝင်လှုဒါန်းပြီး
ဖြစ်သွားမှာပါ။
ဆရာမကြီးဟာ အခုစာမူရဲ့
မူပိုင်ခွင့် အလုံးစုံကို
အနုပညာ ဆည်းဆာရိပ်ကို
အပြီးအပိုင် လွှဲအပ်ထားတာကြောင့်
အခုစာအုပ်ရဲ့
ဝင်ငွေများဟာ
အနုပညာဆည်းဆာရိပ်သို့
ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။
စာအုပ်တန်ဖိုးက ၂၀၀၀၀ ကျပ်ဖြစ်ပြီး
မှာယူပုံအသေးစိတ်ကို
မန့်မှာ ကြည့်ရှုပါနော်။
မှာယူရရှိနိုင်မယ့် ဆရာမကြီးရဲ့ စာအုပ်များ…
မေတ္တာတရားအိမ်...မှသည် နေမဝင်အနုပညာဆည်းဆာ - 20,000 ကျပ်
လိပ်ပြာခြေရာ - 6,500 ကျပ်
နေဝင်ချိန်နံနက်ခင်းလင်းတဲ့အိမ်ကလေးတွေ - 7,000ကျပ်
မေတ္တာသမားတော် - 8,000 ကျပ်
ချစ်စိတ် - 3,500 ကျပ်
လွမ်းဖွယ့် - 7,500 ကျပ်
စိတ်ကူးပျိုးခင်းကလေးများ - 4,000ကျပ်
ဗြဟ္မစိုရ်ငှက်ရဲ့အဖြူရောင်ကောင်းကင်- 20,000 ကျပ်
28/09/2026
☑Pre-Order
ကိုနေ(မန်း) မြန်မာပြန် -'လူ့သဘောလူ့မနော(အကျယ်) ပရီအော်ဒါခေါ်ယူခြင်း===================="The Laws of Human Nature" by Robert Greene (စာအုပ်သုံးသပ်ချက်)
Robert Greene ရဲ့ ဒီ "The Laws of Human Nature" စာအုပ်ကတော့ လူတွေရဲ့ မသိစိတ်ထဲမှာ ဝှက်ထားတဲ့ စိတ်ဓာတ်၊ စိတ်ခံစားမှု နောက်ကွယ်က သဘောတရားတွေနဲ့ အပြုအမူဆိုင်ရာ ပဟေဠိတွေကို အသေးစိတ် အခွံနွှာပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။
စာရေးသူက သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဘဝဖြစ်စဉ်တွေ၊ စိတ္တဗေဒ နိယာမတွေကို ပေါင်းစပ်ပြီး လူ့သဘာဝရဲ့ အနိဋ္ဌာရုံရော အဓိဋ္ဌာရုံပါ နှစ်ဖက်စလုံးကို အကင်းပါးပါးနဲ့ မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။
၁။ စာအုပ်ရဲ့ ပင်မ သဘောတရား
ဒီစာအုပ်ရဲ့ အဓိက ဆိုလိုရင်းကတော့ "ငါတို့ဟာ ငါတို့ ထင်ထားသလို အမြဲတမ်း ယုတ္တိရှိလှတဲ့ သတ္တဝါတွေ မဟုတ်ကြဘူး" ဆိုတာပါပဲ။ ငါတို့ ပြုလုပ်သမျှ ဆုံးဖြတ်ချက်အများစုကို အကြောက်တရား၊ အတ္တ၊ မနာလိုမှုနဲ့ မသိစိတ်ထဲက စိတ်ခံစားချက်တွေကပဲ ထိန်းချုပ်ထားတာပါ။
Robert Greene က လူ့သဘာဝရဲ့ မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့နဲ့ အခြားသူတွေရဲ့ အပြုအမူကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ နိယာမ (၁၈) ချက်နဲ့ ခွဲခြားပြထားပါတယ်။
၂။ အဓိကကျတဲ့ နိယာမများ (Key Laws)
ဒီထဲကမှ ဘဝအတွက် အသုံးအဝင်ဆုံး အချက်အချို့ကို ကောက်နုတ်ပြရရင် -
စိတ္တဇ အစွဲကို ကျော်လွန်ခြင်း နိယာမ (The Law of Irrationality) – လူအများစုက မိမိတို့ကိုယ်ကို ယုတ္တိရှိလှပြီ ထင်ကြပေမဲ့ တကယ်တော့ စိတ်ခံစားချက်နောက်ပဲ ပါသွားတတ်ကြတာပါ။ စိတ်အေးအေးထားပြီး အရာရာကို ခပ်ခွာခွာကနေ အရှိအတိုင်း ရှုမြင်နိုင်ဖို့ လေ့ကျင့်ရပါမယ်။
အတ္တမျက်နှာဖုံးနှင့် မာယာ နိယာမ (The Law of Role-Playing) – လူတိုင်းဟာ လူမှုအသိုင်းအဝိုင်းထဲမှာ မျက်နှာဖုံးတစ်ခု စွပ်ထားကြတာချည်းပါပဲ။ နှုတ်ကပြောတဲ့ စကားထက် ခန္ဓာကိုယ်အမူအရာ (Body Language) နဲ့ သေးငယ်တဲ့ အပြုအမူတွေကို လေ့လာခြင်းဖြင့် တစ်ဖက်လူရဲ့ စိတ်ရင်းမှန်ကို အကဲခတ်ရပါမယ်။
အရိပ်၏ နိယာမ (The Law of Shadow Behavior) – လူတိုင်းမှာ ဖုံးကွယ်ထားချင်တဲ့ အမှောင်ဘက်ခြမ်း ရှိပါတယ်။ အပြင်ပန်းမှာ ဘယ်လောက်ပဲ ယဉ်ကျေးနေပါစေ စိတ်ဖိစီးလာရင် သို့မဟုတ် အာဏာ/လုပ်ပိုင်ခွင့် ရလာရင် ဒီအမှောင်ဘက်ခြမ်းက ထွက်ပေါ်လာတတ်ပါတယ်။
မနာလိုမှု နိယာမ (The Law of Envy) – မနာလိုမှုဟာ မသိစိတ်ထဲမှာ အနက်ရှိုင်းဆုံး ကိန်းဝပ်နေတဲ့ ခံစားချက်ပါ။ လူတွေက မနာလိုဖြစ်နေတာကို တိုက်ရိုက်မပြဘဲ သွယ်ဝိုက်တဲ့ ဝေဖန်မှု၊ အပြစ်ရှာမှုတွေနဲ့ ပြတတ်တာမို့ သူများရဲ့ မနာလိုမှုကို အလွယ်တကူ မဆွပေးမိဖို့ သတိထားရပါမယ်။
မိမိကိုယ်ကို ထိန်းချုပ်မှုနှင့် နှိမ့်ချမှု နိယာမ (The Law of Grandiosity) – အောင်မြင်မှု အနည်းငယ် ရလာတာနဲ့ မိမိကိုယ်ကို အရာရာ တတ်မြောက်နေပြီလို့ ထင်တတ်ကြပါတယ်။ ဒီအတ္တက ကျဆုံးခြင်းရဲ့ အစမို့လို့ အမြဲတမ်း လက်တွေ့ကျကျနဲ့ နှိမ့်ချထားဖို့ လိုပါတယ်။
၃။ သုံးသပ်ချက်နှင့် နိဂုံး
အားသာချက် – သမိုင်းဝင် ပုဂ္ဂိုလ်တွေရဲ့ ဇာတ်လမ်းတွေနဲ့ စတင်ထားလို့ ဖတ်ရတာ အလွန် ဆွဲဆောင်မှုရှိပြီး လက်တွေ့လူမှုရေး၊ စီးပွားရေးနယ်ပယ်တွေမှာ လူအမျိုးမျိုးကို အကဲခတ်နိုင်အောင် လမ်းညွှန်ပေးပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင်မှာရှိတဲ့ အတ္တနဲ့ ချို့ယွင်းချက်တွေကိုပါ ပြန်လည်သုံးသပ်ခွင့် ရစေပါတယ်။
သတိပြုရန် – စာရေးသူရဲ့ ပုံစံအတိုင်း လူ့သဘာဝရဲ့ အမှောင်ဘက်ခြမ်း (Dark Side) ကို ပိုမို ဦးတည်ရေးသားထားတာမို့ အချို့နေရာတွေမှာ အဆိုးမြင်ဝါဒ နည်းနည်း လွှမ်းမိုးနေသလို ခံစားရနိုင်ပါတယ်။ စာအုပ်ကလည်း တော်တော်လေး ထူတာမို့ အချိန်ယူပြီး နားလည်အောင် ဖတ်ရမယ့် စာအုပ်မျိုးပါ။
နိဂုံးချုပ်ရရင် – ဒီစာအုပ်ကို သေချာ နားလည်သွားရင် တစ်ဖက်လူရဲ့ အပြုအမူတွေကြောင့် စိတ်တို၊ စိတ်ပျက်ရတာမျိုး မရှိတော့ဘဲ "လူဆိုတာ ဒီလိုသဘာဝ ရှိတာပဲ" ဆိုတဲ့ နားလည်ခွင့်လွှတ်မှုနဲ့အတူ ဘဝကို ပိုမိုပါးနပ်စွာ ရင်ဆိုင်နိုင်တဲ့ အသိဉာဏ်ကို ရရှိစေမှာ ဖြစ်ပါတယ်။===============
☑စာမျက်နှာ= 700
☑တန်ဖိုး= 35000 mmk
☑ထွက်မည့်ရက် =10-10-2026
28/09/2026
🌿 ဓမ္မစာပေနှင့် ဘဝသင်ခန်းစာများကို ဖတ်ရှုရတာနှစ်သက်သူများအတွက် 🌿
ယခုမိတ်ဆက်ပေးချင်တာကတော့ စာရေးဆရာ ဝဏ္ဏသီရိ ရေးသားထားသည့် ထင်ရှားလှသော ဓမ္မဝတ္ထု စာအုပ် ၄ အုပ် ဖြစ်ပါတယ်
📖 ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း (ပထမတွဲ / ဒုတိယတွဲ)
📖 ညီတော်အာနန္ဒာ၏ ပါရမီဧတဒဂ်လမ်းများ (ပထမတွဲ / ဒုတိယတွဲ)
မြတ်စွာဘုရားရှင်၏ အနီးကပ်လုပ်ကျွေးဘုရားဝေယျာဝစ္စကို တာဝန်ယူခဲ့သည့် ညီတော်အာနန္ဒာ၏ ဘဝဇာတ်ကြောင်း၊ ပါရမီဖြည့်ဆည်းခဲ့ပုံများနှင့် ဗုဒ္ဓခေတ်ကာလ အဖြစ်အပျက်များကို ဝတ္ထုဟန်ဖြင့် ရေးဖွဲ့ထားတာကြောင့် အလွန်ပင် စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဒီစာအုပ်တွဲတွေကို ဖတ်ရှုခြင်းဖြင့် -
🌿 ဓမ္မအမြင်နှင့် ဘဝ၏ အဓိပ္ပာယ်ကို ပိုမိုနက်နက်နဲနဲ နားလည်လာမယ်
🌿 လူ့သဘောသဘာဝနှင့် ကောင်းခြင်း၊ မကောင်းခြင်းတို့၏ အကျိုးဆက်များကို ဆင်ခြင်မိလာမယ်
🌿 စိတ်၏ ငြိမ်းအေးမှုနှင့်အတူ ဘဝအတွက် အဖိုးတန် အတွေးအခေါ်ကောင်းများ ရရှိလာမယ်
အေးအေးဆေးဆေး ဖတ်ရင်း အတွေးပွားစေမည့် စာအုပ်များဖြစ်တာကြောင့် ဓမ္မစာပေ နှစ်သက်သူများ မဖြစ်မနေ ဖတ်ရှုသင့်သလို၊ ဘဝအကြောင်းနှင့် လူ့သဘောသဘာဝကို လေ့လာချင်သူများအတွက်ပါ မရှိမဖြစ် စုဆောင်းထားရှိသင့်သည့် စာအုပ်ကောင်းများ ဖြစ်ပါတယ်။ 🤍
📌မှာယူနိုင်ပုံလေးကို Comment မှာကြည့်ပေးပါနော်
(စာအုပ်တန်ဖိုးလေးတွေ ပုံအောက်မှာထည့်ပေးထားပါတယ်)
Category
Contact the business
Telephone
Website
Address
Yangon Book Plaza, Tan Zay, Lanmataw Tsp
Yangon
11201
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
Alerts
Be the first to know and let us send you an email when WE Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.