Max Highway

Max Highway

Share

Official page of Max Highway company

• Our Operations : Constructing, upgrading, and maintaining roads and bridges.
• Our Standard : Managing toll collections strictly under government administrative guidelines.
• Our Commitment: Creating local jobs and supporting the nation.

19/07/2026

(၇၉)နှစ်မြောက် အာဇာနည်နေ့

၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား Max Highway မိသားစုမှ လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ရပါသည်။


#အာဇာနည်နေ့

Photos from Max Highway's post 03/07/2026

Max Highway Co., Ltd. ၏ ၂၀၂၆ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတွင် မန်ဂျန်းရှားပင် ၂၀၀ ကျော် စိုက်ပျိုး

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်

သဘာဝပတ်ဝန်းကျင်ကို အစဉ်တစိုက် ထိန်းသိမ်းခြင်းမှတစ်ဆင့် ပိုမိုစိမ်းလန်းစိုပြည်ပြီး ကောင်းမွန်သည့် ကမ္ဘာကြီးအဖြစ် ရေရှည်တည်ရှိနေစေရန် ရည်ရွယ်၍ Max Highway Co., Ltd. မိသားစု၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့ (ဇူလိုင်လ ၃ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-သီလဝါလမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၃/၀ မှ ၃/၅အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခုနှစ် သစ်ပင်စိုက်ပွဲတွင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် မန်ဂျန်းရှားပင် (၂၀၀) ကို စုပေါင်း၍ စနစ်တကျ စိုက်ပျိုးခဲ့ကြသည်။ Max Highway Co., Ltd. အနေဖြင့် ယခုနှစ်အပါအဝင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးခဲ့ပြီးသည့် သစ်ပင်စုစုပေါင်း (၈၃,၂၀၀) ပင် အထိ စိုက်ပျိုးထိန်းသိမ်း လာပြီးဖြစ်ပါသည်။

Max Highway Co., Ltd. သည် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကို ဆောင်ရွက်နေရုံသာမက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုအပူဒဏ်များကို ကာကွယ်နိုင်ရန်နှင့် ရေတိုက်စားမှုကြောင့် လမ်းမကြီးများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နှစ်စဉ် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကို လူမှုစီးပွားဘဝ အကျိုးပြုလုပ်ငန်း (CSR) တစ်ခုအဖြစ် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

03/07/2026

AYA Scholarship (ဧရာ ပညာသင်ဆု) အစီအစဉ်အတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ချီးမြှင့်မည်

ဧရာဝတီဖောင်ဒေးရှင်းသည် ၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့၏ ရည်မှန်းထားသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်ပညာများကို စိတ်အေးချမ်းသာစွာ ဆက်လက်သင်ယူနိုင်စေရန်နှင့် အနာဂတ်မြန်မာနိုင်ငံအတွက် ပညာရည်ထူးချွန်ပြီး လူမှုအကျိုးပြုစိတ်ဓာတ်ရှိသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ AYA Scholarship အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။

ယခုပညာသင်နှစ်တွင်လည်း ဧရာဝတီဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား ရွေးချယ်၍ တက္ကသိုလ်ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံးအတွက် ပညာသင်စရိတ်အဖြစ် လစဉ် (၃) သိန်းကျပ် နှင့်အတူ သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်ကို ထောက်ပံ့ချီးမြှင့်သွားမည် ဖြစ်ပါသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း၊ ပညာသင်စရိတ်များနှင့် ဧရာပညာသင်ဆု များ ထောက်ပံ့ပေးခြင်း အပါအဝင် ပညာရေးဆိုင်ရာ အထောက်အပံ့အစီအစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

AYA Scholarship (ဧရာပညာသင်ဆု) ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။

- ပညာသင်စရိတ် ထောက်ပံ့ကြေး လစဉ် (၃) သိန်းကျပ်
- သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်

လျှောက်ထားရန် အရည်အချင်းသတ်မှတ်ချက်များ

- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ရမည်။
- သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတွင် တက်ရောက်ခွင့် ရရှိထားသူ ဖြစ်ရမည်။
- ပညာရေးတွင် ထူးချွန်ပြီး သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာ ရှိသူ ဖြစ်ရမည်။
- ပညာရေးကို ဆက်လက်သင်ယူလိုပြီး အမှန်တကယ် ပညာသင်ထောက်ပံ့ကြေးလိုအပ်သော ‌ကျောင်းသား ကျောင်းသူများအား ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။

လျှောက်ထားနိုင်မည့် တက္ကသိုလ်များ

- ဆေးတက္ကသိုလ်များ
- နည်းပညာတက္ကသိုလ်များ
- စီးပွါးရေးတက္ကသိုလ်များ
- ကွန်ပျူတာတက္ကသိုလ်များ
- စိုက်ပျိုးရေးတက္ကသိုလ်များ

လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

- Scholarship လျှောက်လွှာ
- ကိုယ်တိုင်ရေးသားထားသော ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်းဖော်ပြစာ
- တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် (သို့) အမှတ်စာရင်း
- အမျိုးသားမှတ်ပုံတင်ကတ် မိတ္တူ
- အိမ်ထောင်စုစာရင်း မိတ္တူ
- တက္ကသိုလ်ဝင်ခွင့် အထောက်အထား
- ပညာသင်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာ ကျောင်း နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ

လျှောက်ထားရမည့် နည်းလမ်း

- သတ်မှတ်ထားသော Scholarship လျှောက်လွှာပုံစံကို ပြည့်စုံစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတွင်ပါဝင်သော ဧရာဝတီဖောင်ဒေးရှင်း ရုံးခန်းလိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာဖောင်ရယူရန် https://www.ayeyarwadyfoundation.org/AYA_Scholarship.pdf

လျှောက်လွှာများကို အောက်တိုဘာလ (၃၁) ရက် ၊ ၂၀၂၆ မတိုင်ခင်ထိ ပေးပို့လျှောက်ထားနိုင်ပါသည်။

26/06/2026

တာယာဖိအား (Tire Pressure) စစ်ဆေးခြင်းက ဘာကြောင့် အသက်ကယ်နိုင်တာလဲ? 🔘🔘

ခရီးမထွက်ခင် တာယာဖိအား (Tire Pressure) စစ်ဆေးခြင်းက ဘာကြောင့် အသက်ကယ်နိုင်တာလဲဆိုတာ သင်သိပါသလား။ မိမိတို့ယာဉ်ရဲ့ တာယာဖိအား မှန်ကန်နေခြင်းဟာ အင်ဂျင်စွမ်းဆောင်ရည်ထက်ပိုပြီး "ခရီးသွားလာမှု လုံခြုံရေး" အတွက် အရေးကြီးပါတယ်။ အထူးသဖြင့် မိုးရာသီလို လမ်းချော်လွယ်တဲ့ အချိန်မျိုးမှာ တာယာဖိအားက အောက်ပါ အချက် (၃) ချက်အတွက် အဓိကကျပါတယ် - ⚠️🔘⚠️🔘

၁။ လမ်းချော်ခြင်းကို ကာကွယ်ပေးခြင်း (Aquaplaning Prevention) 🚗🚙
တာယာဖိအား လျော့နည်းနေပါက တာယာရဲ့ ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး လမ်းပေါ်ရှိ ရေပြင်ကို ကောင်းစွာ မခွဲထုတ်ပေးနိုင်တော့ပါဘူး။ ဒါကြောင့် ကားက ရေပြင်ပေါ်မှာ ဘီးလွတ်လည်ပြီး လမ်းချော်ခြင်း (Aquaplaning) ဖြစ်ပွားနိုင်ပါတယ်။

၂။ ဘရိတ်စနစ် ပိုမိုထိရောက်စေခြင်း ⚙️⚙️
တာယာဖိအား မှန်ကန်မှသာ တာယာမျက်နှာပြင်က လမ်းမကြီးနဲ့ အပြည့်အဝ ထိကပ်မှုရှိမှာပါ။ လေဖိအားလျော့နည်းနေရင် ဘရိတ်အုပ်တဲ့အခါ ကားရပ်တန့်ဖို့ ပိုမိုဝေးကွာတဲ့ အကွာအဝေး (Braking Distance) လိုအပ်တာကြောင့် မတော်တဆမှု ဖြစ်နိုင်ခြေ ပိုများပါတယ်။

၃။ တာယာပေါက်ပြဲခြင်းမှ ကာကွယ်ပေးခြင်း 🚎🚎
တာယာဖိအား နည်းလွန်းပါက မောင်းနှင်နေစဉ် တာယာနံရံများ ပွတ်တိုက်မှုကြောင့် အပူလွန်ကဲပြီး ပေါက်ကွဲနိုင်ပါတယ်။ အရှိန်ပြင်းပြင်းနဲ့ အဝေးပြေးလမ်းမကြီး (Highway) ပေါ်မှာ မောင်းနှင်နေချိန် တာယာပေါက်ခြင်းက အသက်အန္တရာယ်ဖြစ်စေလောက်အောင် အလွန်စိုးရိမ်ရပါတယ်။

💡 Max Highway ၏ ဘေးကင်းလုံခြုံရေး အကြံပြုချက် - 💡

မှန်မှန်စစ်ဆေးပါ : ခရီးဝေးမထွက်ခင် သို့မဟုတ် အနည်းဆုံး တစ်ပတ်တစ်ကြိမ် တာယာဖိအားကို ပုံမှန်စစ်ဆေးပါ။

သတ်မှတ်ချက်ကို သိရှိပါ : မိမိကားအတွက် အတိအကျ သတ်မှတ်ထားတဲ့ တာယာဖိအား (PSI) ကို ယာဉ်မောင်းသူဘက်က တံခါးဘောင် (သို့မဟုတ်) Owner’s Manual မှာ ကြည့်ရှုနိုင်ပါတယ်။

တာယာအေးချိန်တွင်သာ တိုင်းတာပါ : ခရီးမိုင်အနည်းငယ် မောင်းနှင်ပြီး တာယာပူနေချိန်မှာ ဖိအားမတိုင်းပါနဲ့။ တာယာအေးနေချိန်တွင်သာ လေဖိအားတိုင်းတာပြီး လိုအပ်သလို ဖြည့်တင်းပါ။

"Building Roads for Brighter Journeys"

မိမိတို့ရဲ့ ခရီးစဉ်တိုင်း ဘေးကင်းလုံခြုံဖို့အတွက် အသေးအဖွဲလေးကအစ ဂရုတစိုက် ပြင်ဆင်မောင်းနှင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

မိတ်ဆွေတို့ရဲ့ ကားတာယာဖိအားကိုရော နောက်ဆုံးဘယ်တုန်းက စစ်ဆေးခဲ့ပါသလဲ? Comment မှာ ပြန်လည်မျှဝေပေးခဲ့ပါဦး။

17/06/2026

မိုးရာသီခရီးသွားရင်း အရေးပေါ်အခြေအနေမျိုး ကြုံလာရရင် ဘာတွေလုပ်ဆောင်သင့်သလဲ? 🌧️🛣️

မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ လမ်းခရီးမှာ မမျှော်လင့်ဘဲ ကားပျက်တာ၊ လမ်းချော်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိုးရိမ်ပူပန်စရာမလိုဘဲ အောက်ပါအချက်များကို အမြန်ဆုံး လုပ်ဆောင်ပေးခြင်းဖြင့် မိမိကိုယ်တိုင်နှင့် အခြားသူများရဲ့ လုံခြုံရေးကို ကာကွယ်နိုင်ပါတယ်-

၁။ ဘေးကင်းရာသို့ ရွှေ့ပါ 🚗
ကားကို လမ်းဘေး (Emergency Lane) သို့ ရွှေ့ထားပြီး အချက်ပေးမီး (Hazard Light) ကို ဖွင့်ထားပါ။ ကား၏နောက်ဘက် ပေ ၁၀၀ ခန့် (မိုးသည်းနေရင် ပိုဝေးဝေး) အကွာမှာ အလင်းပြန်တြိဂံပြားကို ချထားပေးခြင်းဖြင့် နောက်ကားတွေ ကြိုတင်ပြုမိအောင် ဆောင်ရွက်ပါ။

၂။ တည်နေရာ မှတ်သားပါ 📍
မိမိကားရောက်ရှိနေသည့် လမ်းပိုင်း၏ ကီလိုမီတာ အမှတ်အသား (Kilometer Post)များ အပြင် အနီးအနားမှာရှိသည့် တံတားအမည်၊ လမ်းခွဲ သို့မဟုတ် ထင်ရှားတဲ့ အဆောက်အဦးတွေကို ကြည့်ရှုမှတ်သားထားပါ။

၃။ အကူအညီရယူပါ ☎️
မမျှော်လင့်ဘဲ အခက်အခဲကြုံတွေ့လာပါက အရေးပေါ်ကယ်ဆယ်ရေးနှင့် လမ်းကြောင်းဆိုင်ရာ အကူအညီများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်၍ မိမိ၏ တည်နေရာနှင့် အခြေအနေကို ရှင်းလင်းစွာ အကြောင်းကြားပါ။

၄။ သတိရှိစွာ စောင့်ဆိုင်းပါ 🛑
ကားအတွင်းမှာပင် စောင့်ဆိုင်းနေပြီး မလိုအပ်ဘဲ ကားလမ်းပေါ်သို့ ဆင်းမလျှောက်ပါနှင့်။ လမ်းအသုံးပြုသူများအနေဖြင့် အရေးပေါ်အခြေအနေများတွင် တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များကို အစဉ်အမြဲ စောင့်ကြည့်လိုက်နာပေးပါ။

၅။ သတိထား မောင်းနှင်ပါ ⚠️
အခြားယာဉ်မောင်းများအနေဖြင့်လည်း အဆိုပါယာဉ်များကို မြင်တွေ့ပါက အရှိန်ကိုလျှော့ချ၍ ဘေးကင်းစွာ ကျော်တက်မောင်းနှင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

"Building Roads for Brighter Journeys" ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်အတိုင်း၊ သင်တို့ရဲ့ ဘေးကင်းလုံခြုံရေးဟာ Max Highway အတွက် အဓိကတာဝန်ဖြစ်ပါတယ်။ ✨
ဒီအချက်လေးတွေကို လုပ်ဆောင်ပြီး ခရီးသွားမိတ်ဆွေများကို Share ပေးခြင်းဖြင့် ဘေးကင်းစွာ ခရီးသွားနိုင်ကြပါစေ။ 🙏

11/06/2026

🌧️ မိုးရွာထဲမှာ ဘေးကင်းစွာ ခရီးသွားနိုင်ဖို့ Max Highway မှ အကြံပေးပါရစေ 🌧️

မင်္ဂလာပါ ခရီးသွားမိဘပြည်သူများခင်ဗျာ 🙏

မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်တဲ့အတွက် အဝေးပြေးလမ်းမကြီးတွေပေါ်မှာ မောင်းနှင်သွားလာကြမယ့် ခရီးသွားမိဘပြည်သူများအနေနဲ့ အထူးသတိပြုရမယ့် မိုးတွင်းလမ်းအန္တရာယ်ကင်းရှင်းရေး အချက်အလက်လေးတွေကို Max Highway မှ စေတနာရှေ့ထားကာ မျှဝေပေးလိုက်ပါတယ်။

ခရီးစဉ်တိုင်း ဘေးကင်းလုံခြုံစိတ်ချစွာ သွားလာနိုင်စေဖို့အတွက် အောက်ပါအချက်လေးတွေကို အလေးထား လိုက်နာမောင်းနှင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ 👇

💧 ၁။ အရှိန်ကို လျှော့ချမောင်းနှင်ပါ
မိုးရွာနေစဉ် လမ်းမျက်နှာပြင် ချောဆီအလွှာကြောင့် လမ်းချော်နိုင်သည့် အန္တရာယ် ပိုမိုများပြားသဖြင့် မိမိတို့ ပုံမှန်မောင်းနှင်နေကျ အရှိန်ထက် လျှော့ချပြီး ဂရုတစိုက် မောင်းနှင်ပါ။

💧 ၂။ မော်တော်ယာဉ် မီးကြီးများကို ဖွင့်မောင်းပါ
မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် မိမိ၏ မြင်ကွင်းကို ရှင်းလင်းစေရန်နှင့် မျက်နှာချင်းဆိုင် သို့မဟုတ် နောက်ကလိုက်ပါလာသော ယာဉ်များမှ မိမိ၏ယာဉ်ကို အလွယ်တကူ မြင်နိုင်စေရန် ကားမီးကြီး (Low Beam) သို့မဟုတ် မြူခိုးပြေးမီးများကို ဖွင့်ထားပါ။

💧 ၃။ ဘေးကင်းသည့် အကွာအဝေး (Safe Distance) ထားပါ
မိုးတွင်းကာလတွင် ဘရိတ်အုပ်လျှင် ကားရပ်တန့်နိုင်စွမ်း (Braking Distance) ပိုမိုကြာမြင့်တတ်သဖြင့် လုံလောက်သော အကွာအဝေးရှိစေရန် ရှေ့ကားနှင့် ပုံမှန်ထက် ပို၍ အကွာအဝေးခွာပြီး မောင်းနှင်ပါ။

💧 ၄။ ခရီးမထွက်မီ ယာဉ်အခြေအနေကို အမြဲစစ်ဆေးပါ
မိုးမရွာခင်ကတည်းကဖြစ်စေ၊ ခရီးမထွက်မီဖြစ်စေ မိမိတို့ယာဉ်၏ တာယာပန်းသားများ၊ ဘရိတ် စနစ်နှင့် ဝိုက်ပါ (Wiper) များ၊ ဝိုက်ပါရေတိုင်ကီများ ကောင်းမွန်စွာ အလုပ်လုပ်၊ မလုပ် မပျက်မကွက် စစ်ဆေးပါ။

🚙🌅 "ခရီးစဉ်တိုင်း သာယာဖြောင့်ဖြူးပြီး ဘေးကင်းစိတ်ချရဖို့ Max Highway က အမြဲဆန္ဒပြုလျက်ရှိပါသည်။"

Photos from Max Highway's post 29/05/2026

Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်

Max Highway Co., Ltd. သည် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အစဉ်ရှေးရှုလျက် ဝန်ထမ်းမိသားစုများ၏ သားငယ်၊ သမီးငယ်များ ပညာရေးတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မေလ (၂၉) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ကုမ္ပဏီရုံးချုပ် အပါအဝင် သက်ဆိုင်ရာ လမ်းပိုင်းများနှင့် တိုးဂိတ်အသီးသီးရှိ သတ်မှတ်နေရာများအလိုက် တစ်ပြိုင်တည်း (တစ်ရက်တည်း) ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်တွင် နေရာဒေသအသီးသီးရှိ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အဆင့်ဆင့်တို့၌ ပညာသင်ကြားနေကြသော ဝန်ထမ်းများ၏ ကျောင်းသား၊ ကျောင်းသူ သားသမီး စုစုပေါင်း (၂၃၈) ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် (၂၁,၇၀၀,၀၀၀ ကျပ်) ကို ကုမ္ပဏီမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Max Highway မိသားစုဝင် သားငယ်၊ သမီးငယ်များအားလုံး အနာဂတ်တွင် ပညာထူးချွန်ပြီး မိဘနှင့် နိုင်ငံအတွက် အားကိုးရသည့် သားကောင်းသမီးမွန်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

"Building Roads for Brighter Journeys"

28/05/2026

အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့မှာ ပွဲတော်ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်အနစ်နာခံခြင်း၊ မျှဝေခြင်း၊ သစ္စာစောင့်သိခြင်း တရားတွေနဲ့အတူ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ။ အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး၊ စိတ်ကူးအကြံအစည်မှန်သမျှ အောင်မြင်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

25/05/2026

Max Highway Co.,Ltd. ရုံးချုပ် Mechanical Department တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါ ဝန်ထမ်းများအလိုရှိပါသည်။

15/05/2026

Max Highway Co.,Ltd. Toll Plaza များတွင် Apprentice (IT) ရာထူးဖြင့် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်း (၁၀)ဦး အလိုရှိပါသည်။

Telephone

Address


A2 (6, 7, 8, 9, 10), Thiri Yadanar Shopping Complex, North Okkalarpa
Yangon
11031

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Alerts

Be the first to know and let us send you an email when Max Highway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.