Spectrum - Sustainable Development Knowledge Network

Spectrum - Sustainable Development Knowledge Network

Share

Spectrum - Sustainable Development Knowledge Network - was founded in 2007 during the early phases of Myanmar's democratic transition.

As Myanmar embarks on a new phase of national development, Spectrum's mission is to facilitate constructive multi-stakeholder engagement on environment, sustainable development and natural resource management issues. We connect with government, business and local communities to inform, empower and educate in our role as an information-sharing network. At the core of our work is a focus on access t

22/05/2026

ချက်ပြုတ်နည်းတွေကို အနည်းငယ်ပြောင်းလဲတာနဲ့ပဲ ကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

"ကစီဓာတ်လျော့တဲ့ ထမင်းချက်ဖို့အတွက် ရိုးရိုးထမင်းနဲ့ ဆန်လုံးညိုကို ဆတူရောချက်တာမျိုး၊ ပဲအမျိုးမျိုးတို့ပါ ရောချက်တာမျိုး၊ ထမင်းထဲကို အသီးအရွက်လေးတွေ မုန်လာဥလေးတွေ၊ မှိုလေးတွေ၊ ပိန်းဥတို့လိုမျိုးတွေပါ ရောချက်တာမျိုးဆို ကစီဓာတ်လည်းလျှော့ချနိုင်ပြီး အာဟာရလည်းပြည့်တဲ့ ထမင်းဖြစ်စေနိုင်မှာပါ။
" — စားဖိုမှူးကိုချက်ကြီး

သင့်အနေနဲ့ ထမင်းကို ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်ချက်စားဖူးပါသလား၊ ဒါမှမဟုတ် ဆန်လုံးညိုလိုမျိုး တခြားရွေးချယ်စရာဆန်တွေသုံးပြီး ချက်ဖူးပါသလား? အောက်မှာ ကွန်းမန့်ရေးပြီး အတွေ့အကြုံတွေကို မျှဝေလိုက်ပါနော်။

[Eng]
Small changes in how you cook can make a big difference to your health.

“To reduce starch in rice, mix white rice and brown rice in equal portions. Rice can also be cooked together with different types of beans. Adding vegetables such as carrots, mushrooms, or taro further improves nutritional value. This approach lowers starch content while creating a more balanced and nutritious meal.” — Chef Ko Chak Gyi

Have you tried cooking rice with beans or vegetables? Or are you eating other rice options such as brown rice? Let us know in the comments below!

19/05/2026

ခရမ်းချဉ်သီးကို ချက်ပြုတ်ပြီးမှ စားသင့်သလား၊ အစိမ်းစားသင့်သလား? ဒီမေးခွန်းရဲ့အဖြေကို ခန့်မှန်းကြည့်ပါ။

အဖြေကတော့ နှစ်ခုလုံးပါပဲ။ ခရမ်းချဉ်သီး အစိမ်းတွေဟာ ဗီတာမင်စီကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးများဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ တခြားတဖက်မှာလဲ ခရမ်းချဉ်သီးကို ချက်ပြုတ်ခြင်းကတော့ ဆီးကျိတ်ကင်ဆာနဲ့ တခြားသော ကင်ဆာများကို ကာကွယ်ပေးနိုင်တဲ့ သင့်ကိုယ်ခန္ဓာက အလွယ်တကူစုပ်ယူနိုင်တဲ့ လိုက်ကိုပင်းဓာတ် ကြွယ်ဝစေပါတယ်။

ခရမ်းချဉ်သီးကို သင့်ရဲ့နေ့စဉ်အစားအသောက်တွေထဲမှာ ထည့်စားကြည့်ပါ။ အလွယ်တကူဝယ်ယူနိုင်ပြီး ချက်ပြုတ်နိုင်လို့ သင်နဲ့သင့်မိသားစုအတွက် အာဟာရဓာတ်ညီညွတ်မျှတစေမဲ့ အစားအစာဖြစ်စေမှာပါ။ ဟင်းအနှစ်ချက်ချက် အသုပ်ထဲပဲစားစား သရေစာအနေနဲ့ပဲ လုပ်လုပ် ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်သလို အလိုရှိသလို စားသုံးနိုင်ပါတယ်။ ခရမ်းချဉ်သီးသုံးပြီး ချက်နိုင်မဲ့ ဟင်းလျာတွေကို လေ့လာရတာ စိတ်ဝင်စားရင်တော့ ကွန်းမန့်မန့်ခဲ့ကြပါနော်။

[Eng]
[Information Source: BBC]

Guess the answer to this question: Are tomatoes healthier cooked or raw?

The answer is: both! Raw tomatoes are especially rich in vitamin C, which helps boost immunity and protect your body from infections. Cooking tomatoes, on the other hand, makes some nutrients like lycopene (a powerful compound that may help protect against certain cancers, including prostate cancer) easier for your body to absorb.

Try adding tomatoes to your daily meals! They are affordable, easy to find at local markets, and a simple way to boost nutrition for you and your family. From curries and sauces to salads and snacks, there’s no wrong way to enjoy tomatoes. Leave a comment if you’re interested in learning more about recipes using tomatoes!

#လွယ်ကူသက်သာ #အာဟာရ

Photos from Spectrum - Sustainable Development Knowledge Network's post 18/05/2026

ဟင်းရွက်စုံသုပ်လေးကို အိမ်မှာ လွယ်လွယ်လွယ်ကူကူ သက်သက်သာသာ ပြင်ဆင်နိုင်ဖို့ အောက်ကပုံတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ရအောင်။ ဒီအရောင်အသွေးစုံလင်တဲ့ အသုပ်တခွက်ကိုဟာ သင့်ကျန်းမာတဲ့နေ့စဉ်စားသုံးမှုမှာ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေကိုလည်း ထည့်သွင်းနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်ပါတယ်။ မီးဖိုချောင်ထဲမှာရှိတဲ့ ဟင်းရွက်တွေထဲက ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး ထမင်းစားတဲ့အခါ အရံဟင်းအနေနဲ့ စားလို့ရသလို၊ ပေါ့ပေါ့ပါးပါး အဆာပြေအနေနဲ့ပါ စားသုံးနိုင်ပါတယ်။

ဒီဟင်းရွက်စုံသုပ်ကို အိမ်မှာ ကိုယ်တိုင်ချက်စားဖြစ်ရင် ဓာတ်ပုံလေးတွေကိုလည်း ကွန်းမန့်မှာ မျှဝေလိုက်ပါနော်။

ချက်ပြုတ်နည်းအဆင့်ဆင့်အတွက် ဗီဒီယိုကြည့်ရန် - [https://www.facebook.com/share/v/18vccRrqVa/]

ဒီဟင်းက သင်နဲ့ သင့်ချစ်ရတဲ့ မိသားစုအတွက် ဘယ်လိုမျိုး အာဟာရ ရရှိစေလဲဆိုတာ ဆွေးနွေးထားတဲ့ ဗီဒီယိုကြည့်ရန် – [https://www.facebook.com/reel/1581322223167484/]

[Eng]
Swipe through to see the simple steps to make Mixed Vegetables Salad, a meal which is easy to prepare with affordable ingredients. This colourful dish is a simple way to add more fibre, vitamins, and minerals into your daily diet, and it supports digestion and overall wellbeing. Using everyday ingredients and vegetables of your choice, it’s a flexible dish you can prepare as a side or enjoy as a light meal on its own.

Will you be trying this recipe at home? Let us know in the comments and feel free to share photos of your dish!

Click on this link to view the recipe video for this dish: [https://www.facebook.com/share/v/18vccRrqVa/]

Click on this link to view the discussion video about why this dish is good for you and your loved ones: [https://www.facebook.com/reel/1581322223167484/]

Photos from Spectrum - Sustainable Development Knowledge Network's post 15/05/2026

"အမယ် (၃) မျိုးတည်းနဲ့ အာဟာရပြည့်ဝတဲ့ ဟင်းတစ်ခွက်ကို လွယ်လွယ်ကူကူ ဖန်တီးကြမယ်" ဓာတ်ပုံပြိုင်ပွဲရဲ့ ကံထူးရှင်တွေ ထွက်ပေါ်လာပါပြီ!

ဒီဓာတ်ပုံပြိုင်ပွဲအစီအစဉ်လေးမှာတော့ ဘက်ဂျက်ငွေ ၃,၀၀၀ ကျပ်ထဲနဲ့ ပါဝင်ပစ္စည်း (၃) မျိုးကိုပဲ အဓိကသုံးပြီး အိမ်မှာကိုယ်တိုင် ဖန်တီးချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို ဓာတ်ပုံနဲ့အတူ၊ ဟင်းလျာရဲ့ အာဟာရပြည့်ဝပုံကိုပါ ကောမန့်ရေးသားပြီး ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ စိတ်ဝင်တစားနဲ့ ပါဝင်ယှဉ်ပြိုင်ပေးခဲ့ကြတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

ပြိုင်ပွဲမှာ စိတ်ဝင်စားစွာပါဝင်ခဲ့ကြသူတွေ အလွန်များပြားခဲ့တာကြောင့် ကံထူးရှင်အရေအတွက်ကို ၃၀ ဦးမှ ၃၅ ဦးအထိ တိုးမြှင့်သတ်မှတ်ထားကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါတယ်။

ရွေးချယ်ခံရတဲ့ ကံထူးရှင်အယောက် (၃၅) ဦးအနေနဲ့လည်း page ရဲ့ Messenger ကနေတစ်ဆင့် လာရောက်ဆက်သွယ်ပြီး ဖုန်းဘေလ် ကျပ် ၃၀,၀၀၀ ကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။

[Eng]
Congratulations to the winners of the Healthy Simple Meals – Three Ingredients Challenge!

For this challenge, we asked participants to cook a nutritious dish using just 3 ingredients within a MMK 3,000 budget! A big thank you to everyone who participated!

Due to the incredible response and overwhelming participation, we’re happy to announce that we have increased the number of winners from 30 to 35!

To the winners, please reach out to us via Messenger to claim your prize!

12/05/2026

နေ့စဉ်စားနေကျအစားအစာတွေထဲမှာ အသားဓာတ်ကို ဘယ်လိုဖြည့်စွက်နိုင်မလဲ?

"တိရစ္ဆာန်ကရတဲ့ အသား၊ ပဲကရတဲ့ အသားနဲ့ နို့နဲ့ နိုထွက်ပစ္စည်းတွေကနေ အသားဓာတ်ရရှိပါတယ်။ အသားငါးစားရတာ မကြိုက်ဘူး ဒါမှမဟုတ် စားဖို့မတတ်နိုင်ဘူးဆို ကျွန်မတို့ မြန်မာနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ ပေါပေါများများရနိုင်တဲ့ အသားဓာတ်ပြည့်ဝစွာ ရနိုင်တဲ့ ပဲအမျိုးမျိုးကို အစားထိုး စားစေချင်ပါတယ်။ နှလုံးကျန်းမာရေးအတွက်ရော ကျောက်ကပ်အတွက်ရော ကိုလက်စထရော များနေတဲ့သူတွေအတွက်ပါ သင့်တော်ပါတယ်။“— အာဟာရပညာရှင် ဒေါက်တာမေဖူးဇွန်

ပဲအမျိုးမျိုးက ဈေးသက်သာရုံတင်မကဘူး ကျန်းမာရေးအတွက်ပါ ကောင်းတယ်ဆိုတော့ နေ့စဉ်ထမင်းဝိုင်းမှာ ထည့်သွင်းစားသုံးဖို့ မမေ့သင့်ဘူးနော်။

ပဲအမျိုးမျိုးအပါအဝင် အခြားအသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုထည့်သွင်းစားသုံးနေလဲ။ ကျန်းမာရေးအတွက် အာဟာရပြည့်ဝအောင် ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးနေလဲဆိုတာကို ကွန်းမန့်မှာ မျှဝေပေးခဲ့ပါနော်။

[Eng]
How can include protein in our diet for better nutrition?

“Protein can be obtained from meat, beans, milk, and dairy products. For those who avoid meat or wish for a more affordable option, beans are an excellent substitute. In Myanmar, different types of beans are widely available, budget-friendly, and rich in protein. They also support heart health, are kidney-friendly, and are suitable for individuals with high cholesterol.” — Nutritionist Dr. May Phoo Zun

Beans are not only affordable but also good for your health.

Are you including beans in your meals, or other protein-rich ingredients? How are you trying to eat nutritious foods for better health? Share your comments below!

07/05/2026

🥕 ဘယ်မုန်လာဥနီက ပိုအာဟာရရှိလဲ? အစိမ်းလား ဒါမှမဟုတ် ချက်ပြုတ်ပြီးသားလား? ဒီမေးခွန်းရဲ့ အဖြေဟာ သင်ထင်သလို မရိုးရှင်းပဲ မုန်လာဥနီကို သင် ဘယ်လိုချက်ပြုတ်လဲဆိုတဲ့နည်းလမ်းအပေါ် မူတည်ပါတယ်။

မုန်လာဥနီဟာ အာဟာရဓာတ်များ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုချက်ပြုတ်စားသောက်လဲဆိုတဲ့ နည်းလမ်းအပေါ်မူတည်ပြီးတော့ အာဟာဓာတ်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ မုန်လာဥနီအစိမ်းမှာ ဗီတာမင်စီနဲ့ တခြားသော ရေမှာပျော်ဝင်လွယ်တဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် အသုပ်သုပ်စားနိုင်သလို ကြွပ်ကြွပ်ရွရွနဲ့ အတို့အမြှပ်စားနိုင်ပါတယ်။ ပေါင်းထားတာ သို့မဟုတ် မွှေကြော်ထားတဲ့ မုန်လာဥနီကတော့ ဘီတာကယ်ရိုတင်းဓာတ်များစွာ (သင့်ခန္ဓာကိုယ်က ဗီတာမင်အေအဖြစ်ပြောင်းလဲပြီး မျက်စိအားကောင်း‌ခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း၊ အားအင်ပြန်လည်ရရှိစေနိုင်ခြင်း၊ ခုခံကာကွယ်နိုင်စွမ်းမြင့်မားခြင်း စတဲ့ အကျိုးကျေးဇူးများရရှိနိုင်တဲ့ ဓာတ်တစ်မျိုး) ရရှိနိုင်ပြီး သင့်ခန္ဓာကိုယ် စုပ်ယူနိုင်မဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ရရှိနိုင်ပါတယ်။

အစိမ်းပဲစားစား ချက်ပြီးသားပဲစားစား မုန်လာဥနီတွေဟာ သင့်ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး အစာချေဖျက်ခြင်ူ၊ မျက်စိအားကောင်းစေခြင်း၊ ကိုယ်ခံအားကောင်းခြင်းစတဲ့ အကျိုးများစွာ ရရှိစေပါတယ်။ လွယ်ကူသက်သာစွာ ဝယ်ယူနိုင်ပြီး နည်းလမ်းမျိုးစုံချက်ပြုတ်နိုင်တဲ့ မုန်လာဥနီကို ဘယ်လိုစားရတာ အကြိုက်ဆုံးလဲ? ကွန်းမန့်မန့်ခဲ့ကြပါဦး။

[ENG]
Which is more nutritious: raw or cooked carrot? The answer isn’t as simple as you might think, and it depends on how you prepare them. 🥕

Carrots are a highly nutritious vegetable, but their nutrients can change depending on preparation. Raw carrots retain more vitamin C and other water-soluble vitamins, making them perfect for fresh salads or crunchy snacks. Cooked carrots, especially when steamed or lightly stir-fried, make beta-carotene more available (a nutrient your body converts into vitamin A, which supports vision, bone growth, reproduction, and a healthy immune system) and also releases other antioxidants that are easier for your body to absorb.

Whether raw or gently cooked, carrots are a powerful vegetable that supports overall health, including immunity, vision, and digestion. Try adding carrots to your daily meals! They are affordable, easy to find at local markets, versatile in cooking, and a simple way to boost the nutrition of you and your family. How do you most enjoy eating carrots? Let us know in the comments!

#လွယ်ကူသက်သာ #အာဟာရ

29/04/2026

(၃) သောင်းတန် ဖုန်းဘေလ်ဆုလက်ဆောင် ကံထူးနိုင်မယ့် အခွင့်အရေးကြီးကို လက်လွတ်မခံလိုက်နဲ့နော် ‼️

ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ ကျန်းမာညီညွတ်တဲ့ ရိုးရှင်းတဲ့ အိမ်ချက်ဟင်းလျာတွေကို ချက်ပြုတ်ရင်း ပါဝင်ဖို့ မေလ (၅) ရက်နေ့အထိပဲ အချိန်ရှိပါတော့တယ်။ ကံထူးရှင် အယောက် (၃၀) ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ဟင်းမျိုးစုံနဲ့ တစ်ကြိမ်ထက်မက ဝင်ရောက်ယှဉ်ပြိုင်နိုင်တာမလို့ များများပြိုင်လေ၊ ကံထူးဖို့ အခွင့်အရေး ပိုများလေပါပဲနော်။

ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဘတ်ဂျက်ငွေ ၃,၀၀၀ ကျပ်အတွင်းမှာ ပါဝင်ပစ္စည်း (၃) မျိုးတည်းကိုပဲ သုံးပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်ချက်ဟင်းတစ်ပွဲကို ချက်ပြုတ်ရမှာပါ။ ပြီးရင်တော့ မိမိချက်ထားတဲ့ ဟင်းပွဲဓာတ်ပုံနဲ့အတူ အဲဒီဟင်းလျာက ဘာကြောင့် အာဟာရဖြစ်စေတယ်ဆိုတဲ့ အကြောင်းအရာလေးကို မူရင်းပြိုင်ပွဲပို့စ်ရဲ့ ကောမန့်မှာ ရေးသားပေးခဲ့ရုံပါပဲ။
(https://www.facebook.com/share/p/1bsaR5C9ne/)

သတ်မှတ်ရက် ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတော့ အခုပဲ အမြန်ဆုံး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။



[ENG]

Don’t miss your chance to win a MMK 30,000 phone top up prize! Participate in the “Healthy Simple Meals – 3 Ingredients Challenge” before the deadline of 5 May 2026. 30 lucky winners will be selected, and to increase your chances of winning a prize, you can submit multiple entries.

To participate, cook a healthy dish using only 3 ingredients within a MMK 3,000 budget. Take a photo of the dish and submit it as a comment on the contest announcement post (https://www.facebook.com/share/p/1bsaR5C9ne/), along with a short note on why your meal is nutritious.

The submission deadline is getting closer, so submit your contest entry now!

28/04/2026

အာဟာရပြည့်ဝတဲ့ နေ့စဉ်အစားအသောက်တစ်နပ်က သင့်အတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား?

"ကိုယ်ရွေးချယ်လိုက်တဲ့ အစာအာဟာရက ကိုယ့်ရဲ့ဘဝတစ်သက်တာမှာ ဘယ်လောက်ထိသက်ရောက်မှုရှိလဲ ဆိုတာကို Food is Medicine, Medicine is Food ဆိုတာလေးနဲ့ ဥပမာပေးချင်ပါတယ်။ ကိုယ့်ပါးစပ်ထဲကိုထည့်တဲ့ အာဟာရမှန်သမျှက ကိုယ့်ဘဝ တလျှောက်လုံး ကောင်းကျိုးလည်း ပေးနိုင်သလို ဆိုးကျိုးကိုလည်း ယူဆောင်လာနိုင်ပါတယ်။ တစ်ရက်တစ်ရက် စားသုံးလိုက်တဲ့ အစားအသောက်မှန်သမျှသည် ရောဂါတွေကို ကာကွယ်ဖို့ဖြစ်သလို ရွေးချယ်မှု မှားယွင်းခဲ့ရင်လည်း ရောဂါတွေသယ်ဆောင်လာနိုင်ပါတယ်။ " — အာဟာရပညာရှင် ဒေါက်တာမေဖူးဇွန်

သင့်အနေနဲ့ကော ဒီစကားစုကို လက်ခံပါသလား? ကောင်းမွန်တဲ့ ကျန်းမာရေးအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးဖို့ ကြိုးစားနေပါသလား? သင့်အမြင်ကို အောက်မှာ ကွန်းမန့်ရေးပြီး အတူတူ မျှဝေကြရအောင်။

[ENG]
Did you know that eating a nutritious meal is your best medicine?

“Food is Medicine, Medicine is Food. Daily food choices have a lifelong impact. Healthy meals can prevent disease, while poor habits can lead to illness. Long-term health is shaped by everyday diet.” - Nutritionist Dr. May Phoo Zun

Do you agree with this quote? Are you trying to eat nutritious foods for better health? Share your comments below!

Photos from Spectrum - Sustainable Development Knowledge Network's post 23/04/2026

🍲သီးစုံပဲကုလားဟင်းကို အိမ်မှာ လွယ်လွယ်ကူကူ ချက်ပြုတ်နိုင်ဖို့ အောက်ကပုံလေးတွေကို ကြည့်လိုက်ရအောင်။ ဒီဟင်းဟာ ဈေးမှာ အလွယ်တကူ ရှာဝယ်လို့ရတဲ့ ဟင်းသီးဟင်းရွက်လေးတွေနဲ့အသုံးပြုပြီး အိုးတစ်လုံးတည်းမှာပဲ လွယ်လင့်တကူ ချက်ပြုတ်လို့ရတဲ့အပြင် အာဟာရပြည့်ဝပြီး အရသာကောင်းမွန်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ကုလားပဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ ဟင်းရွက်အမျိုးမျိုးက ရရှိတဲ့ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ကဲ… အိမ်ရှင်မတွေကော သီးစုံပဲကုလားဟင်းချက်ဖို့ အကြံရပြီး အိမ်မှာ ကိုယ်တိုင်ချက်ဖြစ်ရင် ဓာတ်ပုံလေးတွေကိုလည်း ကွန်းမန့်မှာ မျှဝေလိုက်ပါနော်။ 😍

သီးစုံပဲကုလားဟင်းကို ချက်ပြုတ်နိုင်မယ့် ဟင်းချက်နည်းအတွက် ဗီဒီယိုကြည့်ရန် - https://www.facebook.com/share/v/18K6q8PWsq/

ဒီဟင်းက သင်နဲ့ သင့်ချစ်ရတဲ့ မိသားစုအတွက် ဘယ်လိုမျိုး အာဟာရရှိစေလဲဆိုတာ ဆွေးနွေးထားတဲ့ ဗီဒီယိုကြည့်ရန် – https://www.facebook.com/share/v/188QFtgHxm/

[ENG]
🍲 Swipe through to see the simple steps to make Assorted Vegetables Soup with Chickpea Curry, a comforting and nutritious meal which can be prepared in one pot using affordable vegetables you can easily find at the market. Chickpeas provide protein, while the variety of vegetables adds fibre and essential nutrients that support digestion and overall health.

Will you be trying this recipe at home? Let us know in the comments and feel free to share photos of your dish! 😍

Click on this link to view the recipe video for this dish: https://www.facebook.com/share/v/18K6q8PWsq/

Click on this link to view the discussion video about why this dish is good for you and your loved ones: https://www.facebook.com/share/v/188QFtgHxm/

21/04/2026

ဓာတ်ပုံပြိုင်ပွဲအစီအစဉ် - အမယ် (၃) မျိုးထဲနဲ့ အာဟာရပြည့်ဝတဲ့ဟင်းတစ်ခွက်ကို လွယ်လွယ်ကူကူ ဖန်တီးကြမယ်! 🍲🥗

ဘက်ဂျက်ငွေ ၃,၀၀၀ ကျပ်ထဲနဲ့ ပါဝင်ပစ္စည်း (၃) မျိုးကိုပဲ အဓိကသုံးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဟင်းတစ်ခွက်ကို သင် ချက်ပြုတ်နိုင်ပါသလား? ဒါဆိုရင်တော့ သင့်ရဲ့ လက်ရာနဲ့ ဖန်တီးနိုင်စွမ်းကို ပြသပြီး ဖုန်းဘေလ် ကျပ် ၃၀,၀၀၀ ဆွတ်ခူးနိုင်မယ့် ကံထူးရှင် (၃၀) ဦးစာရင်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ဘယ်လို ပါဝင်ယှဉ်ပြိုင်ရမလဲ?
- ဒီပို့စ်အောက်မှာ ကိုယ်တိုင် ဖန်တီးချက်ပြုတ်ထားတဲ့ ဟင်းလျာဓာတ်ပုံကို ကွန့်မန့် မန့်ပေးပါ။ ဘတ်ဂျက် ၃,၀၀၀ ကျပ်ထက်မပိုဘဲ အဓိက ပါဝင်ပစ္စည်း ၃ မျိုးထဲနဲ့ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ရပါမယ်။
- ကွန့်မန့်မှာ သင်ချက်ထားတဲ့ ဟင်းလျာက ဘယ်လို အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်ဆိုတာကို (စာကြောင်း ၃ ကြောင်းအတွင်း) ရေးသားဖော်ပြပေးပါ။

အကြံပြုချက် - ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်သီး စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အနံ့အရသာမှုန့်တွေကို မိမိနှစ်သက်သလိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒီအရာတွေကတော့ ပါဝင်ပစ္စည်း (၃)မျိုး ကန့်သတ်ချက်ထဲမှာ ထည့်သွင်းရေတွက်မှာ မဟုတ်ပါ။

နောက်ဆုံးယှဉ်ပြိုင်ရမယ့်ရက်ကတော့ မေလ (၅) ရက်နေ့ဖြစ်ပါတယ်။ ကံထူးရှင်တွေကိုတော့ မေလ (၁၅) ရက်နေ့ မတိုင်ခင် ကြေညာပေးသွားပါမယ်။ အိမ်ရှင်မတို့ရဲ့ လွယ်ကူသက်သာပြီး အာဟာရပြည့်ဝတဲ့ အိမ်ချက်လက်ရာကောင်းတွေကို ရင်ခုန်စွာ စောင့်မျှော်နေပါတယ်နော်။ အားလုံးပဲ ကံကောင်းကြပါစေ။ 🍀✨

[ENG]
Photo Contest: Healthy Simple Meals – Three Ingredients Challenge! 🍲🥗

Can you make a nutritious recipe with just three ingredients within a budget of MMK 3,000? Show us your healthy dish and you could be one of 30 winners to receive a MMK 30,000 phone top-up!

To Participate:
- Comment under this post with a photo of your creative, nutritious three-ingredient dish. The dish should be authentically homemade and the total cost of the ingredients should not exceed MMK 3,000.
- Include a short explanation (up to three sentences) about why your meal is nutritious.

Tip: You can add spices, condiments, or flavourings such as onion, ginger, garlic and chilli; these do not count toward your three-ingredient limit.

The deadline for submissions is 5 May 2026. We will announce the winners on or before 15 May 2026. We look forward to seeing your homemade nutritious meals using affordable ingredients. Good luck! 🍀✨

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No 9C Myaynigone Plaza
Yangon

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00