YUMRT

YUMRT

Share

We are just here to imagine Yangon rapid transit & to share MRT news and knowledge around the globe

15/05/2026

ရန်ကုန်မြို့ပတ်ရထားက အခုထိ အချိန်မှန်မပြေးနိုင်သေးပေမယ့်… နောင်တစ်ချိန်မှာ မြေအောက်ရထားပြေးဆွဲနိုင်ဖို့ သုတေသနလုပ်ဆောင်သွားရမယ်လို့ ဘဘဂျီးမှပြောကြားခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့က နေပြည်တော်ရှိ စက်ခေါင်းထုတ်လုပ်ရေးစက်ရုံမှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး နောက်ပိုင်းမှာ မြေအောက်ရထားအထိ တည်ဆောက်နိုင်ဖို့အထိ သုတေသနပြုဆောင်ရွက်ထားဖို့ လိုပါတယ်လို့ ဆိုပါတယ်။

အာဏာရှင်တွေရဲ့ မြို့ပြစီမံကိန်းအကြောင်းကို အောက်ကလင့်မှာဖတ်ရှူ့နိုင်ပါတယ်။
https://www.facebook.com/share/p/1GPCvSyLAn/

Photos from The Straits Times's post 14/05/2026

Singapore MRT circle line နောက်ဆုံးဖွင့်ရန်လက်ကျန် ဘူတာ ၃ ခု ကို July 12 မှာ စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။ July 4 ရက်နေ့မှာတော့ မနက် ၉ ခွဲမှ ည ၉ နာရီအထိ ဘူတာ ၃ခုကို အခမဲ့ပြေးဆွဲပေးမှာဖြစ်ပါတယ်။

04/05/2026

2026 နှစ်ကုန်တွင်စတင်ဖွင့်လှစ်မည့် RTS link ရထားများစတင်စမ်းသပ်

RTS link ဟာ မလေးရှားနိုင်ငံ Johor Bahru မြို့ နှင့် စင်ကာပူနိုင်ငံ Woodland north အရပ်ကို ဆက်သွယ်ပေးထားတဲ့ Mass Rapid Transit အမျိုးအစားရထားဖြစ်ပါတယ်။ စင်ကာပူနိုင်ငံဘက်မှာ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးကော မလေးရှား လူဝင်မှုကြီးကြပ်ရေးကော ပူပေါင်းထားရှိမှာဖြစ်ပါတယ်။ စင်ကာပူဘက်ခြမ်းမှ Thomson East Coast လိုင်း မြေအောက်ဘူတာရုံ‌ Woodland north MRT station နဲ့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။

Photos from Living in Tehran - LiT's post 04/04/2026

၂၀၂၅ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့မှ မြေအောက်ဘူတာရုံ Maryam-e Moghaddas (Holy Mary) Station

Tehran Metro Line 6 မှာရှိတဲ့ ဒီ ဘူတာရုံဟာ အီရန်နိုင်ငံရဲ့ ပထမဆုံး Christian-themed metro station တစ်ခုဖြစ်ပြီး St. Sarkis Armenian Cathedral ဘုရားကျောင်းအနီးတွင်တည်ရှိပါတယ်။ ၂၀၂၅ အောက်တိုဘာလမှာဖွင့်လှစ်ခဲ့ခြင်းပါတယ်။

04/04/2026

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ မြို့တော်ဓာခါမြို့မှ MRT line 6 ရဲ့ Karwan Bazar Metro ဘူတာရုံနှင့် မြို့လယ်အချက်အချာနေရာကို ဝေဟင်မှမြင်ရပုံ

Photos from Bangkok Nest's post 28/03/2026
Photos from RtiMyanmar's post 15/10/2025
26/09/2025

Singapore တွင် အသစ်တည်ဆောက်နေသည့် JRL Jurong Region Line မိုးပျံရထားလမ်းအတွက် ရထားအသစ်များစတင်ရောက်ရှိ။

Photos from YUMRT's post 25/09/2025

ဘန်ကောက်မြို့ ဆောက်လုပ်ဆဲ မြေအောက်ဘူတာမျက်နှာကျက် ပျက်စီးမှုကြောင့် မြေအောက်ဥမင်လှိုင်ခေါင်းအထိ သဲများဝင်ရောက်ကာ နစ်မြုပ်ပြီး sinkhole ဖြစ်သွားကြောင်း အစိုးရအာဏာပိုင်များမှဖြေရှင်း

ဘန်ကောက်မြို့တွင် ခရမ်းလိုင်း မှ Vajira ဆေးရုံရှေ့ Vajira Mrt ဘူတာအနီး Samsen လမ်းမပေါ်တွင် September 24 ရက်နေ့က မနက် ၇ နာရီခန့်က မြေကျွံ့မှုတခုဖြစ်ပေါ်ခဲ့ပါတယ်။ ၎င်း မြေပြိုမှုကြောင့် ပျက်ဆီးသွားသော လမ်းပိုင်းကို ပြင်ဆင်ရန် Vajira လမ်းဆုံမှ Sanghi လမ်းဆုံအထိ အပြင် အနီးအနားတဝှက်ကိုလည်းခေတ္တ ပိတ်ထားပါတယ်။

ဘန်ကောက်မြို့ တော်ဝန် Chadchart Sittipunt သည် စက်တင်ဘာ ၂၄ ရက်က လမ်းပြိုကျမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဥမင်လိုဏ်ခေါင်းနှင့် ဘူတာရုံကြားလမ်းဆုံရှိ မြေအောက်မြေအောက် မက်ထရိုလိုဏ်ခေါင်းအတွင်း မြေပြိုကျမှုကြောင့် ပြိုကျရခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြထားပါတယ်။

Photos AFP

Photos from YUMRT's post 01/09/2025

DEMU train ရဲ့ toy တွေရပါပြီ 😁

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon