Victory Channel

Victory Channel

Share

Media & Entertainment News Company

10/08/2024

ဒါရိုက်တာ မီးပွားရိုက်ကူးပြီး၊ သရုပ်ဆောင် နေဝင်း၊ အေးချမ်းမောင်၊ ခင်ဝင့်ဝါ၊ ပိုးမမှီသာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မီး ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ၊ ၁၆ ရက်နေ့မှ စတင်ပြီး ရုံတင်ပြသ သွားမှာဖြစ်ပါတယ်။

ဒါရိုက်တာမီးပွားရဲ့ ရိုက်ချက်တွေနဲ့ ပါဝင်ထားတဲ့သရုပ်ဆောင်တွေကို မူလသရုပ်ဆောင်ပုံစံတွေကနေ ကွဲထွက်သွားမယ့် သရုပ်ဖော်ပုံတွေကို မီး ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။


#မီးရုပ်ရှင်ဇာတ်ကားကြီး

27/07/2024

ကိုမျိုးကျော်နဲ့ ၂ ယောက်တည်းရှိတဲ့အချိန်ဆို ကိုကြီးနဲ့ ဘေဘီလို့ခေါ်ကြတယ်။ ကိုကြီးကိုထမင်းချက်ကျွေးပါတယ်...ကြက်ဥကြော်နဲ့။ အခုက အရင်ကထက်တော့ တစ်ဆင့်ပိုတိုးတက်လာပြီ K Pay မှာ တစ်သောင်းတော့ရှိလာပါပြီလို့ပြောပြလာတဲ့ ရတနာမိုင်

Photos from Victory Channel's post 25/07/2024

စန္ဒီမြင့်လွင်၊ ဘန်နီဖြိုး၊ Project K၊ Carrieland တို့နဲ့အတူ Galaxy AI ရဲ့လုပ်ဆောင်ချက်များကိုစမ်းသပ်ကြည့်ရှူ့နိုင်မယ့် Galaxy Experience Space အား ၂ ရက်တိုင်တိုင်ဖွင့်လှစ်ခဲ့
==============================

မကြာသေးမီက အသစ်မိတ်ဆက်ခဲ့သည့် Galaxy Z Series နှင့်အတူ ထွက်ရှိလာသည့် စွမ်းဆောင်ရည်မြင့် Galaxy AI လုပ်ဆောင်ချက်အသစ်များအား Galaxy Z Fold6 | Z Flip6 တို့ပေါ်၌ ကိုယ်တိုင်စမ်းသပ်ခံစားနိုင်စေရန်အတွက် Samsung Myanmar မှ Galaxy Experience Space အား Junction City (Promotion Area) ၌ နှစ်ရက်တိုင်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။


အဆိုပါ Galaxy Experience Space ၌ လူအများစိတ်ဝင်စားသည့် Galaxy AI လုပ်ဆောင်ချက် တစ်ခုချင်းစီအား ကိုယ်တိုင်စမ်းသပ်နိုင်စေရန် Experience Booth များထားရှိပေးထားသည့်အပြင် Social Influencer များဖြစ်သည့် HAK Vlogs, Carrieland, Audrey Wai တို့မှလည်း Galaxy AI လုပ်ဆောင်ချက်ဆိုင်ရာ ဗဟုသုတများ မျှဝေရင်း Galaxy AI ၏ လက်တွေ့ကျ အသုံးဝင်မှုများကို ပရိတ်သတ်များ နှင့်အတူ စမ်းသပ်ပြသခဲ့ကြပါတယ်။

အထူးဖျော်ဖြေရေး အစီအစဥ်အနေနှင့် နာမည်ကျော် အဆိုတော်များ ဖြစ်သည့် စန္ဒီမြင့်လွင်၊ ဘန်နီဖြိုး၊ Project K တို့မှလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

21/05/2024

Samsung ရဲ့ ၉၆ လက်မ AI TV ကအကြီးကြီးပဲ .....

လေးထောင့်ကန်မှာနေတဲ့လူငယ်တွေစုပြီး အိမ်မက်နောက်ကိုလိုက်ကြမယ်ဆိုတဲ့ လေးထောင့်ကန်ပင်လယ်ဓါးပြများအဖွဲ့နဲ့ ခဏတာ

Photos from Victory Channel's post 15/05/2024

အချစ်ခံကြည့် သီချင်းမှာ ဖူးပွင့်သခင်နဲ့အတူ မဖွယ်မရာသရုပ်ဆောင်မှုတွေကြောင့် အဖမ်းခံခဲ့ရတဲ့ ဗညားဘုန်းပြည့်

MRTV-4 မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ဗညားဘုန်းပြည့်ဟာ
ဖူးပွင့်သခင်ရဲ့ အချစ်ခံကြည့်သီချင်း MTV မှာ ပါဝင်သရုပ်ဆောင်ပေးခဲ့ပြီး၊ အဆိုပါ MTV တွင် အကြမ်းစားသရုပ်ဆောင်မှု မဖွယ်မရာသရုပ်ဆောင်ပြမှုတွေ​ကြောင့် ဗညားက လက်ရှိရုံတင်နေတဲ့ တခုတ်တရ ဇာတ်ကားကြီးရဲ့ press Show ကအပြန်မှာတင် ဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်။

အချစ်ခံကြည့် ဆိုတဲ့ သီချင်းမှာ ဖူးပွင့်သခင် နဲ့ ဗညားဘုန်းပြည့်တို့ရဲ့ ကုတင်ပေါ်က အကြမ်းစား ဇာတ်ဝင်ခန်းတွေက ကြည့်ရှု့သူပရိတ်သတ်ကြီးကို အံ့သြသင့်စေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဗညားဘုန်းပြည့် နဲ့ အချစ်ခံကြည့် သီချင်းသီဆိုသူ တေးသံရှင် ရွှေဆု တို့ကဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဖူးပွင့်သခင်ကတော့ သူမရဲ့သီချင်းကြောင့် ဖမ်းဆီးခံထားရတဲ့ ဗညားတို့အပေါ် တာဝန်ယူမှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။

#အချစ်ခံကြည့်
#ဗညားဘုန်းပြည့်
#ဖူးပွင့်သခင်

Photos from Victory Channel's post 04/02/2024

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော် MICC (1) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်မှာတော့ ရုပ်ရှင်ထူးချွန်ဆု စုစုပေါင်း ၉ ဆုနဲ့ ရုပ်ရှင်တစ်သက်တာဆု ၃ ဆုနဲ့ အကောင်းဆုံးဝတ်စားဆင်မှုဆု ၄ ဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အကောင်းဆုံးဓါတ်ပုံဆုကို ဒါရိုက်တာဝင်းလွင်ထက်၊ အကောင်းဆုံးတေးဂီတဆုကို ကောင်းဆက်ပိုင်(ဂီတမြို့)တို့က ကံကောင်းရုပ်ရှင်ကားနဲ့ ရရှိခဲ့ကြပြီး၊အကောင်းဆုံးဇာတ်ကားဆုကိုလည်း ကံကောင်းရုပ်ရှင်ကားကပဲ ရရှိခဲ့တာပါ။

အကောင်းဆုံးဇာတ်ညွှန်းဆုကို The Teacher ဇာတ်ကားနဲ့ ဒါရိုက်တာညိုမင်းလွင်ကရရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်သမိုင်းမှာ သရဲတစ္ဆေကားနဲ့ ပထမဆုံးဇာတ်ညွှန်းဆု ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဆက်လက်ပြီး ရုပ်ရှင်တစ်သက်တာဆုကို​တော့ ဒါရိုက်တာ စည်သူဦး​​အောင်မြင့်မြတ်၊ စည်သူ​ဒေါ်နွဲ့နွဲ့စန်း၊ ဒါရိုက်တာ အလင်္ကာ​ကျော်စွာ ပန်းချီစိုးမိုးတို့က အသီးသီးရရှိခဲ့ကြပါတယ်။

အကောင်းဆုံးဒါရိုက်တာဆုကို စောင်နီလေးတထည် ရုပ်ရှင်ကားနဲ့ တင်အောင်စိုး(ပန်းမြို့တော်)ကရရှိခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို မုန်းခွင့်ရုပ်ရှင်ဇာတ်ကားနဲ့ မေမြင့်မိုရ်၊ အမျိုးသားဇာတ်ပို့ဆုကို အဆိုတော်နေဝင်းက ရည်ရွယ်မိုးရုပ်ရှင်ကားနဲ့ ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ စောင်နီလေးတစ်ထည်ရုပ်ရှင်ကားနဲ့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်ကရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို စိုးမြတ်သူဇာက ဘယ်တော့မှ အရှုံးမပေးဘူးဇာတ်ကားနဲ့ ရရှိသွားခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ စိုးမြတ်သူဇာက ၃ ဆုမြောက်အကယ်ဒမီကို ၂၅ နှစ်ကြာခဲ့ပြီးမှ ပြန်လည်ရရှိခဲ့တာဖြစ်ပြီး ရန်အောင်ကတော့ ၇ ဆုမြောက်အကယ်ဒမီကို ၁၇ နှစ်ကြာမှ ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကောင်းဆုံးဝတ်စားဆင်ယင်မှုဆု (၄) ဆုကိုတော့ ခန့်စည်သူ၊ ဟင်နရီစံ၊ ခင်သီတာထွန်း၊ အိချောပိုတို့ကရအသီးသီးရရှိခဲ့ကြပါတယ်။

#အကယ်ဒမီ
#မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ

30/01/2024

ဇာတ်ကားက ဝတ္ထုကိုပုံဖော်အသက်သွင်းထားတာပေမယ့် ရုပ်လုံးပေါ်တယ်လို့ခံစားရတယ်ဒီလိုဇာတ်ကားမျိုးကိုနောက်ထပ် ထပ်ရိုက်ဖို့ဆိုတာတောင်လွယ်ပါ့မလားမသိဘူး........ ဝတ်မှုံရွှေရည်

#ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်

30/01/2024

ဇာတ်ကားက ဝတ္ထုကိုပုံဖော်အသက်သွင်းထားတာပေမယ့် ရုပ်လုံးပေါ်တယ်လို့ခံစားရတယ်ဒီလိုဇာတ်ကားမျိုးကိုနောက်ထပ် ထပ်ရိုက်ဖို့ဆိုတာတောင်လွယ်ပါ့မလားမသိဘူး........ ဝတ်မှုံရွှေရည်


#ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်

26/01/2024

ပိုးတို့ ၃ ယောက်လုံးက Samsung ရဲ့ Team Galaxy တွေဆိုတော့ စင်ပေါ်မှာကဖို့အကတိုက်ပြီဆိုရင် ပန်းရောင်တစ်ယောက်ပဲကတက်တော့ သူ့ဆီကနေ ၂ ယောက်လုံးကပြန်သင်ရတယ်။ အမြဲအတူတူဆိုတော့အမှတ်တရတွေလည်းများပါတယ်.....မေတိုးခိုင်၊ ပန်းရောင်ချယ်၊ ပိုးမမှီသာ

17/01/2024

ဝိုင်းစုဖောက်ပြန်ခံလိုက်ရတာကိုဘာလို့ထုတ်မပြောလဲဆိုတော့ သူသွားပတ်သက်လိုက်တဲ့ တစ်ဖက်လူရဲ့ ယောင်္ကျားနဲ့ကလေးကိုသွားပြီးထိခိုက်မှာဆိုးလို့ .....ဝိုင်းစုခိုင်သိန်း


#အမှတ်တမဲ့မှအမှတ်တရဆီသို့

13/01/2024

မမိုးနဲ့က အခုမှ ပထမဆုံးပါ။ အခုလိုအင်တာဗျူးအတူတူဖြေနေရတာကိုလည်းရင်ခုန်လို့ချွေးတောင်ပြန်နေပါပြီ။ မမိုးက ကျွန်တော်လိုချင်တဲ့မိန်းကလေးပုံစံ၊ ကျွန်တော့်ရဲ့ Type ပါပဲ.....ထက်အောင်ရှိုင်း

Photos from Victory Channel's post 09/01/2024

မြန်မာသံဂန္တ၀င်အဆိုတော်ကြီး မာမာအေး ကွယ်လွန်

နိုင်ငံကျော် မြန်မာသံဂန္တဝင်အဆိုတော်ကြီး မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ တွင် ၉၆ ပါးသော ရောဂါဖြစ် ကွယ်လွန် သွားပြီဖြစ်တယ်လို့သိရပါတယ်။ မိသားစုဝင်များ ပရိသတ်များနဲ့ထပ်တူ၀မ်းနည်းကြောင်း Victory Channel မှဖော်ပြအပ်ပါသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00