Easy Drive Driving School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Easy Drive Driving School, Driving school, Under Mingalardone Road, Yangon.
သင်မောင်းအများအတွက် ရည်ရွယ်ကာ ဖော်ပြပေးလိုက်ပါတယ်..
လုံခြုံစိတ်ချဘေးကင်းစေရန် ယာဉ်မောင်းသူများ သိထားလိုက်နာသင့်သည့်
အချက်များ...
ယာဉ်အား မောင်းထွက်တော့မယ်ဆိုပါက
၁။ ကြည့်မှန်အားလုံးနှင့် ယာဉ်မောင်းသူထိုင်ခုံအနေအထားကို ချိန်ပါ။
၂။ ထိုင်ခုံခါးပတ် ပတ်ပါ။
၃။ ယာဉ်အား ထိန်းချုပ်သည့် စက်ခလုပ်များ ဘယ်မှာညွှန်းသည်ကို သိမှတ်ပါ။
===========================
ယာဉ်အား ရှေ့သို့ မောင်းထွက်မယ်ဆိုပါက
၁။ အချက်ပြမီးဖွင့်ပါ။
၂။ ယာဉ်အားမောင်းမထွက်မီ ကြည့်မှန်အားလုံးနှင့် ဘယ်ညာပခုံးပေါ်မှ
ကျော်၍ ကြည့်ပါ။
၃။ လက်ကိုင်ဘီးကို လက်နှစ်ဘက်လုံးဖြင့် ကိုင်တွယ် မောင်းနှင်ပါ။
============================
ယာဉ်အား ရပ်တန့်မယ်ဆိုပါက
၁။ ယာဉ်လမ်းကြောင်း ယာဉ်အသွားအလာရှင်းမရှင်း စစ်ဆေးပါ။
၂။ လူကူးမျဉ်း၏နောက်(သို့)ရပ်မျဉ်းနောက်တွင် ယာဉ်အားရပ်ပါ။
၃။ တစ်ချိန်တည်းမှာ လီဗာကို အသုံးမပြုပဲ ယာဉ်အားရပ်ပါ။
==========================
ယာဉ်အား ချိုးကွေ့မယ်ဆိုပါက
၁။ ချိုးကွေ့ဖို့ရာ အရှိန်လျှော့ပါ။
၂။ မိမိအသုံးပြုမောင်းနှင်သည့် ယာဉ်ကြောမှ စတင်ချိုးကွေ့ခြင်း အဆုံးသတ်ခြင်းပြုပါ။
၃။ လိုအပ်ပါက လမ်းမှန်သူအား ဦးစားပေးလွှတ်ပါ။ဆိုလိုသည်မှာ လမ်းလေးခွဆုံတွင် လက်ယာဘက်မှလာသောလမ်းမှ ယာဉ်အား ဦးစားပေးပါ။Yလမ်းဆုံတွင် လက်ဝဲဘက် လမ်းမကြီးမှလာသော ယာဉ်အား ဦးစားပေးပါ။Tလမ်းဆုံနှင့်လမ်းသွယ်များတွင် လမ်းမကြီးပေါ် သွားနေသည့် ယာဉ်အား ရပ်စောင့်ပြီး ဦးစားပေးပါ။အဝိုင်းပတ်တွင် အဝိုင်းပတ်နေသော ယာဉ်အား ဦးစားပေးကာ မိမိဘယ်ဘက် အတွင်းဘက်မှပတ်သော ယာဉ်အား ဦးစားပေးပါ။
၄။ လုံခြုံစိတ်ချဘေးကင်းလျင် မိမိကလမ်းမှန်ကြောင်း လက်ခံယူပါ။
၅။ ဘေးအန္တရာယ်ကိုကြည့်၍ မောင်းနှင်ပါ။
==========================
ယာဉ်အား နောက်ဆုတ်မယ်ဆိုပါက
၁။ ကြည့်မှန်အားလုံးကို စစ်ဆေးပါ။
၂။ အတတ်နိုင်ဆုံး ဘယ်ညာပခုံးပ်ါမှကျော်ကာကြည့်ပါ။
===========================
ယာဉ်ကြောကူးပြောင်းမယ်ဆိုပါက
၁။ အချက်ပြမီးဖွင့်ပါ။
၂။ ကြည့်မှန်အားလုံးစစ်ဆေးပါ။
၃။ မျက်ကွယ်ရာနေရာကို ပခုံးပေါ်မှ ကျော်၍ကြည့်ပါ။
၄။ လုံခြုံစိတ်ချဘေးကင်းစွာ ယာဉ်ကြောကူးပြောင်းကာ အချက်ပြမီးပြန်ပိတ်၍
မောင်းနှင်သင့်ပါတယ်။
Ref; Dr Thein Hlaing
22/04/2022
Click here to claim your Sponsored Listing.
Category
Website
Address
Under Mingalardone Road
Yangon