FM Bagan

FM Bagan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FM Bagan, No. C-6, First Floor, Mindahma Housing, Yangon.

"သင့်လုပ်ငန်းအောင်မြင်လူသိများဖို့ FM Bagan မှာ ကြော်ငြာပါ"

ကြော်ငြာများထည့်သွင်းလိုပါက ဖုန်းနံပတ် 09 42009 2727 သို့ နံနက်(9)နာရီမှ ညနေ(5)နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ရန်ကုန်တိုင်း - 89.9 MHz
မန္တလေးတိုင်း - 93.4MHz, 88.3 MHz
နေပြည်တော်(ပျဉ်းမနား) - 93.7 MHz
မကွေးတိုင်း၊မင်းဘူး - 89.8 MHz
မကွေးတိုင်း၊ ဂန့်ဂေါ - 89.2 MHz
စစ်ကိုင်းတိုင်း - 93.4 MHz
ချင်းပြည်နယ်၊ ဟားခါးမြို့ - 89.8 MHz
ချင်းပြည်နယ်၊ ကလေးမြို့ - 89.2 MHz
တောင်ကြီး - 93.7 MHz
ပုသိမ် - 94.9 MHz
မော်လမြိုင် - 93.7 MHz
ပြည် - 94.9 MHz
မြိတ် - 94.6 MHz


ရန်ကုန်ရုံးချုပ်
• အမှတ် (A-2) ၊ မင်းဓမ္မအိမ်ရာ၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
• Hotline - 09-790773144
• Marketing - 09-790772445
• Song Request -09-454514198

• E-Mail - [email protected]
မန္တလေးရုံးခွဲ
• အင်းဝဟိုတယ်၊ (၆၅) လမ်း၊ (၂၃ x ၂၄) လမ်းကြား၊ မန္တလေးမြို့။
• Tel No - 02-61476, 09 402736478
• Fax No - 02-61476

18/09/2026

"မင်္ဂလာပါ" FM Bagan သောတရှင်တို့...

သာယာပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေ။

ဒါကတော့ စက်တင်ဘာလ (၁၉)ရက် စနေနေ့မှာ ထုတ်လွှင့်မယ့် FM Bagan ရဲ့ တစ်နေ့တာ အစီအစဉ်များပဲ ဖြစ်ပါတယ်။

“ပညာနယ်နိမိတ် ဂီတရိပ်တို့နဲ့ ယဉ်ကျေးမှုတို့ ထုတ်လွှင့်ရာ FM ပုဂံပါ”

FM Bagan နားဆင်သူ သောတရှင်အပေါင်း ကိုယ်လည်း ကျန်းမာလို့ စိတ်လည်းချမ်းသာပါစေ။

FM Bagan ထုတ်လွှင့်နေတဲ့ တိုင်းနှင့်ပြည်နယ်များ၊ ဖမ်းယူနိုင်တဲ့ ရေဒီယိုလိုင်းများ ...

• ရန်ကုန်တိုင်းဒေသကြီး - (89.9 MHz)

• မန္တလေးတိုင်းဒေသကြီး - (93.4 MHz)(88.3 MHz)

• စစ်ကိုင်းတိုင်းဒေသကြီး - (93.4 MHz)

• မကွေးတိုင်းဒေသကြီး - (89.8 M 89.2 MHz)

• ဧရာဝတီတိုင်းဒေသကြီး - (94.9 MHz)

• နေပြည်တော် - (93.7 MHz)

• ချင်းပြည်နယ် - (89.8 MHz)(89.2 MHz)

• ရှမ်းပြည်နယ် - (93.4 MHz)

• တနင်္သာရီတိုင်း - (94.6 MHz)

• မွန်ပြည်နယ် - (93.7 MHz)

• ပဲခူးတိုင်းဒေသကြီး - (94.9 MHz)

Telegram Channel Link
https://t.me/FMBaganRadio

18/09/2026

“နေ့တစ်နေ့ရဲ့ ပင်ပန်းမှုတွေကို ခဏလောက်ထားပြီး …

ညရဲ့ အေးချမ်းတဲ့အချိန်လေးမှာ …

သီချင်းနူးနူးညံ့ညံ့လေးတွေ နားထောင်ရအောင် …

ဒီအစီအစဉ်ကတော့ …

FM Bagan ရဲ့ Moonlight Melody ပါခင်ဗျာ …”

18/09/2026

"Movie & Songs Show"

🕖 7:00 PM to 7:30 PM 🕢

နိုင်ငံတကာက နာမည်ကြီး ဇာတ်ကားကောင်းတွေကို ခံစား ရင်ခုန်ထားပါတယ်။

ထုံးစံအတိုင်း သုတရသ တွေကို သီချင်းတွေနဲ့ အတူ နားဆင်ရမယ်။

အစီအစဉ် တင်ဆက်မယ့်သူက "သန့်ဇင်"

ထုတ်လွှင့်မယ့် အချိန်တွေက အပတ်စဉ် သောကြာနဲ့ တနင်္လာနေ့ည (၇)နာရီ

အားပေး နားဆင်ကြပါဦး။

နားသောတဆင်သူ တစ်ယောက်စီတိုင်း

ကိုယ်လည်းကျန်းမာ စိတ်လည်း ချမ်းသာပါစေ။

https://t.me/fmbagan

18/09/2026

“သံစဉ်များရဲ့ နားခိုရာ”

တစ်ခါတလေ …… နားထောင်မိတဲ့ အသံလေးတစ်သံက

ကိုယ့်ဘဝကို ပြန်ကြည့်မိစေတတ်တယ်။

ဒီအစီအစဉ်က ...

သီချင်းတွေပဲ ဖွင့်ပေးမယ့် အစီအစဉ်မဟုတ်ပါဘူး။

စိတ်အာဟာရတွေအကြောင်း နားဆင်ရင်း…

နှလုံးသားထဲမှာ တစ်ခုခု ကျန်ခဲ့စေချင်တာပါ။

“နားထောင်ရင်း နားခို… နားခိုရင်း ကိုယ့်ကိုယ်ကို ပြန်တွေ့ပါ”

ဒီနေ့… ဘယ်အကြောင်းအရာကို ပြောကြမလဲဆိုတာထက်

ဒီနေ့ပြောမယ့်အကြောင်းအရာထဲမှာ

ကိုယ့်ကိုယ်ကို ဘယ်လောက်များများ ပြန်တွေ့မလဲ…

အဲဒါကို အတူတူရှာကြည့်ကြရအောင်။

အပတ်စဉ် (သောကြာ၊ စနေ) နေ့တွေမှာ

FM Bagan သောတရှင်တို့နဲ့အတူ “ခိုင်” ရှိနေပါပြီနော် ….

18/09/2026

🕠 4:30 PM to 6:30 PM 🕕

မင်္ဂလာပါ သောတရှင်တို့ ...

သာယာ‌ပျော်ရွှင်ဖွယ် ညနေခင်းလေး ဖြစ်ပါစေလို့ "မွန်" က နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဒီညနေခင်းလေးရဲ့ Bagan Evening ကို တိုက်ရိုက် (Live) တင်ဆက်မယ့်သူကတော့ "မွန်" ပါရှင်။

"မွန်" က Bagan Evening (Live) အစီအစဉ်ကို အပတ်စဉ် (ဗုဒ္ဓဟူးနေ့ နဲ့ သောကြာနေ့) တွေမှာ တာဝန်ယူ တင်ဆက်မှာ ဖြစ်ပါတယ်ရှင်။

"မွန်" တင်ဆက်မယ့် အစီအစဉ်မှာ စာမျက်နှာတွေကို ကျော်လွန်ပြီး အတွေးအမြင်အသစ်တွေကို ဖွင့်လှစ်ပေးမယ့် "Beyond the Pages" ဆိုတဲ့ ကဏ္ဍလေးပါမယ်။

သောတရှင်တို့ ကြိုက်နှစ်သက်လို့ တောင်းဆိုတဲ့ သီချင်းတွေကို ရွေးချယ်ဖွင့်ပေးမယ့် "Song Request" အစီအစဉ်လည်းပါမယ်။

ဒါကြောင့် ဒီပို့စ်အောက်မှာ နားဆင်လိုတဲ့ သီချင်းတွေကို တောင်းထားလို့ ရပါတယ်ရှင်။ ဘယ်သူ့အတွက် ရည်ရွယ် တောင်းဆိုတယ်ဆိုတာလည်း ရေးပေးလို့ ရပါတယ်။ "မွန်" က ဖတ်ပြပေးပါမယ်။

FM Bagan နားဆင်သူ သောတရှင် တစ်ယောက်စီတိုင်း ကိုယ်လည်း ကျန်းမာလို့ စိတ်လည်း ချမ်းသာကြပါစေ။





Telegram Channel Link
https://t.me/fmbagan

18/09/2026

🕓 4:00 PM to 4:30 PM 🕟

နေ့စဉ် ညနေ (၄)နာရီတိုင်း တင်ဆက်နေတဲ့

FM Bagan ရဲ့ "Today Feeling"

ဒီနေ့ကတော့ FM Bagan သောတရှင်များ ဖြစ်ကြတဲ့ ...

“Kyaw Tun Naing”တောင်းဆိုထားတဲ့ ”မချစ်နဲ့တော့”

“Hsu Ya Min Thu”တောင်းဆိုထားတဲ့ “ နင်ရှိမှပြည့်စုံမှာ“

“ Wathan Moe Sat ”တောင်းဆိုထားတဲ့ “လိပ်ပြာ”

“ Phyu Sutt” တောင်းဆိုထားတဲ့"တောင်ယာဝင်ချိန်”

“ Win Htet Zaw”တောင်းဆိုထားတဲ့” ၁၆ နှစ်တစ်ရက်လျော့”

“ Daw Aye Thein” တောင်းဆိုထားတဲ့ “လေညာအရပ်ကအချစ်”

သီချင်းများကို

တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

အစီအစဉ် တင်ဆက်သူက "ဝေယံဖြိုး"

သောတရှင်တွေက သီချင်းလေးတွေ တောင်းထားလို့ ရပါတယ်။

အလျဉ်းသင့်သလို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

FM Bagan သောတရှင် တစ်ယောက်စီတိုင်း

ကိုယ်လည်းကျန်းမာ စိတ်လည်းချမ်းသာပါစေ။

Telegram Channel Link
https://t.me/fmbagan

18/09/2026

"မင်္ဂလာပါ" အမျိုးတို ...

FM Bagan ရဲ့ Bagan Tea Break (Live)

Daily (2:30 PM to 4:00 PM)

ဒီအစီအစဉ်ကနေ သုတ၊ ရသတွေကို တင်ဆက်မှာ ဖြစ်သလို ဗဟုသုတ ဉာဏ်စမ်းတွေလည်း အခါအားလျော်စွာ တင်ဆက်ပါမယ်။

အစီအစဉ်ကို တာဝန်ယူ တင်ဆက်မယ့်သူကတော့ "သက်ထွေးအောင်" ဖြစ်ပါတယ်။

ရင်းနှီးနွေးထွေးမှုကို ဖော်ပြတဲ့ မှတ်ချက်လေးတွေအပြင် ဝေဖန် အကြံပြုတဲ့ မှတ်ချက်လေးတွေလည်း ရေးပေးလို ရပါတယ်။

ဒါတွေကို ကျေးဇူးတင်စွာနဲ့ "သက်ထွေး" က ဖတ်ပြမှာပါ။

FM Bagan အားပေးနားဆင်သူ တစ်ယောက်စီတိုင်း ကိုယ်လည်းကျန်းမာ စိတ်လည်း ချမ်းသာပါစေ။





https://t.me/fmbagan

18/09/2026

🕑Today Bagan Special Hits 🕝

မင်္ဂလာပါ သောတရှင်တို့

ဒါကတော့ FM Bagan ရဲ့ Today Bagan Special Hits အစီအစဉ်ပဲ ဖြစ်ပါတယ်။

သိမှတ်ဖွယ် "သုတရသ"တွေနဲ့ နှလုံးသား အာဟာရ "ဂီတ"ကို ပေါင်းစပ် ဖန်တီးထားပါတယ်။

ဒီအစီအစဉ်ကို အပတ်စဉ် သောကြော၊ စနေ၊ တနင်္ဂနွေ နေ့တွေမှာ တင်ဆက်နေတာ ဖြစ်ပြီး တာဝန်ယူ တင်ဆက်သူကတော့ "သန့်ဇင်" ဖြစ်ပါတယ်။

အားလုံးအတွက် FM Bagan ပါ။

အားပေးနားဆင်သူ သောတရှင် တစ်ယောက်စီတိုင်း ကိုယ်လည်း ကျန်းမာလို့ စိတ်လည်း ချမ်းသာပါစေ။

18/09/2026

မင်္ဂလာပါ FM Bagan သောတရှင်တို့....

မကြာမီ FM Bagan ရေဒီယိုရဲ့ Midday Bagan အစီအစဉ်ကို တိုက်ရိုက် (Live) တင်ဆက်ပေးမယ့်သူကတော့ "တီလေး" ဖြစ်ပါတယ်။

အစီအစဉ်ကနေ...
"တီလေး"စိတ်ကြိုက်‌ ရွေးချယ်ထားတဲ့သီချင်းလေးတွေကို ဖွင့်ပြရင်း နဲ့ "သောင်းပြောင်းထွေလာ ပျော်စရာ"ကဏ္ဍကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်ကနေ ...
မွေးနေ့ မင်္ဂလာဆုတောင်းများ နဲ့ မင်္ဂလာနှစ်ပတ်လည် ဆုမွန်ကောင်းများကို ထုတ်လွှင့်ပေးမှာ ဖြစ်တယ်။ ဒါကြောင့် မွေးနေ့နဲ့ အမှတ်တရ နေ့ရက်များအတွက် ဆုမွန်ကောင်း တောင်းလိုသူများ ဆုတောင်းစကားများနဲ့အတူ သီချင်းလက်ဆောင် တောင်းနိုင်ပါတယ်။

ဒါ့အပြင် ...
အနယ်နယ်အရပ်ရပ်က ‌သီချင်းချစ်သူ သောတရှင်များ နားဆင်လိုတဲ့ သီချင်းတွေနဲ့ မိမိချစ်ခင်ရသူများအတွက် ရည်ရွယ်တောင်းဆိုတဲ့ သီချင်းများကို ဖွင့်ပြပေးမှာ ဖြစ်လို့ ဒီပို့စ်အောက်မှာ မိမိတို့စိတ်ကြိုက် သီချင်းတွေကို ရွေးချယ်တောင်းဆိုနိုင်ပါတယ်။

တီလေးရဲ့ Live အစီအစဉ်တွေကို အပတ်စဉ် တနင်္လာ၊အင်္ဂါနဲ့ သောကြာနေ့ များမှာ တင်ဆက်ပေး‌မှာပဲ ဖြစ်ပြီး စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ Live(Program )ကို ထုတ်လွှင့်ပေးမှာပဲဖြစ်ပါတယ်။

Midday Bagan အစီအစဉ်ကို 11:00မှ 1:00အထိ စောင့်မျှော်နားဆင် အားပေးနိုင်ပါတယ်။

18/09/2026

"Morning Vibes (Live)" 🕤 9:30 AM to 10:30 AM 🕥

မင်္ဂလာ နံနက်ခင်းလေးပါရှင်။

FM Bagan ရဲ့ Morning Vibes တိုက်ရိုက် (Live) တင်ဆက်မှုပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကနေ နံနက်ခင်းနဲ့ လိုက်ဖက်တဲ့ သီချင်းလေးတွေ ဖွင့်ပေးမယ်။ စိတ်ကို လန်းဆန်းစေမယ့် သီချင်းကောင်းတွေ၊ စိတ်ချမ်းသာစေမယ့် Vibes လေးတွေကို တစ်နာရီလုံး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

နံနက်ခင်း ကော်ဖီတစ်ခွက်နဲ့အတူ FM Bagn ရဲ့ Morning Vibes ရှိနေပါပြီ။

အစီအစဉ်ကို တာဝန်ယူ တင်ဆက်မှာကတော့ ကျွန်မ "ဟန်နီ" ပါ။

ဒီ Morning Vibes တိုက်ရိုက် (Live) တင်ဆက်မှုကို အပတ်စဉ် (တနင်္လာ၊သောကြာ နဲ့ တနင်္ဂနွေနေ့) နံနက် (9:30 to 10:30) အချိန်တွေမှာ နားဆင်နိုင်ပါပြီရှင်။

နားဆင်သူ သောတရှင် တစ်ယောက်စီတိုင်း ကိုယ်လည်း ကျန်းမာလို့ စိတ်လည်း ချမ်းသာပါစေရှင့်။





Telegram Channel Link
https://t.me/fmbagan

Telephone

Address


No. C-6, First Floor, Mindahma Housing
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 19:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when FM Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.