Life For Arsenal
If u r die hard fan of Arsenal, u can enjoy..
ဘော်ဒါတို့ အားလုံးကို ကျနော်ရဲ့ Life for Arsenal Paget ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်..ကျနော်ဒီကြားထဲမှာ လူရောစိတ်ပါ ရှုပ်ထွေးနေလို့ ဒီpageလေးကိုမrunနိုင်ဖြစ်ခဲ့ပါတယ်..ခု 2024 မှာတော့ ဒီpageလေးကိုသေချာပြန်runပါမယ်..ဒါကြောင့် Arsenal နဲ့ပတ်သတ်တယ့်သတင်းတွေ analysis တွေ ပွဲကြိုပွဲပြီးခံစားချက်တွေ အမြင်တွေကို Arsenal အားပေူသူတွေရော တခြားဘောလုံးဝါသနာရှင်တွေ ပါ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်..
ခု videoမှာတော့ ကျနော်ဒီနှစ် အာဆင်နယ်အပေါ်အမြင် အထူးသဖြင့် အာဆင်နယ်ကိုတခြာယသူတွေပြောနေတယ့် အစဉ်အလာလိုဖြစ်နေတယ့် ဒီဇင်ဘာကျိန်စာဆိုးနဲ့ပတ်သတ်ပြီးရော ဒီရာသီအကုန်မှာအာဆင်နယ်အပေါ် ကျနော်မျှော်မှန်းထားတယ့် ကျနော့် opinion လေးကိုပြောထားပါတယ်..အမြင်တူတယ့်သူတွေ အမြင်မတူတယ့်သူတွေလည်း comment boxမှာ၀င်ရောက်ဆွေးနွေးပေးကျပါလို့..
Life For Arsenal ကနေ ဘော်ဒါတို့အားလုံးကို မင်္လာပါလို့ပြန်လည်နှုတ်ဆက် ကြိုဆိုရင်း နှစ်သစ်မှာမိမိရဲ့ဆန္ဒတွေပြည့်၀အောင် အကောင်အထည်ဖော်နိုင်ကျပါစေလို့ တောင်းဆုပြုရင်း...
23/12/2023
ကျနော်ဒီpageလေးကို personal ကိစ္စတွေနဲ့ ရှုပ်နေလို့ ပစ်ထားတာကြာပါပြီ..ခု ဒီနေ့ လီဗာပူးလ်နဲ့ အန်ဖီးလ်ကွင်းမှာကန်မယ့်ပွဲကစပြီးတော့ ဒီpageလေးကို သေချာပြန် runပါတော့မယ်..အာဆင်တယ်ကိုချစ်မြတ်နိုတယ့် ဘော်ဒါရောင်းရင်းတို့လည်း အာဆင်နယ်နဲ့ပတ်သတ်ပြီးတော့ ဘောလုံးနဲ့သက်ဆိုင်တယ့် အကြောင်းအရာတွေ တင်ဆက်တာတွေကိုသိချင်ရင် ဒီpageလေးကို အမြဲစောင့်ကြည့်ပေးပါဦး...
(ဓာတ်ပုံလေးကတော့ ၂၁ရက်နေ့ကမှ ၂နှစ်ပြည့်သွားတယ့် ကျနော့်သားလေး အာဆင်နယ်ဂျာစီနဲ့ပုံလေးကို သူ့မွေးနေ့လက်ဆောင်အဖြစ် လီဗာပူးလ်ပွဲရလဒ်ကောင်းလေးရပါစေဆိုတယ့် ဆုတောင်းနဲ့အတူတင်ပေးလိုက်တာပါ..)
ကျနော်ဒီကြားထဲမှာ ကိုယ်ရေးကိုယ်တာကိစ္စရော မိသားစုကိစ္စပါ မအားတာကြောင့် international အပတ်မှာ break လိုက်ပါတယ်...ခုလည်း ချဲလ်ဆီးနဲ့ပွဲကို preview မတင်လိုက်နိုင်(အလုပ်ရှုပ်)နေပေမယ့် predictionတော့ လုပ်လိုက်ပါမယ်.. အာဆင်နယ်အနိမ့်ဆုံးသရေပါ.. သရေနဲ့အနိုင်ပဲရှိပါတယ်..ပွဲပြီး reviewကျ detailတင်ဆက်ပေးပါမယ်..
အာတီတာဟာ သူမန်စီးတီးကို ဒီလိုကန်နိုင်ဖို့တည်ဆောက်ထားတာပါ..mid blockလုပ်တယ့်အသင်းနဲ့သာတိုင်ပတ်တာ..ဒီလိုပွဲမှာတော့ သူလိုချင်တယ့် ကစားပုံကွက်တိပါပဲ...သာသာယာယာနဲ့ နိုင်ငံတကာ breakကို ဖြတ်သန်းနိုင်ပါပြီ..
08/10/2023
ကဲ ဒီနေ့ည 8.10.2023 ည ဆယ်နာရီမှာ ကန်မယ့် အာဆင်နယ် နဲ့မန်စီးတီးပွဲအတွက် ခန့်မှန်းဆုကြေးငွေ ချီးမြှင့်မယ့် အစီအစဉ်ပါ..(ဒီpage အတွက် ပထမဆုံးပေါ့)
နောက်ဆိုဒီထက် ပိုချီးမြှင့်ဖို့ရှိပါတယ်..
ပထမဆုံးလုပ်ရမှာ ဒီpage ကို like & follow လုပ်ထားရပါမယ်...
ပြီးတော့ ခု post ကိုလည်း public နဲ့ မိမိ wall မှာဖြစ်ဖြစ် footballနဲ့ဆိုင်တယ့် group မှာဖြစ်ဖြစ် shareပေးရပါမယ်..ခုpost ကိုလည်း likeလုပ်ရပါမယ်..(like, love or care reactionသာ..ကျန်တယ့်reaction မရပါ)
အဲ့လို shareထားတာကို ss ရိုက်ပြီး commentမှာဖြေဆိုပေးရပါမယ်..
ဖြေဆိုရမှာက
1)ပထမပိုင်းပြီး ရလဒ်(ဥပမာ အာဆင်နယ် 0-0 မန်စီးတီး)
2)ပွဲပြီးရလဒ် (ဥပမာ အာဆင်နယ် 1-1 မန်စီးတီး)
3) နောက်ဆုံးဂိုးသွင်းသူ (အသင်းနာမည်ပါ အပါ)
(ဥပမာ ဟာလန်း မန်စီးတီး..)ဂိုးမရှိသရေကျပါက သွင်းသူမရှိဟုရေးပေးပါရန်.. O.Gဖြစ်လျှင်လည်း O.Gသွင်းသူရဲ့အသင်းပါထည့်ရေးပါ..(ဥပမာ O.G Diaz မန်စီးတီး)
အထက်ပါမေးခွန်းတွေကို ssနဲ့ တကွ ဖြေဆိုရမှာပါ..(page ကို like & follow လုပ်ထားသူ ဖြစ်မှရပါမယ်)
အထက်ပါ စည်းကမ်းချက်များကိုက်ညီသူတွေကို ဖုန်းဘေလ် တစ်သောင်း or Wave/K pay 10000စီချီးမြှင့်သွားပါမယ်..
အဖြေမှန်သူ သုံးဦးထက်ပိုပါက ပထမဆုံးဖြေဆိုသူ သုံးဦးသာ ချီးမြှင့်သွားမှာပါ.. ဖြေဆိုချိန်ကို ညကိုးနာရီနောက်ဆုံးထားပြီးဖြေဆိုရမှာဖြစ်ပြီး အဲ့အချိန်နောက်ပိုင်းဖြေဆိုတာကို လက်မခံပါ..edit လုပ်ထားသောအဖြေများလည်းလက်မခံပါ..
accountတစ်ခုကို အဖြေတစ်ခုသာဖြေဆိုရမှာဖြစ်ပြီး နောက်ဆုံးအဆုံးအဖြတ်ကို(စည်းကမ်းနဲ့ကိုက်ညီမှုရှိမရှိ) page အဆုံးအဖြတ်သာ အတည်ဖြစ်ပါသည်..
ကဲ အားလုံးကံကောင်းကျပါစေ..
ပိုမွန်ကောင်းမွန်တယ့်နေ့ရက်လေးပိုင်ဆိုင်ပါစေလို့ ကျနော့်ရဲ့ Life For Arsenal ကနှုတ်ခွန်းဆက်သလိူက်ပါတယ်..
လန်းစ်နဲ့ ချန်ပီယံလိဂ် အဝေးကွင်း reviewနဲ့ ဒီနေ့ ၈ရက် ၁၀လ ၂၀၂၃မှာကန်မယ့် မန်စီးတီးပွဲ preview..
- double pivotနဲ့ mid block ကန်တယ့်အသင်းကို solutionရှာဖို့ လိုအပ်နေတယ့် အာတီတာ..
- ကွင်းလယ် တိုက်စစ်ကို shut down လုပ်လိုက်ပြီး quick passတွေနဲ့ တိုက်စစ်ဆင်လာရင် လိုအပ်သေးတယ့်နောက်တန်း..
-သေချာတယ့် system နဲ့အဖျက်အတွက် ကစားပုံသေချာရှိဖို့လိုတယ့် high line defense..
-ဘယ်အသင်းနဲ့ဖြစ်ဖြစ် ခြေင်္သ့ လိုစိတ်ဓာတ်နဲ့ကန်ရမယ်..
-versatile ဆိုတိုင်း အရေးရယ်အကြောင်းရယ်အလုပ်ဖြစ်လား??
-EPL title အတွက် ပွဲစဥ်အစောကြီးလိုသေးပေမယ့် အရေးပါတယ့်ပွဲ
-၂၀၁၅ ၁၆ထဲက မနိုင်သေးတယ့်အသင်းနဲ့ အိမ်ကွင်းမှာရင်ဆိုင်ရမယ့်အအခြေအနေ
videoရဲ့commentမှာ စပါးနဲ့ပွဲ လန်းစ်နဲ့ပွဲမှာပေးလိုက်ရတယ့်ပေးဂိုးပုံတွေပါ တင်ပြလိုက်ပါတယ်.. ကိုယ့်ဧရိယာထဲမှာ ကိုယ့်အသင်းက အသင်းသားမျယးနေတာတောင် ဂိုးပေးလိူက်ရတယ်ဆိုတော့(ရှင်းရှင်းပြောရင် တဖက်အသင်းမှာ ဂိုးသွင်းသွားတယ့် ကစားသမားကိုမှလွဲရင် ကျန်တယ့်ကစားသမားပေးဖို့မလွယ်ပါ..အဲ့တာကိုတောင်ဂိုးပေးလိုက်ရသေးတယ်) တဖက်တိုက်စစ်ဆင်လာရင် marking လိုအပ်ချက်ရှိနေသေးတာ မြင်ရပါမယ်..
ဒီနေ့ကို လန်းစ်နဲ့ပွဲကိုပွဲပြီး review analysis သေချာတင်ပေးပါမယ်..စပါးနဲ့ပွဲတုန်းကလို တူညီတယ့်အမှားတွေကိုပြောပြသွားမှာပါ..ကြားထဲမှာစပါးပွဲပါပြန်ကြည့်(ဒီနှစ်ရာသီမှာ အာဆင်နယ် ဒုက္ခတွေ့တယ့်ပွဲဆိုလို့ စပါးနဲ့လန်းစ်ပဲရှိလို့သေချာအောင်ပြန်ကြည့်နေလို့ပါ..ဖူလ်ဟမ်ကသရေသာကျပေမယ့်မထင်မှတ်ထားတယ့် ရလဒ်ပါ..ဟိုနှစ်ပွဲက တကယ်အခက်တွေ့စေတာပါ) တာရယ် ကျနော့်သားလေးနေမကောင်းလို့ရယ် အလုပ်ရှုပ်နေတာရယ်နဲ့မတင်ဖြစ်ပါဘူး..လန်းစ်နဲ့ review video content
နောက်ကျလို့တောင်းပန်ပေမယ့် နောက်ကျမှတင်တာကို ကြည့်ရကျိုးနပ်စေရပါမယ်..ဘာလို့လည်းဆိုတော့ မန်စီးတီးနဲ့ပွဲ previewလုပ်တယ့်အခါလည်း ထည့်ပြောစရာအချက်တွေရှိလို့ပါ..အာတီတာသာအဲ့တာကိုမပြင်နိုင်ရင် စီးတီးနဲ့ပွဲလည်း ထပ်ပြီး အခက်တွေ့နိုင်တယ့်ပွဲ ဖြစ်သွားနိုင်လို့ပါ..(အာတီတာဟာ proactive coachဖြစ်တာကြောင့် ကြိုပြင်ဆင်ထားမှရပါမယ်..သူ့အနေနဲ့ in game plan changeတာမှာ levelတစ်ခုမရောက်သေးလို့ တချို့အချက်တွေကြိုပြင်ထားမှရမှာပါ..သူလည်း စီးတီးနဲ့ပွဲအတွက်ကြိုတင်ပြင်ဆင်ထားနေလောက်ပါပြီ..ပက်ဂွာဒီယိုလာဟာ အင်မတန်ဉာဏ်များတယ့်နည်းပြဖြစ်တာကြောင့် community shield တုန်းကလိုအမှားမျိုးထပ် လုပ်မှာမဟုတ်ပါဘူး)
ခု မန်ယူကြုံနေတယ့် အဖြစ်အပျက်တွေက ဝင်းဂါးရဲ့နောက်ဆုံးပိုင်းကာလတွေ အမ်မရီဒုတိယ ရာသီက အာဆင်နယ်အသင်းကိုမြင်နေရသလိုပဲ... လုံးဝ broken Arsenal ကျိုးကြေမွထနေပြီး အသင်းမှာကန်နေတယ့်ကောင်က ဘာရလဒ်ထွက်ထွက် အချိန်တန်လစာရမယ် ပုံမှန်လည်းကန်နေရမယ် ကျန်တာငါတို့နဲ့မဆိုင်ဆိုတယ့်စောက်ခွက်တွေနဲ့ ကစားသမားတွေဖြစ်နေတယ်..
အဲ့တုန်းက ကိုယ့် postအောက်မှာ တစ်ယောက်က အူဘာမီယန်းဆိုတာ ဘုရားပေးတယ့်အာဆင်နယ်ရဲ့လက်ဆောင်လို့ ပြောတုန်းက ကိုယ့်မှာဒေါကန်လိုက်ရတာ..သူ့အမြင်မှာတော့ အူဘားမီးယန်း ကယ်နေလို့ အာဆင်နယ်ကခံသာတယ်ပေါ့.. အူဘာမီးယန်းကို အဆိုးလို့မပြောလိုပေမယ့် အာဆင်နယ်ကိုရောက်တယ့်အချိန်မှာ အူဘာမီးယန်းက သူ့အကောင်းဆုံးရဲ့နောက်ဆုံးထတောက်ချိန်..မကြာခင်နေဝင်တော့မှာ..ဧရိယာဘယ်ဖက်ထိပ်ကနေ အူဘာမီးယန်းလှမ်းဂိုးကန်တယ့်တပေါက်ပဲရှိတယ် အာဆင်နယ်မှာ..အူဘာမီးယန်းမှာအသင်းကိုခေါင်းဆောင်နိုင်စွမ်းမရှိသလို စောက်ရမ်းကြမ်းထော်တယ့်ခြေစွမ်းမရှိဘူး..အဲ့လိုကစားသမားကို အသင်းခေါင်းဆောင် အသငိးရဲ့အားထားရာ တသင်းသားလုံးက စံပြထားရမယ့်ကစားသမားဆိုပြီး ဖြစ်နေတယ့်အသင်းရဲ့အခြေအနေဘယ်လောက်ဆိုးဝါးလဲ
ဂိုးနေရာမှာဆက်ချ် နောက်တန်းမှာလူးဝစ် ညာအစွန်မှာ ဘယ်လာရင် ဘယ်ဖက်က ကိုလာစီနက် ကွင်းလယ်မှာ ဆီဘယ်လော့စ် ရှေ့တန့်းမှာ အူဘာ လာကာ ပီပီ တို့က အသင်းရဲ့ မရှိမဖြစ် ကစားသမားတဲ့..သူတို့ကတော့ ကြည့်လိုက်ရင်ကြိုးစားတော့ကန်နေတာပဲ.. အကောင်းဆုံးအချိန်ကျော်တာပဲဖြစ်ဖြစ် အရည်အသွေးမမှီတာပဲဖြစ်စေ ကစားသမားတွေကပွဲပြီးရင် တော့ သူတို့နဲ့အရှုံးအနိုင်ကမဆိုင်တော့ဘူး..သူတို့စွမ်းသလောက်လုပ်ပြီးပြီဆိုတယ့်ပုံ..ဘယ်မှာလဲ အသင်းချစ်စိတ်..ဘယ်မှာလဲ ဒီဂျာစီဝတ်ရတာကိုတန်ဖိုးထားတယ့်စိတ်..ဘယ်မှာလဲ အားပေးတယ့်ပရိသတ်ကိုလေးစားရကောင်းမှန်း အသင်းရဲ့ရလဒ်ကပရိသတ်စိတ်ကိုဘယ်လောက်ထိခိုက်စေလဲ ဆိုတယ့်စိတ်..ခုနပြောသလိုပဲ..အစွမ်းရှိသလောက်လုပ်မယ် အချိန်တန်လစာရမယ် ပုံမှန်ကန်ရမယ်..ဖက်ရှင်တွေကျွေးမယ်..ကားအကောင်းကြီးတွေစီးမယ်..အိမ်အကြီးကြီးမှာနေမယ်..အသင်းဘာဖြစ်ဖြစ် ငါနဲ့မဆိုင် ငါ့အထာကျနေဖို့သာဆိုတယ့် ကစားသမားတွေကိုအားကိုးအားထားပြုနေရတာ့်အသင်း..
အဲ့တုန်းက ဘဝမှာတခါမှအဲ့လောက် အာဆင်နယ်ကို စိတ်မပျက်ဖူးဘူး..အာဆင်နယ်ဂျာစီ အာဆင်နယ်ရဲ့ပုံရိပ် အာဆင်နယ်ရဲ့ကစားပုံ ကိုတန်ဖိုးထားပြီး ကစားပေးချင်တယ့်ကစားသမားတွေရော ရှိရဲ့လား??တခြားအသင်းကခေါ်မယ်ဆိုရင်ရော အဲ့လိုအသင်းကိုလာချင်ပါ့မလား??အဲ့တုန်းက လီဗာပူးမှာကန်နေတယ့် မာနေးရဲ့စိတ်ဓာတ်ခြေစွမ်းကိုအားကျ သူ့လို လီဗာပူးလ်ပြောင်းချင်သလိုအာဆင်နယ်ကိုပြောင်းချင်တယ့်ကစားသမားရောရှိပါ့မလား ရင်လေးနေရတယ်..အသင်းက တစ်သင်းလုံးမြေလှန်မှရတော့မယ်..အသင်းရဲ့အကယ်ဒမီထွက်တွေ အရင်တုန်းကဘယ်လိုခြေစွမ်းပြနေတာတွေ ဘာတွေမလိုချင်ဘူး..ခုလက်ရှိစုတ်ပြတ်နေတာကိုမြေလှန်မှရမယ်..နောက် နည်းပြပြောင်းရင်တောင် တစ်သင်းလုံးပြောင်းပစ်ဖို့ကလွယ့်ပါ့မလား??အဲ့နည်းပြကရောသိပါ့မလား??
အသင်းကနောက်ဆယ်နှစ်လောက်တော့သွားပြီ ထင်တာကနေ အာတီတာရောက်လာပြီး trust the processဆိုတာနဲ့တင်လုံလောက်အောင်ယုံကြည်သွားတယ်..ဟုတ်တယ် အသင်းကchange တစ်ခုတင်မဟုတ်ဘူး revolution လုပ်ရမှာ..process အတိုင်း phase အလိုက်သွားရမှာ..အဲ့မှာတင် အူဘာကို စည်းကမ်းပိုင်းကြောင့် အသင်းရဲ့ခေါင်းဆောင်သော ခြေစွမ်းအပြဆုံးသောနားမလည်ဘူး..ကန်ပလိုက်တယ်..အဆင့်၈ ရတယ်..ဒါပေမယ့် အသင်းရဲ့အနာဂတ်ကိုမြင်နေရပြီ..ဒီအသင်းဂျာစီဝတ်ရလို့ ဂုဏ်ယူပြီးပျော်ရွှင်စွာနဲ့ပရိသတ်ကိုလေးစားစွာ ကန်မယ့်ကစားသမားတွေမြင်နေရပြီ..အဲ့တာနဲ့တင် အချိန်တွေ အဆင့်၈တေွ အူဘာမီယန်းတောင် မောင်းထုတ်တာ မင်းတို့ကဘာမို့လို့လဲဆိုတာတွေ လုံလောက်ပြီ..တန်ခဲ့ပြီ...ခု အာဆင်နယ်မှာကန်နေတယ့် ကစားသမားတွေကအကုန်ငယ်ရွယ်သေးသလို ခုချိန်မှာ ရီးရဲလ်,ဘာကာ,ဘိုင်ယန်,မန်စီးတီး တို့လာခေါ်ရင်တောငိဆော်ရီးပဲ လို့ပြောလို့ရတယ့်အထိ အသင်းမှာပျော်နေသလို အသင်းကိုချစ်ခင်စွာနဲ့ ပရိသတ်ကို သမိုင်းတစ်ခုရေးပြမယ်ဆိုပြီးလေးစားတယ့်စိတ်နဲ့ နောက်လေးငါးနှစ်အထိ ပျော်ရွှင်အောင်ထားနိုင်တယ့် အသင်းဖြစ်နေပြီ...မန်ယူ လိုနေတာ changeမဟုတ်ဘူး..revolutionပဲ..ရက်ရှ်ဖို့ဒ်ကနေ စသင့်ရင်လည်းစရမှာပဲ..အူဘာမီယန်းတုန်းကလို အသင်းရဲ့မန်နေဂျာမပြောနဲ့..အသင်းရဲ့အထက်မှာဘယ်သူမှမရှိအောင် လုပ်ပစ်ဖို့လိုတာ...
(အဲ့တုန်းက ဘယ်လောက်ရင်နာခဲ့ရလဲ ကိုယ်တွေအာဆင်နယ်ဖန်တွေသိလို့ ကိုယ်ချင်းစာလို့ပြောတာ)
လန်းစ်ပွဲအပြီး video content ကို 1 p.m နောက်ပိုင်းတင်ပေးပါမယ်..ရှုံးတေ့ကျ အသံမထွက်ဘူးငြိမ်နေတယ် ဘာလာညာညာ အပြောအခံနိုင်လို့ပါ...အသင်းရဲ့အဆိုးရွားဆုံးနှစ်တွေမှာတောင် တောင့်ခံပြီး အသင်းကိုအမြဲ support လုပ်ခဲ့တာပါ..အသင်း ခြေစွမ်းကောင်းတယ့်အခါ လက်ခုပ်တီးသလို ရှုံးတယ့်အခါ လည်း ဝေဖန်ရမယ်..ဒီလို ရှုံးပွဲလောက်နဲ့တော့မပြိုလဲပါဘူး..proud to be gunner everပါ...💪💪💪💪 ဒီပွဲကနေ အာတီတာ သင်ခန်းစာရမယ်ထင်ပါတယ်....
လန်းစ်နဲ့ပွဲကို preview လုပ်ပေးဖို့အတွက် မီးမလာတာကြောင့် ကျနော်ဘယ်လိုမှရိုက်ကူးဖို့အဆင်မပြေဖြစ်လို့ပါ....ပွဲပြီး reviewပဲ လုပ်ပေးပါတော့မယ်...
ဒီပွဲအတွက် ကျနော့်(personal)ဖက်က မျှော်လင့်တာက..
-အဝေးကွင်းဆို ကစားပုံပိုကောင်းတယ့် (အိမ်ရှင်ပရိသတ်အသံတွေအောက်မှာ ပွဲကိုသေချာအာရုံစူးစိုက်မှုပိုကောင်းတာမျိုး) ကျနော်တို့အသင်းရဲ့ နောက်ထပ် ချန်ပီယံလိဂ် clean sheetနဲ့..
-King Kai ရဲ့ another goal or assistကိုတွေ့ချင်ပါတယ်(or) special ခြေစွမ်း (အရေးပါတယ့် moment actionတစ်ခုဖြစ်ဖြစ်)(အာတီတာကလည်း အဲ့တာကိုတော်တော်လိုချင်မှာဖြစ်သလို ကစားသမားကရော ပရိသတ်ကပါဒါကိုလိုချင်မှာပါ..)
ဒီပွဲလည်း ဆက်နိုင်မယ်ယုံကြည်ပါတယ်..
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Life For Arsenal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.