Graphic Design - YLH

Graphic Design - YLH

Share

1.Logo Creation
2.Cover Creation
3.Commercial photos

08/03/2023

Cover Designအပ်ထားတာလေး Completed ✅

Photos from Graphic Design - YLH's post 23/02/2023

ဆွဲပေးဖြစ်တဲ့ Design လေးတွေ✍️

12/12/2022

Speed Mark Logistics page တွက် ဆွဲပေးခဲ့တဲ့
Cover Design လေး✍️

‌Special Thanks 🙏

20/11/2022

Page Cover Design လေးအပ်ပေးလို့ကျေးဇူးပါ
KNL REALESTATE SERVICE ကို ကျေးဇူးတင်ပါတယ်

အသေးစိတ်ဝင်ကြည်ရန်👇
https://www.facebook.com/109802151273077/posts/223949646524993/

10/10/2022

Business Care Design Service အပ်ထားတာလေး✍️

ယုံကြည့်စွာအလုပ်အပ်ပေးကြတဲ့လုပ်ငန်းရှင် Client
တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ

To contact - 09899003315

03/09/2022

Logo✍️
Special thanks for service 🙏

25.8.22

15/06/2022

COLOR
Basic Design Knowledges
(Part -3)

အရောင် အနု-အရင့် ၊ အလင်း - အမှောင် ၊ Tone အမျိုးမျိုး ၊ အရောင်အထွေထွေကို အသုံးချပြီး ဘယ်လို Color Schemes တွေကို ဖန်တီးကြသလည်း။

Color Harmony လို့ခေါ်တဲ့ အခြေခံ ဖော်မြူလာပေါ်မူတည်ပြီး ဖန်တီးနိုင်ပါတယ်။

Color Harmony ဆိုတာ Color wheel ပေါ်မှာ ရှိတဲ့ အရောင်တွေကို စမ်းသပ် ပေါင်းစပ် ဖော်ထုတ်ထားတဲံ အရောင်အတွဲအစပ်တွေပဲဖြစ်ပါတယ်။

အောက်မှာ အသုံးများတဲ့ Color Harmony တွေကို နည်းနည်းလောက်လေ့လာကြည့်ရအောင်ပါ။
Common Types of Color Harmony
1. Monochromatic
2. Analogous
3. Complementary
4. Split-complementary
5. Triadic
6. Tetradic တို့ဖြစ်ပါတယ်။
Monochromatic

Monochromaticဆိုတာက ကာလာ ဟာမိုနီမှာ အလွယ်ဆုံး ကာလာ အတွဲပါ။

မိမိ ဒီဇိုင်းအတွက် ဘယ်အရောင်ကိုသုံးမလည်း ဆိုပြီး အရောင်တစ်ရောင်ကို ‌ရွေးလိုက်ပါ။ ပြီးရင် အဲ့ဒီအရောင်ကိုပဲ Value (Light-Dark) ၊ Saturation (အပြင်း-အ‌ပျော့) စတာတွေ ပေါင်းထည့်ခြင်း ၊ အတိုးအလျော့လုပ်ခြင်းနဲ့ နောက်ထပ်အရောင်တွေ ထပ်မံဖန်တီးပြီး ပေါင်းစပ်အသုံးပြုတာပါ။

Monochromatic ဟာ Colorတခုထဲက ဆင်းသက်လာတဲ့ Color Family လိုက်ပြန်သုံးတာဖြစ်လို့ လိုက်ဖက်ညီဖို့ လွယ်ကူပါတယ်။
Analogous

Analogous ဆိုတာကColor Wheel ပေါ်က မိတ်ဖက်အရောင်များကို တွဲစပ် အသုံးပြုခြင်းဖြစ်ပါတယ်။
နီးစပ်ရာ ဆက်စပ် အရောင်များလည်းဖြစ်ပါတယ်။

ဥပမာ အဝါကို သုံးမယ်ဆိုပါတော့၊ ဒါဆို အဝါနဲ့ မိတ်ဖက် ၊ ဆက်စပ်နေတဲ့ အရောင်တွေဖြစ်တဲ့ အဝါ + စိမ်းဝါ + လိမ္မော်ဝါတို့ကိုတွဲဖက်အသုံးပြုရမှာဖြစ်ပါတယ်။

မိမိရွေးချယ်တဲ့အရောင်နဲ့ ၄င်းဘေးတစ်ဖက်တချက်ကအရောင်တွေတွဲစပ်အသုံးပြုတာပါ။

ဘယ်အရောင် ဘယ်အချိုးသုံးမယ်ဆိုတာက မိမိရွေးချယ်မှုပါ။ ဒါ

ပေမဲ့ ဆန့်ကျင်ဘက်အရောင်တွေ လုံး၀ပါလို့မရပါဘူး။
Complementary

Complementary ဆိုတာက ကာလာစက်ဝိုင်းပေါ်မှာ ရှိတဲ့ အရောင်တစ်ရောင်နဲ့ ၄်ငးနဲ့ ဆန့်ကျင်ဘက် (သို့မဟုတ်) မျက်နှာခြင်းဆိုင်မှာ ရှိတဲ့ အရောင်တစ်ရောင်ကို တွဲစပ်အသုံးပြုတာဖြစ်ပါတယ်။

ဥပမာ အနီ နဲ့ အစိမ်း ၊ အပြာနဲ့ လိမ္မော်တို့ ဟာ Complementary Color တွေဖြစ်ပါတယ်။

Complementary Color တွေကို တွဲစပ်အသုံးပြုမယ်ဆိုရင် ဒီဇိုင်းရဲ့ သက်၀င်မှု ၊ ဆွဲဆောင်နိုင်မှု ပိုအားကောင်းတတ်ပါတယ်။ သို့ပေမဲ့ အထိန်းတတ်ဖို့တော့လိုပါတယ်။

ဒီအတွဲ အစပ်တွေဟာ မာကြောခြင်း၊ ခက်ထန်ခြင်း၊ စူးရြဲခင်းကြောင့် အထိန်းမတတ်ရင် ဒီဇိုင်းတွေကို ကြောင်သွားတတ်ပါတယ်။

ဘယ်လိုသုံးရသလည်းဆိုတော့ Complementary ကာလာတွေကို တွဲသုံးမယ်ဆိုရင် အရောင်တစ်ခုကို လွှမ်းမိုး အသုံးပြုပေးရပါတယ်။

ဆန့်ကျင်ဘက်အရောင်တွေကို အားပြိုင်အသုံးပြုလို့ မကောင်းပါဘူး။

ဆိုလိုတာက အနီ နဲ့ အစိမ်း တွဲဖက်အသုံးပြုမယ်ဆို အနီကိုအသားပေးမဲ့ ဒီဇိုင်းမှာဆိုရင် အနီကို 80% ဆိုရင် အစိမ်းကို 20% လောက်ပဲထည့်သုံးပါ ၊ ဒါမှမဟုတ် ကြားခံအရောင်တွေ ဖြစ်စေ ၊ ဆန့်ကျင်ဘက်အရောင်တွေရဲ့ Monochromatic တွေဖြစ်စေ ထည့်သွင်းအသုံးပြုပေးရပါတယ်။
Split Complementary

ဥပမာ Complementary ကာလာအတွဲအစပ်ဖြစ်တဲ့ အစိမ်းနဲ့အနီ ဆိုကြပါဆို့၊ အနီရောင်ကို အသားပေးသုံးမယ် ၊ တဖက်က အစိမ်းကိုမဟုတ်ဘဲ အစိမ်းဘေးတဖက်တချက်က အရောင်နှစ်ရောင်နဲ့ အနီကို တွဲသုံးတာက Split Complementary Color Harmonyပါ။

Split Complementary က Complementary လိုပဲ သက်၀င်မှုအားကောင်းတယ်၊ ထင်သာမြင်သာရှိတယ်၊
ဆွဲဆောင်နိုင်တယ်ဆိုပေမဲ့ ၊ Complementary လို စူးရဲတာ ၊ မာကျောခက်ထန်ပြီး ကိုင်တွယ်ရတာ မခက်လို့ အချို့က Complementary ထက်ပို ကြိုက်ကြပါတယ်။
Triadic

ကာလာစက်ဝိုင်းပေါ်မှာ သုံးနားညီ တြိဂံတစ်ခုဆွဲလိုက်ပြီး ထောင့်တွေကျရောက်တဲ့ အရောင်သုံးရောင်ကို တွဲဖက်အသုံးပြုတာက Triadic ကာလာ ဟာမိုနီပဲဖြစ်ပါတယ်။

ဒီအတွဲဖက်ဟာ ကောင်းကောင်းအသုံးပြုတတ်မယ်ဆို အထူးသဖြင့် Primary or Secondary ကာလာတွေကို ထည့်သွင်းပေါင်းစပ်အသုံးပြုမယ်ဆိုရင် ကြည့်ရှုသူတွေကို ဆွဲခေါ်ဖမ်းစားနိုင်ပြီး အာရုံစိုက်ခံရမှုကိုသေချာပေါက် ရရှိစေတဲ့ ကာလာ အတွဲဖြစ်ပါတယ်။

ဒီအရောင်တွေဟာ တခုနဲ့တခု ထိန်းပြီး လိုက်ဖက်ညီမှု၊ ပေါ်လွင်ထင်ရှားမှုတို့ကိုဖြစ်စေပါတယ်။
Tetradic

Tetradic ဆိုတာ ကာလာစက်ဝိုင်းပေါ်က Complementary အစုံ နှစ်စုံကို တွဲဖက်အသုံးပြုတာပါ။ ကာလာစက်ဝိုင်းပေါ်မှာ ထောင့်မှန်စတုဂံတစ်ခုဆွဲပြီး ထောင့်ကျတဲ့အရောင်လေးရောင်းသုံးတာ။ Complementary ကာတစ်စုံရွေးလိုက်ပါ။ ပြီးရင် အဲ့ဒီအရောင်ဘေးက Complementary နှစ်စုံကိုသုံးတာ အတူတူပါပဲ။

ဒီကာလာ အတွဲဟာ သုံးလို့ကောင်းပေမဲ့ အရောင်တစ်ရောင်ကို လွှမ်းမိုး အသုံးပြု‌ပေးရပါတယ်။

ဆိုလိုတာက ဥပမာ(RED –Green) (Purple-Yellow) Complementary နှစ်စုံဆို‌တော့ 4ရောင်ပေါ့ ..ဒီမှာ မိမိ အသားပေး အသုံးပြုလိုတဲ့ အရောင်က အဝါ ဆိုပါတော့။ ဒါဆို Yellow 70% | Green 10%| Red 10% | Purple 10% | ဒီဥပမာမျိုးသုံးရတာပါ။ အတိအကျတော့မဟုတ်ဘူးပေါ့။

အရောင်တွေကို သုံးတဲ့အခါ ကျနော်တို့ ဘယ်လိုသုံးတာ ကောင်းတယ်ဆိုတာတွေ လေ့လာခဲ့ပြီးရင် ဘယ်လိုသုံးတာတွေကိုတော့ ရှောင်သင့်တယ်ဆိုတာ ဆက်လေ့လာရပါမယ်။

နောက်တပိုင်းမှာ ဆက်လေ့လာရပါမယ်
………………………………..
ကိုးကား - အင်တာနက်
Basic Design Knowledge

11/06/2022

Graphic Design

09/06/2022

Blending mode with gradient color

09/06/2022

Blending mode

29/05/2022

In Photoshop

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon