My
movie
26/04/2026
2026 အသစ်ထွက်ဇာတ်ကားများစုစည်းမှု (မြန်မာစာတန်းထိုး)
https://t.me/cartoonMYchannel221/-315647
26/04/2026
မသေချင်ရင် အချင်းချင်းနမ်းရှိုက်ကြရမယ့် ကြောက်စရာ ကျောင်း survival ဂိမ်း 😳😳
King's Game {မြန်မာစာတန်းထိုး}
ကျောင်းသားတစ်စုရဲ့ လက်ကိုင်ဖုန်းတွေဆီကို ထူးဆန်းတဲ့ ညွှန်ကြားချက်တွေ ပါဝင်တဲ့ စာတိုတွေ ရောက်ရှိလာတဲ့အခါ အစပိုင်းမှာတော့ သူတို့အားလုံးက ဒါကို ရယ်စရာ ပြက်လုံးတစ်ခုလို့ပဲ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ စာတိုတွေဟာ တစ်စထက်တစ်စ ပိုမိုရောက်ရှိလာပြီး ညွှန်ကြားချက်တွေကို မလိုက်နာရင် "ဖျက်ဆီးခြင်း" (Erasure) ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ တောင်းဆိုချက်တွေကလည်း ပိုမိုပြင်းထန်လာပါတယ်။
ဒီကျောင်းသားတွေဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဒီစာတိုတွေကို နာခံဖို့ (သို့မဟုတ်) နည်းလမ်းရှာပြီး တုံ့ပြန်ဖို့ပဲ ရှိပါတော့တယ်။ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ညွှန်ကြားချက်တွေကို မလိုက်နာနိုင်တဲ့ သူငယ်ချင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြပါတယ်။ အဆင့်အတန်းခွဲခြားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့အတူ အသက်ရှင်ကျန်ရစ်ဖို့အတွက် အသည်းအသန် ကြိုးစားရတဲ့ ဒီကစားပွဲက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Translated by My Channel
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88764
Channel Link
https://t.me/cartoonchannel1myanmar
26/04/2026
တစ်ရွာလုံးကို မှော်အစွမ်းနဲ့ ညို့ယူဖမ်းစားထားတဲ့ မှန်နတ်ဘုရားမ 😳😳
မြူခိုးရွာလို့နာမည်ရတဲ့ရွာလေးမှာ လူတိုင်းကကောင်းချီးရေကိုသောက်ပြီး တစ်ပုံစံတည်းတူတဲ့ အပြုံးကိုပဲချိတ်ဆွဲထားရပါတယ်။ သူတို့ကမှန်ကို နတ်ဘုရားတစ်ပါးလို
ကိုးကွယ်ပြီး မှန်နတ်ဘုရားခိုင်းသမျှ ပြောသမျှအကုန်ယုံကြည်နေကြရတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့အားလဲထဲမှာမှ ရှောင်ယိဆိုတဲ့ကောင်မလေးဟာ
ဒီရွာတစ်ခုလုံးမူမမှန်မှန်းသိနေတဲ့တစ်ဦးတည်းသောသူဖြစ်နေပါတယ် ။ အဲဒီလိုဖြစ်နေလို့ပဲ သူ့ကိုသူငယ်ချင်းတွေအကုန်လုံးဝိုင်းအနိုင်ကျင့်ပြီး လူထူးဆန်းမဆိုပြီးဝိုင်းခေါ်နေကြတာပါ
သို့ပေမဲ့ တစ်နေ့မှာတော့ သူ့လိုမျိုး မူမမှန်မှန်းသိပြီး ဒီရွာကနေထွက်သွားချင်နေတဲ့အားချဲ့ဆိုတဲ့ကောင်မလေးက အားလုံးရန်ကနေသူ့ကိုကာကွယ်ပေးပါတော့တယ် ။
ကဲ စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ရှောင်ယိနဲ့အားချဲ့တို့နှစ်ယောက် ဒီမူမမှန်တဲ့ရွာနဲ့ ထူးဆန်းလှတဲ့မှန်နတ်ဘုရားဆိုတာကြီးကို
ဘယ်လိုပုံစံရင်ဆိုင်သွားမလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်လို့ ခုပဲဇာတ်လမ်းလေးထဲမှာခံစားကြည့်ရှု့လိုက်ပါအုံးနော်
Crd
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88756?single
Channel Link
https://t.me/cartoonchannel1myanmar
26/04/2026
လူတွေကို မျက်နှာအပေါက်ကြီးဖြစ်အောင်လိုက်လုပ်နေတဲ့ ရေကန်ထဲက ဧရာမမိစ္ဆာကြီး 😳😳
ဇာတ်လမ်းကတော့ Tom ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဖခင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားပြီးနောက်မှာ ဖခင်ဖြစ်သူရဲ့ ဝေးလံခေါင်ဖျားတဲ့ ရေကန်ဘေးက အိမ်လေးဆီကို ထွက်ပြေးတိမ်းရှောင်လာရာက စတင်ပါတယ်။
အဲဒီအိမ်ဟာ သူ့ရဲ့ ကလေးဘဝ အမှတ်တရတွေ ရှိခဲ့တဲ့နေရာဖြစ်သလို၊ အခုတော့ နာကျင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ Tom ဟာ အဲဒီမှာနေထိုင်ရင်း သူ့ဖခင်ကို သေကြောင်းကြံစည်အောင် တွန်းပို့ခဲ့တဲ့ အရာဟာ ရိုးရိုးစိတ်ဝေဒနာတင် မဟုတ်ဘဲ ရေကန်အောက်ခြေမှာ ခိုအောင်းနေတဲ့ ရှေးဟောင်းမိစ္ဆာဆိုးကြီး တစ်ခု ဖြစ်နေမှန်း သိလာရပါတယ်။
အဲဒီအရာက Tom ကိုပါ ရူးသွပ်သွားအောင် စတင်ခြောက်လှန့်လာတဲ့အခါမှာတော့...
Crd
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88748?single
Channel Link
https://t.me/cartoonchannel1myanmar
25/04/2026
ဇွန်ဘီတွေအပြည့်နဲ့ အနီရောင်သွေးစွန်းဇုန်ဖြစ်သွားတဲ့ အင်ဒိုနီးရှားမြို့တော်😳😳
အင်ဒိုနီးရှား ဇွန်ဘီ/အက်ရှင် ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ
ဇာတ်လမ်းအကျဉ်းကတော့ မီယာဟာ မောင်လေးအာဒီကို ကျောင်းထားဖို့အတွက်
စက်ရုံမှာအလုပ်လုပ်နေရတဲ့ ကျားကျားယားယား မိန်းမသားတစ်ယောက်
စက်ရုံပိုင်ရှင်က ဝန်ထမ်းတွေကို နှစ်လစာ မပေးဘဲညစ်တော့
အိမ်လခမပေးနိုင်တဲ့အစ်မဖြစ်သူကိုကူညီဖို့အတွက်
ဂျကာတာကို အာဒီနဲ့ သူ့သူငယ်ချင်းနှစ်ယောက်သား
အလုပ်သွားလုပ်ဖို့ ကြံရာမှာ မအောင်မြင်ဘဲ
လူတစ်စုရဲ့ဖမ်းခေါ်ခြင်းကိုပဲ ခံလိုက်ရတယ်
ဒီလိုကနေ ဇွန်ဘီကပ်ဘေးကြီး ဘယ်သို့ဘယ်ပုံဖြစ်လာမှာလဲ
အစ်မလုပ်သူက မောင်ဖြစ်သူကို ရဲရဲဝံ့ဝံ့
ဘယ်လိုကယ်တင်သွားမှာလဲဆိုတာ
ဆက်လက်ခံစားကြည့်ရှုပေးပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်
ဇာတ်ကားလင့်
https://t.me/cartoonchannel1myanmar/62502?single
Channel Link
https://t.me/cartoonchannel1myanmar
25/04/2026
ဧရာမသစ်ပင်အကောင်ကြီးရှိတဲ့ တောအုပ်ကြီးကဖြတ်သန်းသွားမိသောအခါ 😳😳
ကောလိပ်ကတည်းကတွဲခဲ့ကြတဲ့ သူငယ်ချင်းငါးယောက်ပြန်ဆုံကြတဲ့အခါ ခရီးထွက်ဖိုတိုင်ပင်ကြတယ်။ခရီးတွေကတစ်ယောက်တစ်မျိုးစီသွားချင်တဲ့နေရာတွေကမတူကြတော့ တိုင်ပင်ရင်းဘားကပြန်အလာ လမ်းမှာ သူငယ်ချင်းတစ်ယောက်က မတော်တဆအသတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ဒီလိုနဲ့နောက်ထပ်ခြောက်လအကြာမှာ ကျန်တဲ့သူငယ်ချင်းလေးယောက်ဟာ သေဆုံးသွားတဲ့သူငယ်ချင်းရဲ့ဆန္ဒကိုဖြည့်ဆီးပေးတဲ့အနေနဲ့ သူသွားချင်တဲ့ တောင်တက်ခရီးကို သွားပေးခဲ့ကြတယ်။သူတိုတောင်တက်ခရီးသွားကြတဲ့နေရာဟာ ဆွီဒင်နဲ့နော်ဝေနိုင်ငံကြားက လူသူအရောက်အပေါက်နည်းတဲ့တောင်ကုန်းတွေ သစ်တောတွေဘက်ဖြစ်တယ်။သူငယ်ချင်းလေးယောက်ဟာ အဲ့ဒီနေရာမှာ ခြေလျင်တောင်တက်ကြရင်း သူငယ်ချင်းတစ်ယောက်ခြေခေါက်သွားတဲ့အတွက် တည်းခိုတဲ့နေရာကို အမြန်ပြန်ရောက်နိုင်ဖို ဖြတ်လမ်းကနေသွားဖိုကြိုးစားကြပါတော့တယ်။
အဲ့ဒီဖြတ်လမ်းဟာ နေပျောက်ထိုးမကျတဲ့ တောအုပ်ကိုဖြတ်သွားရပါတယ်။တောအုပ်ထဲကအမှောင်ထုထဲမှာ ဘယ်လိုထူးဆန်းအံ့သြပြီး ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေရှိနေမလဲ….?ဆိုတာကို ပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုခြောက်ခြားတော်မူလိုက်ကြပါဦး။
Crd
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88683?single
Channel Link
https://t.me/cartoonchannel1myanmar
25/04/2026
မြို့ကြီးတစ်မြို့လုံး ရေဒီယိုသတ္တိကြွဓာတ်ငွေ့တွေပြန်နှံ့သွားသောအခါ 😳😳
အမှိုက်ကောက်တဲ့ကောင်လေးနှစ်ယောက်ဟာ ဓာတ်ရောင်ခြည်ကုသမှုစင်တာဟောင်းတစ်ခုမှ စွန့်ပစ်ထားတဲ့ ဖန်ပေါင်းချောင်လို စက်တစ်လုံးကို ရှာတွေ့ခဲ့ပြီး အဲဒီစက်ထဲမှာ ခဲသတ္တုတွေ ပါတာမို့ စျေးကောင်းရမယ်အထင်နဲ့ ပစ္စည်းဟောင်းရောင်းဝယ်တဲ့သူဆီမှာ သွားရောင်းရာကနေ အခြေအနေ ဘယ်လောက်ထိ ဆိုးသွားမလဲဆိုတာကို ပညာဗဟုသုတရဖွယ် ရိုက်ကူးတင်ဆက်ထားတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲကောင်းလေးပါပဲ။
Crd
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88696?single
Channel Link
https://t.me/cartoonchannel1myanmar
25/04/2026
သူများယောကျာ်းကို တမ်းတမ်းစွဲ လိုချင်တပ်မက်နေတဲ့ သရဲမကြီး 😳😳
သရဲတွေကိုမြင်နိုင်စွမ်းရှိပြီး သရဲသူငယ်ချင်းသုံးယောက်ရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေး ရီဆာ။အစ်မဖြစ်သူရဲ့ သရဲမြင်နိုင်တဲ့စွမ်းရည်ရှိတာကို
ရှက်တတ်တဲ့ ညီမလေး ရီရီ။သူတို့နှစ်ယောက်ဟာ မိဘတွေအိမ်မှာမရှိကြတာမို့ ဘန်ဒေါင်းမြို့ကိုပြောင်းလာခါစဖြစ်တဲ့ အဒေါ်ဖြစ်တဲ့တီနာတို့မိသားစုဆီကို မကြာခဏသွားလည်ပြီး ညအိပ်လေ့ရှိကြပါတယ်။
တစ်နေ့မှာတော့ အဒေါ်ရဲ့ယောက်ျားဖြစ်သူ အဟ်မဒ်ကို အပြင်မှာ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်ပါတော့တယ်။
ဦးလေးဖြစ်သူ အဟ်မဒ်ဖောက်ပြန်နေတယ်လို့ထင်ခဲ့ပြီး ရီဆာဟာ တစ်ယောက်တည်းစုံစမ်းနေခဲ့ပါတယ်။
ဒါပေမဲ့ တစ်ရက်မှာတော့ အဒေါ်ရဲ့အိမ်မှာ ထူးဆန်းတဲ့အရာတွေကိုခံစားလာရပြီး
ဦးလေးဖြစ်သူအဟ်မဒ်ရဲ့အပြုအမူတွေဟာလည်း ထူးဆန်းလာတယ်လို့ အစ်ကိုဝမ်းကွဲ အန်ကီကပြောလာခဲ့ပါတယ်။
ဦးလေးဖြစ်သူနဲ့တွေ့လိုက်တဲ့ကောင်မလေးဟာ ဘယ်သူဖြစ်မလဲ
အိမ်မှာရှိနေတဲ့သရဲမနဲ့တစ်ခုခုများပတ်သက်နေမလား။
ဦးလေးအဟ်မဒ်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ဘာကြောင့်လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Crd
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88688?single
Channel Link
https://t.me/cartoonchannel1myanmar
24/04/2026
အိပ်ပျော်နေရာမှ တစ်ဖန်ပြန်နိုးထလာတဲ့ မံမီကြီး 😳😳
Lee Cronin's The Mummy (2026)
ရုံကူးဗားရှင်း (မြန်မာစာတန်းထိုး)
သတင်းထောက်တစ်ဦးရဲ့ သမီးငယ်လေးဟာ သဲကန္တာရထဲမှာ ဘာအစအနမှ မကျန်ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ရှစ်နှစ်ကြာပြီးနောက်မှာတော့ စိတ်နှလုံးကြေကွဲနေတဲ့ အဲဒီမိသားစုဆီကို သူတို့ရဲ့သမီးလေး မထင်မှတ်ဘဲ ပြန်လည်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ ပျော်ရွှင်စရာကောင်းရမယ့် ပြန်လည်ဆုံတွေ့ခြင်းဟာ မကြာခင်မှာပဲ အသက်ရှင်လျက်နဲ့ ငရဲခန်းကို ရောက်သွားသလိုမျိုး ထိတ်လန့်စရာ အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။
အိမ်ပြန်ရောက်လာတဲ့ သမီးလေးဟာ သူမသိတဲ့ အမှောင်ထုရဲ့ စွမ်းအားတစ်ခုကြောင့် တဖြည်းဖြည်းနဲ့ လူသားမဟုတ်တဲ့ တခြားသော ကြောက်မက်ဖွယ်ရာ သတ္တဝါဆန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲလာပါတယ်။ မိသားစုဝင်တွေဟာ သူတို့ချစ်ရတဲ့ သမီးလေးကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ပဲ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ မကောင်းဆိုးဝါးရဲ့ ရန်ကို အသည်းအသန် ရင်ဆိုင်ရပါတော့တယ်။
Translated by My Channel
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88624?single
Channel Link
https://t.me/cartoonchannel1myanmar
24/04/2026
လှချင်ဆက်ဆက်ယိုလွန်းလို့ ရောဂါပိုးအကူးခံကြတဲ့ လူသားများ 😳😳
နိုင်ငံဒေသအပိုင်းအခြားလိုက် အလှအပစံနှုန်းနဲ့ပတ်သက်ရင် အိုင်ဒီယာမျိုးစုံရှိတာပေါ့။ ဥပမာပြောရရင် လူဖြူတွေက ညိုချောတွေကိုမှ ဆက်ဆီဖြစ်တယ်လို့ထင်ပေမဲ့ အရှေ့တိုင်းဘက်ကလူတွေကျတော့ အသားဖြူမှ ချောတယ်ထင်ပြန်ရော၊ တချို့ကျတော့လည်း ကိတ်မှ ခိုက်တာဆိုပေမဲ့ တချို့ကျတော့လည်း ပိန်ပိန်ပါးပါးလေးတွေမှ ကြွေတာဆိုတာမျိုးတွေပေါ့။
ဒါပေမဲ့ ဘယ်လိုပဲ အကြိုက်တွေမတူညီနေပါစေ၊ တူညီတဲ့အချက်တစ်ခုကတော့ရှိနေတာပါပဲ။ အဲဒါကတော့ ကျားမမရွေး လူတိုင်းအလှမက်ကြတယ်ဆိုတဲ့အချက်ပါပဲ။
အလှတရားကို မက်မောလွန်းလို့ အသက်ပေးရမယ်ဆိုရင်ရော… မိတ်ဆွေတို့က “The Beauty” ကို လက်ခံမှာလား…။
ခေတ်ကြီးက ပြောင်းသွားပြီ။ လှချင်ရင် ပိုက်ဆံကုန်ခံပြီး ခွဲစိတ်စရာမလိုတော့ဘူး။ “The Beauty” လို့ခေါ်တဲ့ ရောဂါပိုးတစ်ခု (STD) ကူးစက်ခံလိုက်ရုံပါပဲ။ ဒီပိုးကူးစက်ခံရရင် လူက အလိုလိုနေရင်း ကျစ်လစ်မိုက်မဲ၊ ချောမောလှပပြီး Super Model ရှုံးလောက်တဲ့ ရုပ်ရည်မျိုး ချက်ချင်းပြောင်းသွားမှာတဲ့။
Crd
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88616?single
Channel Link
https://t.me/cartoonchannel1myanmar
24/04/2026
ဘုရင့်နောင်ခေတ်ရဲ့ သွေးချောင်းအစီးဆုံး ဟံသာ၀တီစီးချင်းတိုက်ပွဲ 😳😳
မင်းကြီး မဟာဓမ္မရာဇာနဲ့ မိဖုရား ဝိသုဒ္ဓိကသတ္ထရီ တို့ရဲ့သားတော် မင်းသားနရဲစွမ် (ဗြနရာဇ်) ဟာ ဟံသာဝတီပြည်ဆီသို့ ငယ်စဥ်ကတည်းက ပို့ဆောင်ခြင်းခံခဲ့ရပါတယ်
ဒါ့ကြောင့်ပဲ သားတော်လေးကို ဟံသာဝတီပြည် ဘုရင့်နောင်မင်းတရားကြီးဟာမွေးစားပြီး မြေးတော် မင်းကြီးစွာနဲ့ အတူကြီးပြင်းစေခဲ့ပါတယ်
မင်းသားနရဲစွမ်ဟာ လက်ရုံးရေနှလုံးရေနဲ့ ပြည့်စုံသလို ရဲစွမ်းသတ္တိရှိပြီး အကြောက်တရားကင်းမဲ့သည့်အလျောက် မင်းကြီးစွာသည်ကား အေးချမ်းမှုကိုမြတ်နိုးပြီး စာပေအနုပညာကိုသာ နှစ်သက်သူဖြစ်ပါတယ်
ငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့ကြတာမလို့ သွေးသားမတော်စပ်သော်ငြား ညီအစ်ကိုအရင်းများကဲ့သို့ အတူတူနေလာခဲ့ကြပေမယ့်
မိမိမြေကို ကာကွယ်ဖို့ရာအတွက် သွေးချောင်းစီးဖို့ ဖြစ်လာတဲ့အခါမှာတော့....
ဟံသာဝတီရဲ့စီးချင်းထိုးပွဲမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့...
Crd
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88608?single
Channel Link
https://t.me/cartoonchannel1myanmar
24/04/2026
ဟိမ၀န္တာတောကြီးထဲကို အတူရောက်သွားတဲ့ ဂျက်ကီချန်းနဲ့ ၀က်ဝံကြီး 😳😳
အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ ပန်ဒါကလေးဟူဟူ အတွဲ ၂ ရောက်ရှိလို့လာပါပြီ...
ဒီကား ကတော့ အက်ရှင်ကို ဟာသနဲ့ fantasy အရသာတွေကို
ပေါင်းစပ်ထားတဲ့ ပျော်ရွှင်စရာ စွန့်စားခန်း ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်...
အတွဲ ၂ မှာလည်း ဂျက်ကီချန်နဲ့ ချစ်စရာပန်ဒါလေးဟူဟူတို့က အဓိက ဇာတ်ဆောင်တွေဖြစ်တာပေါ...
ဇာတ်လမ်းလေးကတော့ ဂျက်ကီနဲ့ ဟူဟူတို့က မတော်တဆ လျို့ဝှက်တောတစ်ခုထဲရောက်သွားပြီး ရှေးဟောင်းဝက်ဝံမျိုးနွယ်စုဆိုတဲ့
လူရိုင်းတွေနဲ့တွေ့တာပေါ့..
Cdd
ဇာတ်ကားလင့်
https://t.me/cartoonMYchannel221/88607?single
Channel Link
https://t.me/cartoonchannel1myanmar
Click here to claim your Sponsored Listing.
Website
Address
57 Street
Yangon
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |