YK Collection

YK Collection

Share

Clothing Brand

18/04/2024

ရေခဲရေသောက်ခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများ

နေပူပူက ပြန်လာတဲ့အခါ ဒါမှမဟုတ် အရမ်းပူပြင်းတဲ့အခါမျိုးတွေမှာ ရေခဲရေ သောက်ရမှ အာသာပြေတတ်ကြသူတွေအတွက် ရေခဲရေသောက်ရင် ရရှိနိုင်တဲ့ ဆိုး ကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ကို ဝလာနိုင်စေခြင်း
ရေခဲရေသောက်ရင် ခန္ဓာကိုယ်က အဆီတွေလောင်ကျွမ်းနှုန်းကောင်းလို့ ပိန်နိုင် တယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းပါတယ်။ ရေခဲရေသောက်တာကြောင့် ခန္ဓာ ကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ နှောင့်နှေးသွားပြီး ပိုလို့တောင် ဝလာနိုင်ပါသေးတယ်။ ဒါ ကြောင့် ကိုယ်အလေးချိန် ချလိုသူတွေအနေနဲ့ ရေနွေးသာ သောက်သင့်ပါတယ်။

၀မ်းချုပ်နိုင်ခြင်း
အကြာကြီးထိုင်ပြီး အိမ်သာတက်နေတာကြောင့် လိပ်ခေါင်းထွက်တာ၊ ဝမ်းချုပ် တာတွေ ဖြစ်လာနိုင်ပါတယ်။ ရေနွေးသောက်တာက အစာခြေစနစ်ဖြစ်စဉ်ကို မြန် ဆန်စေပြီး ရေခဲရေသောက်တာကတော့ ဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ ဝမ်းချုပ် တတ်သူတွေအနေနဲ့ သာမန်ရိုးရိုးရေသာ သောက်သင့်ပါတယ်။

ရေဓာတ်ခန်းခြောက်နိုင်ခြင်း
သာမန်ရိုးရိုးရေကို သောက်သုံးတာက ရေခဲရေသောက်တာထက် ပိုပြီး ရေငတ် ပြေနိုင်ပါတယ်။ ရေခဲရေကို ချေဖျက်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ အပူချိန်က မြင့်တက်လာ ရတာကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြန်လည်ဖြည့်နှုန်း နှေးကွေးသွားနိုင်ပါတယ်။

စွမ်းအင်လျော့ကျသွားနိုင်ခြင်း

ရေခဲရေတစ်ငုံကို စစချင်းငုံလိုက်မိတဲ့အခါမှာ လန်းဆန်းသွားတယ်လို့ ထင်ရပေမယ့် ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာအတွက် လိုအပ်တဲ့ရေကိုချေဖျက်ဖို့ ကိုယ်အပူချိန်မြှင့်လိုက် ရတာကြောင့် ခန္ဓာကိုယ်ကအလုပ်များသွားပြီး စွမ်းအင်လျော့ကျသွားရတာ ဖြစ်ပါတယ်။

ပျို့အန်ချင်ခြင်း
ရေခဲရဲ့ အအေးဓာတ်ကြောင့် အစာအိမ်က ကျုံ့သွားပြီး အစာခြေဖို့ ခက်ခဲသွား ပါတယ်။ ဒါကြောင့် ရေခဲရေများများသောက်သူတွေမှာ ဗိုက်ထဲက တဂွီဂွီမြည်သံနဲ့ အတူ ဗိုက်နာတာ၊ ပျို့ချင်တာ၊ အန်ချင်တာတွေ ဖြစ်လာတတ်ပါတယ်။

နှလုံးခုန်နှုန်းနှေးကွေးသွားခြင်း
ရေခဲရေသောက်တာကြောင့် နှလုံးခုန်နှုန်း နှေးကွေးသွားနိုင်ပါတယ်။ လည်ပင်းနောက် ကျောမှာရှိတဲ့ ခန္ဓာကိုယ်အတွက် အလုပ်အများဆုံးဖြစ်တဲ့ အာရုံကြောကို ထိခိုက်သွားတာ ကြောင့်ပါ။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်မှသာ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

လည်ချောင်းနာခြင်း
ခန္ဓာကိုယ်က လေအေးတွေ ရှူမိတဲ့အခါ ဒါမှမဟုတ် ရေအေးတွေကို မျိုချမိတဲ့ အခါမှာ ကိုယ်တွင်းကချွဲတွေ ပိုမိုထွက်ရှိလာတာကြောင့် လည်ချောင်းနာရတာဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်း
ရေခဲမုန့်စားလိုက်လို့ ခေါင်းကိုက်တဲ့ဝေဒနာခံစားဖူးပါသလား။ ရေခဲမုန့်စားသလို မျိုးပဲ ရေခဲရေသောက်တာကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ ရေခဲရေက အာရုံ ကြောကတစ်ဆင့် ဦးခေါင်းအတွင်းကို အေးကြောင်း အချက်ပြတဲ့အတွက် ခေါင်းကိုက် ရတာဖြစ်ပါတယ်။
ရေခဲရေကြိုက်တတ်သူတွေအနေနဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ပဲပူပူ၊ ရေခဲ ရေအစား သာမန်ရေ ဒါမှမဟုတ် ရေနွေးကြမ်းသာ သောက်ဖို့ အကြံပေးလိုက်ပါရစေနော်။
Delta Water Mandalay

Photos from YK Collection's post 13/04/2024

မြန်မာ့ရိုးရာအတာသင်္ကြန်
ဘေးဘယာကင်းကွာပြီးကျန်းမာပျော်ရွှင်သောနှစ်ကူးအချိန်အခါလေးကိုပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🏻🙏🏻🙏🏻

Photos from YK Collection's post 10/04/2024

နွေပူပူမှာ ပေါ့ပေါ့ပါးပါးနဲ့သက်တောင့်သက်သာရှိတဲ့ BKKမှတင်သွင်းတဲ့ YK ကိုယ်ပိုင်အမှတ်တံဆိပ် Unisex Cotton Tshirts များဝယ်ယူရှိနိုင်ပါတယ်ရှင်

Cotton Tshirts

in Thailand
Collection

Photos from YK Collection's post 05/04/2024

🚨အပူလှိုင်းစဖြတ်နေပြီမို့ ကလေးငယ်တွေကို အထူးဂရုစိုက် သတိထားပေးပါ။ 🚨
မနက်ဖြန်၊ သဘက်ခါမှ စပြီး ၈ရက်နေ့ထိ အပူလှိုင်း ဖြတ်ပြီး အပူဆုံးဖြစ်မယ်တဲ့။

ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ အထူးအထူး ဂရုစိုက်ပါ။
အရမ်းပူနေတဲ့ အချိန် ရေခဲရေ လုံးဝ မသောက်ပါနဲ့ ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ရေခဏခဏသတိရတိုင်းသောက်ပါ။ အပူ shock ရတာနဲ့ ဓာတ်ဆားရေ တန်းသောက်ပါ ။ ဓာတ်ဆားရေ က အသက်ကယ်ဆေးပါ။

အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ၊ လေဝင်လေထွက်ရှိ အပူထွက်လွယ်တာ ဝတ်ပါ။
နွေရာသီပူသလိုမဟုတ်ပဲ အပူချိန် 40•C ထိထိုးတက်နိုင်တာကြောင့် အရမ်းကို စိုးရိမ်ရပါတယ်

အိမ်ကို လိုက်ကာကာပါ။
ခနခန ရေချိုးတာ မလုပ်ပါနဲ့။ ရေသတိရတိုင်း သောက်ပါ၊ မိသားစုကိုလဲ သတိရတိုင်းရေတိုက်ပါ
နေကာမျက်မှန် ထီး ဦးထုတ် နေလောင်ခံခရင်တွေဆောင်ပါ
အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြပါနော် ။

05/04/2024

🔻 သေတက်သည် သတိထားပါ...🔻

ညနေကတောင်ဖြစ်သေးတယ်
တံတွေးခမ်းပြီး
လူက မိုက်ကနဲပဲ
ရေပြေးသောက်လိုက်မှ သက်သာတယ်
အယ်နီညိုမှာ ဒီရောဂါကြောင့်အများကြီးသေ
နိုင်ပါတယ်။

Heat Stroke အပူလျှပ်တဲ့ရောဂါ ...

ကျွန်တော် ဖြစ်ဖူးပါတယ် ကားစီးနေရင်း
ခန္ဓာ ကိုယ်တခုလုံးပူလာပြီး ပါးစပ်နှာခေါင်း
မျက်စိတွေကအစပေါ့ ပြီးတော့ ဒီလောက်ပူနေတာ
ချွေးမထွက်ဘူး ခေါင်းတွေမူးခြေတွေလက်တွေတုန်တယ်။

ဖြစ်တာက ဥက္ကံမြို့အကျော်ဖလုံရွာနား
Expressပေါ်မှာ နာရီတွက်ကြည့်မိတော့
နောက်မိနစ်၂၀မှတိုက်ကြီးရောက်တော့မယ်
ရေသန့်ဗူးကိုသောက်ပါတယ် ...
သို့ပေမဲ့ မရ သောက်ပြီးတာနဲ့ ပါးစပ်ထဲမှာ
တံတွေးမရှိတော့ဘူး... ခြောက်ကပ်သွားပါတယ်။

ရေလဲကုန်ပြီမို့ ကား
စပါယ်ယာခေါ်ပြီး
ဓာတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုပြီး
အကူအညီတောင်းတော့ ဓာတ်ဆားနှစ်ထုပ်ရပါတယ်။

သောက်လိုက်တော့ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်...
မူးတာမပျောက် နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ်။

မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပဲ
တိုက်ကြီး မှာဆင်းပြီး အနီးဆုံးဆေးခန်းကို
ကျွန်တော်ပြေးပါတယ်။

ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပြီးသွေးချိန်တော့ ၅၀/၄၀ ကိုကျသွားပါပြီ။

ဆရာဝန် မလေးကချက်ချင်း ဒရစ်ချိတ်ပေးပါတယ်..
ရှင့်ဆုံးဖြတ်ချက်မှန်တယ် ... မဟုတ်ရင်
အသက်အန္တရာယ်နီးတယ်တဲ့။

ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။

သတိရှိလို့ပါ မဟုတ်ရင် သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲ တကိုယ်လုံး
ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။

ရှက်စရာမဟုတ်ပါ ရေ၊ ဖျော်ရည်၊ သကြားလုံး၊ဓာတ်ဆား ရရာသောက်။

အချိန်မဆွဲပါနဲ့ ရောက်တဲ့နေရာမှာ ဓာတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။
ချက်ချင်းသောက်ပါ...

အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာ...
မသိရင်ဒုက္ခလှလှတွေ့မှာပါ။
သတိထားပေးကြပါ ပေါ့လို့မရပါ။

၁၅ မိနစ်အတောအတွင်း
Body heat ကို ၄၀အောက်ပြန်မချနိင်ရင်
ဆိုးရွားသွားနိင်ပါတယ်။

ရေဖျော်ရည် ဓာတ်ဆားအဓိကပါ...
မဟုတ်တဲ့ ဆေးတွေ လျှောက်တိုက်ရင်
အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာ မဟုတ်ပါ။

ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။
ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။
နီးစပ်ရာလည်းသတိပေးပါ။

လာမှာနော်အယ်နီညိုနဲ့ အတူ Heat Stroke တဲ့

12/03/2024

ဘဝဆိုတာ ဓာတ်ပုံရိုက်ရသလိုပဲ တဲ့ ။
ကိုယ်လိုချင်တဲ့ အရာကိုပဲ Focus ထားရတယ်
ဘဝမှာလဲ မလိုအပ်တာတွေ ဖယ်ထုတ်တတ်ဖို့လိုတယ် … ။

အလှဆုံး အခိုက်တန့်တွေကို ဓာတ်ပုံရိုက်ပြီး
အမိအရ ဖမ်းယူထားတတ်သလို …
ဘဝရဲ့ ပျော်စရာအချိန်တွေ ၊ အကောင်းဆုံးနေ့တွေကို ဖန်တီးရင်း ကောင်းကောင်းဖြတ်သန်းရမယ် ။

ကိုယ်လိုချင်တဲ့ အနေထားမဟုတ်ပဲ မှားယွင်းပြီး
ပုံရိုက်မိတဲ့အခါ … ပြန်ဖျက်ပြီး အစကပြန်ရိုက်သလိုမျိုးဘဝမှာ အမှားတွေ ၊ နာကျင်စရာတွေ ကြုံလာရင်လဲ
တဖန်ပြန်ပြီး တည်ဆောက်ရတယ် ။

ချစ်စရာကောင်းတဲ့ Reminder လေးဟာ
ဓာတ်ပုံလှလှတွေ များများရိုက်ပါ ။
ကိုယ့်ဘဝကိုလည်း လှလှပပ နေထိုင်ပါတဲ့ ။


#𝗯𝗼𝗼𝗸𝘀𝗵𝗼𝗽𝗯𝘆𝘄𝗶𝘄𝗶
Photo pinterest 🪻

10/03/2024

မြို့နဲ့တွဲဖက်ညီတဲ့ ဒေသထွက်လေးတွေ 😀

နေပြည်တော် - နန်းစိန်

ပျဉ်းမနား - မျှစ်ချဉ်

ပျော်ဘွယ် - မုန့်ကြွပ်

မန္တလေး - ထိုးမုန့်

ပုဂံညောင်ဦး - ပုန်းရည်ကြီး

ကျောက်ပန်းတောင်း - အာလူးကြော်

ဝမ်းတွင်း - လုံချည်

လက်ပံပြား - ကြက်ကြော်

မကွေး - နှမ်းယို ၊ မြေပဲယို

ပြည် - ထမင်းသုပ်၊ ယိုစုံ

‌ပခုက္ကူ - ‌ဖျင်စောင်

စစ်ကိုင်း - အိုး

ရွှေဘို - သနပ်ခါး

ခိုတောင် - မုန့်တီ

ပဲခူး - ငါးချဉ်

တောင်ငူ - ကွမ်းသီး

ရန်ကုန် - ဂျေဒိုးနတ်

ပုသိမ် - ဟာလဝါ

မော်လမြိုင် - ဒူးရင်းသီး

ညောင်တုန်း - ငှက်ပျောကြော်

မြောင်းမြ - မုန့်ဟင်းခါး

တောင်ကြီး - ပဲလှော်

အင်းလေး - ငါးဒုက္ခ

ရှမ်းပြည် - လ္ဘက်ခြောက်

ဘယ်မြို့မှာ
ဘာတွေကျန်သေးလဲ 😀
သိတဲ့သူများ မန့်ပေးကြပါဦး 😊

Crd

02/03/2024

No pain No gain
Vd: Crd

Photos from YK Collection's post 24/02/2024

#ရေသောက်ခြင်း အကျိုးကျေးဇူးများ🥛🥛

မေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။

အဖြေ ~
✅ရေသည် လူတို့၏ အသက်ရှင်
ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်
သောက်သင့်သည့် အချိန်တွင်သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံးအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

✅ရေသောက်သုံးသင့်သော အချိန်များ🔰

* ✅နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။

* ✅အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။

* ✅ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။

* ✅မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြ.တ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြ.တ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ရေအကျိုး ဆယ်ပါး❣

*✅ ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။

ရေသောက်များပါက ဆီးတွင်အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

*✅ ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteriaပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

*✅ရေသည် ဝမ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်ကပိုမိုထိရောက်ပါသည်။

* ✅ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

* ✅ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။
ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူနှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

*✅ ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

*✅ ရေများများသောက်ပါက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ဝမ်းချုပ်စေပါသည်။ ထို့ကြောင့် ဝမ်းချုပ်၍ မရသည့်
လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင်
ဖြစ်ပါသည်။

*✅ ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့်
ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

* ✅အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

* ✅ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

✅ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်🔰

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။

* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။

အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားသွားပါလိမ့်မည်။

* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။

* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
မူရင်းရေးသားသူအား လေးစားစွာ #𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်
အမြင်မတူသူများကျော်သွားနိုင်ပါသည်
အားလုံးကိုချစ်ခင်လျှက်ပါ....

Credit

13/01/2024

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်
==================================

၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။

၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလဲရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။

၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့ အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။

၅။ စည်းကမ်းရှိပါ

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ။ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။

၇။ လူရွေးပေါင်းပါ

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ်ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ကျဆုံးမှာပဲ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ။

လူရာဝင်ခြင်းမှတ်စုများ
ဒေါက်တာသူရိန်လှိုင်ဝင်း
(အပြောင်းအလဲမှာစိတ်ရှည်ပါ၊စည်းကမ်းရှိပါ၊သင်ယူပါ)

toOwner

01/01/2024

နှစ်သစ်မင်္ဂလာဆုတောင်း🙏🙏🙏

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11071