Phray Sal Rar - PSR Business and Service

Phray Sal Rar - PSR Business and Service

Share

Business and Service

17/01/2025

ဝါသနာ နဲ့ အသက်မွေးဝမ်းကျောင်း တစ်ထပ်တည်းကျရဲ့လား?

ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝတွေဟာ ကျောင်းသားဆို စာတွေလုပ်ရမယ်၊လုပ်ငန်းခွင်ထဲကသူတွေဆိုရင် လစာတိုးဖို့ ရာထူးတိုးဖို့ ကြိုးစာနေကြရပါတယ်။အခြေခိုင်ပြီး လိုရာရနိုင်တဲ့ဘ၀တစ်ခု ဖြစ်ဖို့ “ဝင်ငွေဘယ်လောက်ရတယ်” ဆိုတာကို ယုံကြည်မှုရှိရှိဖြေနိုင်ဖို့ ဆိုတာဟာ အရေးပါတဲ့ ဉီးတည်ချက်တွေဖြစ်လာပါတော့တယ်။

ကြိုးစားတယ် ဆိုတာကလည်း ‘’ပျော်ရွှင်မှုတဲ့ယှဉ်တွဲနေတဲ့ ကြိုးစားမှု” ဖြစ်စေဖို့ အကြံပေးချင်ပါတယ်။ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ မန်းဒေးမှာ ရုံးမလာချင်မဖြစ်စေဖို့ Stressတွေနဲ့ တစ်ပတ်တာကိုကျော်လွှားဖို့ ကိုယ်နဲ့ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့လိုပါတယ်။

ပျော်ရွှင်မှုနဲ့ ထပ်တူကျတဲ့အလုပ် ဖြစ်စေဖို့ နည်းလမ်းကောင်းတွေနဲ့ တူတူစဉ်းစားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

🗒️ကိုယ်ဘာကိုစိတ်ဝင်စားတယ်ဆိုတာ သိအောင်လုပ်ပါ။

ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေ ဝါသနာတွေကနေ အသက်မွေးဝမ်းကျောင်းအထိ တစ်ဆင့်ချင်းပြောင်းလဲနိုင်လားဆိုတာ သိအောင်လုပ်ပါ။ ‘’မဖြစ်နိုင်လောက်ပါဘူး”ဆိုတဲ့ အတွေးတွေကို ဘေးချိတ်ပြီး လက်တွေ့ကျကျ လေ့လာကြည့်ပါ။ ဉပမာ- ကိုယ်ကျောင်းမှာလေ့လာနေရတဲ့ ဘာသာရပ်တွေထဲ အကြိုက်ဆုံကိုရွေးပြီး အဲ့ဒိဘာသာနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဆက်ပြီးရှာဖွေကြည့်ပါ။နောက် ၅နှစ် ၆နှစ် နေရင်ရော ကိုယ်လေ့လာချင်တဲ့ နယ်ပယ်က ဘယ်လောက်ထိတိုးတက်နေမလဲ စတဲ့ ဆောင်းပါးတွေကို အင်တာနက်ကနေ ရှာဖတ်ကြည့်ပါ။

🗒️ကိုယ်က ဘယ်အရာတွေမှာ ထူးချွန်လဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါ။

အသက်မွေးဝမ်းကျောင်းကို ရွေးချယ်တယ်ဆိုတာက ကိုယ့်ရဲ့ပင်ကိုယ်အရည်အသွေး ပါရမီတို့အပေါ်လည်း မူတည်နေပါသေးတယ်။ ကြိုးစားအားထုတ်မှုအများကြီးမလိုဘဲ အလုပ်တွေပိုပိုပြီးနေတဲ့ အရာမျိုး အမြဲတမ်းစိတ်ကျေနပ်မှုတွေရနေတဲ့ လေ့လာမှုမျိုးကို စဉ်းစားကြည့်ပါ။ အဆိုပါ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ဝင်စားမှုတွေကို အခြေခံပြီး ဖြစ်နိုင်ချေရှိတဲ့ အလုပ်အကိုင်တွေကို ချရေးပြီး တစ်ခုချင်း ပြန်လည်သုံးသပ်ကြည့်လိုက်ပါ။

🗒️ခေတ္တလောက် ငွေကြေးနဲ့ပတ်သက်တာတွေကို မေ့ထားလိုက်ပါ။

“ပျော်ရွှင်မှုကို ဝယ်ယူနိုင်တဲ့ ငွေပမာဏဆိုတာ အမှန်တကယ်မရှိပါဘူး” လစာတွေ ငွေကြေးပမာဏတွေက လူ့ဘ၀ရဲ့ အဓိပ္ပာယ်လို့တော့ ယူဆလို့မရနိုင်တာ လက်ခံကြရမှာပါ။ ရာထူး ဆိုတာက လုပ်ငန်းခွင်တစ်ခုအတွင်းမှာသာ သတ်မှတ်ပေးထားတဲ့ အဆင့်တစ်ခုဖြစ်ပြီး နေ့စဉ်ဘဝမှာတော့ စိတ်အေးချမ်းစွာနဲ့ ကျန်းကျန်းမာမာနေနိုင်နေပြီလား၊ မိသားစုနဲ့ ပျော်ရွှင်တဲ့ နေ့လေးတွေဖန်တီးနေလား စတဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေကသာ အရေးကြီးတဲ့နေထိုင်မှုပုံစံဖြစ်ပါတယ်။ ဘ၀မှာပြန်မရနိုင်တာက အချိန်ဖြစ်ပြီး ပစ္စုပ္ပန်ကျကျ ရှင်သန်မှုဖြစ်စေဖို့ ငွေကြေးတွေကိုမေ့ထားပြီး နေ့ရက်တိုင်း အသက်ရှုချောင်စေမဲ့ အလုပ်ကို ရွေးချယ်ဖို့ အကြံပြုပါတယ်။

🗒️ Online interest assessment

တစ်ယောက်ထဲတွေးပြီးဆုံးဖြတ်ရမှာခက်နေတယ် ဝေဝါးနေတယ်ဆိုရင်တော့ အင်တာနက်မှာအချိန်မရွေး စစ်ကြည့်နိုင်တဲ့ Personality Test တွေ Career Consultation Website တွေကို သုံးကြည့်ဖို့ မျှဝေပေးချင်ပါတယ်။ MBTI စစ်တာမျိုး Career Hunter စတဲ့ Websites တွေကနေတစ်ဆင့် အကြံပြုချက်တွေလည်း လွယ်လွယ်ကူကူရယူနိုင်ပါတယ်။

🗒️မေ့ထားလို့မရတဲ့ ငယ်ဘ၀အိပ်မက်တွေ

ကိုယ်တွေငယ်စဉ်ကလေးဘဝ အိပ်မက်တွေဟာ အချိန်နှင့်အမျှပြောင်းလဲခဲ့ပေမဲ့ လက်ရှိစိတ်အခြေအနေနဲ့ ထပ်တူကြမှဦမဟုတ်ပေမဲ့ မိမိတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတော့ ထင်ဟပ်စေပါသေးတယ်။ အိပ်မက်တွေကိုပြန်လည်စဉ်းစားကြည့်တာက အထိုက်လျောက်တော့ ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်း ရွှေးချယ်မှုကိုတော့ အကူညီဖြစ်စေမှာပါ။ကိုယ့်မှာရှိနေတဲ့ စရိုက်လက္ခဏာတွေ၊ အရည်အသွေးတွေကို သိသာလာစေမှာပါ။
(ဥပမာအနေနဲ့ ကိုယ်ကတိရစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ချင်တယ်ဆိုရင် ဆရာ၊ လူမှုရေးဝန်ထမ်း၊ ဆရာဝန်နှင့် တိရစ္ဆာန်ဆေးကုဆရာဝန် အပါအဝင် လုပ်ငန်းမျိုးစုံတွင် အသုံးဝင်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပြီး စာနာနားလည်တတ်သူဖြစ်ကြောင်း အကြံပြုထားပါတယ်။)

ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်း စိတ်ဝင်စားတွေကို ဆုံဖြတ်တယ်ဆိုတာက ခက်ခဲပြီး အတွေးများရပေမဲ့ ဘ၀အတွက် မရှိမဖြစ်လိုအပ်တဲ့ ပထမခြေလှမ်းဖြစ်တာကြောင့် သေသေချာချာ ဂရုတစိုက်ရွေးချယ်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်။

07/06/2024

🛎ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ စိုးရိမ်စရာ ရာသီဥတုပြောင်းလဲမှုတွေကိုလည်း ကမ္ဘာကြီးမှာတွေ့ကြုံနေရပါပြီ။အဆိုပါစိုးရိမ်ပူပန်စရာအခြေအနေတွေနဲ့အတူအရေးပေးဆွေးနွေးရမယ့်အကြောင်းအရာကတော့ Carbon Footprint ပြဿနာပဲဖြစ်ပါတယ်။ Carbon footprint ဆိုတာ က ဖန်လုံအိမ်ဓာတ်ငွေရဲ့ပမာဏကို ဆိုညွှန်းတာပါ။ အဓိကအားဖြင့် လူနေမှုဘဝတွေမှာအကျိုးသက်ရောက်မှုများတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို တွက်ချက်ကြတာပါ။

🛎ကမ္ဘာကြီးရဲ့အပူချိန်တွေတိုးလာတာ ပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့် Carbon Footprint ကိုလျော့ချဖို့ တစ်နေ့ထပ်တစ်နေ့ အရေးကြီးလာပါတယ်။ဒီနေ့ပါဆိုရင်တော့ Carbon Footprint ရဲ့ အကျိုးသက်ရောက်မှုတွေ တစ်ယောက်ချင်းစီဘာတွေထိန်းသိမ်းရမလဲ ကမ္ဘာကြီးကရောဘယ်လိုဖြေရှင်းနေကြလဲဆိုတာ လေ့လာနိုင်စေဖို့ ပြောပြပေးသွားမှာပါ။

🛎Carbon Footprintရဲ့ သက်ရောက်မှုက တိုင်းတာထားတဲ့ ဇယားတွေမှာ သာမန်ထက် များစွာ ကျော်လွန်နေလျက်ရှိပါတယ်။ ပြင်းထန်တဲ့ရာသီဥတု ဖြစ်ရပ်တွေ၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတွေ ဂေဟစနစ်များ နှောင့်ယှက်မှုတွေမှာ များစွာထိခိုက်နေပြီး လူနေမှုဘ၀တွေကိုပါ အဆိုပါ အကျိုးဆက်အများစုကို ခံရနေပါပြီ။ စရာသီဥတုဖောက်ပြန်ခြင်းတွေကြောင့် ကုန်ကျစရိတ်များတဲ့အတွက် စိုက်ပျိုးရေးဆုံးရှုံးမှုတွေသာမက အခြေခံအဆောက်အအုံများ ပျက်စီးခြင်းအထိကို ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် Carbon Footprintကို လျှော့ချခြင်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုသာမက ကမ္ဘာကြီးနဲ့ မိမိတို့အတွက် အလွန့်လွန်အရေးကြီးပါတယ်။

🛎Carbon Footprintကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့အတွက်ဆိုရင် အရေးကြီးဆုံးကတော့ သယ်ယူပို့ဆောင်ရေးနှင့်အတူ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို စတင်စဉ်းစားရမှာပါ။ အထူးသဖြင့် ရုပ်ကြွင်းလောင်စာတွေကနေ လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်မှုသည် ကာဗွန်ထုတ်လွှတ်မှုကလည်းပါဝင်ပါသေးတယ်။ ဒါတွေအပြင် သစ်တောပြုန်းတီးမှု၊ စက်မှုလုပ်ငန်း လုပ်ငန်းစဉ်များနှင့် မှားယွင်းတဲ့ စိုက်ပျိုးရေးအလေ့အကျင့်တွေကလည်း လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ ကို တိုးပြီးရင်းတိုးလာနေစေပါတယ်။

🛎နေစွမ်းအင်၊ လေနှင့် ရေအားလျှပ်စစ်လိုမျိုး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကို ပိုသုံးပြီး ကာဗွန်ဓာတ်ပါဝင်တဲ့ စွမ်းအင်အရင်းအမြစ်များအပေါ် မှီခိုအားထားမှုကို လျှော့ချရမှာပဲဖြစ်ပါတယ်။ အစားထိုးစွမ်းအင်အသုံးပြုခြင်းတွေ လျှပ်စစ်ကားနဲ့ စမတ်ဂရစ်နည်းပညာမျတိုးတက်မှုတွေကလည်း ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ ပိုမိုအထောက်အကူပြုစေပါတယ်။ဒီလိုနည်းတွေနဲ့ ကာဗွန်အစားထိုးလောင်စာ သုံးကြတာမျိုး ကာဗွန်သိုလှောင်မှုနည်းပညာတွေက စက်မှုလုပ်ငန်းခွင်တွေမှ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ပါးသက်သာစေအုံးမှာပါ။

🛎Carbon Footprint ကိုလျော့ချဖို့ အသိပညာပေးဖို့နဲ့ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာများ ဖြန့်ဝေခြင်းတွေနဲ့ လူတစ်ဦးချင်းစီကိုလိုက်နာစေခြင်းကို တွေကို ကျောင်းတွေ မီဒီယာတွေနဲ့ ရပ်ရွာအဖွဲ့အစည်းများတိုင်းက ဆောင်ရွက်ရမှာပါ။ ဂေဟစနစ်ဆိုင်ရာ အသိအမြင်ရှိတွေကို နောင်မျိုးဆက်တွေအတွက် ချန်ထားပြီး ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့ လိုပါတယ်။
အနာဂတ်မျိုးဆက်သစ်တွေအတွက် လှပတဲ့ နေထိုင်ချင်စရာ ကမ္ဘာမြေဖြစ်စေဖို့ လက်တွေ့ကျကျ Carbon Footprint ပြဿနာကို စတင်ဖြေရှင်းဖို့လိုနေပါပြီ။ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ တစ်ဦးချင်းလုပ်ဆောင်မှုကိုအားပေးခြင်း၊ ဉပဒေများပြဋ္ဌာန်းခြင်း၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းတွေချမှတ်ခြင်း၊ အသိပညာပေးခြင်းတွေကို လုပ်ဆောင်မှုမှသာ မိမိတို့အတွက် ပိုမိုစိမ်းလန်းသာယာ ရေရှည်တည်တံ့တဲ့ အနာဂတ်လမ်းကြောင်းကို ရောက်ရှိနိုင်မှာပါ။ ⏰

30/08/2019

Now loading ..coming soon

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Nat Chaung Ward, Tamwe
Yangon
11182