Live Life

Live Life

Share

RELIABLE - PREMIUM - QUALITY Being a one-stop service for interior, to expand related business by strengthening its advance sol.

18/05/2026

နေ့ရက်တိုင်းကို အကြည်ဓာတ်လေးနဲ့ ဖြတ်သန်းနိုင်ဖို့ဆိုတာ... ကိုယ်နေထိုင်တဲ့ Space လေးက စိတ်အပန်းပြေစရာ ဖြစ်နေဖို့ လိုတယ်နော်... 💫

ဒါကြောင့် အိမ်တွင်းအလှဆင်တဲ့အခါ ရေရှည်အသုံးခံပြီး Design ရော Quality ပါ စိတ်ချရတဲ့ Premium Materials တွေကို ရွေးချယ်ဖို့က အရေးကြီးဆုံးပါပဲ။

မိတ်ဆွေတို့ စိတ်ကူးထားတဲ့ နေအိမ်လှလှလေးအတွက် လိုအပ်တာမှန်သမျှကို 𝐋𝐢𝐯𝐞 𝐋𝐢𝐟𝐞 မှာ တစ်နေရာတည်း စုံစုံလင်လင် ရရှိနိုင်ပါပြီ။

✨ ကမ္ဘာကျော် Formica® / PERForm® HPL များ
✨ အလှပဆုံးအနားစောင်းတွေအတွက် Doellken Edgeband
✨ ဘက်စုံသုံးကော် Live Life Adhesives
✨ Rubio Monocoat သစ်သားအရောင်တင်ဆီ
✨ ကမ္ဘာကျော် Titebond သစ်သားကပ်ကော်
✨ ခိုင်ခံ့လှပတဲ့ Formica® Laminate Door နဲ့ NOK NOK Solid Door များ
✨ Door Accessories မျိုးစုံနဲ့ Trim Strip များ...

ဒီတော့ ကမ္ဘာ့အဆင့်မီ Brand အစုံအလင်ကို တစ်နေရာတည်းမှာ စိတ်တိုင်းကျ ဝယ်ယူဖို့ မျက်စိမှိတ်ရွေးချယ်ရင်တောင် မမှားစေမယ့် 𝐋𝐢𝐯𝐞 𝐋𝐢𝐟𝐞 ကိုသာ အားထားလိုက်ပါနော်… 🙌

16/05/2026

❝ရိုးရှင်းမှုထဲက ခံ့ညားတဲ့ အလှတရား PERForm® HPL ဒီဇိုင်းများ❞

ဘယ်လို Interior Style မှာမဆို လိုက်ဖက်ညီပြီး အမြင်တင့်တယ်စေမယ့် PERForm® HPL ရဲ့ ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။🤩

အရည်အသွေးပိုင်းမှာ စိတ်ချရသလို၊ အလှအပပိုင်းမှာလည်း အပြစ်ပြောစရာမရှိအောင် ခံ့ညားလွန်းလို့ အိမ်ရှင်တိုင်း၊ Interior Decorator တိုင်း သဘောကျစေမှာ အသေအချာပါပဲ။

PERForm® HPL Design လေးတွေကို Live Life Showroom တွေမှာ လူကိုယ်တိုင်လာရောက်ကြည့်ရှုပြီး စိတ်ကြိုက်ရွေးချယ် ဝယ်ယူလိုက်ပါနော်။🤗

📌 ORDER NOW >>> 09 954 988 988

12/05/2026

စိတ်ကူးရှိရုံနဲ့ ချက်ချင်းဖန်တီးအလှဆင်နိုင်တဲ့ HPL Design များ 🤩

Decorator တွေ သိကြတဲ့အတိုင်း… စိတ်ကူးထဲက Project တစ်ခု လက်တွေ့ဖြစ်လာဖို့ဆိုတာ “အချိန်” က စကားပြောပါတယ်။

Formica® / PERForm® HPL ရဲ့ Luxury Marble Series နဲ့ Natural Texture ဒီဇိုင်းတွေက နေအိမ်၊ ရုံးခန်း စတဲ့ ဘယ်လို Interior မျက်နှာပြင်နေရာမျိုးမှာမဆို ခမ်းနားထည်ဝါစွာနဲ့ အလှဆင်နိုင်ပါတယ်။ 🤗

🏢 Project တစ်ခုလုံးစာ HPL အချပ်အရေအတွက်ကို ချက်ချင်းဝယ်၊ ချက်ချင်းရ နိုင်တာမို့ Client အကြိုက်ဖြစ်မယ့် ဒီဇိုင်းလေးကိုရွေးပြီး အခုပဲ Live Life Showrooms တွေမှာ အပြေးလေး လှမ်းလာဝယ်လိုက်တော့နော်…

📌 ORDER NOW >>> 09 954 988 988

10/05/2026

ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနိုင်မယ့် Trim Strip တွေကို စိတ်ကြိုက်ရွေးချယ်ပါ ✨

Interior Decoration တွေ ပြင်ဆင်တဲ့အခါ အနားစောင်းတွေကို အမြင်ဆန်းဆန်းလေးနဲ့ သူမတူတဲ့ ပုံစံလေး ရရှိစေဖို့… ရှိရင်းစွဲဒီဇိုင်းထက် ပိုမိုသေသပ်လှပဖို့ဆိုရင်တော့ Trim Strip ကို ရွေးချယ်ဖို့ လိုမယ်နော်...

Trim Strip ကို...
👉 ကြွေပြားတစ်ခုနှင့်တစ်ခုကြား အဆက်နေရာများကို ပိုမိုလှပစေရန် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊
👉 Formica® HPL ကပ်ရာတွင် ပိုမိုသပ်ရပ်စေရန် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊
👉 အနားစောင်း ထောင့်အစွန်းနေရာများမှာ ထည့်သွင်းအသုံးပြုနိုင်ခြင်း၊
👉 လှေကားစောင်းများနှင့် အစွန်းနေရာများတွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊
👉 မျက်နှာကျက်နှင့် နံရံများမှာ ထည့်သွင်းအသုံးပြုနိုင်ခြင်း၊
👉 Board ပြားတွေရဲ့ အနားစောင်းနေရာများ၊ ဒူးကွေးများ၊ ဆက်ကြောင်းနေရာလွတ်များအပြင် ဘေးဘောင်အနားစောင်းများအတွက်ပါ အသုံးပြုနိုင်ခြင်း၊

ဒီလို Interior Decoration အတွက် နေရာစုံမှာ အသုံးဝင်တဲ့ Trim Strip တွေကို Shape ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ဆိုဒ်အမျိုးမျိုးနဲ့ မိတ်ဆွေတို့ စိတ်ကြိုက် တစ်နေရာတည်းမှာ ရွေးချယ်ဝယ်ယူဖို့အတွက် Live Life ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🤗

08/05/2026

မိတ်ဆွေတို့ရဲ့ နေအိမ်၊ ရုံးခန်း၊ Interior Decoration တွေအတွက် အရည်အသွေးမြင့် အိမ်တွင်းအလှဆင်ပစ္စည်းတွေ ဝယ်ယူဖို့ Live Life Showroom တွေ ရှိနေပါတယ်... 🤗

💁‍♀️ Live Life Showroom များကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဖွင့်လှစ်ထားရှိပြီး ကမ္ဘာကျော် Formica® HPL၊ PERForm® HPL များ အပါအဝင် အိမ်တွင်းအလှဆင်ပစ္စည်း အစုံအလင်ကို တစ်နေရာတည်းမှာ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့နဲ့ အနီးဆုံး Live Life Showroom တွေကတော့...

📍 ရန်ကုန်မြို့ရှိ Showroom များ

🏠 Live Life Sales Center
အမှတ် - ၇၆/က၊ စက်မှုဇုန် ၁ လမ်း၊ ၈ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📞 09 954 988 988, 09 977 814 248

🏠 Live Life Flagship Store
အမှတ် - ၇/ဂ၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📞 09 954 998 998, 09 977 814 263

📍 မန္တလေးမြို့ရှိ Showroom

🏠 Live Life Mandalay Showroom
အမှတ် - ၁၂၂/ခ၊ ၇၈ လမ်း၊ ၃၆ လမ်း x ၃၇ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 250 048 376, 09 969 907 976

စိတ်အေးချမ်းသာစွာနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေ ရယူဖို့ Live Life Showroom တွေကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🥰

06/05/2026

အနားစောင်းတိုင်းအတွက် အကောင်းဆုံး Döllken Edgeband များ

Interior လုပ်ငန်းတွေမှာ အနားစောင်း သေသပ်လှပဖို့ဆိုရင် အရည်အသွေးမြင့် Döllken Edgeband တွေကိုပဲ သတိရလိုက်ပါ။ 🤩

Döllken Edgeband တွေကို Live Life Showroom တွေမှာ...

✅ အဖြူရောင် (White)
✅ ခဲရောင် (Grey)
✅ သစ်ကြော (Woodgrain) နဲ့
✅ ဗြောင်ကာလာ (Solid) မျိုးစုံကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

မိတ်ဆွေတို့ စိတ်ကြိုက်ဖြစ်မယ့် Stock Color လေးတွေကို Live Life Showroom တွေမှာ အခုပဲ လာရောက်ဝယ်ယူလိုက်တော့နော်။ 🤗

05/05/2026

မီးဖိုချောင်နေရာဆိုတာ အိမ်တစ်အိမ်ရဲ့ နှလုံးသားပါ…

တစ်အိမ်လုံးရဲ့ အစားအသောက်တွေကို ချက်ပြုတ်ရာနေရာ ဖြစ်တာမို့ ပိုးမွှားပေါက်ဖွားမှုကို ကာကွယ်ပေးနိုင်တဲ့ Formica ® HPL များကို အသုံးပြုသင့်ပါတယ်။

ရွေးချယ်စရာ ဒီဇိုင်းပုံစံများစွာရှိတဲ့ Formica ® HPL Pattern တွေနဲ့ သင့်မီးဖိုချောင်လေးမှာ ဘယ်လိုအလှဆင်ချင်လဲ?

အခုဗီဒီယိုလေးထဲက အကြိုက်တွေ့တဲ့ Pattern လေးရှိရင်လည်း Comment မှာ ပြောသွားပေးဦးနော်…🥰

Photos from Live Life's post 05/05/2026

Formica® HPL တွေနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာကျော် Great Ormond Street Hospital

🏥 Great Ormond Street Hospital (GOSH) ဆိုတာ ကမ္ဘာ့အဆင့်မီ ကလေးဆေးရုံကြီးတစ်ခုဖြစ်သလို လူနာတွေအတွက် စိတ်အေးချမ်းမှုပေးနိုင်ဖို့ ဒီဇိုင်းပိုင်းကို အဓိကထားပြီး တည်ဆောက်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် Formica® Group ကနေ ဆေးရုံရဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီစေမယ့် Surface Solutions ကို ပံ့ပိုးပေးခဲ့ပါတယ်။

မိတ်ဆွေတို့ရဲ့ Healthcare Project တွေအတွက်လည်း အရည်အသွေးမြင့် Surface Solution တွေကို ရှာဖွေနေတယ်ဆိုရင်တော့ Live Life ရဲ့ Formica® HPL တွေကို သတိရလိုက်ပါ။ 🥰

29/04/2026

Showroom ပိတ်ရက် အသိပေးကြေညာခြင်း📣

(၃၀.၄.၂၀၂၆) ရက်နှင့် (၁.၅.၂၀၂၆) ရက်များသည် အများပြည်သူ ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့် Live Life Showroom အားလုံး ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

(၂.၅.၂၀၂၆) ရက်နေ့မှာ Showroom အားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမည်။🥰

29/04/2026

✨နှစ်သစ်မှာ အမြင်သစ်နဲ့လှပဖို့ အရည်အသွေးမြင့် Material တွေကို Live Life မှာ ရွေးချယ်ဝယ်စို့ ✨

နှစ်သစ်ဆိုတာ အရာရာကို အသစ်က ပြန်လည်စတင်ဖို့ အကောင်းဆုံးအချိန်အခါတစ်ခုပါ။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ နေ့ရက်တိုင်းမှာ အပန်းဖြေအနားယူရာ နေရာလေးဖြစ်တဲ့ အိမ်တွင်းအပြင်အဆင်ကလည်း အလွန်အရေးကြီးပါတယ်နော်။🤗

ဒီနှစ်သစ်မှာ မိတ်ဆွေတို့ရဲ့ နေအိမ်လေးကို ပိုမိုတောက်ပသစ်လွင်လာစေဖို့...

✔ အိမ်ထဲမှာ ရှုပ်ပွနေတာတွေကို ဖယ်ရှားပြီး မျက်စိပသာဒ ဖြစ်စေမယ့် Wood Grain (သစ်သားအရောင်) ဒါမှမဟုတ် အေးချမ်းတဲ့ Solid Color လေးတွေနဲ့ အိမ်ရဲ့ Mood ကို အသစ်ဖန်တီးကြည့်ပါ။

✔ ဟောင်းနွမ်းနေတဲ့ ဗီရိုတွေနဲ့ နံရံကပ်မျက်နှာပြင်တွေကို အရည်အသွေး စိတ်ချရတဲ့ High Pressure Laminate တွေနဲ့ အစားထိုးလိုက်ရုံနဲ့တင် သင့်အိမ်လေးက စတိုင်ကျပြီး ခေတ်မီတဲ့ အိမ်ဂေဟာတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားမှာပါ။

မိမိတို့ရဲ့ နေအိမ်လေးကို စိတ်တိုင်းကျ အလှဆင်ပြောင်းလဲချင်သူများအတွက် Live Life ရဲ့ အရည်အသွေးမြင့် အိမ်တွင်းအလှဆင်ပစ္စည်းတွေက အသင့်ရှိနေပါတယ်နော်။

ဒါကြောင့် နှစ်သစ်မှာ အသစ်သစ်သော စိတ်ကူးစိတ်သန်းတွေနဲ့အတူ သင့်အိမ်ဂေဟာလေးကို Live Life ရဲ့ Decorative Materials တွေနဲ့ အလှဆင်လိုက်ပါ။🥰

28/04/2026

Live Life ရဲ့ တိုးတက်လာတဲ့ လုပ်ငန်းခွင်ထဲမှာ စိန်ခေါ်မှုအသစ်တွေနဲ့အတူ ကိုယ့်ရဲ့ Skill ကို တိုးတက်အောင်လုပ်ချင်သူတွေအတွက် Live Life Yangon Head Office မှာ လူအင်အားအသစ်တွေ ထပ်မံခေါ်ယူနေပါပြီနော်။

✅ Senior Executive, CRM - 1 Post
✅ Executive, Sales & Marketing - 1 Post
✅ Senior Accountant - 1 Post
✅ Executive, Marketing (Database) - 1 Post

မိမိ Career နဲ့ ပတ်သက်ပြီး အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်ချင်တယ်၊ Interior Decoration နယ်ပယ်မှာ အတွေ့အကြုံအသစ်တွေ ရချင်တယ်ဆိုရင်တော့ အခုပဲ ကိုက်ညီရာ Position ကို လျှောက်ထားလိုက်ပါရှင့်။ 🥰

CV Form ပေးပို့ရန် - 👇
Viber - 09 977 814 212, 09 977 814 218
Email - [email protected]

Position များနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက 09 977 814 212 ကို မနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

🏡 လိပ်စာ - အမှတ် ၇၆/က၊ စက်မှုဇုန် (၁) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

Want your business to be the top-listed Hardware Service in Yangon?
Click here to claim your Sponsored Listing.

Address


No. 76/A, S Okkalapa Number 1 Industrial Road, 8 Quarter, South Okkalapa Tsp
Yangon
11011