TODAY Book Store

TODAY Book Store

Share

တူဒေးတိုက်ထုတ် စာအုပ်များကို အိမ်အရောက်ပို့ မှာယူဖတ်ရှုနိုင်ပါသည်။

TODAY Book Store page ကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ပြီး စာပေချစ်သူများအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။

Photos from TODAY Book Store's post 05/10/2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ​ပထမပတ် ထွက်သည့်စာအုပ်များ

-----------------------------------

၁။ ‌မြို့တည်မှုသီအိုရီ
ဒေါက်တာလွင်အောင်
တန်ဖိုး - ၁၉,၀၀၀ ကျပ်

၂။ ​​AI နှင့် ဒစ်ဂျစ်တယ်စီးပွားရေး
အားပြိုင်မှုများ
မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
တန်ဖိုး - ၁၀,၀၀၀ ကျပ်

၃။ ​Digital Marketer တစ်​ယောက်ရဲ့
အတွေးအခေါ်မှတ်စုများ
အီရှီတာ
တန်ဖိုး - ၁၁,၀၀၀ ကျပ်

၄။ ငွေကြေးလွတ်လပ်မှုဆီသို့
ခြေလှမ်း ၇ လှမ်း
စည်သူ
တန်ဖိုး - ၁၇,၀၀၀ ကျပ်

၅။ ဂျပန်ထောက်လှမ်းရေးသမိုင်း
အလင်းဆက် (IR)
တန်ဖိုး - ၃၀,၀၀၀ ကျပ်

၆။ ဆယ့်နှစ်လရာသီဖွားတို့အတွက်
အ​ဆောင်ကျောက်မျက်များ
ကျောက်ဒိုး (ဘူမိ)
တန်ဖိုး - ၂၀,၀၀၀ ကျပ်

၇။ ပျော်ရွှင်မှ အောင်မြင်မယ်
တမ်းတဟန်
တန်ဖိုး - ၂၁,၀၀၀ ကျပ်

၈။ AI အသုံးချ ငွေရှာနည်း
Aung Khit
တန်ဖိုး - ၁၇,၅၀၀ ကျပ်

၉။ စိတ်ချမ်းသာစွာ​နေထိုင်ခြင်း
လွန်းထားထား ​(ဆေးတက္ကသိုလ်)
တန်ဖိုး - ၁၂,၀၀၀ ကျပ်

၁၀။ ဝံပုလွေတစ်ကောင်၏ လျှို့ဝှက်လမ်းစဥ်
ကျော်ဇော (Diary)
တန်ဖိုး - ၇,၀၀၀ ကျပ်

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်

03/10/2026

အိပ်မက်သစ်တစ်ခုကို ပုံဖော်ကြည့်ပါ။
ပန်းတိုင်တစ်ခု တွေးကြည့်ပါ။
ထိုအရာတို့သည် တွန်းအားသစ်ဖြစ်စေသည်။

"အောင်မြင်လိုသူအတွက် အကြံပြုချက်များ"
စာအုပ်မှ ကောက်နုတ်ချက်



#တူဒေးစာအုပ်တိုက်

29/09/2026

ဖြစ်အောင်လုပ်ပြလိုက်ပါ

စာရေးသူ - လူသာ (အတွေးအမြင်)
တန်ဖိုး - ၁၄,၀၀၀ ကျပ်
စာမျက်နှာ - ၁၉၂

- လခစားအလုပ်မှာ ချောင်ပိတ်သလို ခံစားနေရပြီး၊ စိတ်ကူးထဲက အလုပ်ကြီးအကိုင်ကြီးတွေကို တကယ်ဖြစ်အောင် လုပ်နိုင်ဖို့ရာ ကြိုးစားချင်စိတ် ပြင်းပြနေသူတွေ၊ ကြိုက်တာလုပ်ပြီး လုပ်သမျှ ပိုက်ဆံရအောင် လုပ်တတ်ချင်တယ်ဆိုတဲ့ သူတွေအတွက် အထူးရည်ရွယ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

- အလုပ်လုပ်ချင်စိတ်တော့ ရှိပါရဲ့ လုပ်ကိုင်ချင်စိတ် ပျောက်သလိုဖြစ်နေပြီး၊ လမ်းခုလတ်မှာတင် လမ်းပိတ်သလို ခံစားနေရတဲ့သူတွေ၊ အလုပ်ခွင်မှာ စိတ်ကျဉ်းကြပ်သလို ခံစားနေရပြီး ဘဝတိုးတက်ရာတိုးတက်ကြောင်း လမ်းပိတ်သလို ခံစားနေရတဲ့သူတွေအတွက် အသက်ရှုချောင်စေနိုင်မယ့် အသုံးကျဘဝလမ်းညွှန်တွေ ပါဝင်တဲ့ စာအုပ်ဖြစ်ပါတယ်။

- တသက်နဲ့တကိုယ် အလုပ်ကြီးအကိုင်ကြီး လုပ်ဖြစ်လာလိမ့်မယ်လို့ တခါမှ မတွေးဖူးတဲ့လူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းကြီးတွေ တာဝန်ယူပြီး လုပ်ကိုင်သွားကြရမယ့်လူတွေအတွက် လက်တွေ့ကျကျ အကြံပြုထားတဲ့ စီးပွားရေးအကြံပေးစာအုပ်ဖြစ်ပါတယ်။

- စွန့်ဦးတီထွင်လုပ်ငန်းရှင်လောင်းတွေ၊ နည်းပညာတွေနဲ့အတူ ပြောင်းလဲတိုးတက်လာတဲ့ ဈေးကွက်ကို အမီလိုက်ပြီး လုပ်ငန်းကို တိုးမြှင့်သွားဖို့ တွေးနေတဲ့သူတွေ၊ ကိုယ်ထူကိုယ်ထ အသေးစား စီးပွားရေးလုပ်ငန်းတွေကို လက်တွေ့ လုပ်ကိုင်နေတဲ့သူတွေ၊ တတ်စွမ်းသလောက် စီးပွားရေး လုပ်ငန်းလေးတွေကို အကောင်းဆုံး စီမံခန့်ခွဲသွားနိုင်ဖို့ ကြိုးစားနေကြတဲ့သူတွေအတွက် အသုံးကျလမ်းညွှန်တွေ အကြံပြုထားတဲ့ စီးပွားရေးအကြံပေးစာအုပ်ဖြစ်ပါတယ်။

- နည်းပညာလုပ်ငန်းနယ်ပယ်က ပရိုဂရမ်မာ ပညာရှင်လောင်းတွေ၊ မိဘလုပ်ငန်းတွေကို လက်ပြောင်းယူပြီး လုပ်ငန်းဦးစီးရတော့မယ့်သူတွေ၊ နယ်ပယ်စုံမှာ ကိုယ်ပိုင်လုပ်ငန်း စလုပ်ကြတော့မယ့်သူတွေ၊ ဘာကို ရွေးချယ်ပြီး ဇောက်ချလုပ်သွားရမယ်ဆိုတာ မသဲကွဲသေးတဲ့သူတွေနဲ့ လုပ်နေတဲ့အလုပ်ကို စိတ်ကူးထဲကအတိုင်း တကယ်ဖြစ်အောင် လုပ်ချင်တဲ့သူတွေအနေနဲ့ အထူးဖတ်သင့်တဲ့ လက်တွေ့အကျဆုံးသော စီးပွားရေးအကြံပေးလမ်းညွှန်စာအုပ်ဖြစ်ပါတယ်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#ဖြစ်အောင်လုပ်ပြလိုက်ပါ

28/09/2026

ကျွန်တော်မပြောခဲ့ရသောစကားများ

Mon Halsey
စာမျက်နှာ - ၃၆၀
တန်ဖိုး - ၂၅,၀၀၀ ကျပ်

ငယ်ဘဝမှာ Selective Mutism (အခြေအနေကိုလိုက်ပြီး ရွေးချယ်စကားမပြောနိုင်ခြင်း) ဆိုတဲ့ အခြေအနေကို ပတ်ဝန်းကျင်က ဆွံ့အ နေသူတစ်ယောက်လို အမျိုးမျိုးသော ထင်ကြေးတွေနဲ့ လိုရာဆွဲတွေး ကောက်ချက်ရေးခံရတာကနေ Social Anxiety (လူမှုရေးဆိုင်ရာကြောက်ရွံမှု)၊ အဲဒီကနေစိတ်ကျဝေဒနာ (Depression) အထိ ခံစားလာခဲ့ရတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်း တချို့ကို အခြေခံပြီး ရသမြောက်စွာဖန်တီးရေးထားတဲ့ Biographical Fiction ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ကာယကံရှင်ရဲ့ ယုံကြည်မှုနဲ့ အတူ ကြည်ဖြူစွာ ခွင့်ပြုပေးခဲ့မှုတို့ကြောင့် ပုံဖော်ဖန်တီးရေးသားခွင့်ရခဲ့တဲ့စာအုပ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

စာရေးသူကိုယ်တိုင်က နှလုံးသားတစ်ခုလုံးနဲ့ ထင်ဟပ်ပြီးရေးသားခဲ့တဲ့ အချစ်၊အလွမ်း၊ ကြေကွဲမှု၊ လက်လွှတ်မှု၊ ရှင်သန်မှု၊ မျှော်လင့်ချက်တွေ တနင့်တပိုးကြီး ပါဝင်နေတဲ့ ဒီစာအုပ်သစ်ဟာ ဝတ္ထုဇာတ်လမ်းတွေကို မျှော်လင့်နေကြတဲ့ ဆရာမမွန်ရဲ့ပရိသတ်အတွက် ရင်ခုန်သံချင်းထပ်တူကျမယ့်စာအုပ်တစ်အုပ် ဖြစ်လာပါလိမ့်မယ်။

ခိုင်မာသော ပညာရပ်ဆိုင်ရာ အချက်အလက်များအတွက်ကိုတော့ Su***de Prevention Myanmar မှ ဆရာမင်းလှက ကူညီပံ့ပိုးပေးထားပါတယ်။ နောက်ထပ်တစ်ခုကတော့ ဒီစာအုပ်ထဲမှာ ဆရာမင်းလှ (SPM)ရဲ့ English ကဗျာ Essay လေးများကလည်း ရသမြောက်စွာပါဝင် အားဖြည့်ထားခြင်းပါပဲ။ စာရေးတဲ့နေရာမှာ အတွဲညီလှတဲ့ ဆရာနဲ့ ဆရာမရဲ့ နောက်ထပ် ပူးပေါင်း ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#ကျွန်တော်မပြောခဲ့ရသောစကားများ

27/09/2026

Philip Kotler နှင့် Marketing : မားကတ်တင်းဂုရု၏ အမေးအဖြေများ

မြန်မာပြန်သူ - ဒေါက်တာသာထွန်းဦး
တန်ဖိုး - ၂၀,၀၀၀ ကျပ်
စာမျက်နှာ - ၂၀၃

ဒီစာအုပ်က . . .
- American Marketing Association က မဲပေးရွေးချယ်ခဲ့တဲ့ ဈေးကွက်ရှာဖွေခြင်း အတွေးအမြင်
ကဏ္ကရဲ့ ကမ္ဘာ့ပထမဆုံးခေါင်းဆောင်တစ်ဦးဖြစ်သူ . . .

- ကမ္ဘာ့ကနဦးဆုံး ဈေးကွက်ရှာဖွေခြင်း လက်တွေ့အသုံးကျနည်းဗျူဟာကျွမ်းကျင်ပညာရှင်တွေထဲက တစ်ဦးလည်းဖြစ်သူ . . .

- "ဈေးကွက်ရှာဖွေခြင်းစီမံခန့်ခွဲမှု" စာအုပ်နဲ့ ဈေးကွက်မြှင့်တင်ခြင်းအပေါ် Kotler အမြင်" စာအုပ်တွေ အပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စာအုပ်အမြောက်အမြားကို ရေးသားခဲ့သူ . . .

- အမေရိကန်လူမျိုး ဈေးကွက်ရှာဖွေခြင်းဆိုင်ရာ စာရေးဆရာ၊ အကြံပေး၊ ဂုဏ်ထူးဆောင်ပါမောက္ခ တစ်ဦးဖြစ်သူ မားကတ်တင်းဂုရုကြီး Philip Kotler ရဲ့ "Philip Kotler နှင့် Marketing : မားကတ်တင်းဂုရု၏ အမေးအဖြေများ" စာအုပ် ဖြစ်ပါတယ်။

- လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က ရေးသားခဲ့တဲ့ ယခုစာအုပ်မှာ လက်ရှိ မျက်မှောက်ကာလ ဈေးကွက်ရှာဖွေ ဖော်ဆောင်ရေးနယ်ပယ်အတွင်း ဖြစ်ပွားနေတဲ့ အပြောင်းအလဲတွေကို ထင်ဟပ်စေနိုင်မယ့် အချက်များစွာ ပါဝင်ပါတယ်။

- မိမိကုမ္ပဏီ၊ လုပ်ငန်းနဲ့ ဈေးဆိုင်၊ Online အရောင်းအဝယ် . . . စသဖြင့် ဘယ်လို နယ်ပယ်ကဏ္ဍမှဖြစ်ပါစေ ယခုစာအုပ်က‌နေ မိမိတို့လိုချင်၊ လိုအပ်တဲ့ မေးခွန်းတွေရဲ့အဖြေကို တွေ့နိုင်ပါမယ်။

- ကုမ္ပဏီကြီးတွေမှာ ဈေးကွက်ရှာဖွေဖော်ဆောင်ရေး၊ ကုန်အမှတ်တံဆိပ်တည်ဆောက်ရေး နယ်ပယ်အတွင်း လုပ်ကိုင်နေတဲ့ ပရော်ဖက်ရှင်နယ် ဝန်ထမ်းတွေ အနေနဲ့လည်း ဈေးကွက်ရှာဖွေခြင်းဆိုင်ရာကြုံတွေ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေရဲ့အဖြေနဲ့ အကြောင်းရင်းတွေကို ယခုစာအုပ် ဖတ်ရှုခြင်းအားဖြင့် သုံးသပ်ဆင်ခြင် ပြင်ဆင်အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
ှင့်Marketing_မားကတ်တင်းဂုရု၏အမေးအဖြေများ

26/09/2026

ရေရှည်မှာ သာလွန်တဲ့အကျိုးအမြတ်ကိုရဖို့အတွက်
ကျွန်တော်တို့အနေနဲ့ စည်းမျဥ်းစည်းကမ်းနဲ့
ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုကို
ကျင့်သုံးရမှာဖြစ်ပါတယ်။

"မင်းဧကရာဇ်၏ အောင်မြင်မှုလျှို့ဝှက်ချက်များ" စာအုပ်မှ ကောက်နုတ်ချက်



#တူဒေးစာအုပ်တိုက်

23/09/2026

အနက်ရောင်စီးပွားရေး

မြန်မာပြန်သူ - ကျော်စိုးမင်း
တန်ဖိုး - ၉,၀၀၀ ကျပ်
စာမျက်နှာ - ၁၂၀

"အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရက ဗဟိုဦးစီးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်တွေ ကျင့်သုံးတဲ့အခါ နိုင်ငံမှာ အနက်ရောင်စီးပွားရေး အမြစ်တွယ်၊ ရှင်သန်ကြီးထွားလာတဲ့အကြောင်း တင်ပြထားတဲ့စာအုပ် . . ."

- အနက်ရောင် စီးပွားရေးကို အနက်ရောင်ငွေကြေး၊ အပြိုင်စီးပွားရေး၊ တရားမဝင်စီးပွားရေး၊ စာရင်းပျောက်စီးပွားရေး၊ ဥပဒေဆန့်ကျင်တဲ့စီးပွားရေး၊ မြေအောက်စီးပွားရေး စသည်ဖြင့် အမည်နာမပေါင်းများစွာနဲ့ ညွှန်းဆိုထားကြပါတယ်။

- အမည်နာမဘယ်လိုပင်ရှိသည်ဖြစ်စေ အနက်ရောင်စီးပွားရေးဆိုတာ တိုင်းပြည်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ လူမှုရေး အစရှိတဲ့ ကြွယ်ဝချမ်းသာမှုကို နောက်ပြန်ဆွဲနေတဲ့ဖြစ်စဉ်လို့ ဆိုရမှာဖြစ်ပါတယ်။

- အနက်ရောင်စီးပွားရေးဟာ တိုင်းပြည်ထဲမှာရှိတဲ့ ဆင်းရဲ ချမ်းသာမရွေး လူတိုင်းအပေါ် အကောင်းအဆိုး သက်ရောက်မှုတွေ ရှိနေတယ်။

- ဒီစာအုပ်ထဲမှာ အိန္ဒိယနိုင်ငံမှာ အနက်ရောင်စီးပွားရေး ဘယ်လိုနဲ့ ဘာကြောင့် ကြီးထွားလာနေသလဲ၊ ကျွန်တော် တို့ရဲ့ အလားအလာရှိနေတဲ့ အောင်မြင်မှုတွေရဖို့အတွက် ဘယ်လိုအရာတွေက နောက်ဆွဲဟန့်နေသလဲ၊

တရားဝင် ငွေကြေးအဖြစ်မှ ရုပ်သိမ်းခြင်းအပါအဝင် အကျင့်ပျက်ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားမှ တာဝန်ရှိအစိုးရဝန်ထမ်းတွေ၊ အကျင့်ပျက်ခြစားမှုကို အားပေးတဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အစည်းတစ်ခုရဲ့ တည်ရှိမှုလျော့ပါးပျောက်ကွယ်စေဖို့ လုပ်ဆောင်ချက်တွေဟာဘာကြောင့် ထိရောက်မှုမရှိဖြစ်နေတာလဲ၊

အနက်ရောင်စီးပွားရေးကို အမြစ်ဖြတ်နိုင်ဖို့အတွက် ရေတို၊ ရေလတ်နဲ့ ရေရှည်မှာ ဘယ်လို ပြင်ဆင် ကုစားချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#အနက်ရောင်စီးပွားရေး

Photos from TODAY Book Store's post 22/09/2026

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ​တတိယပတ်
ထွက်သည့်စာအုပ်များ

-----------------------------------

၁။ ‌အမေ့ရှေးစကား
လူထုဒေါ်အမာ
တန်ဖိုး - ၄၅,၀၀၀ ကျပ်

၂။ ​​အတိတ်ကမြန်မာမှု
(မြန်မာမှုအနုပညာဆိုင်ရာ ဆောင်းပါးများ)
မောင်အေးမြင့် (မြန်မာ့ရိုးရာဒီဇိုင်း)
တန်ဖိုး - ၆၅,၀၀၀ ကျပ်

၃။ ​မြန်မာစာ အ​ရေးနှင့် အနက်
​ဒေါက်တာထွန်းတင့်
တန်ဖိုး - ၁၀,၀၀၀ ကျပ်

၄။ တိုက်ပွဲဝင် အောင်မြင်​ရေး မဟာဗျူဟာများ
​မောင်မြင့်ကြွယ်
တန်ဖိုး - ၄၅,၀၀၀ ကျပ်

၅။ ဝယ်သူ​တွေ ဘယ်လိုဆုံးဖြတ်ကြလဲ
အဲလက်စ်ခိုင်
တန်ဖိုး - ၁၉,၅၀၀ ကျပ်

၆။ ကျောင်းသားလူငယ်တွေနှင့်
အခြားဆောင်းပါးများ
အောင်သင်း
တန်ဖိုး - ၆,၀၀၀ ကျပ်

၇။ ရှုမြင်ပုံ ရှုမြင်နည်းများ
ဆည်းဆာ
တန်ဖိုး - ၁၄,၀၀၀ ကျပ်

၈။ အနက်​ရောင်စီးပွား​ရေး
ကျော်စိုးမင်း
တန်ဖိုး - ၉,၀၀၀ ကျပ်

၉။ အတွင်းစိတ်ဖွင့်ဟဝန်ခံချက်များ
(ကမ္ဘာကျော်များ၏ ဖြစ်ရပ်မှန်အတွေ့အကြုံများ)
MIN HLA
တန်ဖိုး - ၁၇,၀၀၀ ကျပ်

၁၀။ နတ်​ပေါင်းစုံ
ဒါရိုက်တာဆရာမြင့်
တန်ဖိုး - ၁၂,၀၀၀ ကျပ်

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်

19/09/2026

ရိုးသားမှုသည်
ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး
အခွင့်အရေးကို ဖန်တီးပေးသည်။

"အခက်အခဲ စိန်ခေါ်မှုနှင့် အခွင့်အရေး"
စာအုပ်မှ ကောက်နုတ်ချက်



#တူဒေးစာအုပ်တိုက်

Photos from TODAY Book Store's post 15/09/2026

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်
ထွက်သည့်စာအုပ်များ

------------------------------

၁။ ကမ္ဘာကိုကိုင်လှုပ်သောတရုတ်ပြည်
မြသန်းတင့်
တန်ဖိုး - ၆၀,၀၀၀ ကျပ်

၂။ POT
​ပေါ်ဦးသက်
တန်ဖိုး - ၆၀,၀၀၀ ကျပ်

၃။ ဆေးပညာဆောင်းပါးပေါင်းချုပ်
ဂျာနယ်ကျော်မမလေး
တန်ဖိုး - ၂၇,၀၀၀ ကျပ်

၄။ လူတွေကိုဆွဲဆောင်နိုင်တဲ့ စကားပြောစွမ်းရည်
Team Nyana
တန်ဖိုး - ၁၆,၀၀၀ ကျပ်

၅။ စစ်ပြီးကိုလိုနီစနစ်နှင့် အကျပ်အတည်း
မြသန်းတင့်
တန်ဖိုး - ၈,၀၀၀ ကျပ်

၆။ စိတ်ဖြတ်နည်း ၁၀၀
Thar Htwe
တန်ဖိုး - ၁၇,၀၀၀ ကျပ်

၇။ စံပြ​ယောကျ်ား
သုခကျော်
တန်ဖိုး - ၂၅,၀၀၀ ကျပ်

၈။ စိတ်ကိုစိတ်ဖြင့် ကုစားခြင်း
ဒေါက်တာမြင့်လွင် (စိတ်ပညာ)
တန်ဖိုး - ၄၂,၀၀၀ ကျပ်

၉။ ​ဆေးဖက်ဝင်ရှီးပဒီး
​ဒေါက်တာခင်​မောင်လွင် (FAME)
FAME သု​တေသီအဖွဲ့
တန်ဖိုး - ၁၂,၀၀၀ ကျပ်

၁၀။ ဝိညာဥ်လွှင့်ခြင်း
မိုးခဝဿန်
တန်ဖိုး - ၁၄,၀၀၀ ကျပ်

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်

Telephone

Address


အမှတ် (H) ၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ လှိုင်မြို့နယ်
Yangon
11051

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Alerts

Be the first to know and let us send you an email when TODAY Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.