Sunrise Language Center - SLC
Ready to level up your English skills? Join our in-person and online classes for an immersive learning experience!
22/09/2026
English language ကို အကျွမ်းတဝင်ဖြစ်ချင်ရင် ရှိသင်တဲ့ skill တခုကတော့ Vocabulary building ပါပဲ။ ဒီတခေါက်မှာတော့ Vocabulary building sector မှာပါဝင်တဲ့ Prefixes ဆိုတာလေး အသေးစိတ် ရှင်းပြပေးသွားမှာပါရှင့်။
𝐏𝐫𝐞𝐟𝐢𝐱𝐞𝐬 ကို သိထားရင် မသိသေးတဲ့ စကားလုံးသစ်တွေကို 50%–70% အထိ meaning ကို ခန့်မှန်းလို့ ရတဲ့ Tip တခုကို ပြိုင်ဆိုင်ထားသလိုပါပဲ ။ အဲ့တော့ Prefixes ဆိုတာလေးကို လွယ်လွယ်လေး ရှင်းပြပေးပါမယ်ရှင့် ။
𝐏𝐫𝐞𝐟𝐢𝐱𝐞𝐬 ဆိုတာက
ရှိရင်းစွဲ ဖြစ်တဲ့ စကားလုံး ရှေ့မှာ ထည့်ရေးတဲ့ စကားစုလေးကနေ ဖြစ်ပေါ်လာတဲ့ အရာလေးတခုပါ ။
သူက စကားလုံး တလုံးရဲ့ အဓိပ္ပာယ်တခုလုံးကို ပြောင်းလဲ ပေးနိုင်စွမ်းလဲ ရှိပါတယ် ။ လူအများစု သိကြတဲ့ ဥပမာ တခုကို ပြောရမယ်ဆိုရင်
Happy - ပျော်ရွှင်သော
Unhappy - မပျော်ရွှင်သော
Happy ရဲ့ ရှေ့ မှာရှိတဲ့ Un ဆိုတဲ့ စကားစုလေးကို 𝐏𝐫𝐞𝐟𝐢𝐱𝐞𝐬 လို့ ခေါ်တာပဲဖြစ်ပါတယ် ။
ရှိရင်းစကားစု က မပြောင်းလဲပင်မဲ့ prefix တစ်ခုတည်း ထည့်လိုက်တာနဲ့ အဓီပ္ပာယ် တခုလံုး ေပြာင်းလဲသွားတာကို ေတွ့ရမှာပါ ။ ဒါကြောင့် 𝐏𝐫𝐞𝐟𝐢𝐱𝐞𝐬 ကို
📌 meaning-changing tools
📌 word-creation tools
📌 vocabulary multipliers လို့ခေါ်လည်းရပါတယ်။
လူတော်တော်များများက Prefixes လို့သာမသိကြတာပါ ။ တော်တော်များ အခုပြောပြမဲ့ prefixes တွေကို မြင်ဖူး ၊ သိဖူးကြမဲ့ သူတွေများပါ။ 𝐏𝐫𝐞𝐟𝐢𝐱𝐞𝐬 တွေကို အသိသာဆုံးဆိုတဲ့ ဥပမာ တခုကတော့ နဲ့ပြရမယ်ဆိုရင်
𝐔𝐬𝐞
Misuse မှားသုံးခြင်း ( prefixes - Mis)
Disuse အသုံးမပြုတော့ခြင်း ( prefixes - dis)
Reuse ပြန်လည် အသုံးပြုခြင်း ( prefixes - Re)
Overuse အလွန်အကျွံ အသုံးပြုခြင်း ( prefixes - Over)
Underuse လုံလောက်အောင် အသုံးမပြုခြင်း ( prefixes - Under)
Use ဆိုတဲ့ ရိုးရှင်းတဲ့ စကားလုံးလေးကို Prefixes တွေနဲ့ ပေါင်းလိုက်တဲ့ အခါ စကားလုံးအများကြီး ထွက်လာတာကို တွေ့ရမှာပါ။
ကယ်…ဒါဆိုရင်တော့ prefixes အကြောင်းကို သေချာလေးသိသွားပြီထင်ပါတယ် ။ Prefixes ကို နားလည် ထားရင် ကိုယ့်ရဲ့ Vocabulary range ကို 3x လောက်ထိကို တိုးတက်လာစေမဲ့အပြင် reading / writing / speaking တို့မှာလဲ vocabulary တခုကိုပဲ ထပ်ခါ ထပ်ခါ သုံးမနေတော့ပဲ ကိုယ့်မှာစကားလုံးကြွယ်ဝတယ်ဆိုတာကို ပြနိုင်မှာပဲဖြစ်ပါတယ်ရှင့်။
#နိုင်ငံခြားဘာသာစကားသင်တန်းကျောင်း
21/09/2026
🎓🎉𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐚𝐥𝐥 𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐚𝐰𝐚𝐫𝐝 𝐫𝐞𝐜𝐢𝐩𝐢𝐞𝐧𝐭𝐬! 𝐊𝐞𝐞𝐩 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠, 𝐤𝐞𝐞𝐩 𝐠𝐫𝐨𝐰𝐢𝐧𝐠, 𝐚𝐧𝐝 𝐤𝐞𝐞𝐩 𝐬𝐡𝐢𝐧𝐢𝐧𝐠. ✨
Sunrise Language Center (SLC) အင်္ဂလိပ်သင်တန်းကျောင်းမှ Elementary A2 (4 Skills) အတန်းများတွင် Final Exam ကို ထူးချွန်စွာဖြေဆိုခဲ့ကြပြီး Scholarship အသီးသီးရရှိခဲ့ကြသော ကျောင်းသားများပဲ ဖြစ်ပါတယ် 📚✨
We would like to appreciate and warmly congratulate all of our outstanding students for their hard work, dedication, and excellent performance throughout the course. Their achievements are a reflection of their effort, commitment, and continuous learning journey.
Sunrise Language Center အနေဖြင့်လည်း ကျောင်းသားများ၏ တိုးတက်မှုတိုင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး နောက်ထပ်အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🤍🤍
18/09/2026
English လို ပြောတတ်ပေမယ့် ကိုယ်ပြောချင်တာကို ယုံကြည်ချက်ရှိရှိ မဖော်ပြနိုင်သေးဘူးလား❓
English အခြေခံကောင်းကောင်းရှိပြီး ပြောနိုင်၊ နားလည်နိုင်နေပြီ။ ဒါပေမယ့် ကိုယ်ပြောချင်တာကို sentence အပြည့်အစုံနဲ့ သေချာမရှင်းပြနိုင်သေးတာ၊ discussion တစ်ခုမှာ ကိုယ့်အမြင်ကို English လို ပြောဖို့ ခက်နေသေးတာ၊ Grammar သိပေမယ့် တကယ်ပြောတဲ့အချိန်မှာ အသုံးမချတတ်သေးတာဆိုရင် Intermediate B1 Level ကို ဆက်လေ့လာဖို့ အချိန်ရောက်နေပါပြီ။
B1 Level ရဲ့ အဓိကရည်ရွယ်ချက်က English ကို “သိထားတယ်” ဆိုတဲ့အဆင့်မှာပဲ မရပ်ဘဲ ကိုယ့်အတွက် တကယ်အသုံးချနိုင်တဲ့ language skill တစ်ခုဖြစ်လာဖို့ ပါ။
ဒီအတန်းမှာ Grammar နဲ့ Vocabulary ကို Level နဲ့အညီ ပိုတိုးချဲ့လေ့လာသွားမယ့်အပြင် Speaking, Listening, Reading, Writing skills လေးခုလုံးကိုလည်း အတူတကွ တိုးတက်လာအောင် လေ့ကျင့်သွားရမှာဖြစ်ပါတယ်။
🗣️ အထူးသဖြင့် Speaking ပိုင်းမှာတော့ simple answers ပေးရုံမဟုတ်တော့ဘဲ
✔ ကိုယ့်အမြင်နဲ့ အယူအဆကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ဖို့
✔ အကြောင်းအရာတစ်ခုကို reason နဲ့ example တွေထည့်ပြီး ပြောတတ်ဖို့
✔ ပိုပြီး complex ဖြစ်လာတဲ့ topics တွေကို discussion လုပ်နိုင်ဖို့
✔ Conversation တစ်ခုကို ပိုသဘာဝကျကျ ဆက်ပြောနိုင်ဖို့ အဓိကထားပြီး အတန်းထဲမှာ အပြန်အလှန် လေ့ကျင့်သွားရမှာပါ။
✍️ Writing ပိုင်းမှာလည်း sentence တစ်ကြောင်းချင်း ရေးနိုင်တာကနေ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို စနစ်တကျ ဖွဲ့စည်းပြီး ပိုရှင်းလင်းတဲ့ paragraphs နဲ့ writing တွေ ရေးနိုင်လာဖို့ တဖြည်းဖြည်း လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
👩🏫 ဒီအတန်းကို Certified ESL Teacher Tr. Blink က သင်ကြားပေးသွားမှာဖြစ်ပြီး၊ သင်ခန်းစာပြီးသွားဖို့တစ်ခုတည်းထက် ကျောင်းသားတွေကိုယ်တိုင် English ကို အသုံးချခွင့်၊ ပြောခွင့်၊ လေ့ကျင့်ခွင့် ပိုရဖို့ အရေးပေးတဲ့ class environment နဲ့ သင်ကြားပေးသွားမှာပါ။
English သင်နေတဲ့အချိန်မှာ အမှားလုပ်တာက မဖြစ်သင့်တဲ့အရာ မဟုတ်ပါဘူး။ အမှားလုပ်ရင်း၊ ပြင်ရင်းနဲ့ပဲ တဖြည်းဖြည်း ပိုသေချာလာတာဖြစ်လို့ SLC မှာ မပြောရဲတာကနေ ပြောရဲလာဖို့၊ သိထားတာကနေ တကယ်အသုံးချနိုင်လာဖို့ supportive learning environment တစ်ခုကို ဖန်တီးပေးထားပါတယ်။ 🌱
📘 Intermediate B1 – CEFR B1 Course
📅 Monday, Tuesday, Wednesday & Thursday
⏰ 8:00 PM – 10:00 PM
🗓 Starting Date – September 21
⏳ Intensive 7 or 8 Weeks | Total 60 Hours
💰 Class Fee – 300,000 Kyats (Textbook Included)
🏆 Course ပြီးဆုံးချိန် Final Exam Result အရ ထူးချွန်ကျောင်းသားများအတွက် Excellence Student Scholarship Opportunities လည်း ရရှိနိုင်ပါတယ်။
*****************
🏫 အတန်းစုံစမ်းရန်နှင့် အပ်နှံရန် - 🏫
📩 Telegram -
📩 Viber/Telegram - +959251779893 (message only)
🏠 Address - အမှတ် (၂၈၉)၊ ငမိုးရိပ် (၇)လမ်း၊ အပိုင်း ၂၊ သင်္ဃန်းကျွန်းမြို့နယ်။ စံပြစျေးမှတ်တိုင်အနီး။
☎️ ရုံးချိန်အတွင်းဖုန်းခေါ်ဆိုရန် - 09678191875
✅ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဖုန်းဖြင့်တဆင့်လည်းကောင်း စာရင်းပေးသွင်းနိုင်ပါသည်ရှင်။
17/09/2026
🥳 အင်္ဂလိပ်စာကိုအခုမှ ပြန်လေ့လာနေပါတယ်ဆိုတဲ့သူ တွေ အတွက် Vocabulary ဆိုတာက သေချာပေါက် သိကို သိထားသင်တဲ့ အရာပါ။
✨ အဲ့တော့ ကိုယ်ရဲ့ Vocabulary စွမ်းရည်ကို အမြန်ဆုံးတိုးချဲ့ချင်သူတွေအတွက် အရမ်းအသုံးဝင်တဲ့ free Websites ၃ ခုကို မိတ်ဆက်ပေးပါရစေ။
1. British Council Vocabulary
ပထမတခုကတော့ အားလုံးသိကြတဲ့ British Council website ပဲဖြစ်ပါတယ် ။ Level အလိုက် နည်းစနစ်ကျကျ လေ့လာချင်သူတွေဆိုရင် ဒီ website မှာလေ့လာလိုက်တော့နော် ။ examples sentences တွေ အပြင် ပုံတွေတွဲပြီးပါ ပြထားတာမို့ လေ့လာသူတွေအနေနဲ့ နားလည်ရ လွယ်စေပြီး Free ဖြစ်တာမို့ အရမ်းကို မိုက်နေပြီနော် ။
🔗 learnenglish.britishcouncil.org/vocabulary
2. LanGeek Vocabulary
LanGeek က AI-based Vocabulary Learning Platform ဖြစ်ပြီး အရမ်းကို visual & interactive ဖြစ်တဲ့ site တစ်ခုလဲဖြစ်ပါတယ်။ Flashcards + quizzes အပြင် Vocabulary lists (CEFR A1–C2) အထိရှိတာမို့ တနေရာထဲမှာပဲ အစုံရနိုင်တဲ့ website တခုလဲ ဖြစ်ပါတယ် ။ ပုံတွေနဲ့မှ တွဲပြီး မှတ်မိတတ်တဲ့ Visual learner တွေအတွက် ဒီ webiste ကို သေချာပေါက်ကို သုံးသင့်ပါတယ် ။
🔗 langeek.co/en/vocab
3. Oxford Learner’s Dictionaries
English learners တွေ အသုံးများဆုံးဖြစ်တဲ့ Oxford Dictionary ကိုတော့ မသိသူမရှိဘူးလို့ထင်ပါတယ် ။ ဒီ Website လေးမှာဆိုရင်လဲ သင့်ရဲ့ Vocabulary accuracy ကို တိုးတက်စေမယ့် ရတနာတွေများစွာရှိပါတယ်။ Academic English, exam English (IELTS/SAT) သင်ယူနေတဲ့သူတွေ အတွက် အသင့်တော်ဆုံးလို့တောင် ပြောလို့ရတဲ့ Website လေးပါ။
🔗 oxfordlearnersdictionaries.com
🧑🎓ကယ်… ဒါဆိုရင်တော့ Self-study vocabulary plan တစ်ခုလုပ်ချင်သူတွေဘယ်လို resources တွေသုံးပြီး စာလုပ်နိုင်မလဲဆိုတဲ့ နည်းကို သိပြီထင်တယ်နော် 🥰
16/09/2026
🌎 𝐒𝐋𝐂 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐀𝟏 𝐋𝐞𝐯𝐞𝐥 𝐂𝐥𝐚𝐬𝐬 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬’ 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 🤓☝️
ဘာသာစကားတစ်ခုလေ့လာတဲ့အခါမှာ အခြေခံ foundation ဟာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ Foundation ခိုင်မာတဲ့ကျောင်းသားတွေမှသာ Level တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီး ကိုယ့်ရဲ့ skills ကို အဆင့်မြင့်တဲ့အခါ အဆင်ပြေချောမွေ့စွာနဲ့ သွားနိုင်မှာပဲဖြစ်ပါတယ်။
ဒါကတော့ … အင်္ဂလိပ်စာကို အခြေခံကနေစပြီး ပိုင်နိုင်ကျွမ်းကျင်စွာအသုံးပြုနိုင်အောင် 4 skills လက်တွေ့ လေ့ကျင့်သင်ကြားပေးနေတဲ့ Tr.Shoon ရဲ့ အတန်းမှ A1 Level ကျောင်းသား/သူများရဲ့ Honest feedback များပဲဖြစ်ပါတယ်။
ဘာကြောင့် ဒီအတန်းက SLC မှာ Popular ဖြစ်ရတာလဲ 🤔❓
✅ English Language မှာ အရေးကြီးလှတဲ့ အခြေခံသဘောတရားတွေကို ရှင်းလင်းစွာ နားလည်သဘောပေါက် ကြေညက်အောင် သင်ကြားပေးပြီး Language ကိုမကြောက်အောင် Basic Speaking, Listening, Writing, Reading များအား ဖြည်းဖြည်းချင်း ကျောင်းသားနဲ့အတူ ချည်းကပ်ပြီးသင်ကြားပေးခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ….
🔹လက်တွေ့အသုံးချနိုင်ခြင်း ၊ Online class ဖြစ်ပေမဲ့ In-Person class တက်နေရသလိုမျိုး စာသင်ခန်းထဲမှာတင် လက်တွေ့ပြောဆိုဆွေးနွေးခွင့်ရှိပြီး အတန်းသား အချင်းချင်း ပူးပေါင်းလုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေ များများလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။
🚨 ယုံကြည်မှုမရှိဘူး ၊ မပြောရဲဘူး ဆိုတဲ့သူတွေကအတွက်လည်း ပူစရာမလိုပါဘူးနော်။ ✅✅
🎓 သင်တန်းပြီးဆုံးပါကလည်း ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ Certificate လက်မှတ်လည်းရရှိမှာဖြစ်ပြီး
🏆🏅 ကြိုးစားမှုအလိုက် သင်တန်းကြေး သက်သာခွင့်ရရှိခြင်း ( Scholarship အခွင့်အရေးများ၊ ကျောင်းသားဟောင်း benefits များ) စတဲ့ privilege များစွာလည်းရရှိမှာဖြစ်ပါတယ်ရှင်။
**************
🏫 အတန်းစုံစမ်းရန်နှင့် အပ်နှံရန် - 🏫
📩 Telegram -
📩 Viber/Telegram - +959251779893 (message only)
🏠 Address - အမှတ် (၂၈၉)၊ ငမိုးရိပ် (၇)လမ်း၊ အပိုင်း ၂၊ သင်္ဃန်းကျွန်းမြို့နယ်။ စံပြစျေးမှတ်တိုင်အနီး။
☎️ ရုံးချိန်အတွင်းဖုန်းခေါ်ဆိုရန် - 09678191875
✅ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဖုန်းဖြင့်တဆင့်လည်းကောင်း စာရင်းပေးသွင်းနိုင်ပါသည်ရှင်။
15/09/2026
စာလေ့လာတဲ့အခါ ပုံကြည့်မှ နားလည်လား? ၊ ရှင်းပြတာ နားထောင်မှ သဘောပေါက်လား? ကိုယ်တိုင်လုပ်ကြည့်မှ မှတ်မိလား?
🧠 ကိုယ်က ဘယ်လိုပုံစံနဲ့ သင်ယူနေသလဲ?
လူတိုင်းရဲ့ ဦးနှောက်က သင်ယူတဲ့ ပုံစံတွေ မတူကြပါဘူး ။ ဒါကြောင့် တချို့လူတွေ စာတစ်ခါဖတ်ရုံနဲ့ မှတ်မိနိုင်ပင်မဲ့ တချို့လူတွေတော့ အကြိမ်ကြိမ် ပြန်လေ့လာရတာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကိုယ့်ရဲ့ 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐭𝐲𝐥𝐞 (သင်ယူတဲ့ ပုံစံ) မတူကြလို့ပါ။
ပညာရေးနယ်ပယ်မှာ လူသုံးများဆုံးနဲ့ အများဆုံး ပြောကြားလေ့ရှိတဲ့ 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐭𝐲𝐥𝐞 (၃) မျိုး အကြောင်းကို ဒီနေ့လေ့လာကြည့်ရအောင် …
1️⃣ 𝐕𝐢𝐬𝐮𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐞𝐫 (အမြင်နဲ့ သင်ယူသူတွေ )
Visual learner တွေက ပုံတွေ ၊ဇယား၊ diagram ၊ အရောင် တွေကိုလေ့လာမှတ်ယူကြတဲ့သူတွေပဲဖြစ်ပါတယ်
✔️ Slide ကြည့်ပြီး မှတ်မိခြင်း
✔️ Mind map ဆွဲပြီး မှတ်သားခြင်း
✔️ Highlight color သုံးပြီး မှတ်စုရေးခြင်း
သူတို့အတွက်က “မြင်ရမှ မှတ်မိ” တာမျိုးဖြစ်ပြီး စာကိုဆိုရင်လဲ ပုံရိပ်အဖြစ် စိတ်ထဲတွင် မှတ်တဲ့သူတွေပဲဖြစ်ပါတယ် ။
2️⃣ 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐲 𝐋𝐞𝐚𝐫𝐧𝐞𝐫 (အကြားဖြင့် သင်ယူသူတွေ )
Auditory learner တွေ က နားထောင်တာ ၊ဆွေးနွေးတာ၊ အသံထွက်ဖတ် တာတွေကနေ တဆင့် ပိုပြီး နားလည်ကြသည်။
✔️ Lecture နားထောင်ပြီး မှတ်မိတာမျိုး
✔️ Group discussion တွင် ဆွေးနွေးတာ
✔️ စာကို အသံထွက်ဖတ်တာ မျိုးတွေ
သူတို့အတွက်ကလည်း “ကြားရမှ နားလည်”တယ်ဆိုတာမျိုးပဲဖြစ်ပါတယ်။ အသံထွက်ဖတ်မှစာပိုရတယ်ဆိုတဲ့သူတွေ ရှိကြတယ်မလား ? ဒါဆိုရင် သင်လဲ Auditory learner တယောက်ပဲနော် ။
3️⃣ 𝐊𝐢𝐧𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐋𝐞𝐚𝐫𝐧𝐞𝐫 (လက်တွေ့လုပ်ဆောင်တာကနေ သင်ယူတဲ့သူ)
Kinesthetic learner များသည် လက်တွေ့လုပ်ဆောင်ခြင်း၊ လှုပ်ရှားခြင်း၊ စမ်းသပ်တာတွေ ကနေတဆင့် ပိုမို ထိရောက်စွာ သင်ယူနိုင်တဲ့ သူတွေပဲဖြစ်ပါတယ် ။
✔️ Science experiment ပြုလုပ်တာ
✔️ Activity တွေနဲ့လေ့လာတာ နဲ့
✔️ Project များကို ကိုယ်တိုင် လုပ်ဆောင်ခြင်းတွေပဲဖြစ်ပါတယ်။
သူတို့က “လုပ်ကြည့်မှ နားလည်” တယ်ဆိုတာမျိုးပဲဖြစ်ပါတယ် ။ အချိန်ကြာကြာကြီး ထိုင်ပြီး သင်ယူခြင်းထက် လက်တွေ့ လုပ်ရတာက သင်ယူရတာ ပိုလွယ်တယ်လို့ ခံစားရတဲ့သူတွေပဲဖြစ်ပါတယ် ။
🧠Visual, Auditory, Kinesthetic ဟူသော သင်ယူပုံစံ သုံးမျိုးကို 𝐕𝐀𝐊 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐭𝐲𝐥𝐞𝐬 လို့ခေါ်ကြပြီး လူတိုင်းမှာ Learning style တစ်မျိုးထက် ပိုပြီးရှိနိုင်ပြီးတော့ ကိုယ့်အတွက် အားသာသောပုံစံကို သိထားမယ်ဆိုရင် စာလေ့လာရတာ လွယ်လွယ်နဲ့ ခေါင်းထဲရောက်စေနိုင်မှာပဲဖြစ်ပါတယ် ။
ဒါဆို… ကိုယ့်ရဲ့ learning style က ဘယ် style ထဲမှာ ပါနေပြီလဲ ???
14/09/2026
🎓🎉𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐚𝐥𝐥 𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐚𝐰𝐚𝐫𝐝 𝐫𝐞𝐜𝐢𝐩𝐢𝐞𝐧𝐭𝐬! 𝐊𝐞𝐞𝐩 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠, 𝐤𝐞𝐞𝐩 𝐠𝐫𝐨𝐰𝐢𝐧𝐠, 𝐚𝐧𝐝 𝐤𝐞𝐞𝐩 𝐬𝐡𝐢𝐧𝐢𝐧𝐠. ✨
Sunrise Language Center (SLC) အင်္ဂလိပ်သင်တန်းကျောင်းမှ Elementary A2 (4 Skills) အတန်းများတွင် Final Exam ကို ထူးချွန်စွာဖြေဆိုခဲ့ကြပြီး Scholarship အသီးသီးရရှိခဲ့ကြသော ကျောင်းသားများပဲ ဖြစ်ပါတယ် 📚✨
We would like to appreciate and warmly congratulate all of our outstanding students for their hard work, dedication, and excellent performance throughout the course. Their achievements are a reflection of their effort, commitment, and continuous learning journey.
Sunrise Language Center အနေဖြင့်လည်း ကျောင်းသားများ၏ တိုးတက်မှုတိုင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး နောက်ထပ်အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🤍🤍
13/09/2026
🌎 𝐒𝐋𝐂 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐀𝟏 𝐋𝐞𝐯𝐞𝐥 𝐂𝐥𝐚𝐬𝐬 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬’ 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 🤓☝️
ဘာသာစကားတစ်ခုလေ့လာတဲ့အခါမှာ အခြေခံ foundation ဟာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ Foundation ခိုင်မာတဲ့ကျောင်းသားတွေမှသာ Level တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီး ကိုယ့်ရဲ့ skills ကို အဆင့်မြင့်တဲ့အခါ အဆင်ပြေချောမွေ့စွာနဲ့ သွားနိုင်မှာပဲဖြစ်ပါတယ်။
ဒါကတော့ … အင်္ဂလိပ်စာကို အခြေခံကနေစပြီး ပိုင်နိုင်ကျွမ်းကျင်စွာအသုံးပြုနိုင်အောင် 4 skills လက်တွေ့ လေ့ကျင့်သင်ကြားပေးနေတဲ့
Tr. May Thu ရဲ့ အတန်းမှ A1 Level ကျောင်းသား/သူများရဲ့ Honest feedback များပဲဖြစ်ပါတယ်။
ဘာကြောင့် ဒီအတန်းက SLC မှာ Popular ဖြစ်ရတာလဲ 🤔❓
✅ English Language မှာ အရေးကြီးလှတဲ့ အခြေခံသဘောတရားတွေကို ရှင်းလင်းစွာ နားလည်သဘောပေါက် ကြေညက်အောင် သင်ကြားပေးပြီး Language ကိုမကြောက်အောင် Basic Speaking, Listening, Writing, Reading များအား ဖြည်းဖြည်းချင်း ကျောင်းသားနဲ့အတူ ချည်းကပ်ပြီးသင်ကြားပေးခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ….
🔹လက်တွေ့အသုံးချနိုင်ခြင်း ၊ Online class ဖြစ်ပေမဲ့ In-Person class တက်နေရသလိုမျိုး စာသင်ခန်းထဲမှာတင် လက်တွေ့ပြောဆိုဆွေးနွေးခွင့်ရှိပြီး အတန်းသား အချင်းချင်း ပူးပေါင်းလုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေ များများလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။
🚨 ယုံကြည်မှုမရှိဘူး ၊ မပြောရဲဘူး ဆိုတဲ့သူတွေကအတွက်လည်း ပူစရာမလိုပါဘူးနော်။ ✅✅
🎓 သင်တန်းပြီးဆုံးပါကလည်း ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ Certificate လက်မှတ်လည်းရရှိမှာဖြစ်ပြီး
🏆🏅 ကြိုးစားမှုအလိုက် သင်တန်းကြေး သက်သာခွင့်ရရှိခြင်း ( Scholarship အခွင့်အရေးများ၊ ကျောင်းသားဟောင်း benefits များ) စတဲ့ privilege များစွာလည်းရရှိမှာဖြစ်ပါတယ်ရှင်။
**************
🏫 အတန်းစုံစမ်းရန်နှင့် အပ်နှံရန် - 🏫
📩 Telegram -
📩 Viber/Telegram - +959251779893 (message only)
🏠 Address - အမှတ် (၂၈၉)၊ ငမိုးရိပ် (၇)လမ်း၊ အပိုင်း ၂၊ သင်္ဃန်းကျွန်းမြို့နယ်။ စံပြစျေးမှတ်တိုင်အနီး။
☎️ ရုံးချိန်အတွင်းဖုန်းခေါ်ဆိုရန် - 09678191875
✅ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဖုန်းဖြင့်တဆင့်လည်းကောင်း စာရင်းပေးသွင်းနိုင်ပါသည်ရှင်။
12/09/2026
✅ English အခြေခံရှိပြီးသားပေမယ့် စကားပြောတဲ့အခါ short sentences တွေမှာပဲ ရပ်နေသေးလား?
အခြေခံ Grammar နဲ့ Vocabulary တွေကို သိထားတယ် နေ့စဉ်သုံးအကြောင်းအရာတွေကိုလည်း အနည်းငယ် ပြောနိုင် နားလည်နိုင်နေပြီ။ ဒါပေမယ့် ကိုယ်ပြောချင်တာကို sentence ပိုပြည့်ပြည့်စုံစုံနဲ့ မပြောနိုင်သေးတာ၊ conversation တစ်ခုကို ဆက်ပြောဖို့ ခက်နေတာ၊ Grammar သိထားပေမယ့် ကိုယ်တိုင် sentence တည်ဆောက်တဲ့အချိန်မှာ မသေချာသေးတာဆိုရင် ခိုင်ခိုင်မာမာမပြောနိုင်သေးတာဆိုရင် ဒါဟာ Pre-Intermediate A2+ Level ကို ဆက်လေ့လာဖို့ အချိန်ရောက်နေပါပြီဆိုတာကို ပြောချင်ပါတယ်။
Pre-Intermediate Level ဟာ Elementary မှာ ရထားတဲ့ English အခြေခံကို ပိုခိုင်မာအောင်လုပ်ရင်း ရိုးရှင်းတဲ့ English ကနေ ပိုပြီး လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ဖို့ ချိတ်ဆက်ပေးတဲ့ Level တစ်ခုဖြစ်ပါတယ်။
ဒီအတန်းမှာဆိုရင် Grammar နဲ့ Vocabulary အသစ်တွေကို တိုးချဲ့လေ့လာသွားမယ့်အပြင် Speaking, Listening, Reading, Writing skills တွေကိုလည်း Level နဲ့အညီ အတူတကွ လေ့ကျင့်သွားရမှာဖြစ်ပါတယ်။
🗣️ အထူးသဖြင့် Speaking ပိုင်းမှာတော့ စကားလုံးတိုတို၊ sentence တိုတိုနဲ့ ဖြေဆိုတာကနေ
✔ ကိုယ့်အကြောင်းနဲ့ ကိုယ့်အတွေ့အကြုံတွေကို sentence ပိုပြည့်ပြည့်စုံစုံနဲ့ ပြောနိုင်ဖို့
✔ နေ့စဉ်တွေ့ရတဲ့ topics တွေကို အမေးအဖြေတင်မဟုတ်ဘဲ conversation အနေနဲ့ ဆက်ပြောနိုင်ဖို့
✔ ကိုယ်ကြိုက်တာ၊ မကြိုက်တာ၊ ကိုယ့်အမြင်နဲ့ အကြောင်းပြချက်တွေကို ရိုးရှင်းပေမယ့် ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ဖို့
✔ သင်ထားတဲ့ Grammar နဲ့ Vocabulary တွေကို စကားပြောတဲ့အခါ တကယ်အသုံးချတတ်လာဖို့ အပြန်အလှန် speaking activities နဲ့ လေ့ကျင့်သွားရမှာဖြစ်ပါတယ်။
🎧 Listening ပိုင်းမှာလည်း စကားလုံးတစ်လုံးချင်းကို ဖမ်းနားထောင်တာထက် conversation တစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကို နားလည်လာဖို့နဲ့ မတူညီတဲ့ speaking situations တွေကို ပိုအဆင်ပြေစွာ နားထောင်နိုင်ဖို့ လေ့ကျင့်သွားမှာပါ။
✍️ Writing ပိုင်းမှာတော့ simple sentences တွေကို သီးခြားရေးရုံကနေ အကြောင်းအရာတစ်ခုကို sentences တွေ ချိတ်ဆက်ပြီး short paragraphs အနေနဲ့ စနစ်တကျ ရေးနိုင်လာဖို့ တဖြည်းဖြည်း လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
SLC မှာ သင်ခန်းစာကို သိသွားရုံနဲ့ မပြီးဘဲ သင်ထားတာကို ကိုယ်တိုင်သုံးကြည့်ဖို့၊ ပြောကြည့်ဖို့၊ မှားရင် ပြန်ပြင်ပြီး ထပ်လေ့ကျင့်ဖို့ အခွင့်အရေးရစေတဲ့ class environment ကို အရေးပေးပါတယ်။ 🌱
English စပြောတဲ့အချိန်မှာ perfect sentence ဖြစ်ဖို့ထက် ပြောရဲဖို့နဲ့ သိထားတာကို တကယ်အသုံးချတတ်လာဖို့ က ပိုအရေးကြီးပါတယ်။ Pre-Intermediate Level မှာတော့ အဲ့ဒီအခြေခံကို တဖြည်းဖြည်း တည်ဆောက်ပေးသွားမှာပါ။
📘 Pre-Intermediate A2+ Level
📅 Sat,Sun
⏰ 10:00 AM - 12:00 PM
🗓 Sep 19/26 (Start date)
⏳ 11weeks (45 hours)
💰 Class Fee – 260,000 Kyats (Course fee + Textbook + Certificate)
🏆 Course ပြီးဆုံးချိန် Final Exam Result အရ ထူးချွန်ကျောင်းသားများအတွက် Excellence Student Scholarship Opportunities များလည်းရှိမှာဖြစ်ပါတယ်။
*****************
အတန်းအကြောင်းအသေးစိတ်နှင့် Registration အတွက် SLC Page မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏫 အတန်းစုံစမ်းရန်နှင့် အပ်နှံရန် - 🏫
📩 Telegram -
📩 Viber/Telegram - +959251779893 (message only)
🏠 Address - အမှတ် (၂၈၉)၊ ငမိုးရိပ် (၇)လမ်း၊ အပိုင်း ၂၊ သင်္ဃန်းကျွန်းမြို့နယ်။ စံပြစျေးမှတ်တိုင်အနီး။
☎️ ရုံးချိန်အတွင်းဖုန်းခေါ်ဆိုရန် - 09678191875
✅ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဖုန်းဖြင့်တဆင့်လည်းကောင်း စာရင်းပေးသွင်းနိုင်ပါသည်ရှင်။
11/09/2026
🎓🎉𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐚𝐥𝐥 𝐬𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐚𝐰𝐚𝐫𝐝 𝐫𝐞𝐜𝐢𝐩𝐢𝐞𝐧𝐭𝐬! 𝐊𝐞𝐞𝐩 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠, 𝐤𝐞𝐞𝐩 𝐠𝐫𝐨𝐰𝐢𝐧𝐠, 𝐚𝐧𝐝 𝐤𝐞𝐞𝐩 𝐬𝐡𝐢𝐧𝐢𝐧𝐠. ✨
Sunrise Language Center (SLC) အင်္ဂလိပ်သင်တန်းကျောင်းမှ Beginner A1 (4 Skills) အတန်းများတွင် Final Exam ကို ထူးချွန်စွာဖြေဆိုခဲ့ကြပြီး Scholarship အသီးသီးရရှိခဲ့ကြသော ကျောင်းသားများပဲ ဖြစ်ပါတယ် 📚✨
We would like to appreciate and warmly congratulate all of our outstanding students for their hard work, dedication, and excellent performance throughout the course. Their achievements are a reflection of their effort, commitment, and continuous learning journey.
Sunrise Language Center အနေဖြင့်လည်း ကျောင်းသားများ၏ တိုးတက်မှုတိုင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး နောက်ထပ်အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🤍🤍
Category
Contact the school
Telephone
Address
No. 194, Sanpya 4th Street, Thingangyun Tsp
Yangon
Opening Hours
| Monday | 09:00 - 16:30 |
| Tuesday | 09:00 - 16:30 |
| Wednesday | 09:00 - 16:30 |
| Thursday | 09:00 - 16:30 |
| Friday | 09:00 - 16:30 |
Alerts
Be the first to know and let us send you an email when Sunrise Language Center - SLC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.