Cooking Sweet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cooking Sweet, Food stall, Yangon.
20/02/2026
"တစ်ယောက်တည်းနေဖို့ လိုလာတဲ့အခါ
တစ်ယောက်တည်းပဲ နေလိုက်ပါ "
🍂..........................🍂...........................🍂
အရာရာဟာ
ကံပါသလောက်ပဲဆိုတာကိုသိလာရင်
မဆုံနိုင်တော့ခြင်းတွေ
မပိုင်ဆိုင်ရခြင်းတွေအတွက်လဲ
အရမ်းကြီးခံစားနေမှာမဟုတ်တော့သလို
ပြောင်းလဲသွားတဲ့သူတွေပေါ်လဲ
ဘာကြောင့်လဲဆိုပြီး
အကြောင်းပြချက်တွေ
တောင်းခံနေမှာမဟုတ်တော့ဘူး
ခွင့်လွှတ်စိတ်နဲ့နေတတ်လာတဲ့အခါ
မပိုင်ဆိုင်ရခြင်းတွေကိုလည်း
လှတယ်လို့ ထင်လာပါလိမ့်မယ်
ပြန်ဖြစ်မလာတော့မယ့်
အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး
ရပ်လိုက်လို့မရတဲ့ ဘဝအတွက်ပဲ
အဆင်ပြေအောင် ရှေ့ဆက်ဖို့ ကြိုးစားပေါ့
အချိန်တစ်ခုထိပဲ ကိုယ်နဲ့ရှိနေပြီး
တစ်ဘဝလုံး ပါမလာနိုင်မယ့်အရာတွေကို
ကိုယ့်ဘက်က လွှတ်ချထားခဲ့လိုက်ပါ
ဂရုစိုက်ရမှာက နာကျင်စေမှာတွေကို
နောက်ထပ် ဆုပ်ကိုင်မထားတော့ဖို့ပဲ
တတ်နိုင်သလောက်တော့
ကိုယ်လဲကောင်းပေးခဲ့ဖူးတယ်မဟုတ်လား
စွမ်းနိုင်သလောက်တော့
ပေးဆပ်ခဲ့ဖူးတယ်မဟုတ်လား
ရင်နဲ့ဆံ့သလောက်တော့
ခံစားခဲ့ပြီးပြီပဲမဟုတ်ဘူးလား
ဘာလို့
ထပ်ပင်ပန်းခံနေဦးမှာလဲ
ဘာလို့ မကျေမနပ်ဖြစ်နေဦးမှာလဲ
မေ့လိုက်တာက သက်သာမယ်ဆိုရင်
မေ့လိုက်တော့တာပဲကောင်းပါတယ်
မဆိုင်တော့ခြင်းက
စိတ်ကိုပေါ့ပါးစေတယ်ဆိုရင်
မဆိုင်ပဲနေလိုက်ခြင်းကပဲကောင်းပါတယ်
မဆက်သွယ်တော့ခြင်းက
လွတ်မြောက်စေမယ်ဆိုရင်
မဆက်သွယ်ပဲနေလိုက်တာကောင်းပါတယ်
ဘဝမှာ
တစ်ယောက်တည်းနေဖို့
လိုတဲ့အချိန်တွေ ရှိလာတတ်ပါတယ်
တစ်ယောက်တည်းနေဖို့ လိုလာတဲ့အခါကျရင်
တစ်ယောက်တည်း နေတတ်ဖို့ကြိုးစားပါ
တိတ်ဆိတ်ပါ
ငြိမ်သတ်ပါ
စကားနည်းပါ
စာဖတ်နေပါ
အလုပ်ကိုပဲအာရုံစိုက်ပါ
စိတ်ပျော်စေမယ့်အရာကိုပဲ တွေးပါ
တစ်ယောက်တည်းနေဖို့လိုလာတဲ့အခါကျရင်
ချစ်တဲ့သူတွေအကြောင်းလည်းမတွေးပါနဲ့
မုန်းတဲ့သူတွေအကြောင်းလည်းမတွေးပါနဲ့
လိုချင်တာတွေအတွက်လည်း အရမ်းမပူနဲ့
လိုနေတာတွေအတွက်လည်း အရမ်းမပူနဲ့
လုပ်ပြီးသွားတာတွေကိုလည်း မစိုးရိမ်နဲ့
မလုပ်ရသေးတာတွေအတွက်လည်း မစိုးရိမ်နဲ့
မရှိတော့မှာကိုလည်း မကြောက်နဲ့
မရတော့မှာကိုလည်း မကြောက်နဲ့
သံယောဇဥ်တွေ
လျော့သွားမှာကိုလည်း မကြောက်နဲ့
ပြောင်းလဲသွားမှာကိုလည်း မကြောက်နဲ့
သတိမရတော့မှာကိုလည်း မကြောက်နဲ့
အရေးမပါတော့တဲ့လူတစ်ယောက်
ဖြစ်သွားမှာကိုလည်း မကြောက်ပါနဲ့
အနာတရတွေ ခပ်များများနဲ့
နေရတဲ့လောကကြီးမှာ
တစ်ယောက်တည်းနေဖို့လိုလာတဲ့
အချိန်တွေဆိုတာ ရှိလာဦးမှာပါပဲ
ကမ္ဘာကြီးမှာ
လူတွေအများကြီးရှိပေမယ့်
ကိုယ့်ကမ္ဘာလေးမှာတော့
ကိုယ်တစ်ယောက်တည်းပဲ
အေးချမ်းအောင် နေထိုင်ကြည့်ပါ
လိုအပ်မှ ပြောပေါ့
အရေးကြီးမှ ဆက်သွယ်ပေါ့
မဖြစ်မနေကိစ္စလောက်ကျမှ သွားပေါ့
ရှောင်နိုင်သလောက် ရှောင်ပြီး
အတတ်နိုင်ဆုံး
ဥပေက္ခာပြုထားလိုက်ခြင်းကပဲ
အေးချမ်းမှု့ကို ရှာတွေ့စေမှာပါ
ဒါကြောင့်
တစ်ယောက်တည်းနေဖို့ လိုလာတဲ့အခါကျရင်
တစ်ယောက်တည်းပဲ နေလိုက်ပါ။
19/02/2026
တစ်နှစ်ပီးတစ်နှစ် အသက်တွေပိုကြီးလာသလို
လူတွေ အကြောင်းလည်း ပိုသိလာတယ်
တခုခုကြုံလာရင်လဲလက်ခံနိုင်အောင်ပဲ ကြိုးစားတယ်။
အများကြီးမတွေးတော့ဘူး
အများကြီး မဖြေရှင်းတော့ဘူး
မခေါ်ချင်ဘူးမလား ..ရတယ်လေ
သူ့အကြောင်းနဲ့ သူ ရှိမှာပေါ့ ။
စကားမပြောချင်ဘူးဆိုလဲ သူမပြောချင်လို့ နေမှာပေါ့
ပြောင်းလဲသွားပီဆိုလည်း သူ့စိတ်တွေ သိရတာပေါ့
ရှေ့တမျိုး ကွယ်ရာတမျိုးဆိုလဲ စောစောသိလို့ ကံကောင်းတာပေါ့ ။
အရာရာကို ကိုယ်စိတ်ချမ်းသာသလိုပဲ တွေးလိုက်တယ်
ငါ့ကိုမှ လုပ်ရက်တာတို့ ငါမလို့ ဒီလိုကြုံရတာတွေလဲ
တွေးမနေဘူး
ဘာတွေပဲ ကြုံလာလာ အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ်
အရာရာပိုကောင်းဖို့ ဖြစ်လာတာမလို့ အေးဆေးပဲ လို့ပဲ
သဘောထားလိုက် တော့တယ်...။
15/02/2026
တကယ်အရမ်းမှန်တဲ့စကားပါနော်
14/02/2026
လူတိုင်းက
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့်
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး
ဟိုးအရင် ကလေးဘဝက
ကိုယ့်အလိုမကျတိုင်း
ချော့မယ့်သူ စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ မိဘရှိပေမယ့်
အသက်အရွယ်ရလာလို့ ကိုယ့်ဘဝကိုယ်
လျှောက်လှမ်းရတဲ့ခါ...
ဘယ်သူကမှ
ကိုယ့်ကို စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင် လုပ်မပေးနိုင်ပါဘူး
ကိုယ့်စိတ်ကသာ ကိုယ့်ကို
စိတ်ချမ်းသာအောင်ထားနိုင်မယ့်
တစ်ခုတည်းသောအရာပါ
ဘဝမှာ လူတိုင်းက
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း
ပူဆွေးသောကတွေ ပြေးမလွတ်နိုင်အောင်
ရှိတတ်ကြပါတယ်
ဒါပေမယ့်
ဒီအရာအားလုံးက
ကိုယ့်စိတ်က ဖြစ်ပေါ်လာတာပါ
ကိုယ့်စိတ်ကိုထိန်းရင်း ဖြစ်ပေါ်လာတဲ့
ခံစားချက်တိုင်းကို အစွဲမထားရင် အကောင်း
ဆုံး ပါပဲ
ဖြစ်သမျှအကြောင်းကို
အကောင်းပဲမှတ်လိုက်ပါ
ကြားသမျှစကားကို
နားထဲ အစွဲမထားပါနဲ့
နားထောင်သင့်သမျှ နားထောင်
နားမထောင်သင့်တဲ့စကားဆို ထုတ်ပစ်လိုက်ပါ
ဘာကိုမှ အစွဲမထားပါနဲ့
လူတိုင်းက
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမဲ့
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး
ဒါကြောင့်
ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့လူတွေကို
မေ့ထားလိုက်ပါ
ကိုယ့်စိတ်ကို ဒဏ်ရာပေးတဲ့
ပတ်ဝန်းကျင်နဲ့ ဝေးဝေးနေလိုက်ပါ
ကိုယ့်ခံစားချက်တွေကို
လူတိုင်းကို ယုံပြီးဖွင့်မပြောလိုက်ပါနဲ့
ဆေးပေးမဲ့သူထက် ထိုးနှက်မယ့်သူတွေက
များတတ်ပါတယ်
ဒီစိတ်နဲ့ ကိုယ်လည်း
ပျော်နိုင်မှာ မဟုတ်ဘူးလေ
တကယ်တော့
လောကမှာ ပျော်ရွှင်မှုပေးနိုင်တဲ့သူဟာ
ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမရှိနိုင်ပါဘူး
သူက ငါ့ကို အရမ်းချစ်လို့
ပျော်အောင်ထားနိုင်မယ်လို့တော့ မတွေးပါနဲ့
ကိုယ်လဲ လူ, သူလဲ လူပဲလေ
အနည်းအများတော့
စိတ်ရှုပ်စရာတွေ ရှိနိုင်တာပဲ
ကိုယ့်စိတ်ကိုတောင် ပျော်အောင်မထားနိုင်တာ
သူတစ်ပါးဆီက ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး
ဘယ်လောက်ပဲ
ကြီးမားတဲ့ ပြဿနာဖြစ်နေပါစေ
အချိန်တန်ရင် ပြီးသွားမှာပဲဆိုတာ မမေ့ပါနဲ့
ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲ ရှိတာပါ
ဒါကို သင်လုံးဝ မမေ့ပါနဲ့။
11/02/2026
အလိုကျတုန်းလေးပါ...
03/02/2026
တချို့လူတွေက အပေါ်ယံတွေ
01/02/2026
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ
အရင်းနှီးဆုံးတွေက
အနာကျင်ရဆုံးတွေ ပေးတဲ့အခါ
ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။
အယုံကြည်ရဆုံးတွေက
ရင်နာစရာတွေ လုပ်သွားတဲ့အခါ
ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။
အချစ်ရဆုံးတွေက
ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ
မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။
နောက်ထပ်
ပြန်ဆုံနိုင်စရာအကြောင်းလည်းမရှိတဲ့
ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက်
နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး
ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။
ဆုံးရှုံးခဲ့တာတွေ
နစ်နာခဲ့တာတွေအတွက်
လွယ်လွယ်လေးနဲ့တော့
ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး
လွယ်လွယ်လေးနဲ့တော့
မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး။
စိတ်တိုစရာတွေ
စိတ်နာစရာတွေ
စိတ်ဒဏ်ရာတွေဆိုတာ
ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း
လောကမှာ ခွင့်မလွှတ်နိုင်စရာကို
ခွင့်လွှတ်ပေးနိုင် ခြင်းကသာ
စိတ်ချမ်းသာရမှာပါ။
မေ့မပစ်နိုင်စရာကို
မေ့ပစ်လိုက်နိုင်ခြင်းကသာ
စိတ်ငြိမ်းအေးချမ်းရမှာပါ။
ဘဝမှာ
သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော
ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင်
ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။
သိထားဖို့က.
လောကဓံကို ရင်ဆိုင်တဲ့အခါမှာ
လက်ထဲမှာ "ဓား" ရှိဖို့ မလိုဘူး
ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။
ဒါကြောင့်
ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး
ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့
ကိုယ်လုပ်ခဲ့တဲ့အတိတ်က
အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။
သူကသာ ကြွေးသစ်ယူနေတာ
သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည်
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။
Credit
27/01/2026
ဘယ်လောက်ပဲ
ကျွမ်းကျင်တဲ့ အလုပ်ဖြစ်နေပါစေ
ဘေးပရောဂကိုတော့ သတိထားပါ။
ဘယ်လောက်ပဲ
သိကျွမ်းဝင်တဲ့သူဖြစ်နေပါစေ
အချိန်မရွေး သစ္စာဖောက်နိုင်တယ်ဆိုတာ
သတိထားပါ။
ရန်သူဟာ ရန်သူလိုနေရင်
ကြောက်စရာမကောင်းဘူး။
မိတ်ဆွေယောင်ဆောင်ထားတဲ့
ရန်သူမျိုးသာ လောကမှာကြောက်စရာ
အကောင်းဆုံး။
25/01/2026
မှန်လိုက်တာ
22/01/2026
ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။
ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။
လောကမှာ အပြစ်ကင်းစင်ပြီး
လုံးဝ စိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး ။
စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ် ။
အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး ။
ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ် ။
အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး ။
ရောက်တဲ့နေရာမှာ အဆင်ပြေအောင်
ကြိုးစားနေထိုင်တဲ့ သူပဲ ရှိပါတယ် ။
ဘဝမှာ
ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး ။
လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ ။
မွေးဖွားကြတယ် ။
ရှင်သန်ကြတယ် ။
ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ် ။
တကယ်တမ်း တွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ ။
ဒါကြောင့်
စိတ်ညစ်လည်း တစ်နေ့ ။ ပျော်လည်း တစ်နေ့ ။
အချိန်တွေ ကုန်ဆုံးသွားမည့်အတူတူ
နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ ။
11/01/2026
ကိုယ့်ကိုကိုယ် အေးချမ်းစေမဲ့ နည်းလမ်း ၅မျိုး
၁။ လက်လွှတ်ခြင်း (Letting Go)
"ဆုပ်ကိုင်ထားရင် လေးတယ်၊ လွှတ်ချလိုက်ရင် အေးတယ်။"
"အရာရာကို အပိုင်မယူပါနဲ့၊ အဆင်ပြေအောင်ပဲ နေထိုင်ပါ။"
၂။ စိတ်နေစိတ်ထား (Mindset)
"လောကကြီးက မငြိမ်းချမ်းရင်တောင်၊ မင်းရဲ့စိတ်ကတော့ ငြိမ်းချမ်းနေပါစေ။"
"ကိုယ့်စိတ်ကို ကိုယ်နိုင်ရင်၊ ဘယ်အရာကမှ မင်းကို မဖျက်ဆီးနိုင်ဘူး။"
၃။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်း (Self-Love)
"သူများအလိုကျ လိုက်ရင်း၊ ကိုယ့်ရဲ့ပျော်ရွှင်မှုကို အဆုံးရှုံးမခံပါနဲ့။"
"မင်းရဲ့တန်ဖိုးဟာ သူတစ်ပါး အပြောပေါ်မှာ မရှိဘူး၊ မင်းရဲ့ လုပ်ရပ်ပေါ်မှာပဲ ရှိတယ်။"
၄။ ဘဝအမြင် (Perspective)
"မနေ့ကအမှားကို ဒီနေ့အတွက် အမှောင်မချပါနဲ့။"
"အေးအေးဆေးဆေး ဖြတ်သန်းပါ၊ လောကကြီးက ခဏတာ ခရီးစဉ်တစ်ခုပါ။"
၅။ မေတ္တာ (Compassion)
"ဒေါသနဲ့ မီးမမွေးပါနဲ့၊ မေတ္တာနဲ့ ရေလောင်းပါ။"
"ကိုယ့်ကြောင့် တစ်ပါးသူ စိတ်ချမ်းသာရခြင်းဟာ အမြတ်ဆုံး ကုသိုလ်ပါ။"
( #စာအုပ်စာပေ လူ့မိတ်ဆွေ)
10/01/2026
ဘယ်သူကိုမှ...
စိတ် မပျက်ပါဘူး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon