June Land
Ticket Sales for clients who want to know domestic flights and to buy air tickets for their business travel or leisure travel.
27/09/2023
🥳🌍 Happy World Tourism Day, 27th September 2023 🌍🥳
21/09/2023
𝕴𝖓𝖙𝖊𝖗𝖓𝖆𝖙𝖎𝖔𝖓𝖆𝖑 𝕯𝖆𝖞 𝖔𝖋 𝕻𝖊𝖆𝖈𝖊
21 𝕾𝖊𝖕𝖙𝖊𝖒𝖇𝖊𝖗
15/09/2023
𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 𝟕𝟓𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 (𝐃𝐢𝐚𝐦𝐨𝐧𝐝 𝐉𝐮𝐛𝐢𝐥𝐞𝐞)✈💎
မြန်မာအမျိုးသားလေကြောင်းသည် ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့မှစတင်၍ နိုင်ငံတော်ပိုင်လေကြောင်းလိုင်းအဖြစ် ပျံသန်းခဲ့ရာ ယနေ့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် (၇၅)နှစ် စိန်ရတုနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ရှင်။ မြန်မာအမျိုးသားလေကြောင်းလိုင်း သက်တမ်းတစ်လျှောက် အားပေးစီးနင်းကြသော ခရီးသွားပြည်သူများကို ယခု လေကြောင်းလိုင်း (၇၅)နှစ်မြောက် မွေးနေ့မှာ ကျေးဇူးတင်ဂါရဝပြုရင်း ခရီးသည်များ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်မပြတ်ကြိုးစားလျက်ရှိပါတယ်ရှင်။
[English]
Myanmar National Airlines was founded in 15 September 1948 and today marks the 75 years of flying as the National Carrier of Myanmar. We would like to thank each and every one of the passengers who have been traveling with us throughout the time.
On the occasion of the 75th Birthday of Myanmar National Airlines, we promise to constantly provide excellent services.
Start your Journey of a Lifetime with us!
21/06/2023
သဘာဝအလှအပများတည်ရှိရာ ရှမ်းပြည်နယ်သို့
ဟဲဟိုး (နေ့စဥ်)
တာချီလိတ် (နေ့စဥ်)
လားရှိုး (တစ်ပတ်လျှင် ၆ ကြိမ်)
ကျိုင်းတုံ (တစ်ပတ်လျှင် ၄ ကြိမ်) - ပျံသန်းပြေးဆွဲပေးနေပါတယ်နော်
24/04/2023
လေယာဉ်လက်မှတ် အတုအပ အထူးဂရုပြုရန် ⛔️⛔️
ခရီးသွားများအား လေကြောင်းလ်ိုင်း နှင့် အရောင်းကိုယ်စားလှယ် များဟန်ဆောင်၍ Online ပေါ်တွင် မူရင်း page များ ၏ Design ပုံတူများကို ယူသုံးကာ Page အတုများဖြင့် လိမ်လည် ရောင်းချလျက်ရှိကြောင်းသိရှိရသဖြင့်
မန်းရတနာပုံ လေကြောင်းလိုင်း၏ မူရင်း page သည် ယခု စာမျက်နှာ တစ်ခုသာရှိကြောင်းနှင့် လက်မှတ်ဝယ်ယူရန် ငွေပေးမချေမီ အောက်ပါအချက်များအား သေချာစွာ စစ်ဆေးပေးပါရန် တိုက်တွန်းအကြောင်းကြားအပ်ပါတယ်ရှင့်
✅တရားဝင် အရောင်းကိုယ်စားလှယ် (Travel & Tour) များ၏ Facebook ၊Website ၊ရုံးလိပ်စာများ မှန်ကန်မှုရှိမရှိ
✅ငွေလွှဲမည့်အကောင့် ၏ အမည်၊ Company များ သေချာစွာစစ်ဆေးခြင်း
✅သက်ဆိုင်ရာ လေကြောင်းလိုင်းသို့ ဆက်သွယ်၍ ငွေပေးမ ချေမီ Booking အစစ်အမှန် ဟုတ်၊မဟုတ် စစ်ဆေးခြင်းများပြုလုပ်နိုင်ပါတယ်
MYP website မှတဆင့် booking စစ်ဆေးခြင်းအား အောက်ပါ link https://m.facebook.com/story.php?story_fbid=3503457199870225&id=1402284119987554
တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင့်
MYP Call Center 01-656969 ,09404460006,09404460007,09404460008,09404460009 အားဆက်သွယ်၍လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။
22/04/2023
🌏
21/04/2023
မင်္ဂလာပါ! ☺️☺️☺️ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်လေးများကိုကောင်းမွန်စွာဖြတ်သန်းခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။ အလုပ်တွေ၊စီးပွါးရေးတွေပြန်လည်လုပ်ကိုင်ရတော့မှာမို့ ပိတ်ရက်ရှည် ကနေ အကူးအပြောင်းကို သက်သာအဆင်ပြေစေရန် အောက်ပါအကြံပြုချက်များကို လေ့လာစမ်းကြည့်ဖို့ ဝေမျှပေးလိုက်ပါတယ် …..
1️⃣အပြုသဘောဆောင်သော အတွေးအမြင်ဖြင့် သင့်တစ်နေ့တာကို စတင်ပါ။ စိတ်ကလေးကောင်းနေဖို့ စာအုပ်ဖတ်တာ ဒါမှမဟုတ် သီချင်းနားထောင်တာလိုမျိုး သင်နှစ်သက်တဲ့အရာတစ်ခုခုကို မနက်ခင်းကို အစပြုလိုက်ပါ။
2️⃣လုပ်စရာစာရင်းတစ်ခုပြုလုပ်ပြီး အရေးကြီးဆုံးအလုပ်များကို ဦးစွာအာရုံစိုက်ထားခြင်းဖြင့် သင်၏လုပ်ရန်ရှိစာရင်းမှ အလုပ်များပြီးမြောက်သွား၍ စိတ်ကျေနပ်မှု ခံစားရစေမှာဖြစ်ပါတယ်။
3️⃣အနားယူ၍လုပ်ကိုင်ပါ ။သင့်ဦးနှောက်ကို တစ်နေ့တာလုံး အဆက်မပြတ် မလုပ်ဘဲ ခေတ္တအနားယူပြီး အားပြန်သွင်းဖို့က အရေးကြီးပါတယ်။ ဒါကြောင့် လမ်းလျှောက်ဖို့ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာစားဖို့ ခဏလောက် အနားယူပေးပါ။
4️⃣သန့်ရှင်းစွာစနစ်တကျနေထိုင်ပါ။ သင့်အလုပ်ခွင်သည် သပ်ရပ်ပြီး အနှောင့်အယှက်များကို ရှောင်ရှားရန်နှင့် သင်၏အလုပ်တစ်နေ့တာကို ပိုမိုအကျိုးရှိစေမည့်အရေးကြီးသည့် အဓိကနေရာတစ်ခုဖြစ်ပါသည်။
5️⃣ကိုယ့်ကိုယ်ကို စိတ်ရှည်ပါ။ အလုပ်နဲ့ဝေးကွာပြီး နည်းနည်း သံချေးတက်သလို ခံစားရတတ်တာမို့ စိတ်ရှည်ရှည်ထားပြီး မိမိကိုယ်ကို နားလည်ပေးပြီး အချိန်ယူပါ။
ကဲဒါဆို အလုပ်သို့ပြန်လည်ရောက်ရှိအောင်မြင်ရန် အထက်ပါသော့ချက်လေးတွေကို လုပ်ကြည့်ပြီး
နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ လန်းဖြာကြပါစေကြောင်း မန်းရတနာပုံလေကြောင်းလိုင်းမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့် 🥰🥰🥰
31/03/2023
မြန်မာအမျိုးသားလေကြောင်းမှ Boeing 737-800 NG နှင့် ATR 72-600 လေယာဉ်အမျိုးအစားများဖြင့် ခရီးသွားပြည်သူများ လိုရာခရီးကို အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရန် နေ့စဉ် ပျံသန်းပို့ဆောင်ပေးနေပါတယ်ရှင်။
26/03/2023
⛰ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ကို သွားရောက်လေ့လာလည်ပတ်ချင်တဲ့ ခရီး သွားမိဘပြည်သူများအတွက် မန်းရတနာပုံလေကြောင်းလိုင်းမှ ရန်ကုန် 🛫 လားရှိုး 🛫 ရန်ကုန် တိုက်ရိုက်ခရီး စဉ်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေနေ့များတွင် ပျံသန်းပြေးဆွဲပေးလျက်ရှိပါသည်။
24/03/2023
𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐎𝐟𝐟𝐢𝐜𝐞𝐬✈
24/03/2023
24/03/2023
🔸 မန္တလေးရွှေမြို့တော်သို့ သွားရောက်လည်ပတ်နိုင်ရန်အတွက် မန်းရတနာပုံလေကြောင်းလိုင်းမှ ရန်ကုန် 🛫 မန္တလေး 🛫 ရန်ကုန် တိုက်ရိုက်ခရီးစဉ်များကို အပါတ်စဉ်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သတင်းကောင်းပါး လိုက်ပါတယ်ရှင်……
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |