Best Companion

Best Companion

Share

Pet Feed Myanmar

28/09/2026

မိမိတို့ အမြတ်တနိုးမွေးထားတဲ့ အလှမွေးကြက်လေးတွေနဲ့ တိုက်ကြက်လေးတွေ ကြီးထွားမှု နှေးနေလို့ စိတ်ပူနေပါသလား?

ကြက်ပေါက်ဘဝဟာ အရေးကြီးဆုံးမို့ အစာကောင်းဖို့ လိုပါတယ်။

OC1S ကြက်ငယ်စာ က ကြက်ကလေးတွေရဲ့ "အခြေခံအုတ်မြစ်" ကို ခိုင်မာစေပါတယ်။

🌟 OC1S ရဲ့ ထူးခြားချက်များ

• ✅ ၁ ရက်သားမှ ၂ လသားအထိ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် အစုံအလင် ပါဝင်ပါတယ်။

• ✅ အလှမွေးကြက်ရော၊ တိုက်ကြက် (တိုင်းရင်းကြက်) ပါ အဆင်ပြေအောင် အထူးထုတ်လုပ်ထားတာပါ။

• ✅ အနံ့အရသာ ကောင်းမွန်လို့ ကြက်ပေါက်လေးတွေ စားနှုန်းတက်စေပြီး ကြီးထွားမှု သိသိသာသာ မြန်စေပါတယ်။

• အမျိုးအစား:
အလှမွေးကြက်နှင့် တိုက်ကြက်(ကြက်ငယ်စာ)

•ကုဒ်နံပါတ်:
OC1S

• အသုံးပြုနိုင်သည့်ကာလ:
၁ ရက်သား မှ ၂ လသားအထိ

“ကြီးထွားနှုန်းမြန်၊ အသေအပျောက်နည်း၊ ကျန်းမာသန်စွမ်းဖို့ OC1S ကို ရွေးချယ်စို့"

27/09/2026

❓ သင့် Finch ငှက်ကလေးတွေ အစာသိပ်မစားဘဲ နွမ်းနယ်နေပါသလား? 🥺
ငှက်ကလေးတွေ လန်းဆန်းတက်ကြွပြီး အမွှေးအတောင် လှပစိုပြည်ဖို့ဆိုတာ အဓိကအားဖြင့် သူတို့စားသုံးတဲ့ အစာရဲ့ အာဟာရဓာတ်ပေါ်မှာ များစွာ မူတည်ပါတယ်!

ဂျာဗားအုပ်စုဝင်ငှက်ကလေးများနဲ့Finch ငှက်ကလေးများရဲ့ အာဟာရလိုအပ်ချက်နဲ့ အညီဆုံးဖြစ်အောင် ကျွန်တော်များ အကောင်းဆုံး အဖော်မွန် မှ F1 အာဟာရပြည့်စပ်စာကို အထူးဖော်စပ်ပေးထားပါတယ်။

🌾 ဒီအစာထဲမှာ ဘာတွေပါလဲ?
• စပါး၊ ဖရုံ၊နှံစားပြောင်း၊လူး၊ပန်းနှမ်း၊ ဆပ်၊ ဂျုံ အစရှိတဲ့အစေ့အဆံများအပြင် ဖြည့်စွက်စာအလုံးလေးတွေလဲ စုံလင်စွာ ပါဝင်ပါတယ်။

• ခရုခွံမှုန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ဖြည့်စွက်ထားလို့ ဥခွံမာကျောစေပြီး ကျန်းမာစေပါတယ်။

တာရှည်ခံဆေးများ လုံးဝမပါဝင်ဘဲ သဘာဝအတိုင်း ထုတ်လုပ်ထားလို့ ငှက်ကလေးတွေ အစာချေဖျက်ရလွယ်ကူပြီး မျိုးပွားနှုန်းကိုလည်း ကောင်းမွန်စေပါတယ်။

"သင့် Finch ငှက်ကလေးတွေ အမြဲကျန်းမာလန်းဆန်းပြီး အမွှေးအတောင် လှပနေစေဖို့...F1"

24/09/2026

" သင့်အလှမွေးကြက်လေးတွေ တကယ်ရော အာဟာရ ပြည့်ဝရဲ့လား?"

အလှမွေးကြက်တွေရဲ့ အဓိက အသက်က "အမွေးအတောင် လှပမှု" နဲ့ "ကျန်းမာ ထွားကျိုင်းမှု" ပါပဲ။

ဒါကြောင့် BEST COMPANION (အလှမွေးကြက်စာနဲ့တိုင်းရင်းကြက်(တိုက်ကြက်) သီးသန့် အစာကို ကျွေးပေးဖို့ လိုပါတယ်။

💡 ကျွေးကြည့်တာနဲ့ ကြက်မများ ဥနှုန်းပုံမှန်ပြီး ဥနှုန်းတိုးလာတာတွေ၊အမွေးအတောင်များ ပိုမို စုံလင်တောက်ပြောင်လာတာတွေနဲ့ကိုယ်ခံအားကောင်းပြီး ကျန်းမာလန်းဆန်းလာတာတွေကို သိသိသာသာ မြင်တွေ့ရမှာပါ။

အရည်အသွေးမြင့်မားတဲ့ မြန်မာနိုင်ငံထုတ် BEST COMPANIONရဲ့ OC1နဲ့ သင့်၂လသားအထက်ကြက်လေးတွေကို အကောင်းဆုံး ဂရုစိုက်လိုက်ပါ.....💙💙💙

23/09/2026

🌧️ မိုးရာသီမှာ သင်ချစ်ရတဲ့ ငှက်ကလေးတွေအတွက် အထူးဂရုစိုက်ရမယ့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ✨

မိုးရာသီရောက်ပြီဆိုရင် စိုထိုင်းဆများပြားပြီး အေးစက်တဲ့ ရာသီဥတုကြောင့် မွေးမြူထားတဲ့ ငှက်ကလေးတွေမှာ ဘက်တီးရီးယား ပေါက်ဖွားမှုတွေနဲ့ မှိုရောဂါတွေ ခံစားရလေ့ရှိပါတယ်။ အစာအစိုပြန်ပြီး မှိုတက်ခြင်း၊ အနွေးဓာတ် မလုံလောက်ခြင်းနဲ့ သန့်ရှင်းရေး အားနည်းခြင်းတို့ကြောင့် ငှက်ကလေးများ နာမကျန်းဖြစ်ကာ သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။
ဒါကြောင့် မိုးရာသီမှာ ငှက်ကလေးများ ကျန်းမာစွာ သက်ရှည်ကျန်းမာစေဖို့ အောက်ပါ အဓိက အချက်များကို အထူးဂရုပြု စောင့်ရှောက်ပေးသင့်ပါတယ်။

✅အစာနှင့် သောက်ရေ ဂရုစိုက်ခြင်း
ငှက်အစာများနှင့် အစေ့အဆံများကို ရေငွေ့နှင့် စိုထိုင်းဆ မထိတွေ့စေရန် လေလုံသည့် ဘူးများတွင် သေချာစွာ ထည့်သွင်း သိမ်းဆည်းပါ။

ငှက်ကလေးများ သောက်သုံးရန် အတန်ငယ် နွေးသော ရေနွေးနွေးလေး ပြင်ဆင်ပေးပါ။

အရွက်စိုအများအပြား မကျွေးပါနှင့် ။ရေငွေ့များတဲ့အရွက်စိုများကို အလွန်အမင်း ကျွေးပါက ဝမ်းပျက်စေနိုင်ပါတယ်။

ပင်စိမ်းရွက်သည် ရောဂါများကို တိုက်ဖျက်ပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့်အတွက် မိုးရာသီတွင် ပင်စိမ်းရွက် အနည်းငယ် ပေးကျွေးနိုင်ပါတယ်။

ကိုယ်ခံအား ပိုမိုကောင်းမွန်စေရန် လိုအပ်ပါက ဗီတာမင်နှင့် သတ္တုဓာတ် ဖြည့်စွက်ဆေးများ တိုက်ကျွေးပေးပါ။

✅လှောင်အိမ် ပတ်ဝန်းကျင်နှင့် အပူချိန် ထိန်းသိမ်းခြင်း

လှောင်အိမ်အတွင်း အပူပေးစက် သို့မဟုတ် အပူပေးမီးသီး (Incan/Heat bulb) များ တပ်ဆင်ပေးခြင်းဖြင့် အအေးဒဏ်မှ ကာကွယ်ပေးပါ။

လှောင်အိမ်ကို အပြင်ဘက်တွင် ထားရှိပါက မိုးရေနှင့် လေတိုက်ခတ်မှုများ မပက်နိုင်စေရန် ပလတ်စတစ်စများဖြင့် စနစ်တကျ ကာရံပေးပါ။

လှောင်အိမ်ကိုပလတ်စတစ်စများ ကာထားသော်လည်း တိုက်ရိုက်လေစိမ်းမခံရစေရန် သင့်တော်သော လေဝင်လေထွက်နှင့် သဘာဝအလင်းရောင် ရရှိနိုင်မည့် နေရာကို ရွေးချယ်ပါ။

✅သန့်ရှင်းရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု

စိုထိုင်းဆကြောင့် ဘက်တီးရီးယားနှင့် မှိုမပေါက်ဖွားနိုင်ရန် လှောင်အိမ်အောက်ခြေ အညစ်အကြေးများနှင့် အစာကြွင်းအကျန်များကို နေ့စဉ် ပုံမှန် သန့်ရှင်းပေးပါ။

သန်း၊ မွှား ကပ်တွယ်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများ တွေ့ရှိပါက အမြန်ဆုံး ကုသပေးပါ။

အအေးဒဏ်နှင့် ရောဂါပိုးမွှား ကူးစက်မှု လွယ်ကူသော မိုးရာသီကာလတွင် ငှက်ကလေးများ သားဖောက်ခြင်းကို ခေတ္တခဏ ရှောင်ကြဉ်ပေးပါ။

💚 ချစ်ရတဲ့ ငှက်ကလေးတွေ သက်ရှည်ကျန်းမာဖို့ အတူတကွ ဂရုစိုက်ကြပါစို့။
#ငှက်မွေးမြူရေး #ကျန်းမာရေးလမ်းညွှန်

22/09/2026

"သင်ချစ်ရတဲ့ ကော့ကတေးငှက်လေးတွေအတွက် သဘာဝအစေ့အဆံနဲ့ အဆင့်မြင့်Kibble အစာလုံးလေးတွေနဲ့ပေါင်းစပ်ထားတဲ့ C1 အာဟာရပြည့်စပ်စာ"

ကော့ကတေး (Cockatiel) ငှက်လေးတွေဟာ သဘာဝအရ အစေ့အဆံတွေကို နှစ်သက်ကြပေမဲ့ ဖြည့်စွက်စာလေးတွေမပါရင် အာဟာရမမျှတတာ၊ အစေ့ပဲရွေးစားပြီး ဗီတာမင်ချို့တဲ့တာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကျွန်တော်များ Best Companion မှ ထပ်မံဖော်စပ်ထုတ်လုပ်လိုက်တဲ့ C1 အဆင့်မြင့်ကော့ကတေးငှက်စာမှာတော့ သဘာဝအစေ့အဆံတွေအပြင် အဆင့်မြင့် Kibbles (ဖြည့်စွက်အစာလုံး) လေးတွေကိုပါ စနစ်တကျ အချိုးကျ ထည့်သွင်းပေးထားပါတယ်။

Kibble အစာလုံးလေးတွေ ပါဝင်လို့ ငှက်လေးတွေ အစာခြေဖျက်ရလွယ်ကူပြီး ကိုက်လိုက်ရင် ပွပွကျွတ်ကျွတ်နဲ့ စားရတာ ပိုမိုမြိန်စေပါတယ်။

အစေ့အဆံချည်းပဲ စားရင် လိုအပ်သွားမယ့် မရှိမဖြစ်အာဟာရဓာတ်တွေကို Kibble အစာလုံးလေးတွေထဲကဖြည့်စွက်ပေးမှာမို့ ငှက်လေးတွေ ကျန်းမာသန်စွမ်းစေပါတယ်။ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်လို့ အမွှေးအတောင်များ ပိုမိုတောက်ပြောင်ပြီး အရောင်အသွေး စိုပြေလှပလာစေပါတယ်။

"ကော့ကတေးငှက်ကလေးတွေအတွက် အကောင်းဆုံးရောစပ်စာ C1"

18/09/2026

"သင့်အိမ်က အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အကောင်းဆုံးအာဟာရကို တစ်နေရာတည်းမှာ ရရှိနိုင်ပါပြီ"

အိမ်မှာ ငှက်လေးတွေ မွေးထားလား၊ ဟမ်းစတားလေးတွေပဲ ရှိနေလား၊ ဒါမှမဟုတ် ကြက်လှလှလေးတွေနဲ့ တိုက်ကြက်တွေ မွေးထားတာလား?

မိမိတို့ရဲ့ အချစ်တော်လေးတွေ ကျန်းမာသန်စွမ်းပြီး အလှသွေးဖြာနေဖို့ဆိုရင် အာဟာရပြည့်ဝတဲ့ အစာ က အဓိက သော့ချက်ပါပဲ....💙💙💙

ကျွန်တော်များBest Companion မှ တိရစ္ဆာန်အမျိုးအစားအလိုက် စနစ်တကျ သုတေသနပြု ဖော်စပ်ထားတဲ့ အရည်အသွေးမြင့် အစာများကို တစ်နေရာတည်းမှာ စုံလင်စွာ ဝယ်ယူရရှိနိုင်ပါပြီ"

1️⃣အိမ်မွေးတိရစ္ဆာန်ကလေးတွေအတွက် အမျှင်ဓာတ်နဲ့ ပရိုတင်း မျှတမှုရှိလို့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး စွန့်ထုတ်လိုက်တဲ့ဝမ်းအနံ့အသက်ဆိုးကို လျှော့ချပေးပါတယ်။

2️⃣အိမ်မွေးတိရစ္ဆာန်ကလေးတွေကျန်းမာကြံ့ခိုင်သန်မာမှုရရှိသည့်အပြင်အမွေးအတောင် ထူထဲတောက်ပပြီး အရောင်အသွေး လှပစေသည့်အပြင် ဥအုနှုန်း၊သားပေါက်နှုန်းတို့ကိုလဲအထောက်အကူပြုပေးပါတယ်။

3️⃣အရည်အသွေးမြင့် ကုန်ကြမ်းများကိုအချိုးအစား မှန်ကန်ပြီး သန့်စင်လတ်ဆတ်တဲ့ ကုန်ကြမ်းများကိုသာ အသုံးပြုထားခြင်း။

4️⃣အစာခြေဖျက်မှု အားကောင်းခြင်းကြောင့်တိရစ္ဆာန်လေးတွေ စားသုံးပြီး အာဟာရဓာတ်ကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ခြင်း။

5️⃣ကိုယ်ခံအားကောင်းပြီး ရောဂါဘယ ကင်းဝေးစေခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

ရန်ကုန်
Best Companion
အမှတ် ၅၂၅၊ရွက်လှလမ်းသွယ် ၊ပုလဲမြို့သစ် ၊မဂ်လာဒုံမြို့နယ်၊ရန်ကုန်မြို့။

ဖုန်းနံပါတ်
09256573184
09256573185
09788153174

မန္တလေးမြို့
Lucky Pet (Pet Food & Accessories Shop)
၇၅(ဘီ)၊၁၁၄လမ်းနှင့် ၁၁၅လမ်းကြား၊မန္တလေးမြို့
ဖုန်းနံပါတ်
09797592196
09950268864

နေပြည်တော်
Ivory Palace Pet Clinic
ပေါင်းလောင်း ၇လမ်းနှင့်မျက်နှာချင်းဆိုင်
ရန်ကုန် မန္တလေးလမ်းဟောင်း
နေပြည်တော် ၊ပျဥ်းမနားမြို့
ဖုန်းနံပါတ်
09797361511

လားရှိုးမြို့
SAI VET မွေးမြူရေးဆေးဝါး၊အစာနှင့် တိရစ္ဆာန်ဆေးကုခန်း

မြင်းခြံမြို့(ငှက်စာ)
မေ တိရစ္ဆာန်ကုဆေးခန်း၊ ဆေးနှင့် အစာအမျိုးမျိုး
အမှတ်၁၃၃၊အောင်သိန္ဒိလမ်း၊၃ရပ်ကွက်၊မြင်းခြံမြို့
ဖုန်းနံပါတ်
09771339727

မြိတ်မြို့
ဦးနောင်ပိန် Pet Shop
အမှတ် ၈၈၊ကန်ဖျားလမ်းမကြီး၊မြိတ်မြို့
ဖုန်းနံပါတ်
09422213928 တို့မှာဆက်သွယ်မှာယူရရှိနိုင်ပါတယ်ခင်ဗျာ။

15/09/2026

မိမိတို့ အမြတ်နိုးဆုံး အချစ်တော် ငှက်လေးတွေ၊ ဟမ်းစတားလေးတွေနဲ့ အလှမွေးကြက်လေးတွေအတွက် အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံတဲ့ အစာအဟာရကို ရှာဖွေနေပါသလား?

သင့်ရဲ့ အချစ်တော်လေးတွေ ကျန်းမာသန်စွမ်းပြီး သက်တမ်းစေ့ ပျော်ရွှင်စွာ နေနိုင်ဖို့ ဆိုရင်Best Companion ပဲပေါ့! 🦜🐹✨

Best Companion Pet Feed က သင့်ရဲ့အချစ်တော်လေးတွေအတွက် အမျိုးအစားအလိုက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်များကို စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ပေးထားတဲ့ အာဟာရပြည့်စပ်စာတွေရှိပါတယ်။

ရရှိနိုင်သော အစာအမျိုးအစားများနှင့် Product Code များ
1️⃣ကျေးကျုတ်ငှက်အာဟာရပြည့်စပ်စာ
(Parakeet Feed: Code - B1)

2️⃣ကော့ကတေးငှက်အာဟာရပြည့်စပ်စာ
(Cockatiel Feed: Code - C1)

3️⃣ဂျာဗားအုပ်စုဝင်ငှက်များအာဟာရပြည့်စပ်စာ
(Finch Feed: Code - F1)

4️⃣ကြက်တူရွေးအုပ်စုဝင်ငှက်များအာဟာရပြည့်စပ်စာ
(Parrot Feed: Code - P1)

5️⃣ဟမ်းစတားအာဟာရပြည့်စပ်စာ
(Hamster Feed: Code - H1)

6️⃣အလှမွေးကြက်နှင့်တိုင်းရင်းကြက်အာဟာရပြည့်စပ်စာ(၂လသားနှင့်အထက်)
(Ornamental Chicken Complete Feed: Code - OC1 )

7️⃣အလှမွေးကြက်နှင့်တိုင်းရင်းကြက်အာဟာရပြည့်စပ်စာ(၁ရက်သားမှ၂လသား)
(Ornamental Chicken Complete Feed: Code - OC1S)

✅ဘာလို့ Best Companion ကို ရွေးချယ်သင့်တာလဲ?

👉ကျန်းမာသန်စွမ်းပြီး ရောဂါကင်းဝေးစေခြင်း👉ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် အမွှေးအတောင်များကို လှပတောက်ပြောင်စေခြင်း
👉သဘာဝအတိုင်း သက်တမ်းစေ့အထိပျော်ရွှင်စွာ ရှင်သန်နိုင်စေခြင်း အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

Photos from Best Companion's post 10/09/2026

"🏆 ချန်ပီယံကြက်ကောင်းတစ်ကောင်ရဲ့ ပထမဆုံးခြေလှမ်း OC1S"

ကြက်ပေါက်လေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို စနစ်တကျ ပေါင်းစပ်ဖော်စပ်ပေးထားတဲ့ ကြက်ငယ်စာ OC1S ဖြစ်ပါတယ်။

၁ရက်သားမှ (၂လသား)အထိကျွေးမွေးခြင်းဖြင့်

✅ကြွက်သားနှင့် အရိုးအဆစ် သန်မာစေခြင်း: အတောင်ပံနှင့် ခြေလက်များ ကြံ့ခိုင်စေပြီး ကိုယ်ဟန်အနေအထား ပြည့်စုံစေပါတယ်။

✅ခန္ဓာကိုယ် ကြီးထွားမှု မြန်ဆန်ပြီး ရောဂါဘယကင်းဝေးစေပါတယ်။

သင့်ကြက်ပေါက်လေးတွေကို ချန်ပီယံဖြစ်အောင် အစကတည်းက စနစ်တကျ ပြုစုလိုက်ပါ။

07/09/2026

"အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်ခံအား တိုးမြှင့်ပေးမယ့် ကျေးကျုတ်ငှက်အာဟာရပြည့်စပ်စာ B1"

✅သဘာဝအစေ့အဆံများနဲ့အာဟာရဖြည့်အစာတောင့်လေးတွေပါ အချိုးကျ၊စနစ်တကျတွက်ချက်ကာ ထည့်သွင်းပေးထားတော့ ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။

✅နေ့စဉ်ကျွေးခြင်းဖြင့် အမွေးအတောင်လေးတွေအရောင်စ်ိုပြေတောက်ပစေပြီး အမွေးကျွတ်ခြင်းမှလဲကာကွယ်ပေးပါတယ်။

✅ဉာဏ်ရည်ထက်မြတ်မှုအတွက်အထောက်အကူပြုတော့ သင်ကြားရန်လွယ်ကူပြီး မျိုးပွားနှုန်းလဲကောင်းစေလို့ ကျွေးဖူးသူတိုင်းသဘောကျတဲ့ B1 ဖြစ်ပါတယ်။

မိမိတို့ရဲ့ကျေးကျုတ်ငှက်ကလေးတွေအမြဲတမ်းပျော်ရွှင်ကျန်းမာနေဖို့ အဓိကအချက်ဖြစ်တဲ့ အာဟာရပြည့်ဝဖို့ဆိုရင် B1 ကျေးကျုတ်ငှက်အာဟာရပြည့်စပ်စာကို သတိရလိုက်ပါ....💙💙💙

03/09/2026

"သင့်ကြက်တွေကို အကောင်းဆုံးစောင့်ရှောက်ဖို့ စဉ်းစားနေပါသလား?"

အလှမွေးကြက်တွေရဲ့ အမွှေးအတောင်တွေ တောက်ပနေစေဖို့နဲ့ တိုက်ကြက်တွေရဲ့ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်စေဖို့အတွက် Best Companion (OC1) အစာက အဖြေပါပဲ။

• အလှမွေးကြက်များအမွှေးအတောင်လှပခြင်း၊ အရောင်အသွေးတောက်ပခြင်း၊ ကျန်းမာသန်စွမ်းခြင်းတို့ကိုအပြည့်အဝထောက်ပံ့ပေးပါတယ်။

• တိုက်ကြက်များ ကြွက်သားထွက်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းတို့အတွက် အထောက်အကူပြုပေးပါတယ်။

"အာဟာရပြည့်ဝပြီး အရည်အသွေးပြည့်ဝတဲ့ OC1 အစာကို ကျွေးခြင်းဖြင့် ၂လသားနဲ့အထက် သင့်ကြက်တွေရဲ့ တန်ဖိုးကို မြှင့်တင်လိုက်ပါ"

Category

Telephone

Website

Address


No. 525, Ywet Hla Lane, Pale Myo Thit, Mingalardon Township
Yangon
11021

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00

Alerts

Be the first to know and let us send you an email when Best Companion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.