SOK First Aid Kit

SOK First Aid Kit

Share

We are providing First Aid Kit that includes 32 essential items to prepare for emergencies.

17/04/2022

နှစ်သစ်မှာကျန်းမာ ချမ်းသာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်ဝကြပါ​စေ​ကြောင်း ဆု​တောင်း​​မေတ္တာပို့သလိုက်ပါတယ်🙏🙏🙏

07/02/2022

ကိုဗစ်ဖြစ်နိုင်တဲ့အလားအလာနဲ့ ရောဂါ ဆိုးနိုင်ခြေကို အောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်။
၁။ ကာကွယ်ဆေး လုံးဝ မထိုးသေး + ကိုဗစ်လည်းမဖြစ်ဘူးသေးသူ
၂။ ကာကွယ်ဆေး အပြည့် ၂ လုံးထိုးထားဘူးသူ
၃။ ကာကွယ်ဆေး booster dose အပါအဝင် ၃ ချောင်း ထိုးထားပြီးသူ
၄။ ကိုဗစ်ဖြစ်ပြီးသူ + ကာကွယ်ဆေး ထပ်ထိုးထားပြီးသူ
ဒီလေးမျိုးမှာ ၁ မှ ၄ အထိ ရောဂါ ကူးစက်ခံရမှု နဲ့ ရောဂါ ဆိုးလာနိုင်ခြေအများဆုံးမှ အနည်းဆုံး စီတန်းပြထားတာဖြစ်ပါတယ်။ မိမိကိုယ်ကို ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။

******
Antibody level and infectivity
ကိုဗစ်အင်တီဘေါ်ဒီ နဲ့ ကိုဗစ်ရောဂါဖြစ်နိုင်ခြင်း

အင်တီဘေါ်ဒီ Antibodyက ကိုဗစ်ပိုးမဝင်အောင် တားဆီးမထားနိုင်လို့ ကိုဗစ်ပိုး ကူဆက်ခံရပေမဲ့
ဒုတိယကာကွယ်အဆင့် ဖြစ်တဲ့ ( cellular immunity ) Tcell တွေက ပိုးကို မြန်မြန်သတ်ပစ်နိုင်ပါတယ်။
တနည်းအားဖြင့် အင်တီဘေါ်ဒီဆိုတာ ပိုးတွေကို cell ထဲမဝင်ခင် တစ်စုထဲ freeze ဖမ်းချုပ်ပေးထားပြီး မက်ခရိုဖေချ်တွေက engulf လာ
စားပစ်ပြီး ရှင်းထုတ်ပစ်ပါတယ်။ အဝေးကနေအဆိပ်ဖြန်းပြီးသတ်တဲ့နည်းနဲ့ ခိုင်းနှိုင်းလို့ရပါတယ်။ နောက်တဆင့် Cellular immunity မှာကတော့ killer T cell (CD8 T cell )လို့ခေါ်တဲ့ lymphocytes တွေက ပိုးဝင်ပြီးသား (cell ) ကလပ်စည်းတွေကို အနီးကပ် (ဓါးနဲ့) ထိုးဖေါက်ပြီး ခြေမှုန်းဖျက်ဆီး လိုက်တာနဲ့တူပါတယ်။ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ antibodyကပိုးကို မတားဆီးနိုင်ပေမဲ့ ဒုတိယအဆင့် ဖြစ်တဲ့ T cell ခုခံအားတွေရှိတဲ့အတွက် ပိုးတွေသတ်ပစ်နိုင်လို့ ဆိုးရွားတဲ့ ကိုဗစ်မဖြစ်သွားအောင် တားဆီးနိုင် ပါတယ်။

*****
အိုမီခရွန်ရဲ့ clinical features ရောဂါလက္ခဏာ တွေက ယခင်ဒယ်လ်တာနဲ့ ဘာတွေကွာခြားသလဲ ......
အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရ အိုမီခရွန်ဟာ တေါ်တေါ်လေး ပျော့ပါတယ်။
အများအားဖြင့် အရမ်းနုန်းမယ်၊ ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်။
၁ ရက် ၊၂ ရက် လောက်ဖျားမယ်။ လည်ချောင်းနာမယ်။ လည်ချောင်းယားမယ်၊ ချောင်း
နည်းနည်းဆိုးမယ်။ ၅ ရက်လောက်ဆို ပြန်ကောင်းသွားတတ်ပါတယ်။

လူနာအများမှာCRP နဲ့ D-Dimer တွေက normal ဘဲဖြစ်နေတတ်တယ်။
အောက်စီဂျင်ကျပြီး အမောဖောက်တာတာ တော်တော် ရှားပါတယ်။
အများအားဖြင့် ၄ ရက်မှ ၆ ရက် မှာ အပြီးနေကောင်းသွားကြပါတယ်။
ချောင်းဆိုးတာ ချွဲထွက်တာတွေ့ရတယ်။ ( delta တုန်းကတော့ ချောင်းခြောက်ဆိုးပါတယ်)
အနံ့ပျောက်တာမျိုး မတွေ့ရပါဘူး။
ညညချွေးထွက်တာ၊ ဝမ်းလျောတာ တော့ရှိတတ်ပါတယ်။

Diagnosis ...အိုမီခရွန်ကို RDT နဲ့ PCR နည်းနဲ့ ကိုဗစ်ကို ယခင်ကကဲ့သို့ စစ်ဆေးတွေ့ရှိနိုင်ပါသေးတယ်။ ကိုဗစ်ဟုတ်မဟုတ် ပြောနိုင်ပေမဲ့ ဒါက အိုမီခရွန် ဟုတ်မဟုတ် ဆိုတာကတော့ လက်ရှိ PCR test လုပ်ရာမှာ S gene ၃ ခုမှာ ၁ခု မတွေ့ရဘူး ( S gene dropout or S gene target failure) ဆိုရင် အိုမီခရွန်လို့ယူဆ ရပါတယ်။
Sequencing confirmation ထပ်လုပ်ရပါမယ်။


******
ဘယ်လို ကိုင်တွယ်ရမလဲ
*** ရောဂါမပြန့်အောင် နေထိုင်ရမယ်ဆိုတာ အကျယ်ချဲ့မပြောလိုပေမဲ့ Isolation သီးသန့်ခွဲနေရမယ်။ အနည်းဆုံး ၁ ပတ်တော့ ခွဲနေပါ။ ( ကျန်းမာရေးဌာန၏ညွှန်ကြားချက်အတိုင်း လိုက်နာရန်)
ယခင်ကိုဗစ်လောက် မကြာပါဘူး။

*** အထူးသဖြင့် ပြင်းထန် နမိုးနီးယား ဖြစ်လာနိုင်ခြေရှိသူများ ကို
ယခင်ကိုဗစ်လိုမျိုး အရေးကြီးလက္ခဏာတွေ ပေါ်ပေါက်လာခြင်း ရှိမရှိ စောင့်ကြည့်ရပါမယ်။
အသက်ရှူ မဝခြင်း၊ကြပ်ခြင်း
အောက်စီဂျင် pulse oximeter နဲ့ လက်ထိပ်မှာ တိုင်းခြင်း ၊ ၆ မိနစ်လမ်းလျှောက်ပြီး အောက်စီဂျင်တိုင်းရင် ပိုပြီး စောစောသိနိုင်ပါတယ်။

*****
ယခင်ကလို ရောဂါအဆင့်အလိုက် ခွဲရပါမယ်။
Mild disease
ရောဂါမဆိုးသူများမှာ၏လက္ခဏာ
No evidence of viral pneumonia ( အဆုပ်ရောင်လက္ခဏာ မရှိခြင်း
hypoxia/SpO2 > 94 % on Room Air အောက်စီဂျင် ၉၄% ကျော်ပုံမှန်ရှိခြင်း
Respiratory rate < 24/min. အသက်ရှူနှုန်း ၂၄ / မိနစ် ထက်မပိုခြင်း
ဒါဆို ကောင်းပါတယ်။ စိတ်မပူနဲ့အုန်း။

****
severe covid ဖြစ်လာနိုင်သူများအတွက်
ပိုဂရုစိုက်ရမဲ့ အ​ခြေအနေကတော့
Red flag signs (If developed likely to deteriorate):
အရေးကြီးလက္ခဏာတွေစောင့်ကြည့်ရမယ်။

High-grade fever/ severe cough.

Shortness of breath (while walking, talking, sitting), tightness in chest.

Feeling of disorientation.

Slurred speech/seizures.

Unable to wake up or stay awake.

Respiratory rate ≥ 24/ min.
အသက်ရှူနှုန်း တစ်မိနစ်မှာ > ၂၄ ကြိမ် ထက်များခြင်း
Oxygen saturation < 94% on room air.
အောက်စီဂျင် < ၉၄% ထက်နည်းခြင်း

လိုအပ်လို့ high risk တွေမှာ သွေးစစ်ရင်
ဘယ်တော့ အရေးတကြီး action ယူရမလဲ ...

ယခင်ကလို အများကြီးစစ်ဖို့မလိုတော့ပါဘူး။

***Focus on 3 Lab tests:
ဓါတ်ခွဲခန်း အဖြေ ၃ မျိုးကို ကြည့်ရမယ်။
1. Neutrophil Lymphocyte Ratio >3.2 or RDW above 14.5.
2. Raised CRP.
3. Raised D-Dimer.

မှတ်ချက်။ ။ D-Dimer ဟာအသက်ကြီးသူတွေမှာ ပုံမှန်များတတ်တယ်။ အသက်ကြီးရင် အခြား
ရောဂါတွေရှိရင်လည်း D-Dimer များတတ်လို့ specific တိကျမှု လည်းမရှိပါဘူး။
အသက်အလိုက်ပြန်ညှိရမယ်။
အသက်အလိုက်ညှိတဲ့ ဖေါ်မြူလာ ကတော့
The formula is: Age (years) x 10 ug/L for patients > 50 years of age.
ဥပမာ အသက် ၈၈ နှစ်ရှိသူမှာ ၈၈ x ၁၀ = ၈၈၀ သည်ပုံမှန်လို့ သတ်မှတ်ရပါမယ်။ ၈၈၀ ကျော်မှ များတယ်လို့ခေါ်ပါမယ်။
***D dimer တက်ခြင်း - 2 times above normal limit ( ပုံမှန်ထက် ၂ ဆ ပိုများခြင်း)

***CRP များခြင်း
-5 times of ULN limit (၅ဆ များခြင်း )
-rising CRP from baseline 3 times (မူလ ထက်၃ ဆပိုများလာခြင်း )

**********

Treatment
ဘယ်လိုကုမလဲ
Treatment of Mild Cases ရောဂါလက္ခဏာ ပျော့သူများ
အိုမီခရွန်က ယခင်က ကိုဗစ်နဲ့မတူဘဲ အများအားဖြင့် ပျော့ပါတယ်။Mild ဖြစ်ပါတယ်။ ဘာမျှသိပ်လုပ်စရာမလိုဘဲ ပြန်ကောင်းသွားကြပါတယ်။ ကြောက်စရာမလိုပါဘူး။
symptomatically ဝေဒနာသက်သာအောင်ဘဲ ဆေးပေးဖို့လိုပါတယ်။
ပိုးသတ်ဆေး လည်းမလိုပါဘူး။
အောက်စီဂျင်မကျရင် ဒက်ဆာတို့ စတီးရွိုက်တို့ လုံးဝမပေးရပါဘူး။
Rehydration ရေများများတိုက်ပါ
Antipyretic (Paracetamol) အဖျားကျဆေး ပါရာစီတမော ဘဲတိုက်ပါ
အဟာရကောင်းကောင်း ကြွေးပါ

အိုမီခရွန်မှာ Supportive medications

Anti-tussive, Vitamin C , Zinc, Vit D ဒါတွေကို ယခင်ကိုဗစ်တွေမှာ လိုလိုမယ်မယ် သုံးခဲ့ကြပေမဲ့ အခု အိုမီခရွန်မှာတော့ သိပ္ပံနည်းကျလေ့လာထားတာမရှိတော့ ကုသတဲ့ဆရာဝန်တွေ ရဲ့သဘောပါဘဲ။

****

Anti- Viral
ဗိုင်းရပ်ပိုးသတ်ဆေး အသုံးပြု ခြင်း
Early antiviral agents တွေသုံးဖို့လိုရင် အစောဆုံးစပေးရမယ်။
ဗိုင်းရပ်ပိုးပွားများချိန် ကာလ က
ရောဂါလက္ခဏာ စတင်ခံစားရတဲ့ အချိန်မှ ၅ ရက်မကျော်လွန်ခင် ပေးမှ ထိရောက်မှုရှိမယ်။ စိတ်ချရမယ်။
ဘယ်ဆေးဘဲ သုံးသုံး အချက်၂ ချက် ကိုသတိပြုရမယ်။
၁။ သုံးတဲ့ဆေးက ထိရောက်တယ်ဆိုတဲ့ strong evidence တွေရှိရမယ်။ တစ်မျိုးကိုသာရွေးချယ်ရမယ် ဆိုတော့ တစ်ခုပြီးတစ်ခု သို့မဟုတ ၂ မျိုးပေါင်းသုံးတာ လုပ်လို့မရပါဘူး။ ( except monoclonal antibody cocktail )
၂။ ၅ ရက် အတွင်း အချိန်မှီဖို့လိုပါတယ်။ အောက်စီဂျင်မကျမီ ပေးရပါမယ်။ ( မှတ်ချက် ။ အောက်စီဂျင်ကျမှပေးရတာမဟုတ်ပါဘူး။ ) ဒါကြောင့် အစောဆုံးရှာဖွေပါ။ သိအောင်လုပ်ပါ။

ဘာဆေးတွေရှိသလဲ...
Omicron အတွက် သုံးနိုင်တဲ့ ထိရောက်တဲ့ဆေး
၄ မျိုး ရှိနေပါပြီ ။
၁။ sotrovimab ( ယခင်က သုံးတဲ့ Casirivimab, plus Imdevimabကို အိုမီခရွန်မှာ သုံးရင်မထိရောက်တော့ပါဘူး။
၂။ Paxlovid အထိရောက်အဆုံး၊ ကောင်းဆုံးရွေးချယ်မှု
၃။ Remdesivir ထိရောက်ပါတယ်။
၄။ Molnupiravir ကို အထက်ပါဆေးတွေ မသုံးနိုင်ရင်သုံးနိုင်ပါတယ်။
ဘယ်သူတွေကိုရွေးပြီး anti - viral ပေးရမလဲ ...

( ဆက်ရန်)
Crd Prof Dr. Daw Than Than Aye

Photos from SOK First Aid Kit's post 16/10/2021

🌟သီတင်းကျွတ်ဂါရဝပြုဖို့ အ​ကောင်းဆုံးလက်​ဆောင် 🙏🙏🙏
🌟သီတင်းကျွတ် အထူးPromotion
🌟K-Pay, CB- Pay ဖြင့်​ငွေရှင်းပြီး ချစ်ရသူတို့ထံ အခမဲ့ဝန်​ဆောင်မှုဖြင့်အ​ရောက်ပို့​ဆောင်​ပေးမှာပါ​နော်❤❤

30/09/2021

First Aid Kit အ​ရေး​ပေါ်သုံး​ဆေးအိတ်
📣26900 ကျပ် ဖြင့်
ပါဝင်ပစ္စည်း -32 မျိုး
အ​ရေတွက်စုစု​ပေါင်း - 130 ပါဝင်​သောအရေး​ပေါ်သုံး​ဆေးအိတ်ကို အိမ်အ​ရောက် အခမဲ့ဝန်​ဆောင်မှုဖြင့် Oct 5ရက်​နေ့ထိရယူလိုက်ပါ
📣5ရက်ဘဲကျန်တာမို့ အမြန်မှာယူ​ပေးကြပါ​နော်..
☎️ 09-266740004, 09793078783
Viber - 09793078783

Photos from SOK First Aid Kit's post 25/09/2021

မင်္ဂလာပါ...
SOK First Aid Kit page မှကြိုဆိုနှုတ်ဆက်လိုက်ပါတယ်...

အိမ်တိုင်းမရှိမဖြစ်​ဆောင်ထားသင့်တဲ့ အ​ရေး​ပေါ် ​ဆေးအိတ်များအား ဤ Pageတွင် မှာယူနိုင်ပါပြီရှင်...

SOK First Aid Kit
🔘ပါဝင်ပစ္စည်းအ​ရေအတွက် - ​130
🔘ပါဝင်ပစ္စည်းအမျိုးအမည် - အိမ်သုံးဆေးနှင့်​အ​ရေး​ပေါ်အတွက်ဆေးပစ္စည်း - 32 မျိုး
​စျေးနှုန်း - 29900 ကျပ်
​🔘ဆေးအိတ်အရွယ်အစား - 11.5 x 9 x 3 inches (29 x 22 x 8 cm)
🔷️ဒီဆေးအိတ်​လေး​ဆောင်ထားခြင်းဖြင့်
- ထိခိုက်ရှနာခြင်း
- ​ဒဏ်ရာရသွေးထွက်ခြင်း
- အပူ​လောင်ခြင်း
- မူး​ဝေ​အော့အန်ခြင်း
- ဖျားနာကိုက်ခဲခြင်း
-ဝမ်းပျက်ဝမ်း​လျောခြင်း
- ဓါတ်မတည့်ယားယံခြင်း
- အစာမ​ကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- အစာအိမ်နာခြင်း စသည့်အ​ရေး​ပေါ်အ​ခြေ​နေများတွက် ​​အလွန်အသုံးဝင်​​မှာဖြစ်ပါတယ်...

⏩SOK First Aid Bag ​လေးကိုဘယ်မှာထားမလဲ?
🏡အိမ်မှာထားမလား..
🏬လုပ်ငန်းခွင်မှာထားမလား
🚘မိမိတို့​နေ့စဥ်အသုံးပြု​နေတဲ့ကား​ပေါ်ထားမလား..
🌏ခရီးသွားရင်​ဆောင်သွားမလား
အိမ်မှာထားထား ဘယ်​နေရာသယ်သယ် လွယ်ကူအဆင်​ပြေစွာ သယ်သွားနိုင်တဲ့အရွယ်စား​လေးမို့ ​ဆောင်ထားသင့်ပါတယ်...

⏩ဆေးအိတ်မှာ အသုံးပြုပုံအညွှန်းပါထည့်​ပေးထားတဲ့အတွက် အဆင်​ပြေစွာအသုံးပြုနိုင်မှာဖြစ်ပြီး Date ​ကောင်း​သော အ​ရေ​သွေး​ကောင်း​သော ​ဆေးနှင့်​ဆေးပစ္စည်းများကိုသာအသုံးပြု​ပေးထားပါတယ်

✔အိမ်တိုင်း မိသားစုတိုင်းအတွက် မရှိမဖြစ်​ဆောင်ထားသင့်တဲ့ First Aid Bag ​လေးဖြစ်ပါတယ် ...

📣️ဝယ်ယူမယ်ဆိုရင်​တော့ September မှ October လ ၁၀ ရက်ထိ မူရင်း​စျေး 29900 ကျပ် မှ Promotion ​​​စျေး 26900 ကျပ်ဖြင့် ရရှိမည့်အပြင်
ရန်ကုန်မြို့တွင်း အခမဲ့ပို့​ဆောင်​ပေးသွားမှာဖြစ်သလို နယ်မြို့များအတွက်လည်း ကားဂိတ်များမှတဆင့်ပို့​ဆောင်​ပေးသွားမှာဖြစ်ပါတယ်..

ဆက်သွယ်မှာယူလိုရင်ဖြင့်
Messenger မှ​သော်၄င်း ​အောက်ပါဖုန်းနံပါတ် များနှင့် Viber မှ​သော်၄င်းမှာယူနိုင်ပါသည်ရှင့်...

☎️09266740004, 09793078783
Viber- 09793078783

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kharmar Thi Road, North Okkalapa
Yangon
11031

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00