YOLO
You only live once in this life. So do your pets. Let them feel the heaven. We provide the best food for them.
It’s your job to make your pet feel the taste of heaven �.
15/07/2020
မကြာခင် ExoticZoo ByWp page ကို အပြီး ချိန်းပါမယ်။
Super Wormတွေ စျေးထပ်ချပေးထားတယ်နော်။
100 g------4000 ks
500 g------18000 ks
1 kg---------30000 ks
အများစျေး၊ ဖောက်သည်စျေး သပ်သပ်စီရှိပါမယ်။
3 kg နဲ့ အထက် 1 kg---28000 ks
6 kg နဲ့ အထက် 1 kg---27000 ks
10 kg နဲ့ အထက် 1 kg--25000 ks
Arowana, Monster Fish, Hamster, Sugar Glider, Reptiles အစရှိတဲ့ မိမိတို့ရဲ့ pets လေးတွေအတွက် အဟာရပြည့်ပြီး လတ်လတ်ဆတ်ဆတ် ကျွေးလို့ရမဲ့ ရှယ်ကွာလတီ Super Worm အသန့်တွေရပါမယ်။ ရောင်းတဲ့ပစ္စည်းချင်းတူရင် ကွာလတီကွာစေရမယ်။ ကွာလတီတူခဲ့ရင် စျေးနှုန်းပိုသက်သာစေရမယ်ဆိုတဲ့ ဝယ်သူတွေကို ထားတဲ့စေတနာကြောင် အခုစျေးတွေထပ်လျော့ပေးထားပါတယ်လို့။ မြန်မာပြည်မှာတင် ဖောက်ပြီးရောင်းတာမို့လို့ မလတ်ဆတ်မှာတော့ ပူစရာမလိုတော့ဘူးပေါ့
24/05/2020
to care for an
တစ်ကောင်ကို ဘယ်လိုဂရုစိုက်မွေးမြူမလည်း။
Ig တွေဟာသွေးအေး သတ္တဝါဖြစ်ပါတယ်။ Igလေးကိုမွေးရတာဟာ ထင်သလောက်မခက်သလို လွယ်မယောင်နဲ့ခက်သလို အခန့်အသင့်ရင်လည်း ဂရုစိုက်ရင်းက မတော်တဆ သေတတ်ပါတယ်။ ဒီလိုပြောတော့ မွေးချင်စိတ်ပျောက်ပြီး လက်တွန့်သွားသလား။ မဖြစ်ပါနဲ့ သင်သာနည်းစနစ်တကျ ဂရုတစိုက်နဲ့မွေးရင် အဆင်ပြေပါတယ်။ Ig ကလည်း အကြမ်းခံပါတယ်။ ငယ်သေးရင်တော့နည်းနည်းပို ဂရုစိုက်ရတာပေါ့ဗျာ။ Ig တစ်ကောင်မွေးဖို့လိုအပ်ချက်တွေရှိပါတယ်။ အဓိကကတော့ ပိုက်ပိုက်နည်းနည်းဖြုန်းရတာပေါ့ဗျာ။ မီးသီး လှောင်အိမ် Calcium ± D3 တို့ဘာတို့ပေါ့ ကန်အလှဆင်တာမပါပါဘူး အဓိကပစ္စည်းတော့ဝယ်ရတာပေါ့။ ပြီးတော့ အစာအမျိုးစုံအောင်ကျွေးရတာရရယ်၊ Ig ကြီးလာတာအတွက် နေရာပေးနိုင်ဖို့ရယ် အဲ့လိုမျိုးအချက်တွေစဉ်းစားရမယ်ဗျာ။ ငယ်တုန်းမှာ အဆင်ပြေပေမယ့် Ig ကကြီးလာရင် ၆ ပေလောက်သွားမှာကို အဲ့တော့ နေရာလိုတယ်လေ။ ကြီးလာလို့ မမွေးနိုင်ရင်တော့ လွှတ်လိုက်ဖို့ မစဉ်းစားပါနဲ့။ Ig အတွက် အရမ်းရက်စက်လွန်းပါတယ်။ Group ထဲက ဆရာတွေတင်ထားတဲ့ Post မှာ ဖတ်လို့ရပါတယ် အသေးစိတ်ရေးထားပါတယ်။
1. Give your iguana a lot of proper light.
Ig ကို အလင်းရောင်လုံလောက်အောင်ပေးပါ။ အလင်းရောင်ဆိုတာမှာ UVA နဲ့ UVB နှစ်မျိုးပေးရပါမယ်။ အဲ့နှစ်မျိုးကတော့ အတိအကျခွဲချင်ရင် Nanometer(Measure of visible light) မျက်စိနဲ့မြင်နိုင်တဲ့အလင်းရောင်ခွဲ ကိရိယာနဲ့မှပဲ သေချာသိနိုင်မယ်။ မီးသီးမှာတော့ UVA က အရောင်အဝါ UVB က မီးသီးအဖြူ အဲ့လိုပဲ အကြမ်းအားဖြင့်ခွဲလို့ရပါတယ်။ Group ထဲမှာ UVA နဲ့ UVB ဘယ်လိုကွဲလည်းဆိုတာ တော်တော်များများမေးကြပါတယ်။ UVA ရဲ့ အလင်းအောက်မှာ ကျွန်တော်တို့လူသားတွေနဲ့ Reptiles လေးတွေရဲ့ မြင်ကွင်း မြင်ရပုံခြင်းမတူပါဘူး။ အဲ့မြင်ကွင်းပြောင်းလဲတာလေးက Reptiles လေးတွေအတွက် အစာစားခြင်းနဲ့ မျိုးဆက်ပြန့်ပွား မိတ်လိုက်ခြင်းတို့မှာ အထောက်အကူပြုပါတယ်လို့ပြောပါတယ်။ ကဲ UVB ကတော့ Reptiles တွေမှာ Calcium ဓာတ်ရှိတာနဲ့ အဲ့ Calcium ကို အရိုးမှာ ဖြည့်တင်းဖို့လိုပါတယ်။ အဲ့လိုဖြည့်တင်းဖို့အတွက် Vitamin D3 လိုပါတယ်။ အဲ့ Vitamin D3 ကိုထုတ်ဖို့က UVB ကိုလိုပါတယ်။ အဲ့တော့ Ig အတွက် UVB လိုကိုလိုအပ်ပါတယ်။ Lizard type Reptiles အားလုံးနီးပါးနဲ့ Turtles ရေလိပ် နဲ့ Tortoise ကုန်းလိပ်တွေ အားလုံးအတွက် UVB က မရှိမဖြစ်လိုအပ်ပါတယ်။ အရိုးအဆစ်သန်မာစေဖို့အတွက်ပါ။ UVB ကို 5.0 ကနေ 10.0 ထိ Level ခွဲထားပါတယ်။ အဲ့တာက မိမိမွေးတဲ့ Reptiles အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။ UVA အဓိကရရှိတာက နေကရရှိတာရယ် အပူမီးသီး ( Basking Light Bulb) တို့ကဖြစ်ပါတယ်။ UVB လည်း နေကရရှိပေမယ့် Pet Owner အများစုကတော့ UVB မီးသီးကိုပဲ အသုံးများပါတယ်။ UVB မီးသီးက သက်တမ်းကြာတာနဲ့အမျှ UVB ထုတ်လွှတ်မှုလျှော့ကျလာပါတယ်။ အဲ့တာကိုသိထားရပါမယ်။ မီးသီးကို 6 လကနေ 12 လအတွင်း လဲဖို့သတ်မှတ်ထားပါတယ်။ အကောင်းဆုံးလဲဖို့အချိန်က 9 လ အကြာမှာဖြစ်ပါတယ်တဲ့။ ဒါပေမယ့် မီးသီးကလည်း လဲချိန်တန်ပေမယ့် မကျွမ်းသေး ပြတ်တုန်းလတ်တုန်း ၂၃ ဆိုတော့ကာ နေရောင်လေး ပြပေးပြီး ထိန်းသုံးပေါ့ဗျာ။
2. It is very important to provide adequate heat for your Iguana.
Ig တွေဟာ အမေရိကတိုက်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသက ရာသီဥတုလို ပူနွေးတဲ့ နေရာတွေမှာ နေထိုင်ပါတယ်။ အဲ့တော့ Ig ဟာ အအေးပိုင်ယ ရာသီဥတုနဲ့ အထိအတွေ့သိပ်မရှိပါဘူး။ အဲ့တော့ Ig ကို pet အဖြစ်မွေးမယ်ဆို အပူပေးပြီး နွေးနွေးထွေးထွေးထားရပါမယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရာသီဥတုက Ig အတွက် အဆင်ပြေပါတယ်။ အခုစာတွေက အမေရိကန်ကို အခြေပြုရေးထားလို့ပါ။ ကျွန်တော်က အဲ့တာကိုဖတ်ပြီး ဘာသာပြန်တာဖြစ်တဲ့အတွက် တချို့နေရာတွေမှာ အပိုတွေဖြစ်နေတာကို သတိပြုပါ။ မီးသီးထွန်းပြီး Ig ရဲ့ တုန့်ပြန်မှု အခြေအနေကို ဂရုစိုက်ပါ။ Ig ကမီးသီးအောက်တအားနေနေရင် သင့်ပတ်ဝန်းကျင်က အနည်းငယ်အေးနေပါတယ်။ အဲ့တော့ အပူအနည်းငယ်ပိုပေးပါ။ မီးသီးအောက်လုံးဝမနေရင် သင့်ပတ်ဝန်းကျင်က အပူက လိုအပ်သည်ထက်များနေပါပြီ။ နေလိုက်မနေလိုက်ဆိုရင်ရောလို့မေးရင် အဲ့တိုင်းပဲထားပါ။ အဆင်ပြေပါတယ်။ Ig အတွက် တစ်နေ့တာလိုအပ်တဲ့ အပူချိန်က 85F to 95F လိုပါတယ် ညဖက်ရောက်ရင် အပူချိန် 75F ထက်မကျအောင်ဂရုစိုက်ရပါတယ်။ တခြားနိုင်ငံမှာတော့ ညဖက်အပူပေးတဲ့ လျှပ်စစ်သုံး ကျောက်တုံးတွေရှိပါတယ်တဲ့။ ဒါပေမယ့် အဲ့ဒါတွေ အသုံးမပြုဖို့ ပြောထားပါတယ်။ အပူပေးကော်ပြား (Heat Mat) ရှိပါတယ်။ U Aung Khaing နဲ့ Excellent Aquarium မှာ မှာလို့ရပါတယ်။ ကျွန်တော်က လက်ရှိ ရှမ်းပြည်မှာ ရောက်ပြီး Ig တစ်ကောင်မွေးထားပါတယ်။ BD တစ်ကောင်ရှိပါတယ် သူတို့ကို ညဖက်အတွက် Heat Mat ကိုဖွင့်ပေးပြီး အဲ့ Heat Mat အပေါ်ကို ကျောက်တုံးတင်ပြီးထားပါတယ်။ Heat Mat က Watt နည်းတဲ့အတွက် သိပ်မပူပါဘူး နွေးတာထက်နည်းနည်းပဲပိုပါတယ်။ လက်ရှိကျွန်တော် အဲ့လို့သုံးပါတယ်။
3. Prepare your Iguana`s Home.
Ig အတွက် လှောင်အိမ်ဆောက်ပါမယ်။ ဘယ် size ဆိုအဆင်ပြေမလည်းဆို ကြီးလေကောင်းလေပါ။ မှန်ကန်တွေနဲ့မွေးလို့မရဘူးလား ရပါတယ် ငယ်တုန်းမှာမွေ့လို့ရပါတယ် ရေရှည်အတွက် အဆင်မပြေနိုင်ပါ။ Adult Ig တစ်ကောင်အတွက် အရှည် ၆ ပေ အကျယ် ၃ ပေ နဲ့ အမြင့် ၆ ပေ ရှိတဲ့ လှောင်အိမ်က အသင့်တော်ဆုံးပါတဲ့ခင်ဗျ။ အခုဒီမှာတော့ အရှည် ၃ ပေး အကျယ် ၁ပေခွဲ အမြင့် ၆ ပေလှောင်အိမ်နဲ့လည်း အလုပ်ဖြစ်တာ တွေရပါတယ်။
4. Iguana love to climb.
Ig ကအမြင့်ကြိုက်တဲ့ Reptile ပါ။ အဲ့တော့ Ig လှောင်အိမ်ကို သစ်ကိုင်းများနဲ့ အလှဆင်ဖို့လိုအပ်ပါတယ်။ ပြီးတော့ တခါတလေ Spray ဘူးလေးနဲ့ ရေလေးဖြန်းပေးလည်းရပါတယ်။ ရေလည်းအားရင် စိမ်ပေးပေါ့ဗျာ။ တခြားနိင်ငံတွေမှာ ရေငွေ့ဖြန်းစက်ကို အချိန်နဲ့ သုံးကြတာတွေ့ရပါတယ်။ အစာကို ရေလေးစိုနေအောင်ဖြန်းကျွေးတာကလည်း Ig ကိုရေဓာတ်ခန်းခြောက်ခြင်းမှ ကင်းဝေးစေပါတယ်။ Ig ကကြီးမြန်တဲ့အတွက်တော့ လှောင်အိမ် Size ရွေးတာလေး ဂရုစိုက်ပါလို့ပြောချင်ပါတယ်။
5. Feed your Iguana properly.
Ig တွေက သက်သက်လွတ်ဘိုးတော်တွေပါ။ အဲ့တော့ အစိမ်းရောင်ခြယ် အသီးအရွက်နဲ့ သစ်သီးဝလံမျိုးစုံကို ကျွေးနိုင်ပါတယ် ကျွေးလို့ရတဲ့ အစားအစာကတော့ Group ထဲမှာတင်ထားဖူးပါတယ်။ Reptiles cant handle acidity လို့ စာမှဆိုထားပါတယ်။ Acidity က အလွယ်ပြောရရင် အချဉ်တွေပေါ့။ သံပုရာသီးတို့ဘာတို့ပေါ့။ ဒါပေမယ့် စပျစ်သီးတို့ လိမ္မော်သီးတို့ Berry မျိုးနွယ်ဝင်အသီးတို့လည်းကြွေးနေတာပဲ။ ဘာမှမဖြစ်ပါဘူး။ သိပ်တော့မကျွေးနဲ့ပေါ့ တစ်ပတ်ကို နှစ်ခါလောက်ပဲကျွေးပေါ့။ တစ်ခါတစ်လေ Ig ကိုပေါင်မုန့်ကျွေးချင်ကျွေးလို့ရပါတယ်တဲ့။ Ready Made အစာထုပ်လည်းကျွေးချင်ရင် ကျွေးလို့ရပါတယ်တဲ့။ လိုအပ်တဲ့ အဟာရဓာတ်တချို့ကိုပေးနိုင်ပါတယ်လို့ပြောတယ်။ ဒါပေမယ် ဒီမှာက အသီးအနှံလတ်လတ်ဆတ်ဆတ်တွေ ကျွေးနေတာပဲ။ အဲ့အစာမကျွေးလည်း ဘာမှမဖြစ်ဘူးထင်တာပဲ။ ရေသန့်တော့ အမြဲတမ်းထည့်ပေးပါ လဲပေးပါတဲ့ ရေမသန့်တာသောက်မိရင်လည်း အခန့်မသင့်ရင် နေမကောင်းဖြစ်နိုင်လို့ပါတဲ့။
6. Multiple Iguanas. Not a good idea if in the same age.
Ig တွေက သဘာဝကိုက ကိုယ်ပိုင်နယ်မြေ သတ်မှတ်ပြီး နေတတ်ပါတယ်။ Ig အရိုင်းတွေက ကိုယ့်ဟာကိုနေတတ်ကြပြီး မိတ်လိုက်ချိန်မှသာ အတူတကွ တွေ့တတ်တယ်လို့ပြောတယ်။ နှစ်ကောင်ထက်ပိုသော Ig တွေကို လှောင်အိမ်တစ်ခုတည်းအတူမွေးမိရင် တစ်ကောင်နဲ့တစ်ကောင်ရန်လိုပြီး ကိုက်နိုင်ပါတယ်။ ဒါပေမယ့် တချို့လည်း အများကြီးမွေးတာတွေ့ဖူးပါတယ်။ တည့်လည်းတည့်ပါတယ်။ ဒီအခြေအနေက Ig တိုင်းအတွက်မဆိုလိုပါ။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်တယ်လို့ထင်ပါတယ်။ အချင်းချင်းကိုက်ရင်းက ပါးစပ်မှာ ဒဏ်ရာရပြီး ပါးစပ်ပုပ်တဲ့ရောဂါရတတ်ပါတယ်။ ပါးစပ်ပုပ်ရောဂါက ဒဏ်ရာတစ်မျိုးတည်းကတင်မကပဲ အပူချိန်နဲ့ အစိုဓာတ်မမှန်ကန်ခြင်း၊ အဟာရဓာတ်မပြည့်စုံခြင်း၊ Bacteria ပိုးကူးစက်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပါးစပ်ပုပ်ရောဂါကို မျက်လုံးနဲ့ကြည့်ပါက ဖြစ်မဖြစ်ပြောနိုင်ပါတယ်။ အဲ့ရောဂါဖြစ်လျှင် Ig ကအစာမစားတော့ပဲ အားနည်းပြီးသေနိုင်ပါတယ်။ အဲ့တော့ Ig အားမပြတ်ခင် အဲ့ရောဂါကို ကိုယ်ကနိုင်အောင်ကုပါ။ ရောဂါဖြစ်လျင် ပါးစပ်တစ်ဝိုက်တွင် အရိအရွဲများရှိနေပါလိမ့်မည်။ တခြားရောဂါတွေလည်း ဖြစ်တတ်သော်လည်း ပါးစပ်ပုပ်ရောဂါက လှောင်အိမ်ရဲ့ အနေအထားနဲ့ ဂရုစိုက်ခြင်းမမှန်သောကြောင့် အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ အဲ့တော့ ကိုယ်ကအရင်ဦးအောင် ကုသရပါမယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဆိုသောစကားအတိုင်း ကိုယ့် Ig ကို အကောင်းဆုံးကာကွယ်ပါ။ မိမိက သေချာဂရုစိုက်မယ်ဆိုလျင် Ig ဆိုတာ အရမ်းချစ်ဖို့ကောင်းပြီး ကိုယ့်အနားမှာ နှစ်ပေါင်း ၂၀ ကျော် အဖော်ပြုမယ့် Reptile ကြီး ဖြစ်ပါတယ်။
Bro Wai phyo ပြောတဲ့ဟာ ဘာသာပြန်ပြီး တင်လိုက်ပါပြီ Bro 😁😁😁
အားလုံးပဲ Good Luck & Have Fun with your Reptiles 😁😁😁
24/05/2020
လေးတွေကို လိမ်မာအောင် ဘယ်လိုလေ့ကျင့်မလည်း။
ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ဘာသာပြန်ပြီး တင်ပေးတဲ့ Post လေးပါ။
ကျွန်တော်တတ်လို့မဟုတ်ပါဘူး။ သိသလောက်လေး ရေးပြီးတင်ထားတာပါ။ နည်းနည်းတော့ ဒွန့်ထားတယ်ဗျ။ သည်းခံပြီးဖတ်ပေးကြပါ။ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဝိုင်းပြီးဖြည့်စွက်ပြီး ကျွန်တော်ကိုလည်း ပြန်သင်ပေးကြပါလို့ ဆရာသမားတို့ ဆရာမတို့ 😃😃😃
Good Luck & Have Fun with reptiles ✌✌✌
www.petiguanacare.org ကနေဘာသာပြန်ထားတာပါ
Ig လို့ပဲ Iguana ကို အတိုကောက်ရေးထားပါတယ်
1. Taming (ယဉ်ပါးအောင်ပြုလုပ်ခြင်း)
သင့်ရဲ့ပထမဆုံး Reptile လေး Iguana ကိုစမွေးမယ်ဆိုပါစို့ဗျာ အဲ့ Ig လေးက နဂိုကတည်းက လူယဉ်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လှောင်အိမ်ထဲရောက်ကတည်းက သင့်ကိုစတွေ့တာနဲ့လုံးဝကို အထိမခံ ရွှေပုဂံဆိုပြီး အမြီးနဲ့ ရိုက်ကောင်းရိုက်နိုင်ပါတယ်။ ဒီအချက်ကို သင့်အနေနဲ့ နားလည်ထားပါ။ ဘာလို့လည်းဆိုတော့ Animal's Instinct ဆိုတဲ့ သဘာဝပေးအသိအရ Ig ဟာသင့်ကို အန္တရာယ်ပေးမယ့်သူအဖြစ် မြင်နိုင်ပါတယ်။ Ig တိုင်းတော့ မဟုတ်ပေမယ့် တချို့ Ig တွေအတွက်ပေါ့ဗျာ။ ဒါပေမယ့် အားမလျှော့ပါနဲ့ သင့်ရဲ့ အချိန်၊ စိတ်ရှည်မှု နဲ့ ခေါင်းမာမှုတွေ ပေါင်းလိုက်ရင်တော့ Ig က သင့်အတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Pet လေးဖြစ်လာမှာပါ။
ခေါင်းမာမှု ( Persistence) ကို အောက်မှာ ပြန်ရှင်းပြထားပါတယ်
2. Adjustment
( နေသားတကျဖြစ်အောင်ပြုလုပ်ခြင်း)
ကဲ ဒီလိုနဲ့ပဲ သင်ဝယ်ထားတဲ့ Ig လေး အိမ်ကိုရောက်လာပြီဗျာ။ သင်ကလည်း Ig လေးကို ကိုင်ချင်နေပြီ ပခုံးပေါ်တင် ဓာတ်ပုံရိုက်ချင်နေပြီ။ ဒါပေမယ့် မလုပ်ပါနဲ့။ ဒါကမပြုလုက်သင့်တဲ့ အချက်တစ်ချက်ပါ။ Ig လေး အိမ်ကိုရောက်တာနဲ့ သူနေရမယ့်လှောင်အိမ် or မှန်ကန် ထဲကိုထည့်ပြီး Ig လေးကို သူ့ရဲ့ ပတ်ဝန်းကျင်အသစ်ကို စူးစမ်းလေ့လာခွင့် အချိန်လေးကို တစ်ပတ် ဆယ်ရက်လောက် ဖြစ်ဖြစ်ပေးလိုက်ပါဗျာ။ နေရာသစ်ကိုရောက်နေတဲ့ Ig မှာလည်း ခံစားချက် ကြောက်လန့်မှု စိတ်ဖိစီးမှုတွေဖြစ်နေမှာပေါ့။ သူနေသားတကျဖြစ်အောင် အချိန်လေးပေးလိုက်ပါ နောက်မကျပါဘူး ကိုယ့်လက်ထဲမှာပဲ ကြိုက်တဲ့အချိန်ကိုင်လို့ရပါတယ်။ အဆင်ပြေသွားမှာပါ 👌
3. Calm ( စိတ်တည်ငြိမ်အောင်ထားခြင်း)
ဒီအချက်ကတော့လှောင်အိမ်ကို တည်ငြိမ်အောင် ထားခိုင်းတာမဟုတ်ပါဘူး။ သင်နဲ့ သင့်ရဲ့Ig လေးရဲ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားခိုင်းတာပါ။ ရှင်းပြရမယ်ဆိုရင် Ig ကို ကိုင်တော့မယ် ဆိုရင် သူလန့်စေမယ့် အပြုအမူတွေကို အတတ်နိုင်ဆုံး ရှောင်ဖို့ပါ။ အဲ့ဒါတွေက ရုတ်တရက်ကြီး လှမ်းဖမ်းတာမျိုးတို့၊ ဖမ်းခါနီးကိုယ်က လန့်ပြီးအော်တာမျိုးတို့၊ အတင်းကြီး လိုက်ဖမ်းတာမျိုး၊ ဖမ်းမိတော့လည်း အရမ်းညစ်ထားတာမျိုးတို့ကိုပေါ့။ သင်ကိုယ်တိုင်လည်း မကြောက်ပဲနဲ့ စိတ်ငြိမ်အောင်နေပါ။ Ig ကို ရဲရဲကိုင်ပါ။ လွတ်သွားမှာပဲဆိုပြီး အသားကုန်ညစ် မကိုင်ပါနဲ့။ သင်ကညစ်ကိုင် Ig ကလန့်ပြီးရုန်း အယောင်ယောင်အမှားမှားနဲ့ မတော်တဆလွတ်ကျနိုင်ပါတယ်။ အဲ့ခါကျ Ig လည်းဂွမ်းရော။ သင်စိတ်ငြိမ်ပြီး အမှားအယွင်းမရှိတော့ Ig လည်း သိပ်မကြောက်ပဲ စိတ်ငြိမ်တာပေါ့ဗျာ။
4. Hand Feeding
( လက်ဖြင့်အစာခွံ့ကျွေးနည်း )
Pet လေးတွေက လက်နဲ့အစာကျွေးပြီး ယဉ်အောင် လေ့ကျင့်တဲ့နည်းကတော့ တော်တော်များများ အသုံးပြုတဲ့နည်းပါ။ Ig နဲ့ သင့်ကြားက သူစိမ်းချိုးချိုးနေတဲ့ Relationship ကို အမြန်ဆုံးတိုးတက်စေတဲ့ နည်းပါ။ Ig ကို အစာကျွေးရင် ခွက်ထဲထည့်ကျွေးရာက တဖြည်းဖြည်း လက်နဲ့ ကြိုးစားပြီးကျွေးကြည့်ပါ။ ဗိုက်ဆာနေတဲ့ Ig တောင် ပထမဆုံးအကြိမ် လက်နဲ့ကျွေးရင် မစားဘူးဆိုတာ 100% လောက်သေချာပါတယ်။ သင့်ကို မျက်လုံးကြီးပြူးပြီးတောင်ပြန်ကြည့်နေနိုင်ပါတယ် ဘာကြီးလား ဆိုပြီး။ အချိန်ပေးရပါတယ် စိတ်ရှည်ပါ။ တဖြည်းဖြည်းနဲ့ သင်ခွံ့ကျွေးတာကို လာကိုက်စားပါလိမ့်မယ်။ ဒီနည်းနဲ့ သင်နဲ့ Ig ကြားက ယုံကြည်မှုကို တည်ဆောက်ပါ။
5. Handling ( ကိုင်တွယ်ခြင်း)
Ig ကို ကိုင်တွယ်မယ်ဆိုရင် လှောင်အိမ်ထဲလက်ထည့်ဖမ်းလိုက် ပြီးတာပဲဆိုတာကြီးက Ig အတွက် " ဟိုက် ဘာကြီးလား " ဆိုပြီး ပတ်ပြေးနေပါလိမ့်မယ်။ ရုတ်တရက်ကြီး ဇတ်ကနဲ မဖမ်းပါနဲ့။ လက်ထည့်ပြီး ဖြည်းဖြည်းချင်း ခေါင်းကိုပွတ်လိုက် ကျောပေါ်က အဆူးလေးတွေကို ပွတ်ပေးလိုက်လုပ်ပါ။ ပွတ်ပေးရင်လည်း ခေါင်းကနေ အမြီးကို တဖြည်းဖြည်း ပွတ်ပေးပါ။ ပြောင်းပြန်ကြီး မပွတ်ပါနဲ့။ Ig ရဲ့ကြေးခွံဖွဲ့စည်းပုံအရ နေရခက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် Ig ကနေနဲ့ တဖြည်းဖြည်း သင့်ရဲ့ကိုင်တွယ်မှုကို မကြောက်လန့်တော့ပဲ သင်ကိုယုံကြည်လာမှာပါ။ Ig ကို ကိုင်မတော့မယ်ဆိုရင် ဗိုက်အောက်ကို လက်ထည့်ပြီးမှ ဖြည်းဖြည်းလေးမပေးပါ။ အပေါ်ကနေအုပ်မိုးပြီးမ မ ပါနဲ့။ သင့်ကို အန္တရာယ်ပြုသူအဖြစ်ထင်ပြီး ကြောက်လန့်နိုင်ပါတယ်။ ပြီးတော့ မတဲ့အချိန်မှာလည်း Ig က ကုတ်တွယ်ပြီးနေတဲ့ Reptile အမျိုးအစားဖြစ်တော့ လက်သည်းခြေသည်း လက်ချောင်းခြေချောင်းတွေကို ဂရုစိုက်ပါ ကျိုးနိုင်ပါတယ်ဗျ။
6. Freedom ( လွတ်လပ်မှု )
Ig လေးကို တခါတလေ လှောင်အိမ်ထဲက ထုတ်ပြီး အခန်းထဲဖြစ်ဖြစ် နေရာအလွတ်တစ်ခုမှာဖြစ်ဖြစ် လွှတ်ပြီး ထိန်းကျောင်းချင်တယ်ပေါ့ဗျာ။ အဲ့ခါကျ ပထမဆုံး ကိုယ်လွှတ်မယ်နေရာကို အရင်ရွေးပါ အခန်း or ခြင်ထောင် or တစ်နေရာရာပေါ့ဗျာ။ ဘယ်နေရာပဲဖြစ်ဖြစ် Ig လှောင်အိမ်ထက်တော့ ပိုကြီးမှာကတော့ သေချာသလောက်ပဲလေ။ အဲ့တော့ Ig အတွက် အန္တရာယ်ဖြစ်နေနိုင်နဲ့အရာ ထွက်ပြေးနိုင်တဲ့ အပေါက်တို့လမ်းတို့ကို သေချာကြည့်ပါ ရှင်းပါ ပိတ်ပါ။ Ig ဟာ သဘာဝကိုက အမြင့်ကိုကြိုက်ပြီး ကုတ်တွယ်တက်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါ မြန်လိုက်တာကလည်း ၂ပေ၁ပေ ကန်တောင်မနည်းဖမ်းရတာ အခန်းထဲဆိုရင်တော့ စိန်ပလိန်တိန် မုန့်ကြိုးလိမ်တဲ့။ အမြင့်ကခြေချော်လက်ချော် ပြုတ်ကျနိုင်သလို ခြေသည်းလက်သည်းက တစ်နေရာမှာညပ်နေတာမျိုး အမြီးညပ်ပြီးပြတ်သွားတာမျိုး အပေါက်တွေ့လို့ တိုးထွက်သွားတာမျိုး ဖြစ်နိုင်လို့ပါ။ အခန်းကို လုံခြုံမှုရှိအောင် အရင်လုပ်ပါ။ Ig ကို ဖမ်းပြီး အခန်းထဲမလွှတ်ခင် ကိုယ်ပေါ်တင်ပြီး ပွတ်ပေးပါ Ig ကကိုယ်ပေါ်ကနေ ဆင်းပြီး အခန်းထဲ စူးစမ်းလေ့လာနေရင်လည်း ပြန်မဖမ်းပါနဲ့ ခဏလောက် လွှတ်ပြီး စူးစမ်းခွင့်ပေးလိုက်ပါ။ ပြီးမှပြန်ဖမ်းပြီး လှောင်အိမ်ထဲ ပြန်ထည့်ပါ။
7. Persistence ( ခေါင်းမာမှု)
ခေါင်းမာမှုကို ဇွဲရှိဖို့လို့ပြောလည်းရပါတယ်။ Ig ကိုစမွေးမယ်ဆိုရင်တော့ လူယဉ်ပြီးသား Ig လေးတွေကလွဲလို့ ကျန်တဲ့ Ig တွေကတော့ နေ့တိုင်းကိုင်တွယ်ဖို့ ကြိုးစားပါ။ တစ်နာရီလောက် အချိန်မပေးနိုင်ရင်တောင်မှ အနည်းဆုံး ၁၀ မိနစ်ခန့် အချိန်ပေးပြီး ကိုင်တွယ် ထိတွေ့ပေးပါ။ ပွတ်သပ်ပေးပါ။ အစာခွံ့ကျွေးပါ။ အခန်းထဲ လွှတ်ပြီးကျောင်းပေးပါ။ အကိုက်ခံ အရိုက်ခံဖို့အတွက် စိတ်ရှည်စွာ အချိန်ပေးပါ။ အဲ့လို Training လုပ်ရင်တဲ့ အကျိုးကတော့ သင့်တွေ့တာနဲ့ ပတ်ပြေး အမြီးနဲ့ တရွှမ်းရွှမ်းရိုက် ခုန်ကိုက်နေတဲ့ Iguana လေးက သင့်ရဲ့ အနားကနေ မခွာတဲ့ ချစ်စရာ Reptile Pet လေး ဖြစ်လာမှာပဲလေ။ ဟုတ်တယ်ဟုတ် ✌👌✌
ရန်ကုန် 🔁 မော်လမြိုင်
ရန်ကုန် 🔁 တောင်ကြီး
ရန်ကုန် 🔁 မန္တလေး
ရန်ကုန် 🔁 ပြည် ကားဂိတ်တွေပြန်ဖွင့်ပါပြီ။
Super worm, Meal worm နဲ့ Cricket လိုအပ်သူများ
ဒီနေ့မှာရင် မနက်ဖြန်ပို့ပေးပါမယ်။ , , , နဲ့ အပြင် အင်းစက်စားငှက်တွေကိုပါကျွေးလို့ရပါတယ်။ 📲 09670672642
နယ်ကနေဝါးပိုးနဲ့ပုရစ်မှာတဲ့သူတွေကို အဓိကမှာချင်တာပါ
အသေအပျောက်နည်းအောင် ညကားနဲ့တင်ပေးတာဆိုပင်မဲ့
ရာသီဥတုက အရမ်းပူနေပါတယ်။ ကားဂိတ်ကိုဖုန်းဆက်ပြီး ရောက်တယ်ဆိုတာနဲ့ တတ်နိုင်သမျှစောစောသွားထုတ်ပေးကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ရန်ကုန် 🔁 တောင်ကြီး
ရန်ကုန် 🔁 မန္တလေး
ရန်ကုန် 🔁 ပြည်
ကားဂိတ်တွေပြန်ဖွင့်ပါပြီ။
Super worm, meal worm လိုအပ်သူများ
မနက်ဖြန်ပို့ပေးပါမယ်။ 09670672642
ရန်ကုန်↔တောင်ကြီး
ဂိတ်တချို့ပြန်ဖွင့်ပါနေပါပြီ။
ဝါးပိုးလိုချင်သူတွေမှာလို့ရပါပြီ။
တခြားမြို့တွေကိုလဲစုံစမ်းနေပါတယ်။
ဂိတ်တွေဖွင့်တာနဲ့ပြောပေးပါမယ်။
Deli ခက ပုံမှန်ထက် ၅၀၀ လောက်တော့များပါတယ်။
Deli သမားကို အပ်ပြီးရင် ပစ္စည်းက သက်ရှိတွေဖြစ်တာကြောင့် deli သမားက သူ့တခြားလမ်းကြောင်းတွေအကုန်နောက်ရွှေ့ပြီး သက်ရှိကို အရင်ပို့ပေးရတာကြောင့် ပုံမှန်ထက် ၅၀၀ လောက်များနေရခြင်းပါ။နားလည်ပေးနိုင်မယ်ထင်ပါမယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thit Sar Street
Yangon