3R Collections Reset Refresh Rebirth

3R Collections Reset Refresh Rebirth

Share

"Reset, Refresh, Rebirth — Inner Transformation through Mindfulness Meditation"

19/04/2026
Photos from 3R Collections Reset Refresh Rebirth's post 18/04/2026

🔥 Reset • Refresh • Rebirth (3R COLLECTIONS)

🎤 ကမ္ဘာကျော် motivational speaker တစ်ယောက်ဖြစ်တဲ့ Tony Robbins ကို လူတိုင်းလောက်နီးပါးသိကြ ပါတယ်…... သူ့ဘဝအစဟာ မလှပခဲ့ပါဘူး။

👶 သူဟာ မိသားစုဆင်းရဲမှု၊ မိဘတွေကွာရှင်းမှု၊ စိတ်ပိုင်းဆိုင်ရာဖိအားတွေကြားမှာ ကြီးပြင်းခဲ့သူပါ။ တစ်ခါတလေ အစားအစာတောင် မလုံလောက်တဲ့နေ့တွေရှိခဲ့တယ်။

❗ တစ်နေ့မှာတော့… သူ့ဘဝကို ပြောင်းလဲစေမယ့် အကြောင်းအရာတစ်ခုကို တွေ့ခဲ့တယ်— 👉 “Your past does not equal your future.”

💡 ဒီစကားတစ်ကြောင်းက သူ့အတွေးကို လှန်ပစ်လိုက်တယ်။ “ငါ့အခြေအနေက ငါ့အနာဂတ်ကို မသတ်မှတ်နိုင်ဘူး” လို့ သူဆုံးဖြတ်လိုက်တယ်။

🚀 အဲဒီနောက်မှာ… သူဟာ စာတွေဖတ်တယ်၊ seminar တွေတက်တယ်၊ mentor တွေရှာတယ်။ ကိုယ်တိုင်လေ့လာပြီး တစ်နေ့တစ်နေ့ကို တိုးတက်အောင်လုပ်ခဲ့တယ်။

📈 နောက်ဆုံးမှာတော့… သူဟာ ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာကို inspire လုပ်နေတဲ့ speaker ဖြစ်လာခဲ့တယ်။

🔍 Lesson from Tony Robbins ♥︎♡♥︎♡♥︎♡

1️⃣ ဘဝအစက အရေးမကြီးဘူး —
သင်ရွေးချယ်မယ့် လမ်းကြောင်းက အရေးကြီးတယ်

2️⃣ Mindset ပြောင်းလဲမှုဟာ အောင်မြင်မှုရဲ့အစ

3️⃣ Continuous learning = Continuous growth

4️⃣ Action မရှိရင် Change မရှိဘူး

✨ 3R Message
🔁 Reset –
မကောင်းတဲ့အတွေးတွေကို ရပ်ပါ
🌿 Refresh –
အသစ်တစ်ခုကို လေ့လာပါ
🔥 Rebirth –
ကိုယ့်ကိုယ်ကို
အသစ်တစ်ယောက် လို ပြန်တည်ဆောက်ပါ

💬 “Change your state, change your life.”
— Tony Robbins

📌 ဒီနေ့ကစပြီး သင်ဘဝကို Reset လုပ်ဖို့ အချိန်ဖြစ်နိုင်ပါတယ်။

27/03/2026

Today Reminder 🌿”
😉 ဒီနေ့..... မမေ့နဲ့နော်......သတိ!

“Take a deep breath.
🍃 ဖြည်းဖြည်းလေးလေး အေးအေးဆေးဆေး နက်နက်ရှိုင်းရှိုင်း လေရူသွင်း/ထုတ်လုပ်တာမှာ စိတ်ကိုထားပါ။
“You’re enough”
ပြည့်စုံပါပြီ။
အသက်ရှူတာကို သိရင်သိနေသလောက် ပြည့်စုံလုံလောက်ပါတယ်။
ဒါကြောင့်မို့...
Take a deep breath 🌿
🍃 ဖြည်းဖြည်းလေးလေး အေးအေးဆေးဆေး
နက်နက်ရှိုင်းရှိုင်း လေရူသွင်း/ထုတ်လုပ်တာမှာ စိတ်ကိုထားပါ။

You don’t have to figure everything out today.
“အရာအားလုံးကို ဒီနေ့တစ်နေ့ထဲမှာ မဖြေရှင်းနိုင်ရင်လည်း အဆင်ပြေပါတယ်၊ ...အချိန်ယူပြီး တဖြည်းဖြည်းလုပ်ေဆာင်သွားလို့လည်း ရပါတယ်”

“မပြီးပြည့်စုံလည်း ok ပါတယ်”

Being here… still trying… is already enough 💛
အခုအခြေအနေ(ပစ္စုပ္ပန်)မှာ_
“နည်းနည်းရပ်လို့ရတယ်”

Save this for the days you feel lost ✨
စိတ်ကုန်ရလောက်အောင် ပင်ပမ်းရတဲ့မေ့တွေအတွက် သုံးလို့ရအောင် ဒီနည်းလေးကို သိမ်းထားပြီး အသုံးချကြည့်လို့ရပါတယ်။

🍃 ထင်ထားတာထက် ပိုကောင်းလာမယ်၊သေချာတယ် မယုံနိုင်ဖွယ်ပါ။

26/03/2026

Today Reminder 🌿”
😉 ဒီနေ့..... မမေ့နဲ့နော်......သတိ!

“Take a deep breath.
🍃 ဖြည်းဖြည်းလေးလေး အေးအေးဆေးဆေး နက်နက်ရှိုင်းရှိုင်း လေရူသွင်း/ထုတ်လုပ်တာမှာ စိတ်ကိုထားပါ။
🍃 ရူသွင်း/ထုတ် ၁ကြိမ် မှ ၈/၁၀ကြိမ် သတိကပ်မှတ်ကြည့်ပါ။
🍃 ၈/၁၀ ကြိမ် ရေတွက်သတိကပ်ပြီး ၃ကြော့/၅ကြော့ လုပ်ကြည့်ပါ။

You’re doing better than you think.”
🍃 ပြုလုပ်ပြီးတဲ့အချိန်မှာ ထင်ထားတာထက် ပိုကောင်းမွန်တယ်ဆိုတာကို လက်တွေ့သိရစေမှာဖြစ်ပါတယ်။

“Save this if you need it later 💛”
လိုရင် သုံးလို့ရအောင် post ကို save လုပ်ထားပါနော်။
🍃ဘယ်လိုအချိန်တွေမှာ လိုအပ်မလဲ?
စိတ်ရှုတ်ထွေးမယ်၊
စိတ်လေးနေမယ်၊
အသက်ရူမဝ,မောပမ်းနွမ်းနယ်နေမယ်၊
ခြေကုန်လက်ပမ်းကျလို့ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေရင် ဒီနည်းလေးကို ၃မိနစ်/၅မိနစ် အချိန်ပေးလုပ်ကြည့်ပါ။
🍃 ထင်ထားတာထက် ပိုကောင်းလာမယ်၊သေချာတယ် မယုံနိုင်ဖွယ်ပါ။

25/03/2026

☺️Welcome back to 3R Collections –
Reset • Refresh • Rebirth 🌿

We’ve been quiet for a while… but now we’re back, stronger and more mindful than ever.

Our mission is to help you reset your energy, refresh your mind, and rebirth your best self through mindfulness & meditation 💛

Let’s start this journey again — together.

“Follow & stay with us 🌿”
“Comment ‘RESET’ if you’re starting again with us 💛”

03/03/2026

🏵 * "စိတ်ကို Reset လုပ်ပါ" –
"ဖုန်းတွေ၊ကွန်ပျူတာ တွေ လေးလံရှုတ်ထွေးနေပြီဆိုရင် Software Reset/update လုပ်သလိုပဲ၊ စိတ်ကိုလည်း သတိပဋ္ဌာန်( Meditation)နဲ့ /Update လုပ်ပြီး ပိုမြန်၊ ပိုငြိမ်အောင် Refresh ဖြစ်ေအာင် ပြန်လုပ်လို့ရပါတယ်။"

🏵 * "Remote Control ကို ပြန်ယူပါ" –
" စိတ်က တခြားသူတွေရဲ့ စကား၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေအပေါ်မှာပဲ လိုက်ပါခံစားနေရတာ များပါတယ်။ #သတိပဋ္ဌာန်ကျင့်ရင်တော့ ကိုယ့်စိတ်ရဲ့ Control ကို ကိုယ့်လက်ထဲ ပြန်ရမှာပါ။"

🏵 * "အပိုကုန်ကျစရိတ်မရှိတဲ့ အပန်းဖြေစခန်း" – "ဘယ်မှသွားစရာမလိုဘဲ ကိုယ့်အသက်ရှူမှုကို သတိထားကြည့်ရုံနဲ့တင် စိတ်က ငြိမ်းချမ်းသွားနိုင်တာဟာ သတိပဋ္ဌာန်ရဲ့ အစွမ်းပဲ။
🏵 * " #သတိပဋ္ဌာန်ဆိုတာ ထိုင်ပြီး မျက်စိမှိတ်နေရုံသက်သက် မဟုတ်ပါဘူး။
စကားပြောရင် ပြောနေမှန်းသိတာ၊ လမ်းလျှောက်ရင် လမ်းလျှောက်မှန်းသိတာကအစ #သတိရှိနေဖို့ပါ။

🏵 * ဒါဟာ လူသားတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ Key (သော့ချက်) တစ်ခုပါပဲ။"

07/02/2026

🧘Mindfulness Meditation က
စိတ်ကို ပြောင်းဖို့ မမောင်းနှင်ပါဘူး။
👉 စိတ်က ဘယ်လိုဖြစ်နေလဲဆိုတာကို
သတိထားပြီး သိမြင်စေပါတယ်။
ဒီ “သိမြင်မှု” တစ်ခုက လူတစ်ဦးရဲ့ mental ကို အမြစ်ကနေ ပြောင်းလဲစေပါတယ်။
🔹 Reaction နဲ့ နေရတဲ့ဘဝကနေ
→ Response ရွေးချယ်နိုင်တဲ့ဘဝ ဖြစ်လာတယ်
🔹 စိတ်ခံစားချက်တွေကို “ငါ” လို့ မထင်တော့ဘူး
→ ဖြစ်လာတာကို ကြည့်နိုင်လာတယ်
🔹 စိတ်ဖိစီးမှု လျော့လာပြီး
→ စိတ်တည်ငြိမ်မှု တိုးလာတယ်
Meditation ကဘာသာရေးမဟုတ်ပါ၊ လူမျိုး၊ ဘာသာ မရွေး လူတစ်ယောက်ရဲ့ စိတ်အလုပ်လုပ်ပုံကို အခြေခံထားတဲ့
Universal Practice ဖြစ်ပါတယ်။
နေ့စဉ် မိနစ်အနည်းငယ်ပဲဖြစ်ဖြစ်
မပျက်မကွက် လေ့ကျင့်နိုင်ရင်
👉 စိတ်အာရုံ စေစားရာတွေကို မလိုက်ပါနိုင်တော့တာ၊ စိတ်ရဲ့ပြောင်း လဲဖြစ်ပျက်နေတာ စတဲ့ စိတ်ကို သိမြင်နိုင်လာပါတယ်။
စိတ်ကို ပြောင်းချင်ရင် အရင်ဆုံး စိတ်ကို သိပါ။
စိတ်ကိုသိဖို့ Mindfulness Meditation လုပ်ရတာပါ 🌿

07/02/2026

It is the pleasant leisure weather today. I can see a blue sky and I feel so good.

28/01/2026

🧠 Harvard University ရဲ့ သုတေသနအရ
Mindfulness Meditation ကို ၈ ပတ် လေ့ကျင့်ပြီးနောက် MRI စစ်ဆေးရာမှာ
စိတ်ဖိစီးမှုနဲ့ ဆိုင်တဲ့ ဦးနှောက်ပိုင်း လျော့နည်းလာပြီး
အာရုံစိုက်မှုနဲ့ မှတ်ဉာဏ်ပိုင်းတွေ ပိုအားကောင်းလာတယ်လို့
သိပ္ပံနည်းကျ သက်သေပြထားပါတယ်။



"Reset, Refresh, Rebirth — Inner Transformation through Mindfulness Meditation"

27/01/2026

😊 Meditation ဆိုတာ....
လူတစ်ဦးရဲ့ အတွင်းစိတ် (mental) ကို လုပ်ရာမှာ အထိရောက်ဆုံးဖြစ်ပါတယ်–

💠 Mindfulness Meditation က
Mental Transformation ကို ဘာကြောင့် အထိရောက်ဆုံးလဲ ?

၁. စိတ်ကို “ပြောင်းဖို့” မမောင်းနှင်ဘဲ “သိမြင်စေခြင်း” နဲ့ ပြောင်းလဲပေးတယ်
🍀 Mindfulness Meditation မှာ စိတ်ကို အတင်းထိန်းချုပ်တာ မဟုတ်ပါဘူး။
🍀 စိတ်က ဘယ်လိုဖြစ်နေလဲဆိုတာကို သိမြင်လာစေတဲ့အတွက် အလိုအလျောက် စိတ်အလေ့အကျင့်တွေ ပြောင်းလဲလာပါတယ်။

၂. အတွင်းစိတ်အလိုအလျောက်ဖြစ်နေတဲ့ pattern တွေကို ဖော်ထုတ်ပေးပါ တယ်။
🍀 လူအများစုက မသိဘဲ အလေ့အကျင့်စိတ် (automatic mind) နဲ့ နေထိုင်နေကြပါတယ်။
🍀 Mindfulness က
👉 “ဒေါသဖြစ်နေတယ်”
👉 “ကြောက်ရွံ့နေတယ်”
👉 “စိတ်ပူနေတာပဲ”
ဆိုတာတွေကို ချက်ချင်း သိမြင်စေပြီးreaction မလုပ်ခင် awareness တစ်ခု ထပ်တိုးပေးပါတယ်။

၃. Reaction-based life ကို Response-based life အဖြစ် ပြောင်းပေးတယ်
🍀 Mindfulness Meditation မလုပ်ရင်....
➡️ ဖြစ်ရပ် → ခံစား → ချက်ချင်းတုံ့ပြန်
🍀 Mindfulness Meditation လုပ်လာရင်...
➡️ ဖြစ်ရပ် → သတိထားမြင် → ရွေးချယ်ပြီး တုံ့ပြန်
🍀ဒီ gap လေးကပဲ လူတစ်ယောက်ရဲ့ mental transformation အကြီးဆုံး အချက်ပါ။

၄. စိတ်ခံစားချက်တွေကို “ငါ” မဟုတ်ဘူးဆိုတာ ကိုယ်တိုင်တွေ့မြင်စေတယ်။
🍀 Mindfulness လေ့ကျင့်လာရင်....
“ငါဒေါသဖြစ်နေတယ်” မဟုတ်ဘဲ
“ဒေါသဆိုတဲ့ ခံစားချက် ဖြစ်လာနေတယ်” လို့ မြင်နိုင်လာပါတယ်။
🍀 ဒီ အချက် separation (detachment) ကြောင့်စိတ်ခံစားချက်တွေက ကိုယ်ကို အုပ်စိုးမသွားတော့ပါဘူး။

၅. အတွင်းစိတ်ကို အမြစ်ကနေစပြီး ပြောင်းလဲပေးတယ်။
🍀 Motivation, positive thinking တွေက အပြင်ပိုင်းက ပြောင်းပေးတာဖြစ်ပေမယ့်
🍀 Mindfulness Meditation က
👉 စိတ်ထဲက သဘောထား
👉 အမြင်ပုံစံ
👉 ခံယူပုံ
တွေကို အမြစ်ကနေ အေခြခံကျကျ ပြောင်းပေးပါတယ်။

၆. သိပ္ပံနည်းကျ သက်သေပြထားပြီးသား ဖြစ်ပါတယ်။
🍀 Brain Science အရ...
Mindfulness Meditation ကို မပျက်မကွက် လုပ်ရင်...
🍀 စိတ်ဖိစီးမှုနဲ့ ဆက်စပ်တဲ့ brain area တွေ အားနည်းလာတယ်
🍀 သတိထားမှု၊ #စိတ်ထိန်းချုပ်မှုနဲ့ ဆက်စပ်တဲ့ area တွေ အားကောင်းလာတယ် ဆိုတာတွေကို MRI နဲ့တောင် တွေ့ရှိထားပါတယ်။
ဒါကြောင့် mental transformation က စိတ်ကူးယဉ်မဟုတ်ပါဘူး။

၇. လူမျိုးဘာသာမရွေး အသုံးချနိုင်တဲ့ Universal Method ဖြစ်တယ်
🍀 Mindfulness Meditation က ဘာသာရေးယုံကြည်ချက်ကို မလိုအပ်ပါဘူး။
လူတစ်ဦးရဲ့ #စိတ်အလုပ်လုပ်ပုံကို အခြေခံထားတဲ့အတွက် ဘယ်သူမဆို လေ့ကျင့်နိုင်ပြီး ဘယ်သူမဆို #ပြောင်းလဲမှုကို ကိုယ်တိုင်ခံစားနိုင်ပါတယ်။

🌿 အကျဉ်းချုပ် ဆိုရင်...
Mindfulness Meditation ဟာ
👉 စိတ်ကို ပြင်ဖို့ မဟုတ်ဘဲ
👉 စိတ်ကို သိမြင်စေပြီး
👉 ကိုယ်တိုင် ပြောင်းလဲသွားအောင် လမ်းဖွင့်ပေးတဲ့ နည်းလမ်း ဖြစ်ပါတယ်။

🌿 ဒါကြောင့် လူတစ်ဦးရဲ့ အတွင်း ကို အမြစ်ကနေ လုပ်ရာမှာ
Mindfulness Meditation က အထိရောက်ဆုံးနည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာ သံသယမရှိ ထင်ရှားပါတယ်။ 🌿


"Reset, Refresh, Rebirth — Inner Transformation through Mindfulness Meditation"

25/01/2026

🍁"သတိရှိခြင်းရဲ့ ကျေးဇူး"
1. မနက်ခင်း နေရောင်ခြည်နုနုလေး မျက်နှာပေါ်ကျရင် - "ကျေးဇူးပါ နေမင်း" လို့ ပြုံးပြီး ပြောလိုက်တာ...☺️
2. မိုးရွာပြီး လေအေးလေးတိုက်လာတိုင်း -
"ကျေးဇူးပါ မိုးသက် လေအေးလေး" လို့ပြောလိုက်တာ..
3. ရေအေးအေးလေးသောက်ရတာ၊ ထမင်းပူပူလေးစားရတာ - ကျေးဇူးတင်စရာတွေပါ...☺️
4. အိမ်ပြန်လမ်းမှာ မီးပွိုင့်စိမ်းလေးတွေ့တိုင်း -
ကျေးဇူးပါ ..ချောမွေ့မြန်ဆန် အိမ်ပြန်ရောက်တာ...☺️
5. ဖုန်းအကြောင်းကြားလာတဲ့ မိသားစုအသံ - "ကျေးဇူးတင်ပါတယ်" သတိရ ဂရုစိုက်ပေးတာ... ☺️
6. ခြေထောက်နဲ့လျှောက်နိုင်တာ၊ မျက်လုံးနဲ့မြင်နိုင်တာ - နေ့စဉ်ကျေးဇူးတင်စရာပါ....☺️
7. အိမ်နီးချင်းက ပြုံးပြတဲ့မျက်နှာ -
ကျေးဇူးတင်စရာ ... ချစ်စရာပါ...☺️
8. အလုပ်ရှိတာ၊ အိမ်ရှိတာ -
လုံလောက်မှုရဲ့ကျေးဇူးပါ....☺️
9. ဒီနေ့ကျန်းမာတာ၊ အသက်ရှူနိုင်တာ -
အကြီးမားဆုံးကျေးဇူးတရားပါ....☺️
10. သတိထားမိတိုင်း - အရာရာတိုင်းဟာ
ကျေးဇူးတင်စရာတွေ မကုန်နိုင်ပါ...☺️

🍁 ရလာမယ့်အကျိုးကျေးဇူးများ:

· စိတ်ကျေနပ်မှုတိုးမယ်
· စိတ်ဖိစီးမှုလျော့မယ်
· ကိုယ်ခံအားကောင်းမယ်
· အဆင်ပြေသယောင်/မပြေသယောင် ထင်ရတဲ့ဘဝကို တန်ဖိုးထားတတ်လာမယ်
· ပိုပျော်ရွှင်တဲ့ဘဝကို တည်ဆောက်နိုင်မယ်

🍂 ကျေးဇူးအများကြီးတင်ပါတယ်! 😊
ခုလိုဘအစ အဆုံး ဖတ်ပေးတာ ပါဝင်လိုက်ပါလုပ်ဆောင်ပေးတာတွေကို ကျေးဇူးတင်ပါတယ်။

🍂 ကျေးဇူးတင်တတ်တဲ့ စိတ်လေးနဲ့ဆိုရင်
နေ့တိုင်းဟာ လှပတဲ့အခိုက်အတန့်တွေနဲ့ ပြည့်နေမှာပါ။

Keep shining & stay grateful 🌟

🍂 ကျေးဇူးပြုပြီး စိတ်အစဥ်ကို ပြောင်းလဲတည်ဆောက် ဘဝသစ်ရောက်ပြီး နေ့သစ်တိုင်းမှာ ဆက်လက်ပျော်ရွှင်ပါစေ။
#ကျေးဇူးတင်ခြင်း #သတိရှိခြင်း
#လက်တွေ့ကျသောပျော်ရွှင်မှု



"Reset, Refresh, Rebirth — Inner Transformation through Mindfulness Meditation"

24/01/2026

Mindful Living & Intentional Living
#သတိနှင့် နေထိုင်ခြင်း နှင့်
#ရည်ရွယ်ချက်ရှိရှိ နေထိုင်ခြင်း

1. Living
(သတိနှင့် နေထိုင်ခြင်း)
အဓိပ္ပာယ်: လက်ရှိအခိုက်အတန့်ကို သတိရှိရှိ၊ အပြည့်အဝ သိမြင်နေထိုင်ခြင်း
●●●●●●●
♡♥︎♡ အခြေခံမူများ:

· လက်ရှိအခိုက်အတန့်ကို အာရုံပြုခြင်း (အတိတ်/အနာဂတ် အာရုံကို စိတ်မရောက်ရန်၊ မတွေးရန်))
· ခံစားချက်များကို လက်ခံခြင်း၊
· လုပ်ရိုးလုပ်စဉ်အရာများကို "သတိ"ထားလုပ်ဆောင်ခြင်း
· အလိုအလျောက်တုံ့ပြန်မှုထက် #သတိနင့် ရွေးချယ်နိုင်သောတုံ့ပြန်မှုပေးခြင်း

🍁 လက်တွေ့ကျင့်သုံးနည်း:

🧘 တရားထိုင်ခြင်း
("သတိ"နှင့်အသက်ရှူ၍ "သတိ" နှင့် ပြန်ထုတ်ရန်)
🧍နေ့စဉ်လုပ်ငန်းဆောင်တာများကို သတိထားလုပ်ခြင်း (ဥပမာ: ရေသောက်ခြင်း၊ ခြေလှမ်းလှမ်းခြင်း)
💇ခံစားချက်များကို လေ့လာသိမြင်ခြင်း
👻 ဒစ်ဂျစ်တယ်သတိထားခြင်း
(ဖုန်း/စက် အလွန်အကျွံမသုံးခြင်း)

2. Living
( #ရည်ရွယ်ချက်ရှိရှိ နေထိုင်ခြင်း)

🏵အဓိပ္ပာယ်: ကိုယ်ပိုင်တန်ဖိုးများနှင့် ရည်မှန်းချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်များချခြင်း

🍁 ကိုယ်ပိုင်တန်ဖိုးများ ရှင်းလင်းစွာသိရှိခြင်း

· ရည်မှန်းချက်များ သတ်မှတ်ခြင်း
· ဆုံးဖြတ်ချက်များကို တမင်တကာချခြင်း
· ဘဝကို ကိုယ်တိုင်ဒီဇိုင်းဆွဲခြင်း
☘️လက်တွေဘဝတွင်:
· ပစ္စည်းဥစ္စာများထက် အတွေ့အကြုံများကို ဦးစားပေးခြင်း
· "လုပ်ရမယ်" ထက် "လုပ်ချင်လို့လုပ်" ဆိုသောစိတ်
· အချိန်နှင့် စွမ်းအားကို အဓိပ္ပာယ်ရှိစွာ အသုံးချခြင်း
· လူမှုရေးဖိအားများကို လျှော့ချခြင်း

🍁ဘာကြောင့် အရေးကြီးသလဲ?

🌼 Mindful Living ၏ အကျိုးကျေးဇူးများ:

· စိတ်ဖိစီးမှုလျော့ခြင်း
· အာရုံစူးစိုက်မှုတိုးခြင်း
· စိတ်ခံစားချက်ထိန်းညှိမှုကောင်းခြင်း
· ဆက်ဆံရေးပိုကောင်းခြင်း
· စိတ်ပျော်ရွှင်မှုပိုရခြင်း

🍁 Intentional Living ၏ အကျိုးကျေးဇူးများ:

· ဘဝအဓိပ္ပာယ်ပိုရှိခြင်း
· ဆုံးဖြတ်ချက်များ ပိုကောင်းခြင်း
· အချိန်စီမံခန့်ခွဲမှုပိုကောင်းခြင်း
· ပန်းတိုင်များ ပိုရောက်ခြင်း
· စိတ်ကျေနပ်မှုပိုရခြင်း

🍁ဘဝတွင် ပေါင်းစပ်အသုံးချနည်း
ဥပမာ:
·🌾အလုပ်လုပ်ခြင်း:
· Mindful: တစ်ခုတည်းကို အာရုံစိုက်လုပ်၊ မေတ္တာပို့လုပ်ခြင်း
· Intentional: ဘာကြောင့်ဒီအလုပ်လုပ်နေရသလဲဆိုတာ သိနေခြင်း
🌾 အသုံးစရိတ်:
· Mindful: ဝယ်ချိန်တွင် စိတ်ခံစားချက်စစ်ခြင်း
· Intentional: ကိုယ့်တန်ဖိုးနှင့် ကိုက်ညီမှုရှိမရှိစဉ်းစားခြင်း

🍁 စတင်နည်း

1. သေးငယ်ေသာ အရာများမှ စပါ -
တစ်နေ့ ၅ မိနစ် တရားထိုင်ခြင်းဖြင့်စပါ
2. မေးခွန်းထုတ်ပါ -
"ဒါကို ဘာကြောင့်လုပ်နေရသလဲ?"
3. တန်ဖိုးများကို ရေးချပါ
- အရေးကြီးဆုံး ၅ ချက်
4. "မလုပ်တော့" စာရင်းလုပ်ပါ
- စိတ်ညစ်စရာများကို ဖြတ်တောက်ပါ
5. ကရုဏာထားပါ
- ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တတ်ပါ

🍁အဓိကမှတ်သားစရာ:

🌾 Living က "ဘယ်လို" နေထိုင်ရမလဲဆိုတာ သင်ပေးတယ်။
🌾 Living က "ဘာကြောင့်" နေထိုင်ရမလဲဆိုတာ သင်ပေးတယ်။
🌾နှစ်ခုပေါင်းရင် အနှစ်သာရပြည့်ဝတဲ့ ဘဝ ရပါတယ်။



"Reset, Refresh, Rebirth — Inner Transformation through Mindfulness Meditation"

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon