INYA Design & Construction
Local Business
✅✅✅
✨ Condo Renovation Before & After ✨
ကမ္ဘာအေးလမ်းမအနီးရှိ Condo တစ်ခန်းကို Modern & Functional Design ဖြင့် အပြည့်အဝပြုပြင်ပြီး အိမ်တက်ပွဲနေ့မှ ပုံရိပ်များကို Before ➡️ After အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။
📌 Condo / Apartment / House Renovation များအတွက်Professional Design + Quality Workmanship ဖြင့် ဝန်ဆောင်မှုပေးနေပါသည်။
📩 ယခုပဲ Page Messenger မှ ဆက်သွယ်
မေးမြန်း၍ Free Consultationကိုရယူလိုက်ပါ.. # #
05/03/2026
အိမ်ခန်းတစ်ခန်း Renovation မလုပ်ခင် အိမ်ရှင်များ စဉ်းစားထားသင့်သော အချက်များ
အိမ်ခန်းတစ်ခန်းကို ပြန်လည်ပြင်ဆင်ခြင်း (Renovation) လုပ်ခြင်းဆိုသည်မှာ…
အိမ်၏အလှတရားနှင့် အသုံးပြုနိုင်မှုကို တိုးတက်စေသော အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။
သို့သော် Renovation project တစ်ခုကို စတင်မလုပ်ခင် အိမ်ရှင်များအနေနဲ့ အောက်ပါအချက်များကို ကြိုတင်စဉ်းစားထားရန် အရေးကြီးပါသည်။
No.1 အရေးကြီးဆုံးအချက်ကတော့
1️⃣ Professional Contractor Selection
Renovation project အောင်မြင်ရန်အတွက် experience ရှိပြီး ယုံကြည်စိတ်ချရသော construction team ကို ရွေးချယ်ခြင်းသည် အရေးကြီးပါသည်။
Professional team များသည် design, workmanship နှင့် project management ကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်ပါသည်။
2️⃣ Budget Planning
ပြင်ဆင်မည့်လုပ်ငန်းစဉ်များအတွက် Budget ကို သေချာစွာ သတ်မှတ်ထားရန် လိုအပ်ပါသည်။
Construction cost, material cost နှင့် labor cost များအပြင် unexpected expenses များကိုလည်း ထည့်သွင်းစဉ်းစားထားသင့်ပါသည်။
3️⃣ Design & Space Planning
Renovation မစတင်မီ အခန်း၏ design concept နှင့် space layout ကို ကြိုတင်စီစဉ်ထားသင့်ပါသည်။
Interior style, partition arrangement, lighting design နှင့် space utilization တို့ကို အတိအကျ plan ချထားခြင်းသည် တစ်သက်တာလုံးအသုံးပြုမဲ့ အိမ်ရှင်များအတွက် အရေးကြီးပါသည်။
4️⃣ Quality Materials Selection
အသုံးပြုမည့် building materials များကို quality ကောင်းမွန်ပြီး ကြာရှည်ခံနိုင်သော အမျိုးအစားများကို ရွေးချယ်သင့်ပါသည်။
Flooring, ceiling materials, doors & windows နှင့် sanitary fittings များ၏ quality သည် အိမ်၏ durability နှင့် aesthetics ကို တိုက်ရိုက်သက်ရောက်စေပြီး ရေရှည်မှာအိမ်ရှင်တို့အတွက် ပြုပြင်ထိမ်းသိမ်းစရိတ်ကို လျှော့ချပေးနိုင်ပါသည်။
5️⃣ Work Schedule & Timeline
Project timeline ကို ကြိုတင်သတ်မှတ်ထားခြင်းဖြင့် လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ပါသည်။
Material delivery, Construction stages နှင့် Completion date များကို စီမံထားခြင်းဖြင့် project delay များကို လျော့ချနိုင်ပါသည်။
✅ Renovation project တစ်ခုကို အောင်မြင်စေရန်အတွက် အထက်ပါအချက်များကို ကြိုတင်စီစဉ်ထားခြင်းသည် အလွန်အရေးကြီးပါသည်။
Inya Design & Construction မှ လူကြီးမင်းတို့၏ အိမ်၊ condo နှင့် commercial space များကို design aesthetic ကောင်းမွန်ပြီး functional ဖြစ်အောင်အကောင်းဆုံးဖန်တီးပေးနေပါသည်။
📞 Free consultation နှင့် site survey များအတွက် ဆက်သွယ်နိုင်ပါသည်။
Contact Us:
INYA Design & Construction
Ph No : 09424251205,095059479
Email : [email protected]
Office : No.103,93rd St,Kandawkalay,Mingalar Taung Nyunt Tsp,Yangon.
02/03/2026
ဒေါပုံမြို့နယ် Mini Condo Renovation Project Started!
ဒေါပုံမြို့နယ်ရှိ Mini Condo အခန်းတစ်ခန်းကို
✨ Modern Design Concept နဲ့ အစမှ အဆုံးအထိ ပြန်လည်ပြုပြင်ပေးနေပါသည်။
INYA Design & Construction မှ
Quality ကောင်းမွန်မှု၊ စနစ်တကျစီမံခန့်ခွဲမှုနှင့် အချိန်မှန်ပြီးစီးမှုကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပါဝင်သည့်လုပ်ငန်းစဉ်များမှာ
✅ Ceiling Work
✅ Partition Work
✅ Doors & Windows Installation
✅ Kitchen Cabinetry & Sanitary Work
✅ Flooring Work
✅ Electrical Installation
✅ Painting Work
✅ Tiling Work
🏠 သင့်အိမ်ကို Functional ဖြစ်ပြီး Modern Style နဲ့ အသစ်တဖန် ပြောင်းလဲချင်ပါသလား?
Design phase မှ Ex*****on အထိ တစ်နေရာတည်းတွင် အပြည့်အစုံ ဝန်ဆောင်မှုပေးနေပါသည်။
📍 No.103, 93rd St, Kandawkalay, Mingalar Taung Nyunt Tsp, Yangon
📞 09-424251205 | 09-5193373
📩 Page Messenger မှာ ဆက်သွယ်ပြီး Free Consultation ရယူလိုက်ပါ။
“Building Your Vision Into Reality”
25/02/2026
🏠 ကိုယ်ပိုင်အိမ်လေးတစ်လုံး ဆောက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ?
"အိမ်ဆိုတာ ကိုယ်တိုင်အတွက်တင်မကဘဲ မိသားစုနွေးထွေးမှုတွေ ပေါင်းစည်းရာ နေရာဖြစ်လို့ စဆောက်ကတည်းက စနစ်တကျ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်"
အိမ်တစ်လုံး စတင်ဖို့ စဉ်းစားနေတဲ့ မိတ်ဆွေတို့အတွက် အရေးကြီးဆုံး (၆) ချက် ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဘတ်ဂျက်ကို ကျကျနန တွက်ချက်ပါ (Budget)
အိမ်ဆောက်စရိတ်တင်မကဘဲ မြေပြင်ဆင်ခ၊ ပါမစ်လျှောက်ခနဲ့ မမျှော်လင့်ထားတဲ့ ကုန်ကျစရိတ်တွေအတွက် ၁၀% ခန့် ပိုတွက်ထားတာ အကောင်းဆုံးပါ။
၂။ စာရွက်စာတမ်း ခိုင်မာပါစေ (Legal & Permits)
မြေဂရန်၊ အမည်ပေါက်နဲ့ ပိုင်ဆိုင်မှုအရှုပ်အရှင်း ကင်းဖို့ အရေးကြီးသလို၊ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီဆီကနေ အိမ်ဆောက်မိန့် လျှောက်ထားဖို့ကိုလည်း မမေ့ပါနဲ့။
၃။ စိတ်ကူးထဲက ဒီဇိုင်းကို ပုံဖော်ပါ (Design)
မိသားစုဝင် ဘယ်နှစ်ယောက်နေမှာလဲ? အခန်း ဘယ်နှစ်ခန်း လိုမလဲ? လေဝင်လေထွက်နဲ့ အလင်းရောင် ကောင်းကောင်းရအောင် ဗိသုကာပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီး ပုံထုတ်ပါ။
၄။ ယုံကြည်ရတဲ့ ပညာရှင်နဲ့ လက်တွဲပါ (Contractor)
ဈေးအသက်သာဆုံးပေးတဲ့သူထက် လက်ရာကောင်းပြီး တာဝန်ယူမှုရှိတဲ့ ကန်ထရိုက်တာ ဒါမှမဟုတ် အင်ဂျင်နီယာကို ရွေးချယ်ပါ။ စာချုပ်စာတမ်းကိုလည်း တိတိကျကျချုပ်ဆိုပါ။
၅။ ပစ္စည်းအရည်အသွေးကို ဦးစားပေးပါ (Materials)
အုတ်၊ သဲ၊ သံ၊ ဘိလပ်မြေ စတာတွေက အိမ်ရဲ့ သက်တမ်းကို ဆုံးဖြတ်ပေးတာမို့ စံချိန်စံညွှန်းမီတာတွေကိုပဲ ရွေးချယ်သုံးစွဲဖို့ အကြံပြုချင်ပါတယ်။
၆။ အခြေခံလိုအပ်ချက်များ (Utilities)
အိမ်မဆောက်ခင်မှာ ဆောက်လုပ်ရေးသုံး မီးလိုင်း (ယာယီမီတာ)၊ ရေလိုင်းနဲ့ ပစ္စည်းတင်တဲ့ကားကြီးတွေ ဝင်ထွက်နိုင်မယ့် လမ်းအခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားပါ။
💡 အရေးပါဆုံးအကြံပြုချက် - အိမ်ဆောက်တဲ့အခါ စျေးပေါဖို့ထက် ရေရှည်ခံ့ပြီး စိတ်လုံခြုံမှုရရှိစေဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Contractor ရွေးချယ်မှုကအဓိကပါပဲ။
✅ယခုဖော်ပြပေးခဲ့ပြီးသော အချက်လက်တစ်ခုချင်းစီကိုနောက်ရက်တွေမှာ အကျယ်တဝံ့ရေးသားဖော်ပြပေးပါအုံးမည်ခင်ဗျာ။
✅ သင်ဆောက်ချင်တဲ့ အိမ်ပုံစံ သို့မဟုတ် ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်တာရှိရင် Page Messenger ကဖြစ်စေ ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်မေးမြန်းသွားနိုင်ပါတယ်ခင်ဗျာ။
📩 Contact us for:
✔️ Free Consultation
✔️ Exterior & Interior Design
✔️ Construction Services
Condo Renovation Project(Before) #
11/02/2026
🌿 ကမ္ဘာအေးဘုရားလမ်းအနီးရှိ Condo Project
– Site Survey Day 🌿
အေးချမ်းတည်ငြိမ်ပြီး အလှအပနဲ့တင့်တယ်တဲ့ Lifestyle ကိုရွေးချယ်ထားသော အိမ်ပိုင်ရှင်များအတွက်
Inya Design & Construction မှ Site Survey ဆင်းပြီး အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေပါသည်။
✅ Space Planning မှစ၍
✅ Material Selection
✅ Lighting Concept
✅ Modern & Elegant Finishing
အခန်းတစ်ခန်းကို “နေထိုင်ချင်စရာ အိမ်တစ်လုံး” အဖြစ် ပြောင်းလဲဖန်တီးပေးမည်ဖြစ်ပါသည်။
Before & After Transformation ကို မကြာမီ ဆက်လက်ဖော်ပြပေးပါမည်။
Inya Design & Construction မှ ဖန်တီးမည့် After Decoration ကို စောင့်ကြည့်ပေးပါဦးခင်ဗျာ။
Project Name - Motherland Condo Renovation
Location - Near Kabar Aye Pagoda Road,Yangon
Project Area - 1495 sqft
12/01/2026
Modern Luxury Villa – Exterior Design Project (Nay Pyi Taw)
This project reflects our core design philosophy:
Clean lines • Functional spaces • Timeless modern aesthetics
✔️ Flat roof modern architecture
✔️ Natural material combination (stone & wood texture)
✔️ Privacy-focused façade design
✔️ Climate-friendly shading & ventilation
Welcome 2026 with White Aesthetic
Project Type - Residential Villa Design
Location - Nay Pyi Taw
Building floor Area - ~3125 sq.ft
We don’t just design buildings — We design lifestyles.
📍 Location: Nay Pyi Taw
◾️Designed by INYA Design & Construction
📩 Contact us for:
✔️ Free Consultation
✔️ Exterior & Interior Design
✔️ Construction Services
Exterior Design Project
09/01/2026
🏗️ အဆောက်အဦးတစ်လုံး တည်တံ့ခိုင်မာဖို့ “Footing” ဘာကြောင့် အရေးကြီးလဲ?
အဆောက်အဦးတစ်လုံး ဆောက်လုပ်ရာမှာ
အပေါ်ပိုင်းထက် အောက်ခံအုတ်မြစ် (Foundation) ကပိုပြီးအရေးကြီးပါတယ်။
အဲ့ဒီ Foundation ထဲမှာမှ
👉 Footing ဆိုတာက
အဆောက်အဦးရဲ့ အလေးချိန်အားလုံးကို မြေကြီးထဲကို လုံခြုံစွာဖြန့်ဝေပေးတဲ့ အဓိကကျဆုံး အောက်ဆုံးအပိုင်း ဖြစ်ပါတယ်။
Footing ရဲ့ အဓိက လုပ်ဆောင်ချက်များမှာ
✔️ အဆောက်အဦးအလေးချိန်ကို မြေပေါ်မှာညီညာစွာ ဖြန့်ပေးတယ်
✔️ အုတ်နံရံ၊ တိုင်တွေ မကွဲအောင် ကာကွယ်ပေးတယ်
✔️ အဆောက်အဦး မနစ်၊ မစောင်းအောင် ထိန်းပေးတယ်
✔️ ရေရှည်ခိုင်မာမှုကို အာမခံပေးတယ်
အဆောက်အအုံ Construction များမှာ အသုံးများတဲ့ Footing အမျိုးအစားများကတော့
1️⃣ Isolated Footing
🔹 တိုင်တစ်လုံးချင်းစီအတွက် အသုံးပြုပါတယ်။
🔹 အထပ်နိမ့်လူနေအိမ်များမှာ အသုံးအများဆုံးဖြစ်တယ်။
🔹 စတုရန်း သို့ ထောင့်မှန်ပုံစံ များရှိပါတယ်။
2️⃣ Combined Footing
🔹 တိုင် ၂ လုံး (သို့) အများအတွက် သုံးပြုပါတယ်။
🔹 တိုင်တွေ နီးနီးကပ်ကပ် ရှိတဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။
🔹 အထပ်နိမ့်အေဆာက်အဦးများအတွက်ပိုအဆင်ပြေပါတယ်။
3️⃣ Strip Footing
🔹 Load bearing wall များ နံရံအလေးချိန် များတဲ့နေရာတွေအတွက် အဓိကအသုံးပြုလေ့ရှိပါတယ်။
🔹 Footing တစ်လုံးတစ်လုံး အရှည်လိုက်ဆက်ပြီး ပြုလုပ်ရတဲ့ Footingအမျိုးအစားဖြစ်ပါတယ်။
4️⃣ Raft (Mat) Footing
🔹 အဆောက်အဦးရဲ့ Area အလိုက် အောက်ဘက်တစ်ခုလုံးအပြည့် ပြုလုပ်ရတဲ့ Footingအမျိုးအစားဖြစ်ပါတယ်။
🔹 မြေညံ့တဲ့နေရာတွေမှာ အသုံးများပါတယ်။
🔹 နစ်ခြင်း နှင့် အဆောက်အဦးအနိမ့်အမြင့်မညီညာဖြစ်ခြင်းများကိုလျှော့ချပေးနိုင်ပါတယ်။
🔹 အထပ်မြင့်အဆောက်အဦးတွေမှာအသုံးများပါတယ်။
5️⃣ Pile Footing
🔹 အပေါ်ယံမြေညံ့လွန်းတဲ့နေရာတွေမှာအသုံးများပါတယ်
🔹 အောက်ပိုင်းမြေ လိုအပ်တဲ့ခိုင်ခံ့ကြံ့ခိုင်မှုရနိုင်တဲ့အထိ concreteတိုင်ရှည်တွေ မြေကြီးထဲရိုက်ပြီးဖြစ်စေ Bored Pile လောင်း၌ဖြစ်စေ အသုံးပြုလေ့ရှိပါတယ်။
⚠️ Footing မကောင်းရင် ဘာတွေဖြစ်နိုင်လဲ?
❌ အဆောက်အဦး နစ်ခြင်း
❌ နံရံတွေ ကွဲအပ်ခြင်း
❌ တိုင်တွေ စောင်းခြင်း၊ပျက်စီးခြင်း
❌ ငလျှင်ဒဏ်မခံနိုင်ဘဲ အလွယ်တကူပြိုကြပျက်စီးခြင်း
❌ နောင်တစ်ချိန် ပြန်ပြင်ရတဲ့ ကုန်ကျစရိတ်ကြီးမားခြင်းများဖြစ်ပေါ်နိုင်ပါတယ်။
✅ အကျဉ်းချုပ်
Footing က မမြင်ရပေမယ့်
အဆောက်အဦးတစ်လုံးရဲ့ အသက်ပါ။
အုတ်မြစ်ကောင်းမှ အဆောက်အဦးကောင်းမယ် 💪
📐 ကျွန်တော်တို့ရဲ့ Construction များစွာကိုတော့မြေစမ်းသပ်မှုအပေါ်မူတည်ပြီး Footing ပိုင်းကို မှန်ကန်စွာ တွက်ချက်ဆောက်လုပ်ပေးလျက်ရှိပါသည်။
👉 Professional ဆန်ဆန် Engineering Quality နဲ့ ဆောင်ရွက်ပေးနေတဲ့ Company မျိုးရှာဖွေနေပါသလား?
👉 အုတ်မြစ်ကောင်းကောင်းနဲ့ စိတ်ချရတဲ့ Construction မျိုးလိုချင်ပါသလား?
ကျွန်တော်တို့ရဲ့INYA Design & Construction ကိုဆက်သွယ်ပြီးလာရောက်စုံစမ်းမေးမြန်းဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
Contact Us:
INYA Design & Construction
Ph No : 09424251205,095059479
Email : [email protected]
Office : No.103,93rd St,Kandawkalay,Mingalar Taung Nyunt Tsp,Yangon.
08/01/2026
✨ လှိုင်သာယာမြို့နယ်စက်မှုဇုန်ထဲရှိ ရုံးခန်းအဟောင်းနေရာကို အသစ်ပြန်လည်မွမ်းမံပေးနေတဲ့ Renovation Site Project လေးပဲဖြစ်ပါတယ်✨
ယခု project တွင်ပါဝင်တဲ့လုပ်ငန်းများကတော့
💎 DryWall Ceiling Installation & Painting
💎 Internal Wall Color Painting
💎 Floor Raising Work
💎 Door & Window Installation
💎 Tiling Work
💎 Plumbing and Sanitary Work
လုပ်ငန်းတွေကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်…
✔️ အရည်အသွေးကို အဓိကထားပြီး
✔️ သေသပ်လှပမှုနဲ့ ပေါင်းစပ်ကာ
✔️ 𝐂𝐥𝐢𝐞𝐧𝐭 စိတ်ကျေနပ်မှု အပြည့်အဝရရှိအောင်
စနစ်တကျ ဆောင်ရွက်ပေးထားပါတယ် ✨
Contact Us:
INYA Design & Construction
Ph No : 09424251205,095059479
Email : [email protected]
Office : No.103,93rd St,Kandawkalay,Mingalar Taung Nyunt Tsp,Yangon.
04/01/2026
🏗️ ငလျှင်ဖြစ်ပြီးနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းတိုင်း သတိထားလိုက်နာရမယ့် MNBCဆိုတာဘာလဲ🛡️
(Myanmar National Building Code - MNBC) ဆိုသည်မှာ မြန်မာနိုင်ငံရှိ အဆောက်အအုံများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ အရည်အသွေးပြည့်မီစေရန်နှင့် စနစ်တကျရှိစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့် စည်းမျဉ်းဥပဒေများ ဖြစ်ပါသည်။
⸻
🔍 MNBC ဆိုတာ
MNBC (Myanmar National Building Code) ဆိုတာ
အဆောက်အဦးတစ်ခုကို ဒီဇိုင်းရေးဆွဲခြင်းမှ စတင်ပြီး
တည်ဆောက်မှုနဲ့ ရေရှည်တည်တံ့ရေးအတွက် လုံခြုံရေး၊ ခိုင်ခံ့မှု၊ အရည်အသွေး တို့ကို ထိန်းချုပ်ညှိနှိုင်းပေးတဲ့
နိုင်ငံအဆင့် စံနှုန်းစနစ်တစ်ခု ဖြစ်ပါတယ်။
⸻
⚠️ MNBC ကို မလိုက်နာဘဲ ဆောက်လုပ်ရင်…
• ငလျင်ဒဏ်ကို ခံနိုင်ရည်နည်းပါးခြင်း
• ခံနိုင်ရည်နဲ့အလေးချိန်ဝန်မမျှမှုကြောင့် Structural Failure ဖြစ်နိုင်ခြင်း
• နောက်ပိုင်း ပြန်လည်ပြုပြင်ရတဲ့ စရိတ်များ တိုးလာနိုင်ခြင်း
• ခွင့်ပြုမိန့်၊ Project Approval တွေရရှိရန် အခက်အခဲရှိခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
⸻
✅ MNBC စံနှုန်းနဲ့ ဆောက်လုပ်ရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
✔️ ငလျင်ဒဏ်၊ လေမုန်တိုင်းဒဏ်များကို ခံနိုင်ရည်ရှိခြင်း
✔️ အဆောက်အဦးရဲ့ ခံနိုင်ရည်သက်တမ်း ပိုရှည်ခြင်း
✔️ စံချိန်မီအဆောက်အဦးဖြစ်လို့ စိတ်အေးချမ်းမှုရရှိခြင်း
✔️ အိမ်ခြံမြေတန်ဖိုး မြင့်မားခိုင်မာခြင်း
✔️ အစိုးရနှင့် စည်ပင်ခွင့်ပြုမိန့် လွယ်ကူခြင်း
⸻
📌 သတိထားရမယ့် အချက်တစ်ချက်
MNBC ကိုလက်တွေ့တကယ် လိုက်နာဆောင်ရွက်ရာတွင်လည်း Design, Structural Calculation, Material Selection နဲ့ Construction အဆင့်တိုင်းမှာ စံနှုန်းအတိုင်း လုပ်ဆောင်ထားမှသာ အမှန်တကယ် လုံခြုံတဲ့ အဆောက်အဦး ဖြစ်နိုင်ပါတယ်။
👷♂️INYA Design & Construction အနေနဲ့
MNBC – 2025 စံနှုန်းများကို စာရွက်ပေါ်မှာသာမက လက်တွေ့ Construction အဆင့်တိုင်းမှာပါ ၁၀၀% လိုက်နာဆောင်ရွက်ပေးနေပါတယ်။
သင့်အနာဂတ်အိမ်လေးကို ဖန်တီးရန် INYA Construction နဲ့ ယုံကြည်စွာ လက်တွဲပြီး ပုံဖော်တည်ဆောက်လိုက်ပါ။
Contact Us,
Ph no. 09424251205, 095059479
Address. No.103,93rd St,Kandawkalay,Mingalar Taung Nyunt Tsp,Yangon.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 103, 93rd Street, Kandawkalay, Mingalar Taung Nyunt Township
Yangon
11071,11072