T For Tech Elevator Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T For Tech Elevator Services, Engineering service, Kawliya Street, South Okkalapa Tsp;, Yangon.
09/02/2024
ဓာတ်လှေကားတစ်စီးကို ဘာကြောင့် Regular Maintenance ပြုလုပ်သင့်တာလဲ?
ဓာတ်လှေကားတစ်စီးမှာ အဓိက လေ၀င်ပေါက်ဟာ Fan ပေါက်ဖြစ်ပါတယ်။ Regular Maintenance မရှိတဲ့ ဓာတ်လှေကား တစ်စီးမှာဆိုရင် လပေါင်းများကပ်ညိနေတဲ့ ဖုန်မှုန့်တွေနဲ့အစိုဓာတ်ကြောင့် ပန်ကာမှာ ခုလို အညစ်အကြေးတွေ ခဲနေတတ်ပါတယ်။ အဲ့ဒီလို အညစ်အကြေးတွေရှိနေတဲ့ ပန်ကာက ထွက်လာတယ်လေကို လူကြီးမင်းတို့ က ဓာတ်လှေကား အိမ်ငယ်လေးထဲကနေ ကိုယ်တိုင်မသိလိုက်ရပဲ ရှူရှိုက်မိတဲ့အခါ ???
ဒီလိုမျိုး လူကြီးမင်းတို့ မမြင်နိုင် မပြုလုပ်နိုင်တဲ့နေရာတွေကို T4 tech မှာ Regular Maintenance and Service ကို ဈေးနှုန်းချိုသာစွာဖြင့် ယုံကြည်စွာ အလုပ်အပ်နှံနိုင်ပြီ ဖြစ်ပါကြောင်း
09750056925
22/08/2023
Lift shaft Installation.
Lift shaft structure.
630kg 4 storeys.
17/07/2023
Well done 2000kg
Goods Lift
Cargo Lift
Hydraulic Lift
❤️❤️❤️
16/07/2023
အလုပ်ကြိုးစားလျက်ရှိသော T4T အဖွဲ့သားများ
❤️❤️❤️
16/07/2023
Installation Local Hydraulic Cargo Lift
❤️❤️❤️
Thanks you guys
Food Lift (Test Running)
Dumbwaiter
Low Cost
Easy Spare Parts
Low Noise
Integrated Control
30/06/2023
Low Cost
Hydraulic Cargo Lift
Installation
Repairing
Servicing
Manufacturing
21/06/2023
သက်တမ်းကြာလွန်နေသော Old Model ဓာတ်လှေကားများ၏ Electrical Spare Parts များ ရှားပါးခြင်း ဈေးနှုန်းကြီးမြင့်ခြင်း အာမခံသက်တမ်းနည်းခြင်း အချိန်ကြာမြင့်စွာ စောင့်ရခြင်း စသည့် အခက်အခဲများကြုံတွေ့နေပါက ရှာဖွေရလွယ်ကူပြီး အာမခံသက်တမ်းများသော တန်ဖိုးသင့်တင့်သော Elevator Control with all electrical parts များအား Modernization ပြုလုပ်ခြင်း ဖြင့် လူကြီးမင်းတို့၏ ဓာတ်လှေကားကို အသစ်အတိုင်းပြန်လည် အသုံးပြုရင်း ၎င်း၏သက်တမ်းကိုလည်း ပိုမိုဆွဲဆန့်နိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက
Page Messenger
09 459488898 Phone and Viber
09 750056925 Phone and Viber
စသည်တို့မှ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Elevator Voice Control System တပ်ဆင်လိုသူများ T4Tech Elevator Service သို့ ဆက်သွယ်ပါ 😁😁😁
Video Credit
11/06/2023
ဓာတ်လှေကားတွင်း ပိတ်မိခြင်း
----------------------------------
လက်ရှိ ကျနော်တို့ နိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဓာတ်လှေကားများ စီးနင်းနေစဉ် ရုတ်တရက် ရပ်တန့်သွားပြီး အထဲမှာ လူပိတ်မိနေတဲ့ ဖြစ်စဉ်များ မကြာခန ဖြစ်ပွားလေ့ရှိတာကိုတွေ့ရှိရပါတယ်။ ထိုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့်ဖြစ်စေ ဓာတ်လှေကား စက်ချို့ယွင်းမှုကြောင့်ဖြစ်စေ ဓာတ်လှေကား စီးနင်းစဉ် ပိတ်မိခြင်းများ ကြုံတွေ့ရပါက
အောက်ပါအချက်အလက်များကို လိုက်နာကျင့်သုံးနိုင်ရန်နှင့် ဗဟုသုတရစေရန် ရေးသားဖော်ပြလိုက်ပါတယ်။
(ဤပိုစ့်တွင် ဓာတ်လှေကားတွင်ပါရှိသော Emergency Unit နှင့် Auto Rescuing Device (ARD) များ အကြောင်းကို ထည့်သွင်းရှင်းပြထားခြင်းမရှိပါ။ သီးသန့်ထပ်မံဖော်ပြပေးပါမည်။)
1. ဓာတ်လှေကားအတွင်း အသက်ရှူကြပ်ခြင်းနှင့် ဓာတ်လှေကားလေ၀င်လေထွက်စနစ်များ။
ဓာတ်လှေကားအိမ်၏ တည်ဆောက်ပုံသည် အလုံပိတ်စနစ်မဟုတ်ပါ။ အပြင်မှမမြင်နိုင်သော မျက်နှာကြက်အတွင်းရှိ Line Flow Fan များကို တစ်လုံး သို့မဟုတ် တစ်လုံးထပ်ပိုသော အရည်အတွက်များဖြင့်တပ်ဆင်ထားပါသည်။ ထို Fan များသည် ဓာတ်လှေကားအိမ်ပြင်ပ(ဓာတ်လှေကားကျင်း) ထဲမှ လေများကို ဓာတ်လှေကားအိမ်အတွင်းသို့ ပို့ဆောင်ပေးပါတယ်။ အိမ်သုံးပန်ကာများကဲ့သို့ပင် ဖွင့်ထားသည် ဖြစ်စေ ပိတ်ထားသည်ဖြစ်စေ အလုံပိတ်စနစ်မဟုတ်ပဲ လေ၀င်လေထွက်အမြဲရှိနေပါသည်။ အဲ့ဒီ Fan များအပြင် အများစု ဓာတ်လှေကားတွေမှာ ဓာတ်လှေကားအိမ်၀င်ပေါက် အောက်ခြေဘက်တွင် ဇကာပေါက်ပုံစံ အဝိုင်းပေါက်များဖောက်ပေးထားတတ်ပါသည်။ ဓာတ်လှေကားအိမ်အတွင်းမှ မြင်ရပါသည်။ ထို့အပြင် ဓာတ်လှေကားတံခါးအဖွင့်အဆုံးနေရာများနှင့် တံခါး၏ အောက်ခြေဘက်၊ အပေါ်ဘက်များတွင်လဲ အလုံပိတ်စနစ်မဟုတ်ဘဲ 5 milimeter ခန့် အကွာအဝေးထား၍ တပ်ဆင်ရသည်ဖြစ်သောကြောင့် ထိုကဲ့သို့များစွာသော လေ၀င်လေထွက်စနစ်များပါရှိနေပါသည်။ ထိုသို့လေ၀င်လေထွက်စနစ်များဖြင့်တည်ဆောက်ထားသောကြောင့် ပိတ်မိချိန်ကြာမြင့်လာလျှင် အသက်ရှူကြပ်ခြင်း၊ အောက်ဆီဂျင်ပြတ်တောက်သွားခြင်း စသည့်တို့အတွက် စိတ်ပူရန် မလိုအပ်ပါ။
2. ဓာတ်လှေကားအတွင်း ပိတ်မိနေလျှင် ဖြစ်ပေါ်တတ်သော ကြောက်စိတ်များ
အများအားဖြင့် ဓာတ်လှေကားတွင်း ပိတ်မိပြီဆိုလျှင် မှောင်သွားခြင်း နေရာကျဉ်းခြင်း ပူလာခြင်း တို့ကို စတင်ခံစားရမှာဖြစ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ အထက်တွင် ဖော်ပြထားသော အသက်ရှူကြပ်မှာ ကြောက်ခြင်း အောက်ဆီဂျင်ပျက်မှာကြောက်ခြင်းတို့ စတင်ဖြစ်ပေါ်လာပါတယ်။ ဒီနေရာမှာ အတိုချုံးပြောချင်တာက မိမိရဲ့ စိတ်ကြောင့်သာ အသက်ရှူကြပ်သလိုခံစားရခြင်း၊ ခေါင်းမူးလာခြင်း စသည်တို့ ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။ အဲ့ဒီလိုခံစားရတာ စိတ်ကကြောက်နေတာတွေဟာ အမျိုးသမီးတွေအဖြစ်များပါတယ်။ အပိုင်း(1)မှာ ပြောပြခဲ့တဲ့ ဓာတ်လှေကားလေ၀င်လေထွက်စနစ်အကြောင်းကို ကြိုတင်ဖတ်ရှူနားလည်ထားပြီး "ငါပိတ်မိလဲ အောက်ဆီဂျင်မပြတ်ဘူး အသက်ရှူမကြပ်ဘူး" ဆိုတဲ့ စိတ်နဲ့ ကျွမ်းကျင်သော အင်ဂျင်နီယာများလာရောက်ကယ်ဆယ်ချိန်ကို အဆင် ပြေပြေစောင့်ဆိုင်းနိုင်ရန် ရေးသားဖော်ပြပေးလိုက်ရပါတယ်။
နောက်ထပ်လဲ ဓာတ်လှေကားနှင့်ပတ်သတ်သော ဗဟုသုတများ User များအနေနှင့် သိသင့်သည်များကိုတင်ပြပေးသွားပါဦးမည်။ လက်ဆင့်ကမ်း share ပေးခြင်းဖြင့်သာ ကျနော်တို့ရဲ့ T4T Page ကို Like and Share လုပ်ခြင်းဖြင့် Support ပေးကြဖို့ တိုက်တွန်းပါရစေဗျ။
09459488898
09750056925
T For Tech Elevator Services
08/06/2023
T For Tech Elevator Service မှ ကြိုဆိုပါတယ်။ လူကြီးမင်းတို့ လက်ရှိအသုံးပြုလျှက်ရှိသော ဓာတ်လှေကားများကို ပြင်ဆင်ရန် သို့မဟုတ် Service ပြုလုပ်ရန်နှင့် အခြားမည်သည့်လိုအပ်ချက်ကိုမဆို ဖုန်းဆက်၍မေးမြန်းစုံစမ်းနိုင်ပါတယ်။
T For Tech Engineering Service အနေနဲ့ ကျွမ်းကျင်၍လုပ်သက်ရင့်သော Engineer များမှ ဦးဆောင်ဖွဲ့စည်းထားပြီး လူကြီးမင်းတို့၏ ဓာတ်လှေကားများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။
Passenger Lift, Home Lift, Hospital Lift, Cargo Lift, Hydraulic Cargo Lift and Food Lift(Dumbwaiter) စသည့် အမျိုးမျိုးသော ဓာတ်လှေကားများကို
-ရေရှည်တည်တံ့ကောင်းမွန်စေရန် Regular Maintenance ( Monthly, Quarterly) ပြုလုပ်ပေးခြင်း။
-ပျက်စီးနေသော အစိတ်အပိုင်းများအား ပြုပြင်ပေးခြင်း(သို့) အသစ်လဲလှယ်ပေးခြင်း။
-နှစ်ကြာမြင့်စွာအသုံးပြုထားပြီးသား Old Model ဓာတ်လှေကားများအား၏ ရှာဖွေရခက်ပြီးဈေးကြီးသော အစိတ်အပိုင်းများအစား မြန်ဆန်ပြီးဈေးနှုန်းချိုသာ၍ Modernized ဖြစ်သော Control System များဖြင့် Modernization ပြုလုပ်ပေးခြင်း။
-လူကြီးမင်းတို့၏တိုက်ခန်းများ၊ ကွန်ဒိုများတွင် လုံခြုံရေးအတွက် မသက်ဆိုင်သောသူများ၀င်ရောက်စီးနင်းခြင်းမပြုနိုင်စေရန် Access Control System ( Card Reader ) တပ်ဆင်ပေးခြင်း။
-Spare Parts များ ရောင်းချပေးခြင်း။
စသည်တို့အပြင်
Hydraulic Cargo Lift နှင့် Food Lift (Dumbwaiter) တို့ကို အကောင်းမွန်ဆုံးအရည်အသွေး၊ အချိုသာဆုံးဈေးနှုန်းဖြင့် Local Made များကိုလဲ ထုတ်လုပ်တပ်ဆင်ပေးပါသည်။
-Steel Structure အပိုင်းအနေနှင့် လူကြီးမင်းတို့၏ ဓာတ်လှေကား တပ်ဆင်မည့် Lift Shaft (ဓာတ်လှေကားကျင်း) များကိုလဲ milimeter skill ဖြင့် အတိအကျ ဆောက်လုပ်ပေးလျှက်ရှိပါသည်။
အထက်ဖော်ပြပါအချက်အလက်များအပြင် လူကြီးမင်းတို့အနေနှင့် ဓာတ်လှေကားနှင့်ပတ်သတ်ပြီး သိချင်တာများ လိုအပ်တာများရှိလျှင်လည်း T4T Engineering နှင့် အလုပ်တွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အချိန်မရွေး ဖုန်းဆက်၍သော်လည်းကောင်း၊ Viber မှသော်လည်းကောင်း၊ Whatsapp မှသော်လည်းကောင်း၊ Chat Box မှသော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
09459488898
09750056925
T For Tech
Click here to claim your Sponsored Listing.
Category
Address
Kawliya Street, South Okkalapa Tsp;
Yangon
11091