UMG Logistics

UMG Logistics

Share

UMG Logistics နဲ့ဆို အစစအရာရာ စိတ်ချလိုက်ပါ

01/03/2026

"တောင်သူလယ်သမားနေ့"

🌾🌾 ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့တွင်မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးဇူးရှင်တောင်သူလယ်သမားဦးကြီးများအားလုံး သီးနှံအထွက်နှုန်းတိုးပြီး စီးပွားရေးတွေ ဒီရေအလားတိုးပွားကြပါစေကြောင်း UMG Logistics မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

12/02/2026

🇲🇲 ပြည်ထောင်စုနေ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်လာစေရန် အုတ်မြစ်ချခဲ့သည့် "ပြည်ထောင်စုနေ့" ကို မြန်မာနိုင်ငံသားများအားလုံး မမေ့သင့်တဲ့နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော (၇၉) နှစ်မြောက် "ပြည်ထောင်စုနေ့" ကို UMG Logistics မိသားစုမှ လေးစားစွာဂုဏ်ပြုကြိုဆိုအပ်ပါသည်။

24/01/2026

Warehouse ဆိုတာ ကုန်ပစ္စည်းတွေသိုလှောင်ရုံသာမက လုပ်ငန်းခွင်အတွင်းရှိဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကလည်း အရေးကြီးပါတယ်။

💁 ဒီနေ့မှာတော့ ဂိုဒေါင်အတွင်း ဘေးကင်းလုံခြုံဖို့အတွက် အခြေခံအကျဆုံးအချက် (၃) ချက်ကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

🛡 ပစ္စည်းများကို စနစ်တကျဆင့်ခြင်း

- ဝန်ပိပြီး ပြိုကျတာမျိုးမဖြစ်အောင် အလေးချိန်များတဲ့ ပစ္စည်းတွေကို အောက်ခြေမှာထားရှိပြီး ပေါ့ပါးတဲ့ ပစ္စည်းတွေကိုသာ အပေါ်မှာတင်ရပါမယ်။
- ပစ္စည်းတွေကိုဆင့်တဲ့အခါ သတ်မှတ်ထားတဲ့ အမြင့်ထက် ပိုမဆင့်ပါနဲ့။
- Forklift မောင်းနှင်တဲ့ လမ်းကြောင်းနဲ့ လူသွားလမ်းကြောင်းတွေမှာ ပစ္စည်းတွေပြန့်ကျဲမနေအောင် အမြဲတမ်းရှင်းလင်းထားရပါမယ်။

မီးဘေးကာကွယ်ရေး🔥

- မီးသတ်ဆေးဘူးတွေကို မြင်သာတဲ့နေရာမှာ ထားပြီး သက်တမ်းရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမယ်။
- ဂိုဒေါင်အတွင်းရှိ မီးကြိုးများ၊ ခလုတ်များနှင့် လျှပ်စစ်ပစ္စည်းများကို ကျွမ်းကျင်သူနဲ့ ပုံမှန်စစ်ဆေးပြီး ဟောင်းနွမ်းနေပါကအမြန်လဲလှယ်ရပါမယ်။
- အရေးပေါ်ထွက်ပေါက်တွေမှာ ဘာပစ္စည်းမှပိတ်ဆို့မထားဘဲ အမြဲတမ်းအလွယ်တကူထွက်နိုင်အောင် ပြင်ဆင်ထားရပါမယ်။

ဝန်ထမ်းများဘေးကင်းရေး 👷‍♂️

- Safety Helmet, Safety Boots နဲ့ အလင်းပြန်အင်္ကျီတွေကို မဖြစ်မနေဝတ်ဆင်စေရပါမယ်။
- အန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ သတိပေးဆိုင်းဘုတ် တွေကို ရှင်းလင်းစွာ ကပ်ထားရပါမယ်။

Warehouse Management စနစ်ကျခြင်းကကုန်ပစ္စည်းများပျက်စီးမှုကို လျှော့ချပေးရုံသာမက မလိုလားအပ်တဲ့ မတော်တဆမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

💯 UMG Logistics နဲ့ဆို အစစအရာရာ စိတ်ချလိုက်ပါ 💯

Telegram channel link:
https://t.me/umglogisticsmyanmar
☎️ 09977835791

🌀 No. (589/592), Bo Aung Kyaw Street, Yangon- Pathein Highway Road, HlaingThayar Township, Yangon.

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. (589/592), Bo Aung Kyaw Street, Yangon/Pathein Highway Road, Hlaing Thar Yar Township, Yangon
Yangon
111111

Opening Hours

Monday 08:00 - 21:30
Tuesday 08:00 - 21:30
Wednesday 08:00 - 21:30
Thursday 08:00 - 21:30
Friday 08:00 - 21:30
Saturday 08:00 - 21:30
Sunday 08:00 - 21:30