Pet Lover Bumar

Pet Lover Bumar

Share

Pet loverအချင်းချင်းရိုင်းပင်းကြရန်နှင်?

Photos from Pet Lover Bumar's post 15/06/2022

For sale
အမွှေးရှည် Polar
1pic = 8000
6pic= 35000 (ygn)
09956633639

10/02/2022

Vday လဲနီးပြီနော် ညီကိုတို့ရေ Vday အတွက် Surprise Gift ကောင်လေးကိုပဲပေးပေး ကောင်မလေးကိုပဲပေးပေး လာမှာလို့ရတယ်နော်
။ချစ်စရာ polar အမွှေးရှည် သားခွဲလေးတွေရောင်းပေးမယ်နော် ။ စျေးကတော့ video လေးတွေရဲ့အောက်လေးတွေမှာရေးပေးထားပါတယ်ဗျ။
ရန်ကုန်မြိုအတွင်း အိမ်အရောက်deilပို့ပေးသလိုနယ်က ဘော်ဘော်တို့ကိုလဲကားတင်ပေးပါတယ်နော် ။

Chat box or Phone
09-756541879 || ကြည့်မြင်တိုင်မြို့နယ်

23/01/2022

🔳 ဆဋ္ဌမ​မြောက် အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်စဉ် စတင်နေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုပါတယ်။
ကမ္ဘာပေါ်မှာ အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်စဉ် ၅ကြိမ်အထိဖြစ်ပွားခဲ့ဖူးပြီး နောက်ဆုံးတစ်ကြိမ်ဖြစ်ခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆သန်းအကြာကဖြစ်ပွားခဲ့တဲ့ ဒိုင်နိုဆောတွေအ​ပြီးတိုင်မျိုးသုဉ်းခဲ့ရတဲ့ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ကိုဖြစ်ပွားစေခဲ့တာကတော့ အားလုံးသိတဲ့အတိုင်းပဲ ၉မိုင်အရွယ်ရှိတဲ့ဥက္ကာခဲတစ်လုံး ကမ္ဘာကိုဝင်ရောက်တိုက်ဆောင့်မိရာကနေ ဒိုင်နိုင်ဆောတွေအပါအဝင် ကမ္ဘာပေါ်ကသက်ရှိအားလုံးရဲ့ထက်ဝက်လောက်ကို မျိုးသုဉ်းစေခဲ့ပါတယ်။ ယခုအခါမှာလည်း -

တောရိုင်းတိရိစ္ဆာန်တွေနဲ့ မသင့်တော်တဲ့ လူသားတွေရဲ့နယ်မြေချဲ့ထွင်အခြေချမှုတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် တောရိုင်းတိရိစ္ဆာန်မျိုးသုဉ်းလာမှုနှုန်းထားဟာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေခဲ့တာ ဆယ်စုနှစ်အနည်းငယ်ရှိနေခဲ့ပြီဖြစ်ပြီး လာမယ့်နှစ်၂၀အတွင်းမှာ ကုန်းနေသတ္တဝါအမျိုးအစားပေါင်း ရာနဲ့ချီပြီး မျိုးသုဉ်းပျောက်ကွယ်သွားလိမ့်မယ်လို့ နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ သိရှိရပါတယ်။ သတ္တဝါတွေ မျိုးသုဉ်းနှုန်းမြင့်မားလာနေတဲ့ကိစ္စက လူတိုင်းသိတာပဲမို့လို့ ဘာမှသိပ်မထူးဆန်းပေမယ့် ဒီလေ့လာချက်အသစ်ကနေသိရှိလိုက်ရတဲ့ ပိုပြီးစိုးရိမ်စရာကောင်းတဲ့အချက်က ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ ဆဌမမြောက်အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်စဉ်ရဲ့ နှုတ်ခမ်းဝနားလေးကိုရောက်နေတာဖြစ်နိုင်ကြောင်း သိရှိလာရခြင်းပဲဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကုန်းနေသတ္တဝါမျိုးစိတ်ပေါင်း၅၀၀ကျော်ဟာ မျိုးသုဉ်းပျောက်ကွယ်သွားဖို့အတွက် အလွန်နီးစပ်နေပြီဖြစ်ပြီး လာမယ့်နှစ်၂၀အတွင်းမှာ ကမ္ဘာပေါ်ကနေ အပြီးအပိုင် ပျောက်ကွယ်သွားကြတော့မှာပဲဖြစ်ပါတယ်။ ကုန်းနေကျောရိုးရှိသက်ရှိမျိုးစိတ်ပေါင်း ၂၉၀၀၀အပေါ် သုတေသနပြုလေ့လာထားတဲ့ ဒီသုတေသနစာတမ်းကို "Proceedings of the National Academy of Sciences"အမည်ရ သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ခန့်မှန်းချက်အရ နှစ်၂၀အတွင်းမျိုးသုဉ်းမယ်လို့ဆိုပေမယ့်လည်း လူသားတွေဆီကနေ ဆိုးကျိုးသက်ရောက်မှုတွေ သူတို့အပေါ်မသက်ရောက်ဘူးဆိုရင်တော့ နှစ်ပေါင်းထောင်နဲ့ချီပြီးတော့လည်း ကြာရှည်ခံနိုင်သေးကြောင်း ခန့်မှန်းထားပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အဆိုအရ ကမ္ဘာပေါ်မှာရှိခဲ့ဖူးတဲ့ သတ္တဝါတွေရော အပင်တွေပါအပါအဝင် သက်ရှိမျိုးစိတ်တွေအားလုံးရဲ့ ၉၉.၉ရာခိုင်နှုန်းလောက်ဟာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ကြပြီးပြီဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာဂြိုဟ်ရဲ့ သဘာဝဂေဟစနစ်ဟာ ပုံမှန်ပြောင်းလဲဖြစ်ပေါ်နေလေ့ရှိတာကြောင့် အဲဒီလို သဘာဝပတ်ဝန်းကျင်အခြေအနေပြောင်းလဲခြင်းတွေဟာ သတ္တဝါမျိုးစိတ်အဟောင်းတချို့ကို တဖြည်းဖြည်းဖြည်းပျောက်ကွယ်သွားစေခဲ့ပါတယ်။ ဒီလိုသဘာဝဂေဟစနစ်ပုံမှန်ပြောင်းလဲနေရာမှာ တဖြည်းဖြည်းချင်းပြောင်းလဲမှုတွေက သက်ရှိတွေကိုပါ ဆင့်ကဲပြောင်းလဲလာစေနိုင်ပေမယ့် ရုတ်တရက်ရုတ်ချည်းဖြစ်ပေါ်လာတဲ့ မမျှော်လင့်တဲ့အပြောင်းလဲတွေကတော့ ကမ္ဘာပေါ်ကသတ္တဝါအများစုကို အချိန်တိုအတွင်းကန်ထုတ်လိုက်သလိုတွေဖြစ်ဖြစ်သွားတတ်ပါတယ်။

ကမ္ဘာကြီးရဲ့သမိုင်းတစ်လျှောက်မှာ အခုလိုဖြစ်စဉ်ကြီး ၅ခုဖြစ်ပွားခဲ့ဖူးပြီး လက်ရှိမှာတော့၆ခုမြောက်အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်စဉ်ထဲကို ရောက်နေပြီလို့တောင် ပြောလို့ရပါတယ်။ အဆိုပါ အစုလိုက်အပြုံလောက်မျိုးသုဉ်းခြင်းဖြစ်စဉ်၅ခုကြောင့် သက်ရှိမျိုးစိတ်စုစုပေါင်းရဲ့ ၇၅ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းကြားပမာဏလောက် မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြပြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပြင်းထန်တဲ့အစုလိုက်အပြုံလိုက်မျိုးသုဉ်းမှုဖြစ်စဉ်၅ခုဖြစ်ခဲ့ပြီးဖြစ်ပေမယ့် ဒီတစ်ခါ၆ခုမြောက်ဖြစ်စဉ်ကတော့ သိပ်ပြီးတော့ စိုးရိမ်စရာအနေအထားမရှိတဲ့ပုံတော့ရပါတယ်။ ဒါပေမယ့်လည်း တောရိုင်းတိရိစ္ဆာန်မျိုးသုဉ်းပျောက်ကွယ်နှုန်းဟာ လူ့သက်တမ်းတစ်ခုစာအတွင်းမှာတင်ပဲ အရမ်းသိသာလွန်းနေတာကြောင့် နည်းနည်းတော့စိုးရိမ်စရာရှိနေပါတယ်။

စုဆောင်းထားတဲ့အချက်အလက်တွေအရ ကုန်းနေသတ္တဝါမျိုးစိတ်ပေါင်း ၇၇မျိုးဟာ အကောင်ရေစုစုပေါင်းရဲ့ ၉၄ရာခိုင်နှုန်းကို ပြီးခဲ့တဲ့နှစ်ပေါင်း၁၀၀လောက်ကာလအတွင်းမှာတင် ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ ဒါဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မျိုးသုဉ်းမှုတွေဆက်တိုက်ဖြစ်လာတော့မယ်ဆိုတာကိုညွှန်ပြနေရာလည်းရောက်ပြီး ရလာဒ်အနေနဲ့ သဘာဝဂေဟစနစ်အပေါ်ကို ကြီးကြီးမားမားထိခိုက်လာမှာပါ။ ဂေဟစနစ်ကိုထိခိုက်လာရင် ကျွန်တော်တို့လူသားတွေကိုလည်း အနည်းနဲ့အများ သေချာပေါက်ရိုက်ခတ်လာမှာပဲဖြစ်ပါတယ်။ မျိုးသုဉ်းခြင်းတစ်ခုဟာ နောက်ထပ်နောက်ထပ်သောမျိုးသုဉ်းခြင်းတွေကို ဖြစ်ပေါ်စေမှာဖြစ်ပြီး အခြားသက်ရှိတွေအပေါ် အမှီပြုနေရတဲ့ ကျွန်တော်တို့လိုသက်ရှိတွေဟာလည်း ဒီမျိုးသုဉ်းခြင်းတွေရဲ့အကျိုးဆက်အနေနဲ့ လိုက်လံမျိုးသုဉ်းကြတာမျိုးတွေဖြစ်လာနိုင်ကြောင်းကိုလည်း ပညာရှင်တွေက သတိပေးထားပါတယ်။

မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ရှားပါးသတ္တဝါထဲမှာ ဧရာဝတီလင်းပိုင်တွေလည်း အပါအဝင်ဖြစ်ပြီး ၂၀၂၀ခုနှစ်စစ်တမ်းအရ အကောင်ရေ၇၀အောက်သာ ရှိနိုင်တော့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒုံးပျံတွေ၊ အာကာသယာဉ်တွေ၊ ဂြိုဟ်တွေ၊ ကြယ်တာရာတွေ၊ အခြားဂြိုဟ်ပေါ်ပြောင်းရွှေ့အခြေချတာတွေအကြောင်း ဆွေးနွေး၊ တိုင်ပင်၊ ကြိုးပမ်းနေကြတဲ့တစ်ပြိုင်တည်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေနဲ့အတူ ကမ္ဘာကြီးကိုလည်း ပြန်လည်ပြင်ဆင်နေဖို့လိုအပ်ပါတယ်။ ဒီလိုပြောလို့ ကမ္ဘာကိုပဲအရင်အာရုံစိုက်ပါလားဆိုလို့လည်း မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ဒိုင်နိုဆောတွေမျိုးသုဉ်းစေခဲ့တဲ့အဖြစ်အပျက်မျိုးနဲ့သာ ကျွန်တော်တို့ကြုံတွေ့လာရမယ်ဆိုရင်တော့ ကျွန်တော်တို့ပြင်ဆင်ခြယ်သထားတဲ့သဘာဝပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့ကို ကယ်တင်ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာတစ်ခုတည်းကိုလေ့လာလို့မပြီးမချင်း တခြားဘာကိုမှဆက်မလေ့လာတော့ပဲ ထိုင်စောင့်နေလို့လည်းအဆင်မပြေပြန်ပါဘူး။ ဒါကြောင့် ကိုယ်ဝါသနာပါရာကိုဘဲ လွတ်လွတ်လပ်လပ်ရွေးချယ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အခြေအနေတွေမျှတနေရင် အဆင်ပြေပါပြီ။ ကျွန်တော်တို့လို သာမာန်လူတွေအနေနဲ့လည်း နေ့စဉ်ဘဝလုပ်ဆောင်ချက်တွေထဲမှာကို သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြု/အကျိုးယုတ်စေတာတွေကို ပြုလုပ်နေလေ့ရှိတာကြောင့် ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကလည်း ကမ္ဘာကြီးကိုထိုင်ဖျက်စီးနေနိုင်သလို ကယ်တင်မှုတွေလည်းလုပ်နေနိုင်ပါတယ်။ ကမ္ဘာကြီးကိုကယ်တင်ဖို့ရာ Super Hero ဖြစ်နေဖို့မလိုအပ်ပါဘူး။

SOURCE : EN.AS.COM

BY HTTPS://MMSCIENCEPLATFORM



𝗶𝗻𝗻𝗲𝗿 𝗶𝗺𝗮𝗴𝗲 : via SCIEFIED.COM

𝗯𝗮𝗰𝗸𝗴𝗿𝗼𝘂𝗻𝗱 𝗶𝗺𝗮𝗴𝗲 : NATIONALGEOGRAPHIC.COM

𝗶𝗺𝗮𝗴𝗲 𝗱𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻 : ဒိုင်နိုင်ဆောများကို မျိုးသုဉ်းစေခဲ့သည့် ဥက္ကာခဲကျရောက်ပေါက်ကွဲမှုကို သရုပ်ဖော်ထားပုံ။

11/11/2021

သင်းခွေချက် For sale (yangon)

Photos from Pet Lover Bumar's post 23/10/2021

🏖️🏖️ ယနေ့ ငွေဆောင်ကမ်းခြေ ကမ်းဆွဲပိုက်တွင် ရှားပါး ငါးလိပ်ကျောက် တစ်ကောင်တွေ့ရှိ။🏖️🏖️🏖️

Photo Crd ;
edit - အသက်ရှင်နေသေးပါသ၍ ရေထဲသို့ပြန်လှယ်လွှတ်ပေးခဲ့ပါပြီ။

Photos from Pet Lover Bumar's post 17/09/2021

Stickerလေးနဲ့ လိပ်လှလှလေးတွေလား 😕
ကျောအခွံမှာStickerကပ်ပီး သွင်းတဲ့လိပ်လေးတွေ
အဲ့လိပ်လေးတွေကြီးတဲ့အခါ အဲ့Stickerတွေကြောင့် အခွံလေးတွေလိပ်ပီး အတော်သနားစရာကောင်းတဲ့ပုံစံဖြစ်သွားပါတယ်
အဲ့လိပ်လေးတွေကို ဘယ်သူက Stickerကပ်ပေးလိုက်တာလဲ😕
ထုံးစံတိုင်းပါပဲ Made in CHINA ပါ😤
ဒါကြောင့်
ကျနော်နဲ့ စီးပွားတူအရောင်းအဝယ်သမား ညီအကိုများအနေဖြင့် ယခုကဲ့သို့လိပ်များကို တင်သွင်းရောင်းချခြင်းထပ်မံမပြုလုပ်ကြပါရန် ကျနော်မှမေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ🙏🏽(ပုံမှန်သဘာဝတိုင်း လိပ်ပါးနီများကို မဆိုလိုပါ)
ဝါသနာရှင် ညီအကိုမောင်နှမများအနေဖြင့်လဲ ဝယ်ယူမွေးမြူခြင်းများကို ရှောင်ကြဉ်ပေးကြပါခင်ဗျာ
အကောင်လေးကြီးလားလို့ သံယောဇဉ်ဖြစ်တဲ့ချိန် လိပ်ကလေးဟာ ဒုက္ခိတဘဝရောက်နေတာကို ဘယ်ဝါသနာရှင်မျိုးကမှ နှစ်သက်မှာမဟုတ်ပါဘူး☹️

ပုံပါလိပ်တွေက ကျနော့ညီကို သူ့မိတ်ဆွေတဦးက ပေးတာလို့ပြောပါတယ်
ယခုpostဟာ မည်သူတဦးတယောက်​၏ စီးပွားရေးကိုမျှထိခိုက်စေလိုခြင်းမဟုတ်ကြောင်း ကျွန်ုပ်​၏အသက်ဖြင့် သစ္စာဆိုအပ်ပါသည်။

14/09/2021
Photos from Pet Lover Bumar's post 09/09/2021

လေ့လာလို့ရအောင် ဖွတ်အအမျိုးအစားလေးတွေရှာဖွေတင်ပေးလိုက်ပါတယ်။

1.Varanus komodoensis (Komodo Dragon) --> NTT
2.V. panoptes horni (Sand Goanna/ Argus Monitor) --> Papua.
3.V. nebulosus (Clouded Monitor) --> Jawa Timur.
4.V. dumerilii (Dumeril's Monitor)
5.V. rudicollis (Black Roughneck Monitor) --> Sumatera & Kalimantan.
6.V. indicus (Mangrove Monitor) --> Papua.
7.V. cerambonensis (Ceram Mangrove Monitor) --> Maluku (Seram & Ambon).
8.V. rainerguentheri (Rainer's Monitor) --> Maluku (Halmahera).
9.V. doreanus (Blue-tailed Monitor) --> Papua.
10.V. caerulivirens (Turquois Monitor) --> Maluku (Halmahera).
11.V. jobiensis (Peach Throat Monitor) --> Papua.
12.V. melinus (Quince Monitor) --> Maluku (Obi & Sula).
13.V. yuwonoi (Tri-colored Monitor) --> Maluku (Halmahera).
14.V. zugorum (Olive Monitor) --> Maluku (Halmahera).
15.V. lirungensis (Lirung Monitor) --> Maluku (Talaud).
16.V. obor (Torch Monitor/ Sago Monitor) --> Maluku (Sanana).
17.V. prasinus (Emerald Tree Monitor) --> Papua.
18.V. reisingeri (Yellow Tree Monitor/ Reisinger's Monitor) --> Papua (Misool, Raja Ampat).
19.V. kordensis (Korden's Monitor) --> Papua (Biak).
20.V. macraei (Blue-spotted Tree Monitor) --> Papua (Raja Ampat).
21.V. boehmei (Golden-spotted Tree Monitor) --> Papua (Waigeo)
22.V. beccarii (Black Tree Monitor) --> Papua (Aru).
23.V. timorensis (Timor Monitor) --> Timor.
24.V. auffenbergi (Peacock Monitor) --> Rote.
25.V. similis (Grey-spotted Tree Monitor) --> Papua.
26.V. salvadorii (Crocodile Monitor/ Tree Crocodile) --> Papua.
27.V. salvator bivittatus (Asian Water Monitor) --> Jawa, Bali, Nusa Tenggara.
28.V. togianus [Togian (Black) Water Monitor] --> Sulawesi (Togian).
29.V. salvator ssp. (Sulfur Water Monitor) --> Jawa (???).
30.V. salvator ssp. (Sulawesi Spotted Water Monitor) --> Sulawesi.
31.V. salvator ssp. (Black Dragon Water Monitor) --> Sumatera (Lampung).
32.V. salvator ssp. (Moluccas Water Monitor).
33.V. salvator ziegleri --> Obi dan pulau2 sekitarnya.
34.V. salvator macromaculatus --> Sumatera dan Kalimantan.

Source : Google
Crd photo: google

07/09/2021

နည်းနည်းလေးပြောပြီနော် ၊ စစ်ဖြစ်ပြီးတိုက်ပြီခိုက်ပြီဘာညာပြောနေတော့ ပြေးမယ်လွှားမယ်ဆိုတဲ့လူတွေရယ် ၊ပုန်းမယ်အောင်မယ် ၊စုမယ်ဆောင်းမယ် ဆိုတဲ့လူတွေပေါ်လာပြန်ရော တကယ်ပြေးပြီ ဆိုကိုယ်တကယ်ချစ်တဲ့တိရစ္ဆာန်ကိုယ့်နဲ့အတူပါလာဖို့ပဲ ဘယ်လိုနည်းနဲ့ပဲသယ်သယ်ကွာ ၊ #ဘာလုပ်ချင်တာလဲ အဓိကကပိုင်ရှင်ကမင်းပဲ သယ်မှာလား လွှတ်မှာလား ဒီနှစ်လမ်းပဲရှိတယ် ။ သယ်မယ်ဆိုရင် တော့ လိုလာပြီ cageတစ်ခုကတော့ ဟန်းစတားယုန်ဘာညာလောက်ကတော့ ခြင်းတောင်းလောက်နဲ့ထည့်လဲရတယ်သေးသေးမွှားမွှားလေးတွေ အဲ့တော့ လာပြီး
Falconer သမားတွေ ကတော့ငှက်ကိုလက်ပေါ်တင်ခေါ်သွားကြပေါ့ ဒါမှမဟုတ် falconထည့်တဲ့boxဘာညာရှိပါတယ် အဲ့ထဲထည့်ခေါ်ကြပေါ့ တစ်ကောင်နှစ်ကောင်လောက်ကတော့အဆင်ပြေသွားပြီး အရေတွက်များရင်တော့လွှတ်ပေးလိုက်ကြပေါ့ဒီနည်းပဲရှိတော့တယ် ။ reptileသမားတွေကလဲ မြွေဘာညာဆိုရင် ဘူးတွေနဲ့ထည့်ခေါ်ကြပေါ့ iguanaလိုကောင်မျိုးကိုတော့ဘယ်လိုcageနဲ့ထည့်ခေါ်ရမလဲလာမမေးနဲ့ igဆိုလွှတ်ပေးလိုက် အဲ့မသာတွေက အကုန်စားတက်တယ် မသေဘူး လွှတ်ထားလို့ အပြင်နေရောင်နဲ့ဆို colourတောင်ပိုစိုပြေသွားဦးမယ် ၊ အသားစားပိုင်းမွေးတဲ့သူတွေလဲ funcy miceဘာညာကိုအရင်ထပ်ပိုဝယ်ပြီးဆောင်ထားကြဗျာ တချို့အကောင်တွေလွှတ်ပေးတဲ့ နေရာမှာလဲကာလံဒေသံနဲ့ညီအောင်လုပ်ပေးနော် ကြက်တူရွေး လိုကောင်မျိုးကိုမြို့ထဲမှာလွှတ်ကြည့်ပါလား ကျီးထိုးလို့၂ရက်မခံဘူး ၊ elongated tortois လိုကောင်မျိုးကိုလဲရေထဲမလွှတ်ကြနဲ့ဦး ခဗျာတို့မှာလဲ ဘရိန်း ရှိတာပဲ စဥ်းစားကြပေါ့ ။ အခုမဖြစ်သေးတဲ့ဟာတွေကိုလဲတွေးပြီးဆွေးပူမနေနဲ့ဦး ရာသီဥတုအေးနေပြီ ကိုယ့်အကောင်တွေကိုဂရုစိုက်ကြဦး။

Photos from Pet Lover Bumar's post 04/09/2021

Sloth

Sloth စလော့ ကောင်လေးများဟာ ကိုယ်လက် လှုပ်ရှားမှု နှေးကွေး လေးလံရာမှာ နာမည်ကြီးပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ စူးစမ်းလိုစိတ် ပြင်းထန်ပြီး ကစားတာကို သဘောကျတတ်တဲ့ သတ္တဝါတွေ ဖြစ်တာ လူအများစုက သတိမထား မိကြပါဘူး။

ဘရာဇီး နှင့် ပနားမား မှာ ကျင်လည်ကျင်စားတဲ့ မျိုးစိတ်ပေါင်း ၆ ခုလောက်ရှိတဲ့ စလော့ တွေဟာ အခြားသတ္တဝါများကို အန္တရာယ် မပြုကြပါဘူး။

စလော့ကောင်လေးတွေဟာ တသီးတခြား နေလေ့ရှိကာ ၎င်းတို့၏ ဘဝ အချိန် တော်တော်များများကို သစ်ပင်ပေါ်မှာသာ ကုန်ဆုံး ကြလေ့ရှိတာပါ။

HowStuffWorks တွင် ဖော်ပြထားသည့် အချက်အလက်များအရ စလော့များ၏ နှေးကွေးရတဲ့ အကြောင်းဟာ ၎င်းတို့၏ စားသောက်မှု နှင့် ဇီဝ ဖြစ်စဉ်ကြောင့်လို့ သိရပါတယ်။

အလယ်ပိုင်းနှင့် တောင်အမေရိက သစ်တောများရှိ စပျစ်ပင်များ၏ အရွက်များ၊ အသီးများ နှင့် အဖူးများကို စလော့များဟာ စားသောက်လေ့ ရှိပါတယ်။

အဆီ သို့မဟုတ် ပရိုတင်းဓာတ် မရှိသဖြင့် စလော့များဟာ သက်တောင့် သက်သာနေခြင်းဖြင့် ၎င်းတို့၏ စွမ်းအင်ကို ချွေတာလေ့ ရှိကြပါတယ်။

ပျမ်းမျှအားဖြင့် စလော့များဟာ တရက်လျှင် ၁၂၅ ပေခန့် ရွေ့လျားခြင်း သို့မဟုတ် သစ်ပင် တက်ခြင်းများ ပြုလုပ်လေ့ ရှိပါတယ်။ မြေပြင်ပေါ်မှာတော့ တပေ ရွှေ့နိုင်ဖို့ကို တ မိနစ်လောက် အချိန်ယူရပါတယ်။

စလော့များတွင် ရှေ့သွားတွေ မပါဝင်တဲ့အတွက် အရွက်များကို နှုတ်ခမ်းကို အသုံးပြုကာ ခူးယူ စားသောက်ကြရပါတယ်။ စလော့များ၏ ဇီဝ ဖြစ်စဉ်နှုန်းဟာ နို့တိုက် သတ္တဝါ တော်တော်များများထက် ၄၀ မှာ ၄၅ ရာခိုင်နှုန်း ပိုနှေးပါတယ်။

ကယ်လိုရီ စားသုံးမှု နည်းပါးတဲ့အတွက် လောင်ကျွမ်းရန် စွမ်းအင် အနည်းငယ်သာရှိတဲ့အတွက် များသောအားဖြင့် လှုပ်ရှားမှု နည်းပါး ကြပါတယ်။

တနေ့လျှင် ၁၅ နာရီလောက် အိပ်စက်လေ့ရှိပြီး ခန္ဓာကိုယ် အပူချိန်ကို ၈၆ ဒီဂရီ ဖာရင်ဟိုက်မှ ၉၃ ဒီဂရီ ဖာရင်ဟိုက်အကြားမှာ ထိန်းထားဖို့ အရိပ်ရသည့် နေရာများတွင် နေလေ့ ရှိပါတယ်။

ဒါပေမယ့် မလှုပ်ရှားတာဟာ အားမရှိတာတော့ မဟုတ်ပါဘူး။ စလော့များဟာ သစ်ကိုင်းများပေါ်တွင် တွဲလောင်းခိုပြီး ၄ နာရီလောက် နေနိုင်ကြတဲ့အတွက် ၎င်းတို့ဟာ သက်လုံ ကောင်းတယ်ဆိုတာ ပြသနေပါတယ်။

ဒါ့အပြင် စလော့များဟာ အံ့ဩစရာ ကောင်းလောက်အောင် ရေကူး ကျင်လည် ကြပါတယ်။

စလော့တွေဟာ များသောအားဖြင့် သစ်ပင်ပေါ်တွင် အချိန်ဖြုန်းတတ်ကြလို့ သားကောင်တွေ ရန်ကို ရှောင်ရှားဖို့ရာ လျှင်မြန်တဲ့ ရွေ့လျားမှုလည်း မလိုအပ်တော့ပါဘူး။

၎င်းတို့ နေထိုင်မှု ဘဝအတွက် ပြသနာတခုတော့ ရှိပါတယ်။ အဲဒါကတော့ မစင် စွန့်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အစားအသောက် စားသုံးမှု နည်းပါးတဲ့အတွက် စလော့များဟာ တပတ်လျှင် တကြိမ်သာ မစင်စွန့်လေ့ရှိပါတယ်။

အဲဒီ့အချိန်ကတော့ စလော့များအတွက် ရေရေလည်လည် စိတ်ဖိစီးစရာပါ။ ၎င်းတို့ဟာ မစင်စွန့်ဖို့ မြေပြင်ပေါ် ဆင်းလေ့ရှိပြီး တနေရာထဲမှာ ပုံမှန် စွန့်လေ့ ရှိကြပါတယ်။

ပိုဆိုးတာက ၎င်းတို့၏ အူသိမ်အူမ လှုပ်ရှားမှုများ နှေးကွေးခြင်းကြောင့် သူတို့ ခန္ဓာကိုယ် အလေးချိန်၏ သုံး ပုံ တပုံလောက်ရှိတဲ့ မစင်များကို စွန့်ထုတ်ရတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်

စလော့တွေဟာ တနှစ်လျှင် တကောင်နှုန်း သားပေါက်တတ်ကြပြီး ကိုယ်ဝန်ဆောင်ချိန်ကတော့ ၆ လ ဖြစ်ပါတယ်။

အလေ့အကျင့်

စလော့ ပေါက်စလေးတွေဟာ မိခင်နှင့် ၆ လခန့် အတူ နေတတ်ကြပြီး ထိုကာလမှာ သင်ယူရမယ့် အရာများကို မိခင်မှ သင်ကြားပေးပါတယ်။

အဲဒီ့နောက်မှာတော့ ၎င်းတို့၏ သီးခြားနေသည့် စရိုက်အတိုင်း မိခင် နှင့် အတူမနေတော့ဘဲ အသံဖြင့်သာ အဆက် အသွယ်ပြု ကြပါတော့တယ်။

လက်ရှိ အပူပိုင်း သစ်တော့ ပြုန်းတီးမှုတွေကြောင့် စလော့များ၏ စားကျက်နေရာများဟာ တဖြည်းဖြည်း ဆုံးရှုံးလာနေပြီး ၎င်းတို့၏ အသက်ရှင် နေထိုင်မှု ဘဝကို ခြိမ်းခြောက်လျှက်ရှိပါတယ်။
Crdeit photo

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon