Initial First Myanmar-IFM

Initial First Myanmar-IFM

Share

ဒေသတွင်းစီးပွားရေးအခွင့်အလမ်းများ? မြန်မာ့ထုတ်ကုန်၊ မြန်မာ့စျေးကွက်၊ ကမ္ဘာ့စျေးကွက်

24/07/2022

ဆန်ပိုး မတက်အောင် ဘာလုပ်ရမလဲ

ယခုလိုမိုးရာသီဟာ ဆန်သိုလှောင်ကြသူများအများဆုံးကြုံတွေ့ရတဲ့ပြသနာဟာ ဆန်ပိုးတက်ခြင်းပါ

ကျွန်တော် တို့ယ္ခင်နှစ်တွေမှာ ဆန်ကို တစ်လစာ သာဝယ်ယူစားသုံးဖို့ အမြဲပြောဖြစ်ခဲ့ပါတယ် ဆန်ကိုသိုလှောင်မထားဖို့ အမြဲပြောခဲ့ဘူးပါတယ်
ယခု အခြေအနေမျိုးမှာ ဆန်ကို သိုလှောင်ထားဖို့များများဝယ်ထားဖို့ တိုက်တွန်းပေးပါတယ် ယ္ခင်အခြေအနေမျိုးမှာ ဆန်စျေးအများကြီးတက်နိုင်ချေနည်း ပြီး
ယခုနှစ်အခြေအနေ မျိုးမှာဆန်စျေး ရုတ်တရက်စျေးအများကြီး ခန ခန တက်တတ်လို့ ဆန်ကိုဝယ်ယူ သိုလှောင်ဖို့ တိုက်တွန်းသလို ကိုယ်တိုင်လည်းဝယ်ယူ သိုလှောင်ရောင်းချပါတယ်

အိပ်အများသိုလှောင်ထားခြင်း ကြောင့်ရွှေကျွန်းမဏ္ဍိုင် ရဲ့အဓိက စားသုံးသူများဆန်စျေး သက်သက်သာသာ ဝယ်ယူရရှိပြီး ဆန်အရည်အသွေး ပြည့်မှီသောဆန်များစားသုံးနေရပါပြီ
ယခုအချိန်တွင် ဆန်စျေးကို ဆန်စက်တိုက်ရိုက်တွေထက်သက်သာစွာရောင်းပေးနေပြီးသိုလှောင်ထားသောဆန်များပိုးမတက်အောင် သေခြာစနစ်တကျ ကာကွယ် ထားပါသည်

ဆန်ပိုးသည် ဆန်မှ အလိုအလျှောက်ဖြစ်လာခြင်းမဟုတ်ပါ ဆန်စက် ဆန်သိုလှောင်ရုံ များ ပွဲရုံ များတွင် နေရာတကာ ဆန်ပိုးဥ များပိုးလောင်းများ ရှိနေပြီး ဆန်အိပ် တစ်အိပ်မှ တစ်အိပ် တစ်မျိုးမှတစ်မျိုး ကူးစက်နေပြီး ဆန်ပိုးသံသယာ မပြတ်ဖြစ်နေခြင်းပါ

ဆန်သိုလှောင် မည့်ဂိုဒေါင်ကို အဓိက သန့်ရှင်းရေးပြုလုပ်ပြီး ဆန်အိပ်များကို လေဝင်လေထွက်ကောင်းစေရန် လူသွားလမ်း ထားကာစနစ်တကျ ထားသိုရပါသည် တစ်လ တစ်ကြိမ် ဆန်အိပ်များလှုပ်ရှားမှူ့ဖြစ်စေရန် ဆန်အိပ်အပုံ ပြောင်းပေးရာပါသည်

ဆန်ပိုးတက်ခြင်းသည် ဆန်ပိုးအကြိုက်ဆန်စေ့အပေါ်ဖွဲနုအလွှာ ကင်းစင်အောင် ရေဖြန်းပေါ်လစ်ရှာ ဖြင့်ကြိတ်ဖွတ်ပြီး ပိုးမတက်လွယ်စေ ရန် ပိုးကူးစက်မှူ့မဖြစ်စေရန် အိပ်သစ်များလဲလှယ် ထားရပါသည်
Wetpolisher ဆန်သားသည်ဆန်စေ့များချောမွတ်နေပြီး ပြည်တောင်းဖြင့်ချိန်တွယ်ရာတွင် ပြည်မတက် ပြည်ပို မရရှိသဖြင့် လက်လီရောင်းချသူများအကြောက်ဆုံးဖြစ်ပါသည်

ထို့ကြောင့် ပေါ်လစ်ရှာ ဆန်သည် ထမင်းမကောင်းပါထမင်းမရှည်ပါ စသည်ဖြင့် ဖွဲနု့အလွှာမကုန်စင်သောဆန်များကိုသာရောင်းချနေကြခြင်းကြောင့် ဆန်အညို သည်ပိုးတက်လွယ်သဖြင့် ဆန်ပိုးနှင့် နပန်းလုံးနေရခြင်းဖြစ်ပါသည်

ဆန်ပိုးမတက်စေရန် ဆန်ထဲတွင်ကြက်သွန်နီ ထင်ရှူးချောင်းငြုပ်သီး စသည့်ပစ္စည်းများ ထည့် ကြရာတွင် တစ်ချို့ ဆန်ပိုးလုံးဝမတက်ခြင်း တစ်ချို့ဆန်ပိုးတက်ခြင်း ကိုမကာကွယ်နိုင်ခြင်းစသည်ဖြင့် အမျိုးမျိုးကွဲလွဲနေကြပါသည်

ဆန်ပိုးတက်ခြင်းမတက်ခြင်း အဓိက အချက်ဖြစ်သော ပွဲနုလွှာကုန်စင်သောဆန်ဖြစ်ခြင်းကြိတ်သားပြောင်လက်နေသောဆန်ဖြစ်လျှင် ဆန်ပိုးမတက် ပဲဆန်ညို ဖွဲနုလွှာ အမှုံမကုန်စင်သောဆန်သည် ပိုးတက်ခြင်းဖြစ်သောကြောင့်တစ်ခါတရံ ပိုးတက်ပြီးတစ်ခါတစ်ရံပိုးမတက်ခြင်းဖြစ်နေရပါသည်

စိုထိုင်းသောပါတ်ဝင်းကျင် သည်ဆန်ပိုးကိုပိုဖြစ်စေပြီးခြောက်သွေ့ပြီးအေးသောပါတ်ဝန်းကျင်သည် ဆန်ပိုးများအလွယ်တကူမဖြစ်စေပါ
အဓိက သန်ရှင်းပြီးအလင်းရောင်ရရှိပြီးလေဝင်လေထွက်ကောင်းခြင်းအေး၍ ခြောက်သွေ့ သောနေရာဖြစ်ခြင်းသည် ဆန်ပိုးတက်ခြင်းမှအထိုက်အလျှောက်ကာကွယ်ပါသည်

ဆန်ပုံးများ ဆန်အိပ်အဟောင်းများတွင်ဆန်ပိုးဥများကျန်ရှိနိုင်သဖြင့် ပေါက်ပွားလာကာ ကူးစက်ခြင်းများသတိပြု ရပါမည်
ဆန်ပိုးတက်ခြင်းသည် ဆန်ရောင်းချသူ ဆန်စက်ပိုင်များ တွင် တာဝန်ရှိပါတယ် သန့်ရှင်းစွာ ကိုင်တွယ်သိုလှောင်ထားသောဆန်များ အလွယ်တကူ ပိုးမတက်စေနိုင်ပါ

ချစ်ခြင်းများစွာဖြင့်
SKMD RICE

ရွှေကျွန်းမဏ္ဍိုင် ပေါ်ဆန်းမွှေး ကူးယူ ဖော်ပြပါသည်/

08/07/2022

ယခု ပေ့သည် စားသုံးသူ နှင့် ထုတ်လုပ်သူများအကြား တိုက်ရိုက်ဆက်သွယ်နိုင်ရန် ပေါင်းကူးစီစဉ် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် တခု ကို တည်ထောင်ထားခြင်းဖြစ်ပါသည်...

ထိုအတွက် သက်ဆိုင်ရာဒေသအသီးသီး၏ ထုတ်ကုန်များအား အခမဲ့ ကြေညာ၀န်ဆောင်မူ ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်...........

ဖေဖော်၀ါရီလမှ အဆက်ပြတ်သွားသော ကြောညာ လုပ်ငန်းများအား ပြန်လည်စတင်ပါမည်/

Photos from Initial First Myanmar-IFM's post 16/02/2022

#မြန်မာ တွေရဲ့ ထမင်းဝိုင်းမှာ ငပိရည် နဲ့ တွဲဖက်စားလို့ ထမင်းမြိန်စေမယ့် ကတက်ချဥ်၊ တမာချဥ်တွေကို အခုလို ထုပ်ပိုးမူကောင်းကောင်းနဲ့ #စက်ာပူ ကို တင်ပို့နေပါတယ်။

Photos from Initial First Myanmar-IFM's post 07/02/2022

#ထိုင်း နိုင်ငံ မှာ ငှက်ပျောရွက်ကို အခုလို ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေကြပါတယ်။
#မြန်မာ နိုင်ငံက ငှက်ပျော စိုက်ပျိုးသူများကတော့ ငှက်ပျောသီးနဲ့ #မုန့်ဟင်းခါး ချက်ရာမှာ အသုံးပြုတဲ့ ငှက်ပျောအူကိုပဲ စျေးကွက် တင်ပို့ရောင်းချနေကြပါတယ်။

Photos from Initial First Myanmar-IFM's post 05/02/2022

အရသာမျိုးစုံနဲ့ ​ #မြန်မာ့ ထန်းလျက်

ထန်းလျက်ကို သံပုရာ၊ မက်မန်း၊ စတော်ဘယ်ရီ၊ သရက် စတဲ့ အရသာမျိုးစုံနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ထုပ်ပိူးမူကိုပိုမိုကောင်းမွန်အောင်လုပ်နိုင်ရင် ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက် အထိပါ ထိုးဖောက်နိုင်ပါတယ်။

Photos from Initial First Myanmar-IFM's post 02/02/2022

ထုတ်လုပ်မူ နည်းပညာ၊ ထုတ်ပိုးမူနည်းပညာ ပံ့ပိုးပေးပြီး၊ ပြည်တွင်းစျေးကွက်တွင်း နေရာရရှိရန် ကူညီပေးသင့်သည့် #မြန်မာ အညာဒေသထွက် စားသောက်ကုန်များ။

Photos from Initial First Myanmar-IFM's post 30/01/2022

ပြည်ပကနေ ဝင်လာတဲ့ သရေစာမုန့်တွေကို ယှဥ်ပြိုင်နိုင်တဲ့ #မြန်မာ ပြည်တွင်းထုတ် ချိုချဥ် သရေစာများ။

Photos from Initial First Myanmar-IFM's post 25/01/2022

#မြန်မာ ပြည်တွင်း က သစ်ဖြစ်အချောထည် ထုတ်လုပ်ထားတဲ့ မီးဖိုချောင်သုံး၊ လူသုံး ပစ္စည်းများ။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon