Yellow Clover

Yellow Clover

Share

_ဘဝ အဖုံဖုံကို ဖြတ်သန်းဖူးမှမဟုတ် စာဖတ်ရုံဖြင့် ကြားသိနိုင်၏။_
Welcome From Yellow Clover🍀

24/04/2024

သည်းမြေဖြူ | ပါပီယွန်

မက္ကဇင်ပါပီရဲ့ထရော်မာများမှ။

Respectfully Credit To Author

#ပါပီယွန်
#သည်းမြေဖြူ

09/03/2024

မြရဲ့လ [ဂျူး]

_ကျွန်မချစ်သော
ယောကျ်ားများနှင့်
အခြား၀တ္ထုတိုများစာအုပ်မှ_

Respectfully Credit To Author

#ဂျူး
#မြရဲ့လ

18/02/2024

အချစ်ကမီးနဲ့တူခဲ့ရင်တောင် အချစ်မီးလောင်ရင် ငြိမ်းသတ်လို့မရ။
ချစ်လျက်နဲ့ဝေးခဲ့ရပေမယ့် ချစ်နေဆဲပါပဲ။
ဘယ်ချိန်ဖြေဖြေ အဖြေကတစ်ခုတည်းဘဲ
"ချစ်တယ်"❤️

15/02/2024

"ချစ်ရဲ့သားနဲ့ ဘာလို့များ
လိမ်နေရတာလဲ
အချစ်ရယ် ။
အချစ်ဆိုတာ
ကဗျာတစ်ပုဒ်လိုဘဲ ကာရံတွေကိုက်မှ
ဆိုရကောင်းသလို ကိုယ့်မှာလည်း မင်းရှိမှပြည့်စုံမှာမို့ လူ့သက်တမ်းရှိသရွေ့ရင်ခုန်သံတွေကို မလိမ်တမ်းဖွင့်ထုတ်လိုက်ပါတော့လား"

08/02/2024

ကျွန်တော်ပြောပြချင်တဲ့ အဝါရောင်သက်တံ့အကြောင်း
---------------------------------------------------

မိုးတွေအငြိုးတကြီးမည်းမှောင်ရွာသွန်းနေတဲ့ နေ့လယ်ခင်းတခုမှာ အမျိုးသမီးငယ်‌လေးတယောက်အကြောင်း တွေးတောနေခဲ့မိတယ်။ရှည်သွယ်တဲ့လက်ချောင်းလေးတွေနဲ့ သွေးရောင်လွှမ်းတဲ့လက်ဖဝါးလေးဟာ ဘယ်လောက်နွေးမလဲ၊ညာဘက်လည်တိုင်ပေါ်က မှည့်နက်ကလေးကရော ကိုယ်နမ်းရှိုက်ခွင့်ရမှာလား၊ဆံနွယ်တွေစည်းနှောင်ဖို့ လက်ကောက်ဝတ်မှာစွပ်ထားတတ်တဲ့ အဝါရောင်ခေါင်းစည်းကွင်းကလေးလိုရော ကိုယ့်ကို သူမနံဘေးအမြဲထားချင်သလား စသဖြင့် ဘာမှရေရေရာရာ မသိပေမယ့် လေယူရာယိမ်းမဲ့ ပါးလှပ်လှပ်အမျိုးသမီးလေးအကြောင်းတွေးမိတိုင်း ရူးနေအောင် သဘောကျတာပါပဲ။

ရှည်လျားတဲ့အရပ်အမောင်းနဲ့ လိုက်လျောညီစွာ ခပ်မြင့်မြင့်အတွေးအခေါ်နဲ့ ကိုယ်တလေးတစားဆက်ဆံရတဲ့ အဲ့ဒီညီမလေးက ကိုယ့်အပေါ်မှာ စိတ်ရှည်မှာလားဟင်။

ဒီဘဝဒီမျှဆိုတဲ့စကားနဲ့တော့ အဆုံးမသတ်ပါရစေနဲ့လို့ တောင်းပန်တိုးလျှိုခဲ့ဖူးပါတယ်။ဝေးရမှာသေမလောက်ကြောက်တဲ့အကြောင်း မျက်နှာချင်းဆိုင် ပြောပြချင်တယ်ကွယ်။

ကိုယ့်မျက်နှာမကြည်မလင်ဖြစ်တဲ့နေ့ဟာ ညီမလေးစိတ်ကောက်တဲ့နေ့ဖြစ်ပြီး ကိုယ်ဇောချွေးတွေရွှဲလို့ စီးကရက်ဖိဖွာနေပြီဆိုရင် ညီမလေးဆီက စိတ်ဆိုးဒေါသထွက်မှုတွေရရှိနေလို့သာဖြစ်တယ်။

အဲ့သလိုနေ့တွေဆို ဘာစားစားခံတွင်းမလိုက်သလို သိပ်ကြိုက်တဲ့ကော်ဖီလဲ အရသာပျက်တော့တာပဲ။

အဓိပ္ပာယ်မဲ့ တနေရာရာကိုငေးမောနေမယ် သက်ပြင်းမောတွေချမယ် ပြီးတော့ ညီမလေးဆီဖုန်းခေါ်မယ် စာတွေပို့မယ်။

ထုံးစံအတိုင်း မေမေကတော့ "ငါ့သားဒီနေ့ဖုန်းကြည့်ပြီး မပြုံးဘူးတော့"
ဆိုတဲ့စကားကို "အမေကလဲဗျာ"လို့ ခေါင်းကုတ်ရင်း ရှူတည်တည်ပြန်ပြောမယ်ပေါ့လေ။

ကိုယ့်ပါးချိုင့်လေးတွေမြင်ရဖို့အတွက်
ညီမလေးဆီက
"အာဘွား" ဆိုတဲ့
မက်ဆေ့လေးတွေက သိပ်အရေးပါတာ သိလား။

"ကိုကသိပ်ပိုတာပဲ"လို့ ရယ်ပြီးရန်တွေ့အုံးမလို့လားဟင်။
ရင်ဘတ်ပေါ်ရောက်လာမယ့် လက်သီးဆုပ်ကလေးတွေကို ခပ်ဖွဖွဖမ်းဆုပ်ထားချင်တယ်။

"ချစ်တိုင်းလဲမညား"
သီချင်းဟာ ကိုယ်တို့နှစ်ဦးနဲ့မသက်ဆိုင်ကြောင်း သက်သေပြချင်တယ် ညီမရယ်။

ကိုယ်ဟာ ခပ်ကြောင်ကြောင်စာတွေဖတ်ပြီး တဝက်တပျက်ရူးသွပ်နေရာက ညီ‌မလေးနဲ့တွေ့မှ ပြည့်ပြည့်ဝဝရူးသွပ်ခွင့်ရခဲ့သူ၊သွေးရူးသွေးတမ်းအဖြစ်အပျက်များကြားမှ ကူကယ်ရာကောက်ရိုးလေးတမျှင်အဖြစ် ညီမကိုဖမ်းဆုပ်မိခဲ့သူပါ။ဟစ်တလာဟာ ဂျူးမလေးကို ချစ်မြတ်နိုးမိသလို ကိုယ်ဟာလည်း ညီမလေးအပေါ်ကိုမှ ခုံမင်စွဲလမ်းမိခဲ့ပါတယ်။

ရှေးရေစက်တွေကို တစက်ချင်းရေတွက်ရင်း ချစ်တဲ့အကြောင်းတွေကို တရက်ချင်းတဖွဖွပြောပြချင်တယ်။

ဘဝရှင်သန်ခြင်းအဓိပ္ပာယ်ဟာ ဘာလဲလို့မေးလာခဲ့ရင် ဖုန်းရီကောတင်းထဲက ညီမရယ်သံလေးတွေကို ဖွင့်ပြမယ်။

နိဗ္ဗာန်ဟာ ကိုယ်နဲ့ဝေးပါတယ်၊ရန်ကုန်မြို့တခွင်တော့ ညီမနဲ့အတူလက်ချင်းချိတ်လျှောက်ကြည့်ချင်တယ်။

ကိုယ့်လက်ကိုမြဲမြဲတွဲထားမယ်မဟုတ်လား။

27/01/2024

မောင်ပါပီ၏ဖွင့်ဟ၀န်ခံချက်များ |ပါပီယွန်

_ဘဝတွင်ပထမဆုံးဆုံတွေ့ခဲ့ကြသော ကာဖီရည်ဆိုင်လေးတွင် ခါတိုင်းကဲ့သို့ပူးကပ်မနေတော့ဘဲ စားပွဲတစ်ဖက်တစ်ချက်စီတွင်ထိုင်၍ အဝေးကိုသာငေးကြည့်နေကြတော့သည်_

Respectfully Credit To Author

#ပါပီယွန်
#မောင်ပါပီ၏ဖွင့်ဟ၀န်ခံချက်များ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon