Yes Doctor
Health is Wealth.
27/01/2021
Covid-19 vaccines and HIV
ပိုးကူးစက်ခံနေရသူများအတွက် Covid-19 vaccines ကာကွယ်ဆေးတွေဟာ အန္တရာယ်ကင်းရဲ့လား
လက်ရှိ စမ်းသပ်ထုတ်လုပ်ဆဲ နှင့် သုံးစွဲရန် အတည်ပြုပြီးသော Covid-19 vaccines ကာကွယ်ဆေးများသည် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူများ အပါအဝင် လူအများစုအတွက် လုံခြုံစိတ်ချရပြီး အန္တရာယ်ကင်းသည်ဟု ယုံကြည်ရသည်။
Covid-19 vaccines ကာကွယ်ဆေးများကို စမ်းသပ်ကာလမှ လူသားများတွင် သုံးစွဲရန်အတွက် တိုးမြှင့်ထုတ်လုပ်ခြင်း မပြုလုပ်မီ အထိ သက်ဆိုင်ရာပညာရှင်များမှ လူအများစုတွင် သုံးစွဲရန် လုံခြုံစိတ်ချရမှု ရှိ/မရှိ ဆေးအမျိုးအစား တစ်ခုချင်းစီ၏ အချက်အလက်များကိုပြန်လည်စစ်ဆေးအတည်ပြု (data review) ပြီးဖြစ်သည်။ အဆိုပါ data review အရ Covid-19 vaccines ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူသည် အခြားသူများထက် ပိုမိုအန္တရာယ်ရှိကြောင်း အချက်အလက် အထောက်အထားများ မတွေ့ရှိရပါ။
အဆိုပါ ကာကွယ်ဆေးများတွင် SARS-CoV-2 (COVID-19 ကိုဖြစ်ပေါ်စေသောဗိုင်းရပ်စ်) မှမျိုးရိုးဗီဇပစ္စည်းအချို့ပါဝင်သည်။ ၄င်းတို့မှ လူ့ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ပေးသည့် ပဋိပစ္စည်း (antibodies) များ ထုတ်လုပ်နိုင်ရန်ကူညီပေးပြီး ရောဂါပိုးကူးစက်မှု ကိုဖြစ်ပေါ်စေသည့် SARS-CoV-2 spike protein များနှင့် လူသား ဆဲလ်များ တွယ်ကပ်ခြင်း (binding to human cells) မှကာကွယ်ပေးမည်ဖြစ်သည်။
လက်ရှိ စမ်းသပ်ထုတ်လုပ်ဆဲ နှင့် သုံးစွဲရန်အတည်ပြုပြီးသော Covid-19 vaccines အားလုံးသည် live attenuated vaccines များမဟုတ်သည့်အတွက် virally suppressed မဖြစ်သေးသော HIV ပိုးကောင်ရေများနေသည့် PlHIV များသာမက လူ့ခန္တာကိုယ် ကိုယ်ခံစွမ်းအားစနစ် ချို့ယွင်းနေသူများအတွက်ပါ လုံခြုံစိတ်ချရမှုရှိသင့်သည်။
ကာကွယ်ဆေးအတွက်စမ်းသပ်မှု (trials) အချို့မှာတောင်အာဖရိကကဲ့သို့သောအိပ်ခ်ျအိုင်ဗွီကူးစက်/ဖြစ်ပွါးမှုများသောနိုင်ငံများ တွင်ပြုလုပ်သည့်အတွက် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံထားရသော PLHIV များပါ အဆိုပါ trials များတွင်ပါ၀င်မည်ဖြစ်သည်။ သို့သော်အချို့သောစမ်းသပ်မှု (trials) များတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ချန်လှပ်ထားခဲ့သည်။
အခြားကာကွယ်ဆေး အများစုကဲ့သို့ပင် COVID-19 vaccines ကာကွယ်ဆေးထိုးပြီးနောက်ရက်အနည်းငယ်အတွင်းအချို့သောလူများတွင် ဆေးထိုးခံထားရသည့် လက်မောင်း တစ်ဝိုက် နီရဲခြင်း၊ နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ငွေ့ငွေ့ဖျားခြင်း စသည့် ယေဘူယျ လက္ခဏာများခံစားရနိုင်သည်။ အရေအတွက် အလွန်နည်းသော လူတချို့တွင်သာ ပြင်းထန်သောဓာတ်မတဲ့မှု (serious allergic reaction) များကြုံတွေ့ရနိုင်ပြီး၄င်း ဓာတ်မတဲ့မှုကို အရေးပေါ် manage လုပ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံ ဆေးခန်းများတွင် ၁၅ မိနစ်မှ မိနစ် ၃၀ အထိ အနီးကပ်စောင့်ကြပ်ကြည့်ရှုသင့်သည်။ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံထားရသူများအနေဖြင့် အခြားသာမာန်လူများထက်ပို၍ (အသင့်အတင့်သို့မဟုတ်ပြင်းထန်သော) ဓာတ်မတဲ့မှုများ ဖြစ်ပေါ်စရာအကြောင်းမရှိပါ။
ကာကွယ်ဆေး၏ပြင်းထန်သောဘေးထွက်ဆိုးကျိုးများမှာအလွန်တွေ့ရခဲသောကြောင့် ၎င်းတို့သည်ကာကွယ်ဆေးထိုးမှုခံယူမည့် ပထမ ဦးဆုံးလူများတွင်မတွေ့ရှိနိုင်ပါ။ သို့သော် ရှားရှားပါးပါးကြုံတွေ့ရနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကာကွယ်ဆေးထုတ်လုပ် သည့် ကုမ္ပဏီများထံ ပြန်လည်တင်ပြနိုင်ရန်အတွက်စောင့်ကြည့်စနစ်များ (surveillance systems) စီစဉ်ထားရှိပြီးဖြစ်သည်။
ပိုးကူးစက်ခံနေရသူများ COVID-19 vaccines ကာကွယ်ဆေးထိုးသင့်ပါသလား
COVID-19 vaccines ကာကွယ်ဆေးများသည် အခြားသာမာန်လူ တစ်ဦးချင်းစီ နှင့်လူမှုအသိုင်းအဝိုင်းအားလုံးအတွက် အကျိုးကျေးဇူးရှိသလို အိပ်ချ်အိုင််ဗွီပိုးကူးစက်ခံနေရသူများ တွင်လည်း တူညီသော အကျိုးကျေးဇူး ရနိုင်ပါသည်။ ၄င်းကာကွယ်ဆေးများသည် SARS-CoV-2 ကြောင့်ပြင်းထန်သောရောဂါဖြစ်ပွါးမှုမှကာကွယ်ပေးနိုင်သကဲ့သို့ SARS-CoV-2 virus ကူးစက်ခံရမှုကိုလည်း လျှော့ချပေးနိုင် ပါသည်။
လူထုထဲတွင် SARS-CoV-2 virus အရေအတွက် မရှိသလောက်နည်းသွားသည့် အချိန်အထိ ကြိုတင်ကာကွယ်သည့် အလေ့အထများ (တစ်ဦးနှင့်တစ်ဦးခပ်ခွါခွါနေခြင်း၊ လက်မကြာခနဆေးခြင်း၊ မျက်နှာဖုံးနှင့် ပါးစပ်နှာခေါင်းစည်းများတပ်ခြင်း)ကို ဆက်လက်လုပ်ဆောင်ဖို့ လိုနေဦးမည်ဖြစ်သည်။
အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံထားရသူများအနေဖြင့် ထိရောက်သော အေအာတီကုထုံး (antiretroviral therapy) ဖြင့်ကုသမှုခံယူသင့်သည်။ သို့မှသာ သာမာန်လူများကဲ့သို့ ကျန်းမာစွာနေနိုင်ပြီး အခြားသူများသို့ ထပ်မံကူးစက်မှုကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
Credit: National AIDS Program, Myanmar
Ref:
COVID-19 vaccines and HIV The COVID-19 vaccines under development or approved by regulators are believed to be safe for most people, including people living with HIV. This document is also available in Arabic
30/12/2020
HIV ပိုးရှိသူကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်ပါသလဲ?
HIV ပိုးရှိသူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင် - Hello Sayarwon HIV ဘဝလက်တွဲဖော် အိမ်ထောင် အကာအကွယ် ကွန်ဒုံး ကလေး ကျန်းမာရေး လိင်မှုကိစ္စ လိင်ဆက်ဆံခြင်း AIDS သွေးစစ်ခြင်း PrEP ချေ....
29/12/2020
HIV and Pregnancy!!!
HIV ရောဂါနှင့် ကိုယ်ဝန်ဆောင်ခြင်းအကြောင်းသိကောင်းစရာ။
HIV ရောဂါရှိကိုယ်ဝန်ဆောင်အမျိုးသမီးထံမှ မွေးလာတဲ့သန္ဓေသားကို (ကိုယ်ဝန်လွယ်ချိန်၊ မီးဖွားချိန်နှင့် မိခင်နို့တိုက်ကျွေးတဲ့အချိန်များမှာ) ရောဂါကူးစက်နိုင်ပါတယ်။ ကုလသမဂ္ဂ အစီရင်ခံစာများအရ ကမ္ဘာပေါ်မှာ နှစ်စဥ် ၁•၄ သန်းသော HIV ရောဂါသည်အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်နေရပြီး နှစ်စဥ်မွေးကင်းစကလေးငယ်ပေါင်း ၃သိန်းခန့် HIV ရောဂါကြောင့်သေဆုံး လျှက်ရှိသည်ကို သိရှိရပါတယ်။
သို့သော် "HIV ရောဂါရှိအမျိုးသမီးများ ကလေးလုံးဝမမွေးရ" ဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိပါဘူး။ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တိကျသေချာတဲ့ကုသမှုကို အချိန်မှီခံယူပါက ရောဂါကူးစက်မှုနှုန်းကို ၁၀၀% နီးပါးထိ ကာကွယ်လို့ရပါတယ်။
မိဘများလိုက်နာရမယ့် လမ်းညွှန်ချက်တချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။
HIV ရောဂါရှိအမျိုးသမီးနဲ့ ရောဂါမရှိတဲ့အမျိုးသားဆိုရင် ကိုယ်ဝန်မလွယ်ခင် ဘယ်လိုလိုက်နာဆောင်ရွက်သင့်ပါသလဲ?
HIV ရောဂါရှိအမျိုးသမီးက ART သောက်ပြီး အနည်းဆုံး ၆လ မှ၁၂လကြာ၊ သွေးထဲပိုးကောင်ရေမတွေ့ရှိရတဲ့အခြေအနေမှာ စပြီးကိုယ်ဝန်ဆောင်သင့်ပါတယ်။ အမျိုးသားများ လိင်မဆက်ဆံခင် PrEP ဆေးကို တစ်လကြိုသောက်ရမှာဖြစ်ပြီး လိင်ဆက်ဆံပြီးနောက်ထပ် တစ်လ သောက်ရမှာဖြစ်ပါတယ်။
HIV ရောဂါရှိအမျိုးသားနဲ့ ရောဂါမရှိတဲ့အမျိုးသမီးဆိုရင် ဘယ်လိုလိုက်နာဆောင်ရွက်သင့်ပါသလဲ?
ရောဂါရှိအမျိုးသားက ART ဆေးသောက်ပြီး အနည်းဆုံး ၆လမှ ၁၂လကြာ၊ သွေးထဲပိုးကောင်ရေမတွေ့ရှိရတဲ့အခြေအနေမှာ ကိုယ်ဝန်စပြီးယူသင့်ပါတယ်။ အမျိုးသမီးကို လိင်မဆက်ဆံခင် PrEP ဆေးကို တစ်လကြိုတိုက်ရမှာ ဖြစ်ပြီး လိင်ဆက်ဆံပြီး နောက်ထပ်တစ်လတိုက်ကျွေးရမှာဖြစ်ပါတယ်။
မိဘနှစ်ဦးလုံးမှာရောဂါရှိနေရင် ဘယ်လိုလိုက်နာဆောင်ရွက်သင့်ပါသလဲ?
HIV ရောဂါရှိအိမ်ထောင်သည်မိဘ၂ဦးလုံး ART သောက်ပြီး အနည်းဆုံး ၆လ မှ ၁၂လကြာ သွေးထဲပိုးကောင်ရေမတွေ့ရတဲ့ အခြေအနေမှာ ကိုယ်ဝန်စပြီးယူသင့်ပါတယ်။
ကလေးမွေးမယ်ဆိုရင် ဘာတွေလိုက်နာသင့်ပါသလဲ?
HIV ရောဂါရှိကိုယ်ဝန်ဆောင်မိခင်များဟာ သာမန်ကိုယ်ဝန်ဆောင်သည်များကဲ့သို့ ဆေးရုံဆေးခန်းများမှာ ဗိုက်ကိုအပ်နှံဖို့လိုအပ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းများမှာ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်၊ ဆရာမများနဲ့ ဗိုက်ခွဲမွေးခြင်းဖြင့် မိခင်မှ ကလေးသို့ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် HIV ရောဂါ မကူးစက်အောင်ဘာတွေလိုက်နာသင့်ပါသလဲ?
အများသိကြတဲ့အတိုင်း မွေးကင်းစကလေးငယ်များကို မိခင်နို့တိုက်ကျွေးခြင်းဟာ ရောဂါ ကူးစက်မှုကို ဖြစ်စေပါတယ်။ သို့သော် ရောဂါကူးစက်မှုမဖြစ်အောင် ကာကွယ်ရမယ့် လမ်းညွှန်ချက်တွေရှိပါတယ်။
HIV ရောဂါရှိ မိခင်က ART ဆေးကို ပုံမှန်မှီဝဲနေလျှင် သွေးထဲရှိ HIV ပိုးကောင်ရေကို ထိန်းထားနိုင်ပါတယ်။ အဲ့ဒီအခြေအနေမှာ မိခင်နို့ကနေ ကလေးဆီကို ရောဂါမကူးစက်နိုင်ပါဘူး။ နောက်ပြီးတော့ မိခင်နို့မှာ တခြားသောရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ကလေးငယ်များကို ၆လအထိ ဖြစ်နိုင်တဲ့ရောဂါများမှ ကာကွယ်ပေးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကလေးများကို မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးဖို့ လမ်းညွှန်ထားပါတယ်။
ကလေးများကိုမွေးပြီး ၆ပတ်အထိ ART ဆေးရည်ကို တိုက်ကျွေးရမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကို ၁နှစ်မှာ လုံးဝရပ်ရမှာဖြစ်ပြီး ကလေး၁နှစ်ခွဲ အရွယ်မှာ HIVရောဂါရှိမရှိ အတည်ပြုရမှာဖြစ်ပါတယ်။ ကလေးများကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ကာကွယ်ဆေးထိုးအစီအစဥ်အတိုင်း ထိုးနှံရမှာဖြစ်ပါတယ်။
အချုပ်အားဖြင့် HIV ရောဂါကို စောစောစစ်၊ ART ဆေးကို မြန်မြန်သောက်၊ ဆရာဝန်ဆရာမများ၏ လမ်းညွှန်ချက်များကို သေချာလိုက်နာလျှင် မိခင်မှကလေးသို့ ရောဂါမကူးစက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
မိခင်မှကလေးသို့HIV ရောဂါမကူးစက်အောင် ကာကွယ်ရေးစီမံချက် PMTCT ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တိုင်းနှင့်ပြည်နယ် လက်အောက်ရှိ ဆေးရုံများမှာ အခမဲ့ ပေးလျှက်ရှိပါတယ်။
မိဘပြည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
Yes Doctor
09694552066
27/11/2020
ဒီကနေ.တင်ပြဆွေးနွေးပေးမယ့်အကြောင်းအရာက HIV Viral Load Testing (ပိုးကောင်ရေစစ်ဆေးခြင်း) နှင့် အဖြေအနည်းအများပေါ်မူတည်များ ဆက်လက် လုပ်ဆောင်ရမည့်အကြောင်းအရာများကို တင်ပြဆွေးနွေးမည် ဖြစ်ပါတယ်။
၁။ ပိုးကောင်ရေစစ်ဆေးခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ?
HIV Viral load testing (ပိုးကောင်ရေ စစ်ဆေးခြင်း)ဆိုတာ သွေးထဲ HIV ပိုးကောင်ရေကို စစ်ဆေးခြင်းဖြစ်ပါတယ်။ ပိုးကောင်ရေ စစ်ဆေးခြင်းဖြင့် လူနာ၏ HIV ရောဂါအခြေအနေ နှင့် မိမိသောက်နေတဲ့ ART ဆေးများ၏ အကျိုးသက်ရောက်မှုကို သိရှိနိုင်ပါတယ်။
၂။ ပိုးကောင်ရေကို ဘယ်အချိန်စစ်ဆေးသင့်ပါသလဲ။
• ART ဆေးစမသောက်ခင် လူနာ၏ HIV ရောဂါအခြေအနေကို သိရှိဖို့ရန် CD4 နှင့်အတူ ပိုးကောင်ရေ ကိုစစ်ဆေးသင့်ပါတယ်။
• ART ဆေးသောက်ပြီး ဆေး၏ အကျိုး အာနိသင် ထိရောက်မှု ရှိမရှိ သိရှိနိုင်ရန်အတွက် ပိုးကောင်ရေကို စစ်ဆေးသင့်ပါတယ်။
• ART ဆေးတစ်မျိုးမှ အခြားတစ်မျိုးသို့ ပြောင်းရန်လိုအပ်သော အခြေအနေတွင် ဆေးအသစ်၏ အကျိုး အာနိသင် ထိရောက်မှု ကို သိရှိနိုင်ရန်အတွက် ပိုးကောင်ရေ ကို စစ်ဆေးသင့်ပါတယ်။
၃။ သွေးစစ်ဆေးပြီး ရရှိလာတဲ့ HIV viral load အဖြေကို ဘယ်လို ဖတ်ကြမှာလဲ။
• ပိုးကောင်ရေ
15/11/2020
HIV-HCV Co-infection အကြောင်းသိကောင်းစရာ။
ဒီနေ့တင်ပြဆွေးနွေးပေးမယ့် အကြောင်းအရာက HIV ရောဂါနှင့်တွဲပြီးဖြစ်တဲ့ အသည်းရောင် အသားဝါစီပိုး (နောက်ပိုင်း အသားဝါစီပိုးဟုသာ သုံးနှုံးပါမည်) HIV-HCV Coinfection အကြောင်းဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း HIV ရောဂါဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးအကြောထဲ ထိုးသွင်းခြင်းစတဲ့ သွေးမှတဆင့်ကူးစက်တတ်ပါတယ်။ အသားဝါစီပိုးကလည်း HIV ရောဂါကဲ့သို့ သွေးမှတဆင့်ကူးစက်နိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်များအရ 2019 အကုန်မှာ ကမ္ဘာပေါ်မှာ HIV ရောဂါကူးစက်ခံနေရသူ စုစုပေါင်း 38 သန်းခန့် ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ 0.24 သန်းခန့် ရှိသည်ဟုသိရှိရပါတယ်။ ခန့်မှန်းတွက်ချက်မှုများအရ HIV ရောဂါရှိလူနာများမှ 2.75 သန်းခန့်မှာ အသားဝါစီပိုးကူးစက်ခံနေရပြီး အာဖရိကနိုင်ငံများနှင့် အရှေ့တောင် အာရှနိုင်ငံများမှာ ကူးစက်မှုအများဆုံးဖြစ်နေပါတယ်။
အသားဝါစီပိုးဟာ ခန္ဓာကိုယ်ရှိ အသည်းနှင့် အခြားသော ကိုယ်တွင်းအဂ်ါများကို ဦးတည်တိုက်ခိုက်ပါတယ်။ အသည်းဆဲလ်များ ထိခိုက်ခြင်းကြောင့် အသည်းရောင်ခြင်း၊ အသည်းအင်ဇိုင်းတက်ခြင်း၊ မာတာရှည်အသည်းရောဂါဖြစ်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာသို့ပြောင်းလဲခြင်း စသော နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်လာနိုင်ပါတယ်။ HIV နှင့် အသားဝါစီပိုးရှိသူများတွင် အသည်းထိခိုက်ပျက်စီးမှုများပြားတဲ့အတွက် ရောဂါကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။
HIV ရောဂါကို DTG ပါဝင်တဲ့ ART ဆေးတွဲဖြင့် အနည်းဆုံး ခြောက်လ လောက်ကုသမှုခံယူပြီး ရောဂါထိန်းချုပ်သည့်အနေအထား (HIV Viral Load- Undetected) ရောက်မှ အသားဝါစီပိုး ကုသမှုကို စတင်သင့်ပါတယ်။ အသားဝါစီပိုးကို ကုသတဲ့ DAA ဆေးကို သုံးလသောက်ရမည်ဖြစ်ပြီး ပျောက်ကင်းနှုန်း 95% အထိရှိနိုင်ပါတယ်။ အသည်းခြောက်နေသူများက DAA ဆေးကို ခြောက်လ သောက်ရမှာဖြစ်ပြီး ပျောက်ကင်းနှုန်းကလည်း 85% လောက်သာ ရှိသည်ကို သိရှိရပါတယ်။
အများသိတဲ့အတိုင်း ART ဆေး (HIV ရောဂါကုသတဲ့ဆေး) ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခရိုင်၊မြို့နယ်၊တိုက်နယ်ဆေးရုံများမှာ အခမဲ့ရရှိနိုင်ပါတယ်။ အသားဝါစီကုသမှုကိုတော့ တိုင်းအဆင့်၊ ပြည်နယ်အဆင့်ဆေးရုံ တစ်ချို့မှာ INGO များအထောက်အပံ့ဖြင့် အခမဲ့ ကူညီပေးလျှက် ရှိနေပါတယ်။
အချုပ်အားဖြင့် အသားဝါစီပိုးဟာ ကာကွယ်ဆေးမရှိသည့်အတွက် စောစောစီးစီးကုသမှုခံယူခြင်းဖြင့် ရောဂါအရှင်းပျောက်ကင်းမည်ဖြစ်ပါတယ်။ အသည်းမပျက်စီးခင်အခြေအနေမှာ ကုသမှု ခံယူခြင်းသာလျှင် အကောင်းဆုံးဖြစ်ပြီး အသည်းပျက်စီးမှ ကုသမှုခံယူလျှင် ပျောက်ကင်းမှုနှုန်းလျော့ကျပြီး အသက်ဆုံးရှုံးမှု များမည်ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုကို စောစောသိပြီး ကုသမှုကို အမြန်ခံယူလျှင် ရောဂါပျောက်ကင်းမှုနှုန်း များပြားပြီး သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။
မိဘပြည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
Yes Doctor
09694552066
31/10/2020
#ကလေးနှင့် နားဖာချေး
🔺🔺🔺🔺🔺🔺
🔺နားဖာချေး ဘယ်လိုဖြစ်လာသလဲ။
နားလမ်းကြောင်းမှ အရေပြားတွင် မမြင်ရသော အရည်အိတ်လေးများက ပျစ်ချွဲချွဲအရည်တစ်မျိုးကို သဘာဝအလျောက်ထုတ်ပါသည်။ ထိုအရည်က ပြင်ပလေထုထဲမှ ဝင်လာသော ဖုန်မှုန့်များကို အတွင်းနားစည်ထဲမရောက်ခင် ဖမ်းယူ၍ နားဖာချေးဖြစ်လာသည်။ ကလေးနားဖာချေးအရောင်က မျိုးရိုးလိုက်၍ မေမေ (သို့) ဖေဖေ့ နားဖာချေးနှင့် ဆင်ပါလိမ့်မည်။
🔺နားဖာချေးရဲ့ အရေးပါမှု
နားဖာချေးက ပြင်ပမှ ဝင်လာသော ဖုန်နှင့် အခြားအန္တရာယ်များကို နားတွင်းမှ နားစည်နှင့် မထိတွေ့အောင် ကြားခံပေးသည်။
နားဖာချေးက အက်ဆစ်ဓာတ်ဖြစ်၍ နားလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးများ ကြီးထွားမှုကို ဖျက်ဆီးပြီး နားစည်မရောင်အောင် ကာကွယ်ပေးသည်။
နားဖာချေးက အက်ဆစ်ဓာတ်ဖြစ်၍ နားတွင်း ရေဝင်ပါများသောသူများတွင် ဖြစ်တတ်သော မှိ ုစွဲခြင်းကို ကာကွယ်ပေးနိုင်သည်။
နားဖာချေးတွင် အဆီဓာတ်ပါ၍ နားလမ်းကြောင်းတွင်း မတော်တဆဝင်လာသောရေကို အရေပြားတွင်းစိမ့်ဝင်ခြင်းမရှိအောင်ကာကွယ်ပေးသည်။ ထို့ကြောင့် တခါတရံ နားထဲသို့ ရေမတော်တဆဝင်သွားလျှင် အတွင်းကို စိမ့်မဝင်သွားဘဲ အပြင်သို့ လျှံထွက်လာပါသည်။
🔺နားဖာချေး ကော်ဖို့လိုလား။
နားလမ်းကြောင်းမှ အရေပြား၏ အပေါ်ဆုံးလွှာက သဘာဝအလျောက် အသစ်လဲလျှင် နားဖာချေးကို အပြင်သို့တွန်းထုတ်၍ နားဖာချေးက နားဝရောက်လာကာ ထွက်ကျလာပါလိမ့်မည်။
နားကြပ်တံ ဂွမ်းချောင်းသုံး၍ ဖယ်ရှားဖို့ကြိုးစားလျှင် နားဖာချေးကို နားတွင်းသို့ တွန်းထည့်သလိုဖြစ်ပြီး နားစည်ဖိမိနိုင်ပါသည်။ ကလေးနာလိမ့်မည်။
ဆံညှပ်ကလစ်များ၊ နားကော်တံများနှင့် နားဖာချေးကို ဖယ်ရှားဖို့ကြိုးစားလျှင် ကလေးရုန်းသည်နှင့် နားစည်ထိခိုက်နိုင်၊ နားစည် ပေါက်နိုင်ပါသည်။
🔺နားသန့်ရှင်းရေး ဘယ်လိုလုပ်မလဲ။
ရေချိုးပေးလျှင် "နားရွက်"၏အတွင်းအပြင်ကို (နားတွင်းပြင်မဟုတ်ပါ) အဝတ်ရေစိုနှင့် သုတ်ပေးလျှင် လုံလောက်ပါသည်။
ရေပက်ခြင်း၊ ရေလောင်းခြင်းမပြုပါနှင့်။
တစ်လတစ်ကြိမ် စစ်ဆေးသည့်အနေနှင့် နားရွက်ကလေးကို အပေါ်ဘက်၊ အနောက်ဘက် ဖြည်းဖြည်းဆွဲမ၍ ကလေး၏ နားထဲချောင်းကြည့်ပါ။ နားဖာချေးက နားလမ်းကြောင်းကို မမြင်ရလောက်အောင် ပိတ်ဆို့မနေလျှင် သဘာဝအတိုင်းထွက်လာဖို့သာ စောင့်ပါ။
🔺နားဖာချေး ပိတ်ဆို့သော်
အချို့ကလေးများက ပုံမှန်ထက် နားဖာချေးပိုထွက်လျှင်၊ နားလမ်းကြောင်းက ပုံမှန်ထက် ပိုကျဉ်းလျှင်၊ နားကြားကိရိယာတပ်ရလျှင် နားဖာချေးက အပြင်သို့ အလိုလိုထွက်လာရမည့်အစား အတွင်းတွင် ပိတ်ဆို့မှုလွန်ကဲပြီး နားကြားမှု အခက်အခဲ ယာယီရှိနိုင်သည်။ ကလေးက နားကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နားထဲ ပြည့်တင်းနေခြင်း၊ နားအူခြင်းတို့ ခံစားရနိုင်သည်။
ထိုပြဿနာ ဖြစ်သော် နားဖာချေးအခဲ ပျော်ကျလာစေရန် သံလွင်ဆီ (သို့) Waxsol, Cerumol စသော ဆေးရည်စက်ကို နားထဲ ညဘက်ထည့်ပေးပါ။ ထည့်ပြီးလျှင် ၅-၁၀ မိနစ် ခေါင်းစောင်းထားခိုင်းပါ။ အများအားဖြင့် ၁ ရက်မှ ၃ ရက်လောက်ထည့်ပေးလျှင် နားဖာချေးက အပြင်သို့ပျော်ပြီး ထွက်ကျလာပါလိမ့်မည်။
26/07/2020
အသက်၂နှစ်အရွယ် ကတည်းက ART သောက်လာသူတစ်ယောက်ပါ။ အခုအချိန် နေကောင်းကျန်းကျန်းမာမာနဲ့ လူ့ဘဝကို ပုံမှန်ကိုဖြတ်သန်းနေသူပါ။ ဆေးသောက်မပျင်းကြပါနဲ့။
Credit # # #
27/06/2020
HIV ရောဂါရှိလူနာနှင့် မိသားစုဝင်များ ဆောင်ရန် ရှောင်ရန် လမ်းညွှန်ချက်များ။
HIV ရောဂါရှိသူတစ်ယောက်အတွက် မိသားစုများရဲ့ နွေးထွေးစွာ အားပေးကူညီထောက်ပံ့မှုဟာ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်။ မိသားစုဝင်များ ရောဂါနှင့်ပတ်သက်ပြီး အသိအမြင် ဗဟုသုတမရှိခဲ့လျှင် ကူညီဖေးမဖို့ ကြောက်လန့်တွန့်ဆုတ် တတ်ကြပါတယ်။ ဒီကနေ့ HIV ရောဂါရှိသူများနှင့် ပြုစုစောင့်ရှောက်မည့်သူများ ဆောင်ရန်ရှောင်ရန်များကို အဓိကထားဆွေးနွေးပေးပါမယ်။ ဖော်ပြပေးမည့် လမ်းညွှန်ချက်များကို သေချာသဘောပေါက်ပြီး နည်းလမ်းမှန်ကန်စွာ ကူညီပေးခြင်းဖြင့် HIV ရောဂါရှိသူများ ရုပ်ရောစိတ်ပါ ကျန်းမာလာပြီး လူ့သက်တမ်းစေ့နေနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။
၁။ HIV ရောဂါရှိမှန်း သိသည်နှင့် တပြိုင်နက် အမြန်ဆုံး ဆေးကုသမှုခံယူပါ။ မိသားစုဝင်များမှ ဆေးဝါးကုသမှုကို ခံယူနိုင်အောင် လိုအပ်တဲ့ အကူအညီများပေးပေးပါ။ HIV ကို အမြန်ဆုံး ကုသမှုခံယူခြင်းဖြင့် ရောဂါလက္ခဏါများသက်သာလာပြီး ကိုယ်ခံအားတက်လာမှာဖြစ်ပါတယ်။ တပြိုင်နက်တည်း ပိုးကောင်ရေလည်း ကျလာပြီး တခြားသူများထံ ရောဂါကူးစက်မှုကိုလည်း ကာကွယ်ပေးပါတယ်။
၂။ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးပါ။ ကွန်ဒုံးသုံးခြင်းဖြင့် HIV ရောဂါ၊ လိင်မှတဆင့်ကူးစက်တတ်သော ကာလသားရောဂါအပါအဝင်တခြားသော ကူးစက်ရောဂါများကို ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်မရအောင်လည်း ကာကွယ်ပေးပါတယ်။ ART ဆေးသောက်ပြီး ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလျှင် ဆေးယဥ်ပါးဖြစ်နိုင်သလို တခြားသူများကိုလည်း ဆေးယဥ်ပါးနေတဲ့ ရောဂါပိုးကူးစက်သွားနိုင်ပါတယ်။
၃။ တကိုယ်ရေ အသုံးအဆောင်များဖြစ်သည့် လက်သည်းညှပ်၊ မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံများကို တခြားသူများနှင့် မျှဝေသုံးစွဲခြင်း လုံးဝမပြုလုပ်ရ။
၄။ မက်ခလောင်ခြစ်ခြင်း (ရှားခြစ်ခြင်း)၊ လက်ထိပ်သွေးဖောက်ခြင်း၊ အပ်စိုက်ကုသခြင်း အစရှိသော ရိုးရာဆေးကုသနည်းများကို ရှောင်ကြဥ်ပါ။
၅။ ခြင်ကိုက်ခြင်းကြောင့် HIV ရောဂါတော့ မကူးစက်နိုင်ပါဘူး။ HIV ရောဂါကြောင့် ကိုယ်ခံအားနည်းနေတဲ့အတွက် ခြင်ကိုက်တဲ့အဖုသေးသေးလေးမှတဆင့် ကုတ်ရင်းကုတ်ရင်းဖြင့် အနာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအတွက် ကြောင့် ခြင်အကိုက်မခံပါနှင့်။
၆။ ထိခိုက်ဒဏ်ရါ မရအောင် သေချာဂရုစိုက်ပါ။ ဒဏ်ရါအနာတရဖြစ်ခဲ့လျှင် ဆေးကုသမှုကို အမြန်ခံယူပါ။ ဖြစ်နေတဲ့နေရာကို တခြားသူများနှင့် ထိတွေ့မှု မရှိအောင် ပတ်တီးစီးခြင်း၊ ပလတ်စတာဖြင့်အုပ်ခြင်းများကို ပြုလုပ်ထားသင့်ပါတယ်။
၇။ တစ်ကိုယ်ရေသန့်ရှင်းမှု အထူးဂရုစိုက်ပါ။ အစာမစားမှီနှင့် အစားစားပြီးချိန်များ၊ အညစ်အကြေးများနှင့် ထိတွေ့ပြီးချိန်နှင့် အိမ်သာတက်ပြီးချိန်များတွင် လက်ကို ဆပ်ပြာဖြင့် သေချာစင်ကြယ်အောင် ဆေးကြောပါ။
၈။ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအသောက်များကို အိမ်မှာဘဲ စီမံချက်ပြုတ်စားသောက်သင့်ပါတယ်။ မိမိစားမည့် အစားအသောက်များတွင် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်များနှင့် သတ္ထုဓာတ်များစုံစုံလင်လင်ပါဝင်အောင် စီမံထားပါ။ အမှည့်လွန်အသီးများ၊ အရွက်စိမ်းများ၊ သေချာနူးအောင် မချက်ထားသည့် အသားငါးများ၊ အသားစိမ်းများ၊ ကြက်ဥစိမ်းများကို မစားသင့်ပါ။
၉။ ခွေး၊ကြောင်၊ခို အစရှိသော အိမ်မွေးတိရိစ္ဆာန်များနှင့် ခပ်ဝေးဝေးနေပါ။ တိရိစ္ဆာန်များ၏အမွေးအမှင်များ နှင့် မစင်များ၊ ကျဥ်ငယ်ရေများမှတဆင့် ဓာတ်မတည့်ခြင်း တခြားသော ရောဂါများကူးစက်နိုင်ပါတယ်။
၁၀။ သင့်တင့်မျှတတဲ့ သွေးပူလေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ၈နာရီလောက် အိပ်စက်အနားယူသင့်ပါတယ်။
၁၁။ အရက်၊ဆေးလိပ်၊ ကွမ်းယာအပါအဝင် မူးယစ်ဆေးဝါးများသုံးစွဲခြင်းကို လုံးဝ မပြုလုပ်သင့်ပါ။
၁၂။ လူစုလူဝေးရှိနေနိုင်သည့် နေရာများသို့ သွားရောက်လည်ပတ်ခြင်းကိုရှောင်ကြဥ်ပါ။ လူအုပ်စုများထဲတွင် တီဘီရောဂါရှိနေသူများ၊ ရာသီတုပ်ကွေးရှိနေသူများ ရှိနေနိုင်ပြီး ကိုယ်ခံအားနည်းနေသူများထံသို့ ရောဂါများအလွယ်တကူကူးစက်နိုင်ပါတယ်။
၁၃။ နေထိုင်မကောင်းဖြစ်လို့ဆေးခန်းပြလျှင် မိမိမှာ HIV ရောဂါရှိနေကြောင်း ဆရာဝန်ကို ပြောပြပါ။ ဆေးထိုးခြင်းကို အတတ်နိုင်ဆုံးရှောင်ပြီး သောက်ဆေးဖြင့် သက်သာအောင်ပြုလုပ်သင့်ပါတယ်။ တိုင်းရင်းဆေးများကို လုံးဝ အသုံးမပြုပါနှင့်။ တခြားရောဂါများရှိပြီး ဆေးကို စွဲစွဲမြဲမြဲသောက်ဖို့လိုပါက ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။
၁၄။ အပြုသဘောဆောင်သည့် စိတ်ကိုမွေးပါ။ မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများနှင့် ပုံမှန်တွေ့ဆုံပါ။ စိတ်ချမ်းသာမှု ရစေရန် မိမိဝါသနာပါသည့် စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂီတတူရိယာတီးမှုတ်ခြင်း၊ ဥယျာဥ်ခြံစိုက်ပျိုးခြင်းများကို ပုံမှန်ပြုလုပ်ပေးပါ။
၁၅။ မိမိကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုဆုတောင်းခြင်း၊ မေတ္တာပို့ခြင်း၊ကျမ်းစာအုပ်များဖတ်ခြင်း၊ တရားတော်များကို နာခံခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် စိတ်တည်ငြိမ်ချမ်းသာမှုကို ရယူပါ။
မိဘပြည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
Yes Doctor
09694552066
12/06/2020
HIV ရောဂါရှိလူနာအများစု သောက်နေတဲ့ COTRI သို့မဟုတ် SEPTRIN ဆေးအကြောင်း သိကောင်းစရာ။
SEPTRIN ဆေးဟာ HIV ရောဂါရှိသူများအတွက် အင်မတန်မှ အရေးပါတဲ့ ဆေးဖြစ်ပါတယ်။ HIV ရောဂါရှိသူများ SEPTRIN ဆေးကို အခွင့်အရေးယူရောဂါကာကွယ်ရန်နှင့် ကုသရန်အတွက် အသုံးပြုနေကြရပါတယ်။ သုတေသနများအရ HIV ရောဂါရှိသူများ SEPTRIN ဆေးကို ပုံမှန်သောက်ပေးခြင်းဖြင့် အခြားသော အခွင့်အရေးယူရောဂါများမဖြစ်အောင် ကာကွယ်ပေးပြီး HIV ကြောင့် အသက်သေဆုံးမှုကို လျော့ချပေးတယ်လို့ သိရှိရပါတယ်။
SEPTRIN ဆေးဆိုတာ SULPHAMETHOXAZOLE နှင့် TRIMETHOPRIM (5:1) တို့ပါဝင်ပေါင်းစပ်ထားပြီး COTRIMOXAZOLE (အတိုကောက် COTRI) လို့ခေါ်တဲ့ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ (SEPTRIN နာမည်က ဆေးရဲ့ TRADE NAME ဖြစ်ပါတယ်။ အခုဆောင်းပါးမှာ COTRI နဲ့ SEPTRIN ဆိုတဲ့နာမည်၂မျိုးလုံးကို အဆင်ပြေသလို သုံးပါမယ်)။ HIV ရောဂါရှိလူနာများမှာ SEPTRIN ဆေးသောက်ခြင်းဖြင့် ဘက်တီးရီးယားရောဂါများ၊ မှိုရောဂါများနှင့် ငှက်ဖျားရောဂါအပါအဝင် တခြားသော Protozoal ရောဂါများကိုလည်း ကာကွယ်ပေးသည့်အပြင် ကိုယ်ခံအားနည်းနေသူများတွင် တွေ့နိုင်သော P*P Pneumonia လို့ခေါ်တဲ့ အဆုပ်ရောင်ရောဂါ၊ Toxoplamosos လို့ခေါ်တဲ့ ဦးနှောက်မှာဖြစ်တဲ့ ရောဂါများကုသနိုင်ပါတယ်။
SEPTRIN ဆေးကို HIV ရောဂါရှိသူတိုင်းတော့ ကာကွယ်ဆေးအနေဖြင့် သောက်စရာမလိုပါဘူး။ ၅နှစ်အထက်မှစပြီး လူကြီးလူငယ်အားလုံး ကိုယ်ခံအား (350အောက်)၊ ရောဂါအဆင့်၃ နှင့် ၄ရှိနေသူများ သောက်ဖို့လိုအပ်ပါတယ်။ မွေးကင်းစကလေးငယ်များနှင့် ၅နှစ်အောက်ကလေးငယ်များအားလုံး SEPTRIN ဆေးကိုကာကွယ်ဆေးအဖြငစ်တိုက်ကျွေးဖို့လိုအပ်ပါတယ်။
ကာကွယ်ဆေးအနေဖြင့်လူကြီးများကို COTRI 480mg 2လုံး သို့မဟုတ် COTRI 960mg 1လုံးကိုနေ့စဥ်သောက်ရပါမယ်။ မွေးကင်းစကလေးများအပါအဝင် ကလေးငယ်များကို ကိုယ်အလေးချိန်အချိုးအစားအတိုင်း ဆေးတိုက်ရမှာဖြစ်ပါတယ်။ P*P Pneumonia ရောဂါနှင့် Toxoplasmosis ရောဂါရှိသူများ COTRI HIGH DOSE တိုက်ကျွေးရမှာဖြစ်ပါတယ်။
၅နှစ်အထက်ကလေးငယ်များနှင့် လူကြီးများ ဆေးသောက်ပြီး အနည်းဆုံးတစ်နှစ်အကြာ ကိုယ်ခံအားတက်လာမှ COTRI ဆေးကိုရပ်ရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် CD4 350အထက် ၂ကြိမ် (အနည်းဆုံး ၆လခြား) တက်လာလျှင် ဆေးကိုရပ်ရမှာဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်များ HIV ရောဂါအတည်ပြုစစ်ဆေးပြီးလျှင်ဆေးကို ရပ်ရပါတယ်။ HIV ရောဂါရှိ ၅နှစ်အောက်ကလေးငယ်များ ART ဆေးသောက်နေတဲ့ ကာလပတ်လုံး COTRI ဆေးကို တိုက်ကျွေးရမှာပါ။
COTRI ဆေးသောက်ခြင်းဖြင့် တချို့သောလူနာများမှာ ဘေးထွက်ဆိုးကျိုးဖြစ်တတ်ပါတယ်။ အတွေ့ရများသောဘေးထွက်ဆိုးကျိုးမှာဓာတ်မတည့်ပြီး ယားယံခြင်းဖြစ်ပါတယ်။ အနည်းအကျဥ်းယားယံမှုများအတွက် CETRIZINE ကဲ့သို့သော အယားသက်သာတဲ့ဆေးသောက်လျှင် သက်သာနိုင်ပေမယ့် အဖုအပိန့်များထွက်လာပါက ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့လိုအပ်ပါတယ်။ အဆိုးဝါးဆုံး အနေဖြင့် Stephen Johnson Syndrome (SJ $) ကဲ့သို့သောရောဂါများဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး COTRI ဆေးကိုရပ်ရမှာဖြစ်ပါတယ်။ DESENSITIZATION ကို ဆရာဝန်ရဲ့ ညွန်ကြားချက်အတိုင်း လုပ်ရမှာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာမဖြစ်မှ COTRI ဆေးကိုဆက်ပြီးသောက်သင့်ပါတယ်။ ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်လို့ဆေးရပ်ခဲ့လျှင် အစားထိုးအနေဖြင့် DAPSONE ဆေးကိုပေးရမှာဖြစ်ပါတယ်။
အခြားဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက သွေးအားနည်းခြင်း၊ အသည်းရောင်ခြင်း၊ သွေးထဲပိုတက်ဆီယမ်ဓာတ်များခြင်း၊ ကျောက်ကပ်အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်းတို့ဖြစ်ပါတယ်။
SEPTRIN ဆေးကို SULPHA အုပ်စုဆေးများနှင့်မတည့်သူများ မသောက်သင့်ပါ။ ကျောက်ကပ်အားနည်းခြင်းမဖြစ်အောင် SEPTRIN ဆေးသောက်လျှင် ရေများများသောက်ဖို့လိုအပ်ပါတယ်။ G6PD အင်ဇိုင်းချို့တဲ့သူများ SEPTRIN ဆေးမသောက်သင့်ပါ။ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ COTRI ဆေးသောက်ဖို့လိုအပ်လျှင် ဆရာဝန်နဲ့ တိုင်အင်ဆွေးနွေးသင့်ပါတယ်။ WARFARIN ကဲ့သို့ သွေးကျဲဆေးသောက်နေသူများ COTRI ဆေးသောက်ဖို့လိုအပ်လျှင်ကုသပေးတဲ့ ဆရာဝန်ရဲ့ အတည်ပြုချက် ရယူရမှာဖြစ်ပါတယ်။
မိဘပြည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
Yes Doctor
09694552066
04/06/2020
CD4 စစ်ဆေးခြင်းအကြောင်းသိကောင်းစရာ။
CD4 က ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် အခြားသောရောဂါပိုးများကိုတိုက်ထုတ်ပေးတဲ့ ခန္ဓာကိုယ်မှထုတ်ပေးသော သွေးဖြူဥ ဆဲလ်တစ်မျိုးဖြစ်ပါတယ်။ HIV လူနာများကို CD4 စစ်ဆေးပေးခြင်းဖြင့် ကိုယ်ခံအားဘယ်လောက်ရှိနေပြီလဲ၊ခန္ဓာကိုယ်ထဲ ဘာရောဂါတွေရှိနေနိုင်သလဲ၊ ART ဆေးမစခဲ့လျှင်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြသနာများကို ခန့်မှန်းလို့ရပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့မှ HIV ရောဂါရှိသူများ CD4 ဘယ်လောက်ဘဲရှိပါစေ ART ဆေးတိုက်ကျွေးဖို့ လမ်းညွှန်ထားပါတယ်။ ART ဆေးသောက်ခြင်းဖြင့် ကိုယ်ခံအားတက်လာကာ ရောဂါလက္ခဏါများသက်သားလာပြီး ကျန်းကျန်းမာမာနှင့် လူ့သက်တမ်းစေ့နေနိုင်မှာ ဖြစ်ပါတယ်။
HIV ဗိုင်းရပ်စ်ပိုးဟာ CD4 ဆဲလ်ထဲဝင်ပြီးသူ့ရဲ့အစိတ်အကိုင်းတစ်ခုအနေနဲ့ရှိနေကာ CD4 ဆဲလ်ကို ဦးတည်ပြီးတိုက်ခိုက်ပါတယ်။ အဲ့ဒီအခြေအနေမှာ ကိုယ်ခံအားလျော့နည်းလာပြီး ဗိုင်းရပ်စ်ပိုးဟာ ပိုပိုပြီးပွါးများလာကာ အခွင့်အရေးယူရောဂါများ (Opportunistic Infections) ဝင်လာနိုင်ပါတယ်။
သာမန်လူတစ်ယောက်မှာ CD4 က 500-1400 cells/cubic mm ရှိနိုင်ပါတယ်။ HIV ရောဂါရှိသူများမှာ CD4 တဖြည်းဖြည်းကျလာပြီး 200 အောက်ရောက်ရင် အန္တရာယ်ရှိတဲ့ ရောဂါများ ဝင်လာကာ အသက်ဆုံးရှုံးနိုင်ပါတယ်။ တချို့သော HIV ရောဂါရှိလူနာများမှာ CD4 နည်းနေသော်လည်း ရောဂါလက္ခဏါတစ်စုံတစ်ရာမျှ ပြသခြင်း မရှိပါဘူး။ ထိုကဲ့သို့သောလူနာများမှာ ရှိနေတဲ့ ကိုယ်ခံအားများဟာ ရောဂါပိုးများကို တန်ပြန်တိုက်ထုတ်ပေးနိုင်တဲ့ စွမ်းအားမရှိပါဘူး။ ၄င်းလူနာများဟာဆေးဝါးကုသမှုကို အချိန်မှီ မခံယူပါက အသက်ဆုံးရှုံးနိုင်ပါတယ်။
CD4 ကို HIV လူနာများမှာ ART ဆေး မစခင်နှင့် ART ဆေးသောက်ပြီး ရှိနေတဲ့ OI ရောဂါပေါ်မူတည်ပြီး အနည်းဆုံး နှစ်ကြိမ် စစ်ဆေးရမှာဖြစ်ပါတယ်။ ဆေးသောက်ပြီး ကိုယ်ခံအား CD4 တက်လာလျှင် ရောဂါကာကွယ် ဆေးများကို ရပ်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးရပ်ပြီးတော့ CD4 ကိုပုံမှန်စစ်ဆေးစရာ မလိုဘဲ ဆရာဝန်ရဲ့ ညွှန်ကြားချက်ရှိမှသာ စစ်ဆေးရမှာဖြစ်ပါတယ်။
အထက်မှာပြောထားတဲ့အတိုင်း ART ဆေးပုံမှန်သောက်လျှင် CD4 တက်လာမှာဖြစ်ပါတယ်။ အကယ်၍ဆေးကိုပုံမှန်သောက်နေရဲ့သားနဲ့ CD4ဟာ နဂိုအဖြေအောက်ရောက်ခဲ့ရင်တော့ ဆေးယဥ်ပါးနေပြီလားဆိုပြီးသတိချပ်သင့်ပါတယ်။ အဲ့ဒီလိုဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
HIV ကြောင့်မဟုတ်ဘဲ တခြားသောအခြေအနေများဖြစ်တဲ့ တုပ်ကွေးရောဂါ၊ အဆုပ်ရောင်နမိုးနီးယားရောဂါဖြစ်နေချိန်၊ ပါးစပ်ထဲရေယုန်ပေါက်နေချိန်၊ ကင်ဆာဆေးသွင်းနေတဲ့အချိန်များမှာလည်း CD4 ဟာပုံမှန်ထက်ကျတတ်ပါတယ်။ အဲ့ဒီအခြေအနေမျိုးမှာ CD4 မစစ်ဘဲ ရောဂါသက်သာမှ စစ်ဆေးလျှင်အဖြေမှန်ရနိုင်ပါတယ်။
မိဘပြည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
Yes Doctor
09694552066
30/05/2020
HIV ရောဂါနှင့် ကိုယ်ဝန်ဆောင်ခြင်းအကြောင်းသိကောင်းစရာ။
HIV ရောဂါရှိကိုယ်ဝန်ဆောင်အမျိုးသမီးထံမှ မွေးလာတဲ့သန္ဓေသားကို (ကိုယ်ဝန်လွယ်ချိန်၊ မီးဖွားချိန်နှင့် မိခင်နို့တိုက်ကျွေးတဲ့အချိန်များမှာ) ရောဂါကူးစက်နိုင်ပါတယ်။ ကုလသမဂ္ဂ အစီရင်ခံစာများအရ ကမ္ဘာပေါ်မှာ နှစ်စဥ် ၁•၄ သန်းသော HIV ရောဂါသည်အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်နေရပြီး နှစ်စဥ်မွေးကင်းစကလေးငယ်ပေါင်း ၃သိန်းခန့် HIV ရောဂါကြောင့်သေဆုံး လျှက်ရှိသည်ကို သိရှိရပါတယ်။
သို့သော် "HIV ရောဂါရှိအမျိုးသမီးများ ကလေးလုံးဝမမွေးရ" ဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိပါဘူး။ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တိကျသေချာတဲ့ကုသမှုကို အချိန်မှီခံယူပါက ရောဂါကူးစက်မှုနှုန်းကို ၁၀၀% နီးပါးထိ ကာကွယ်လို့ရပါတယ်။
မိဘများလိုက်နာရမယ့် လမ်းညွှန်ချက်တချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။
HIV ရောဂါရှိအမျိုးသမီးနဲ့ ရောဂါမရှိတဲ့အမျိုးသားဆိုရင် ကိုယ်ဝန်မလွယ်ခင် ဘယ်လိုလိုက်နာဆောင်ရွက်သင့်ပါသလဲ?
HIV ရောဂါရှိအမျိုးသမီးက ART သောက်ပြီး အနည်းဆုံး ၆လ မှ၁၂လကြာ၊ သွေးထဲပိုးကောင်ရေမတွေ့ရှိရတဲ့အခြေအနေမှာ စပြီးကိုယ်ဝန်ဆောင်သင့်ပါတယ်။ အမျိုးသားများ လိင်မဆက်ဆံခင် PrEP ဆေးကို တစ်လကြိုသောက်ရမှာဖြစ်ပြီး လိင်ဆက်ဆံပြီးနောက်ထပ် တစ်လ သောက်ရမှာဖြစ်ပါတယ်။
HIV ရောဂါရှိအမျိုးသားနဲ့ ရောဂါမရှိတဲ့အမျိုးသမီးဆိုရင် ဘယ်လိုလိုက်နာဆောင်ရွက်သင့်ပါသလဲ?
ရောဂါရှိအမျိုးသားက ART ဆေးသောက်ပြီး အနည်းဆုံး ၆လမှ ၁၂လကြာ၊ သွေးထဲပိုးကောင်ရေမတွေ့ရှိရတဲ့အခြေအနေမှာ ကိုယ်ဝန်စပြီးယူသင့်ပါတယ်။ အမျိုးသမီးကို လိင်မဆက်ဆံခင် PrEP ဆေးကို တစ်လကြိုတိုက်ရမှာ ဖြစ်ပြီး လိင်ဆက်ဆံပြီး နောက်ထပ်တစ်လတိုက်ကျွေးရမှာဖြစ်ပါတယ်။
မိဘနှစ်ဦးလုံးမှာရောဂါရှိနေရင် ဘယ်လိုလိုက်နာဆောင်ရွက်သင့်ပါသလဲ?
HIV ရောဂါရှိအိမ်ထောင်သည်မိဘ၂ဦးလုံး ART သောက်ပြီး အနည်းဆုံး ၆လ မှ ၁၂လကြာ သွေးထဲပိုးကောင်ရေမတွေ့ရတဲ့ အခြေအနေမှာ ကိုယ်ဝန်စပြီးယူသင့်ပါတယ်။
ကလေးမွေးမယ်ဆိုရင် ဘာတွေလိုက်နာသင့်ပါသလဲ?
HIV ရောဂါရှိကိုယ်ဝန်ဆောင်မိခင်များဟာ သာမန်ကိုယ်ဝန်ဆောင်သည်များကဲ့သို့ ဆေးရုံဆေးခန်းများမှာ ဗိုက်ကိုအပ်နှံဖို့လိုအပ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းများမှာ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်၊ ဆရာမများနဲ့ ဗိုက်ခွဲမွေးခြင်းဖြင့် မိခင်မှ ကလေးသို့ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် HIV ရောဂါ မကူးစက်အောင်ဘာတွေလိုက်နာသင့်ပါသလဲ?
အများသိကြတဲ့အတိုင်း မွေးကင်းစကလေးငယ်များကို မိခင်နို့တိုက်ကျွေးခြင်းဟာ ရောဂါ ကူးစက်မှုကို ဖြစ်စေပါတယ်။ သို့သော် ရောဂါကူးစက်မှုမဖြစ်အောင် ကာကွယ်ရမယ့် လမ်းညွှန်ချက်တွေရှိပါတယ်။
HIV ရောဂါရှိ မိခင်က ART ဆေးကို ပုံမှန်မှီဝဲနေလျှင် သွေးထဲရှိ HIV ပိုးကောင်ရေကို ထိန်းထားနိုင်ပါတယ်။ အဲ့ဒီအခြေအနေမှာ မိခင်နို့ကနေ ကလေးဆီကို ရောဂါမကူးစက်နိုင်ပါဘူး။ နောက်ပြီးတော့ မိခင်နို့မှာ တခြားသောရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ကလေးငယ်များကို ၆လအထိ ဖြစ်နိုင်တဲ့ရောဂါများမှ ကာကွယ်ပေးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကလေးများကို မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးဖို့ လမ်းညွှန်ထားပါတယ်။
ကလေးများကိုမွေးပြီး ၆ပတ်အထိ ART ဆေးရည်ကို တိုက်ကျွေးရမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကို ၁နှစ်မှာ လုံးဝရပ်ရမှာဖြစ်ပြီး ကလေး၁နှစ်ခွဲ အရွယ်မှာ HIVရောဂါရှိမရှိ အတည်ပြုရမှာဖြစ်ပါတယ်။ ကလေးများကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ကာကွယ်ဆေးထိုးအစီအစဥ်အတိုင်း ထိုးနှံရမှာဖြစ်ပါတယ်။
အချုပ်အားဖြင့် HIV ရောဂါကို စောစောစစ်၊ ART ဆေးကို မြန်မြန်သောက်၊ ဆရာဝန်ဆရာမများ၏ လမ်းညွှန်ချက်များကို သေချာလိုက်နာလျှင် မိခင်မှကလေးသို့ ရောဂါမကူးစက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
မိခင်မှကလေးသို့HIV ရောဂါမကူးစက်အောင် ကာကွယ်ရေးစီမံချက် PMTCT ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တိုင်းနှင့်ပြည်နယ် လက်အောက်ရှိ ဆေးရုံများမှာ အခမဲ့ ပေးလျှက်ရှိပါတယ်။
မိဘပြည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
Yes Doctor
09694552066
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon