MOTI Collection
Classic and Confidence
01/01/2025
Welcome 2025
Happy New Year for all
နှစ်သစ်ကူးအခါသမယတွင်မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး 2025 နှစ်သစ်မှ အစပြုကာ ချစ်ခင်သူတွေနဲ့အတူ ဘေးဘယာဝေးကွာ၊စီးပွါးလာဘ်လာဘများတိုးတက်ကြပါစေကြောင်း၊ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း "MOTI Collection "မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏
collection
30/11/2024
အမြန်ခေါ်မည်။
📢 အတွေ့အကြုံမလို ပညာအရည်အချင်းမလိုဘဲ အလုပ်လုပ်လို့ရနေပါပြီ။
MOTI COLLECTION တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအလိုရှိသည်။
✅ မော်တာစက်ချုပ်နိုင်ရမည်
✅ လူဦးရေအကန့်အသတ်ရှိသည့်အတွက် အရင်လျှောက်ထားသူကို ဦးစားပေးမည်။
လျှောက်ထားသူများသည်
♦️ပညာအရည်အချင်းမလိုပါ ကြိုးစားချင်စိတ်သာလိုပါသည်။
♦️အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိသူဖြစ်ရမည်။
♦အလုပ်ချိန် မနက် ၉နာရီ မှ ညနေ ၆နာရီ ထိ
မနက်စာ ထမင်း ကျွေးမည်။
♦တနဂ်နွေတရက်ပိတ်မည်။
♦️အချိန်ပိုရှိပါက ဆင်းရပါမယ်။
♦️ တထည်လုံး ပိုင်နိုင်စွာ ချုပ်နိုင်ရမည်။
♦️အနည်းဆုံး ၃လ လုပ်နိုင်ရမည် ။
♦အထည်အရည်တွက်ပေါ် မူတည်ပြီး လစဥ်ဘောနပ်ရှိမည်။
**နေစားငြိမ်းနေထိုင်အလုပ်လုပ်မည့်လူကိုဦးစားပေးခေါ်မည်။
Ph 09754614784 ကိုဆက်သွယ်မေးမြန်လို့ရပါတယ်ရှင့်
📌လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက
🏠🏠🏠 အမှတ်၈၄ မြင်သာ(၇)လမ်း စီမံကိန်းမှတ်တိုင်အနီး တောင်ဥက္ကလာပမြို့နယ်။
27/11/2024
Moti ရော မရောင်းတော့တာလား "page မှာသိပ်မတင်ဘူးနော်”ရောင်းတာမတွေ့လို့ ဆိုသူများရှင့်……
🤷🏻♀️🤷🏻♀️🤷🏻♀️🤷🏻♀️🤷🏻♀️လက်ရှိအချိန်ထိ moti မှထွက်သောဒီဇိုင်းသစ်များကိုသုဝဏ္ဏဆိုင်ခွဲနှင့်တောင်ဥက္ကလာဆိုင်တွင်စျေးနှုန်းသက်သာစွာ Qualtily ကောင်းကောင်းဖြင့် ပုံမှန်ရောင်းချပေးလျက်ရှိပါသည် ဖြစ်ပေါ်နေသော ကာလအခြေအနေများကြောင့် မိဘပြည်သူများကိုအားမနာတမ်းလိုင်းပေါ်မရောင်းရခြင်း ဖြစ်ပါတယ်ရှင့်….(မည်သူတစ်ဦးတစ်ယောက်ကိုမျှရည်ညွှန်းခြင်းမဟုတ်ပါ) 2022 မှစ၍လက်ရှိချိန်ထိတစ်စိုက်
မတ်မတ်အားပေးကြသူများကြောင့်သာယခုလိုရပ်တည်နိုင်ခြင်းဖြစ်ပါတယ်….ကိုယ်ပိုင်ဒီဇိုင်းကိုယ်ပိုင် print ဖြစ်သည့်အတွက် moti brand ကိုဂုဏ်ယူစွာဝတ်ဆင်နိုင်အောင် moti team မှအ
ကောင်းဆုံးကြိုးစားပေးလျက်ရှိပါသည်။ချည်ချင်းတူရင်တောင်သက်တောင့်သက်တာရှိတာချင်းမတူ…သက်တောင့်သက်သာရှိရင်တောင်မိမိနှင့်လိုက်ဖက်သောဒီဇိုင်းကိုပေါ့ပါးစွာဝတ်ရသော စိတ်လွတ်လပ်မှု၊စိတ်ကျေနပ်မှုကိုပေးသော moti အထည်လေးများကိုလာရောက်အားပေးချင်သူများမှာ moti ဆိုင်ခွဲဖြစ်သောအမှတ်(၈၄/၂) မြင်သာ(၇) လမ်း တောင်ဥက္ကလာတွင် လာမည့် (၁/၁/၂၀၂၅)နှစ်သစ်တွင်အားမနာတမ်းတစ်ဆိုင်လုံးဖွ၍စိတ်ကြိုက်လာရောက်မွှေနှောက်ပြီးဝယ်ယူလို့ရပြီဖြစ်ကြောင်းသတင်းကောင်းပါးရင်း…. အနားနီးမှထပ်ကြေညာမည်….အခုတော့အမြည်း…(ဒါနဲ့စကားမစပ် ကျွန်မတို့ဆိုင်က အဆိုတော်မိုင်လေး အိမ်ဘေးမှာဆိုတာ you တို့ကိုသိ စေချင်လိုက်တာ…မယုံရင်လာဝယ်နော်…ကိုယ်လည်းကြွယ်သာ
ကြွယ်တာအခုထိမ မြင်ဘူးသေးဘူး)…ဟူး..’တော်သေးပြီ…..🧘🏻♀️🧘🏻♀️🧘🏻♀️🧘🏻♀️🧘🏻♀️
31/10/2024
🌞🌞🌞အခုလို ပူအိုက်တဲ့နွေရာသီအလယ် မှာအရမ်း ဝတ်လို့ကောင်းတဲ့အပြင်❄❄အေးမျှပြီးပေါ့ပါးမှု အပြည့်ပေးတဲ့ မင်မင်တို့ MOTI Collection က ချည်ထည် Desgin လေးတေကိုရွေးချယ်လိုက်တော့နော်
အပြင်သွားရင်Style pant ကိုမှ ပေါ့ပေါ့ပါးပါးနဲ့ ချည်သား ဝတ်ချင်တဲ့ မမများအတွက် ချည်သား ဘောင်းဘီလေးရောင်းပေးနေပါပီနော်
🎨 8 colors (Style pant)
🏷 M , L - 15000Kyats
📦 YGN cash on delivery
ကြာချိန် - ပစ္စည်းအသင့်ရှိလို့ စောင့်စရာမလိုဘဲ (၃)ရက်အတွင်း အိမ်အရောက်ပို့ပေးပါတယ်ရှင့်
Page messenger တွင် မှာချင်သည့်ပုံနှင့်အတူ order လာတင်လို့ရသလို
မင်မင်တို့ရဲ့ဆိုင်လေးတေဖြစ်တဲ့
(၁၄)ရပ်ကွက်၊ အမှတ်(၈၄/၂)၊ မြင်သာ(၇)လမ်း၊ တောင်ဥက္ကလာပမြို့နယ်။ဆိုင်လေးမှာလဲ ကိုယ်တိုင်လာရောက် ဝယ်ယူအားပေးလို့ရပါတယ်နော်
ဝယ်ယူအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်😍😍
🔜 ဝယ်ယူသူ MOTI လေးတွေအတွက်က အပို service အနေနဲ့ fitting ပြန်ချပေးသွားမှာပါနော်
15/10/2024
သီတင်းကျွတ် အမှီ … အင်္ကျီ ဒီဇိုင်းအသစ်လေးတွေထွက်နေပါပြီရှင့်… ဘယ်လို ဒီိဇိုင်းလေးဖြစ်မယ်ထင်လဲရှင့် 🥰
အသစ်ထွက်တဲ့ချည်ထည်ဂါဝန်လေးဟာ ဝတ်ရတာရိုးရိုးရှင်းရှင်း သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးလေးလဲဖြစ်တဲ့အပြင် အခုချိန်ဝယ်ယူအားပေးကြတဲ့ Customerများကို သီတင်းကျွတ် Promotion လေးအဖြစ် Phone bill လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင့်
🎨 5 colors (
🏷 M , L - 21500Kyats
🏷 XL - 23500/-Kyats
📦 YGN cash on delivery
ကြာချိန် - ပစ္စည်းအသင့်ရှိလို့ စောင့်စရာမလိုဘဲ (၃)ရက်အတွင်း အိမ်အရောက်ပို့ပေးပါတယ်ရှင့်
Page messenger တွင် မှာချင်သည့်ပုံနှင့်အတူ order လာတင်လို့ရနေပါပီနော်
🔜 ဝယ်ယူသူ MOTI လေးတွေအတွက်က အပို service အနေနဲ့ fitting ပြန်ချပေးသွားမှာပါနော်
20/07/2024
#ဝါဆိုလပြည့်နေ့
(20. 7. 2024) စနေနေ့
ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့မှာ MOTI customer များနှင့်တကွ ၇ ရက်သားသမီး မိဘပြည်သူအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနှင့် ကပ်ကြီးသုံးပါးအား ကျော်လွှားနိုင်ပါစေလို့ MOTI collection မှဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
19/07/2024
*(၁၉) ဇူလိုင် မမေ့နိုင်*
၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော
(၇၇)ကြိမ် မြောက် အာဇာနည်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဂါရဝပြုအပ် ပါသည်။
19.7.2024
#အာဇာနည်နေ့
06/06/2024
ရိုးရာဗိုင်းငင်ဓလေ့မပျောက်ကွယ်အောင် ထိန်းသိမ်းချင်သူ အမျိုးသမီး
-------
လသာတုန်းဗိုင်းငင်” ဆိုတဲ့ စကားပုံက ကျေးလက်ဒေသတွေမှာ လသာတဲ့အချိန် ဗိုင်းငင်ကြဖို့ တိုက်တွန်းသုံးနှုန်းတာဖြစ်သလို မြန်မာ့ရိုးရာဓလေ့ကို ဖော်ကျူးနေတဲ့ စကားရပ်လည်း ဖြစ်ပါတယ်။
လသာတဲ့အချိန် အိမ်ရှေ့တလင်းပြင်မှာ အမျိုးသမီးတွေစုဖွဲ့ ပြီး ဗိုင်းတောင့်ကနေ ချည်ဖြစ်အောင် ရစ်ဘီးလေးနဲ့ ဆွဲနေတဲ့ ဗိုင်းငင်ဓလေ့က ကျေးလက်ဒေသနဲ့ခွဲခြားလို့မရတဲ့ မြင်ကွင်းတစ်ခုပါ။
ဒါပေမယ့် အခုကာလမှာတော့ ဒီမြင်ကွင်းက မရှိသလောက် ဖြစ်နေပါပြီ။
ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ ကျေးရွာအချို့မှာ ဗိုင်းငင်တဲ့သူတွေ မရှိကြတော့သလို ဗိုင်းငင်တဲ့ အလုပ် ထက် ဝင်ငွေကောင်းတဲ့အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်လာကြတာကြောင့် ဗိုင်းငင်ဓလေ့က တဖြည်းဖြည်း တိမ်ကောလာနေပြီး အချို့ဒေသတွေမှာတော့ ပျောက်ကွယ်သည်အထိ ဖြစ်လာခဲ့ရပါတယ်။
“ဗိုင်းငင်တဲ့သူတွေ မရှိသလောက်ရှားပါးလာတော့ လက်ငင်ချည် ရဖို့ရာခက်ခဲလာတယ်”လို့ မြန်မာရနံ့ချည်ထည် လုပ်ငန်းတည်ထောင်သူ ဒေါ်ခင်သန်းမြင့်ကပြောပါတယ်။
မြန်မာရနံ့ ချည်ထည် လုပ်ငန်းတည်ထောင်သူ အသက် ၇၄နှစ်အရွယ် ဒေါ်ခင်သန်းမြင့်က ကျေးလက်ဒေသရဲ့ ဗိုင်း ငင်တဲ့ ဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းနေသူတစ်ဦးဖြစ်သလို ကျေးလက်ဒေသက အမျိုးသမီးတွေ ဗိုင်း ငင်တဲ့ အလုပ်နဲ့ ဝင်ငွေရဖို့ လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒေါ်ခင်သန်းမြင့်က လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်းကျင်တုန်းက ဂျပန်နိုင်ငံကမိတ်ဆွေတစ်ဦး မြန်မာပြည်ကိုလာလည်ချိန် သူ့ ရဲ့ဇာတိ မိတ္ထီလာကို အလည်အပတ် ပို့ခဲ့တဲ့အခါ မိတ်ဆွေဂျပန်နိုင်ငံသားက လက်ငင်ချည်နဲ့ပြုလုပ်ထားတဲ့ မြန်မာ ချည်ထည်တွေကိုသဘောကျနှစ်ခြိုက်ခဲ့တယ်။
သူ့မိတ်ဆွေက ပထမဆုံးအကြိမ်မှာပဲ ချည်ထည်တွေကို အများအပြားမှာယူတဲ့အတွက် သူလည်း ရွာတွေဘက် လှည့်လည်ဝယ်ယူရင်း၊ ချည်ထည်နဲ့ သဘာဝဆေးဆိုးလုပ်ငန်းကိုစိတ်ဝင်စားပြီးလေ့လာခဲ့တာလို့ဆိုပါတယ်။
ဒေါ်ခင်သန်းမြင့်ရဲ့ ဇာတိမိတ္ထီလာက ချည်ထည်ရက်ကန်းလုပ်ငန်းတွေ ထွန်းကားရာနေရာဖြစ်တော့ ရက်ကန်း လုပ်ငန်းနဲ့ မစိမ်းပေမယ့် လက်ငင်ချည်နဲ့ သဘာဝဆေးဆိုးထည်ကို အသေးစိတ်လေ့လာဖို့အတွက် မိတ္ထီလာနဲ့ အနီးတဝိုက်က ရွာတွေအထိ သွားပြီး တက်ကျွမ်းသူတွေထံ ချဉ်းကပ်မေးမြန်းလေ့လာခဲ့ရပါတယ်။
အဲ့ဒီကနေ ကိုယ်ပိုင်ထုတ်ကုန်အဖြစ် မြန်မာရနံ့ဆိုတဲ့အမည်နဲ့ ၂၀၀၀ ခုနှစ်မှာ ချည်ထည်နဲ့ သဘာဝ ဆေးဆိုး ထည် တွေစတင်ထုတ်လုပ်ခဲ့ပြီး၊ ၂၀၀၇ မှာ ရန်ကုန်မြို့၊ ဗိုလ်ချုပ်စျေးမှာ ဆိုင်ဖွင့်လှစ်ခဲ့တယ်။
မြန်မာရနံ့ စတင်ကတည်းက သဘာဝ လက်ငင်ချည်၊ သစ်ပင်၊ အခေါက်၊အသီး၊ အပွင့်၊ တွေကရတဲ့ သဘာ ဝဆေးဆိုးတွေအသုံးပြုပြီး လက်ရက်ကန်းထည်တွေ ရက်လုပ်ရောင်ချခဲ့တာဖြစ်တာကြောင့် မြန်မာရိုးရာ ချည်ထည်တွေကို ပြည်တွင်းကသူတွေအပြင် ပြည်ပက နိုင်ငံခြားသားအများစုက နှစ်ခြိုက်စွာ ဝယ်ယူကြပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ လက်ငင်ချည်နဲ့ ရက်လုပ်တဲ့ ချည်ထည်တွေက ရှားပါးလာနေပြီး၊ အဓိအကြောင်း အရင်းအနေနဲ့ ရွာတွေမှာ ဗိုင်းငင်တဲ့သူတွေ မရှိသလောက် ဖြစ်လာတာကြောင့် တိမ်ကောမှာစိုးရိမ်နေရတယ်လို့ ဒေါ်ခင်သန်းမြင့်က ဆိုပါတယ်။
ရက်ကန်းချည်ထည်တွေမှာ ဗမာချည်လို့ခေါ်တဲ့ လက်ငင်ချည်၊ လက်ငင်ချည်နဲ့ရက်တဲ့ လက်ရက်ကန်းထည်၊ နိုင် လွန်ဝါလို့ ခေါ်တဲ့ စက်ငင်ချည်၊ စက်ငင်ချည်နဲ့ရက်တဲ့ စက်ငင်ချည်လက်ရက်ကန်းထည်ဆိုပြီး ရှိပါတယ်။
မြန်မာမှုရိုးရာ စစ်စစ်လို့ပြောရင်တော့ လက်ငင်ချည်၊ လက်ရက်ကန်းရယ်လိုရှိပြီး လက်ရက်ကန်းတွေလုံးဝ ပျောက်ကွယ်သွားတဲ့ ဒေသတွေရှိသလို ဆက်လက် ရက်လုပ်နေကြတဲ့ လက်ရက်ကန်းတွေလည်း ရှိပါတယ်။ ဒါ ပေမယ့် လက်နဲ့ဗိုင်းငင်တဲ့ လက်ငင်ချည်တွေကတော့ မရှိသလောက်ပါ၊
လက်ရှိ ပြည်တွင်းစျေးကွက်မှာ စက်ရက်ကန်း၊ လက်ရက်ကန်း ချည်ထည်တွေ၊ သဘာဝဆေးဆိုးထည်၊ အီကို ပရင့်စတဲ့ အဆင်ဒီဇိုင်းထုတ်ကုန်တွေ တိုးတက်လာတာတွေ့ရတဲ့အတွက် ဝမ်းသာစရာြဖစ်ပေမယ့် မြန်မာမှု့ ရိုးရာ စစ်စစ်ဖြစ်တဲ့ လက်နဲ့ ဗိုင်းငင်တာ၊ လက်ငင်ချည်နဲ့ရက်လုပ်တာတွေက တဖြည်းဖြည်းပျောက်ကွယ်လုနီးနီး ဖြစ်နေ တာကတော့ ဝမ်းနည်းစရာပဲလို့ သူကဆက်ပြောပါတယ်။
မြန်မာရနံ့လုပ်ငန်းစတင်ချိန် လွန်ခဲ့တဲ့ နှစ်သုံးဆယ် ဝန်းကျင်ကတည်းက ရက်ကန်းနယ်ပယ်မှာ စက်ချည်တွေက နေရာယူနေပါပြီ။
စျေးတန်းတွေမှာလက်ငင်ချည်ရောင်းတဲ့ ဆိုင်တွေအများအပြားရှိပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကစလို့ တဖြည်းဖြည်း ပျောက်ကွယ်လာတာ လက်ငင်ချည်ရောင်းတဲ့ ဆိုင်မရှိသလောက်ဖြစ်ခဲ့ရတယ်။ အိမ်သုံးအဖြစ်သာ တနိုင်တပိုင် ရက်လုပ်တာတွေသာရှိသလို၊ အချို့တွေကလည်း လက်ငင်ချည်ကို ယိုးဒယားစျေးကွက်ရှိတဲ့ ကျိုင်းတုံဆီတင်ပို့ရောင်းချတာတွေရှိပါတယ်။
“ကျိုင်းတုံ ပို့တဲ့ကုန်သည်တွေကလည်း စျေးကွက်ပျက်နေပြီပြောတယ်၊ စက်ချည်တွေက အစားထိုးလာတော့ ဗိုင်းငင်တဲ့သူမရှိတော့ဘူးလေ “လို့ ဒေါ်ခင်သန်းမြင့်ကပြောပါတယ်။
လက်ငင်ချည်လုပ်ရတာကလည်း လွယ်ကူတာတော့မဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဝါမွှေးတိုလို့ခေါ်တဲ့ “ဝါ “ ကို ကြိတ်ပြီး ဂွမ်မွှေးတွေပွအောင် ဂွမ်းဖက်ပြီးရရှိလာတဲ့ ဝါအချောမှတစ်ဆင့် ချည်ခင်ဖြစ်အောင်ရစ်နဲ့ ဗိုင်းငင်ကာ ချည်ခင်၊ ချည်မျှင်မှ၊ ချည်လုံး စသဖြင့် အဆင့်ဆင့်ပြုလုပ်ကာ အထည်ရက်လုပ်တဲ့ ချည်အဆင့်ထိဆောင်ရွက်ရပါတယ်။
လက်ချည်က ပွတဲ့အပြင်၊ ဂွမ်းသားကို ဖြောင့်ဖြောင့်ဆွဲပြီး ကြိုးလုပ်ထားတာဖြစ်တဲ့အတွက် twist(အရစ်အလိမ်) အားမပါတာကြောင့် ပြတ်လွယ်ပါတယ်၊ ဒီတော့မပြတ်အောင်၊ ချည်သားခိုင်အောင် ရက်ကန်းမတင်ခင် ချည်စာ နင်းရတာ၊ အမွှေးသိမ်းပြီးချည်မာလာအောင် ဆပ်သွားဖူးနဲ့ ဖြီးပေးရတာ စသဖြင့် အချိန်ပေးရပါတယ်။
ချည်စာနင်းတာနဲ့ဆပ်သွားဖြီးခြင်းကလည်း လက်ငင်ချည် ရက်တဲ့အခါမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ် ပါတယ်။ ဂွမ်းကနေ ချည်ခင်ဖြစ်ဖို့ အချိန်အများကြီးပေးရတဲ့အတွက် အမျိုးသမီးတစ်ဦးက ချည်ငင်ရင် တစ်ရက် မှ ချည်ခင် ၂၀- ၂၅သားလောက်ပဲ ပြီးပါတယ်၊ ချည်ငင်ရတာ လက်ဝင်တော့ စက်ချည်တွေကို အစားထိုး သုံးစွဲလာကြပါတယ်။
စက်ချည်ကတော့ဗိုင်းငင်ရတာသက်သာသလို ချည်စာနင်းစရာလဲမလိုတဲ့အပြင် စက်ချည်ကTwist( အရစ်အလိမ်) ပါတဲ့အတွက် လက်ချည်ထက်ခိုင်ခံ့ပါတယ်။
“စက်ချည်ကခိုင်တယ် ခတ်ရတာမြန်တယ်၊ စျေးကွက်မြန်မြန်ရောက်ပြီး ငွေအမြန်ရလွယ်တယ်၊ ဒါတွေကြောင့် လက်ငင်ချည်အသုံးပြုတာနည်းသွားပြီး၊ ဒီနည်းနဲ့ လက်ငင်ချည်က ပျောက်ကွယ်လုနီးဖြစ်ခဲ့တာ”လို့ ဒေါ်ခင်သန်း မြင့်ကဆိုပါတယ်။
ရက်ကန်းလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြတဲ့ကျေးလက်ဒေသတွေမှာ စီးပွားရေးအဆင်မပြေကြပ်တည်း လာတဲ့အတွက် ပြည်ပထွက်အလုပ်လုပ်ကြတဲ့အခါ၊မိရိုးဖလာရက်ကန်းရက်သူ၊ လယ်ယာကိုင်းကျွန်းလုပ်သူတွေ လည်းရှားပါးလာကြပါတယ်။
ပြည်ပထွက်အလုပ်လုပ်သူအများစုကလည်း လူငယ်လူရွယ်တွေဆိုတော့ အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ အရွယ် မရောက်သေးသူတွေသာ ကျန်ရစ်ပြီး သူတို့မှာလည်း အချိန်ပေးရတဲ့အလုပ်ထက် အချိန်ကုန်သက်သာပြီး ငွေအမြန်ရတဲ့ ဆံပင်ကျွတ်ရှင်းတဲ့လုပ်ငန်းလို အလုပ်တွေကိုလုပ်ဆောင်လာကြတာတွေလည်းရှိပါတယ်။
“လူတယောက်ရဲ့နေ့စားခက ရွာတွေမှာ ငါးထောင်ပဲထား၊ နှစ်ယောက်ထွက်လုပ်ရင် တစ်သောင်းရတယ်၊ ဆံပင် ကျွတ်ကျတော့ အပြင်မထွက်ဘဲ လုပ်လိုက်ရင် နှစ်သောင်းခွဲ သုံးသောင်းခွဲရတယ်။ ဗိုင်းငင်တဲ့အလုပ် မလုပ်တော့ ဘူး”လို့သူကဆက်ပြောပါတယ်။
ဒီအတွက် ဗိုင်းငင်မယ့်သူတွေကို နေ့တွက်ခ ကိုက်အောင် ပုံမှန်ဗိုင်းငင်တာထက် နှုန်းထား နှစ်ဆပေးတာ၊ အခြား အလုပ်မလုပ်သေးတဲ့ သူတွေကိုလည်း ဗိုင်းငင်တဲ့အလုပ်ကို လုပ်ချင်လာအောင် ဆွဲဆောင်တာ၊သူတို့ ငင်သမျှ ချည်ကို ပြန်ဝယ်ယူတာစတဲ့နည်းတွေနဲ့ တိုက်တွန်းလုပ်ဆောင်နေရတယ်လို့ဆိုပါတယ်။
“လက်ငင်ချည်က အများကြီး အချိန်ကုန်တယ်၊ အကြီးက သင်ပေးပေမယ့် သူတို့က ငွေဖြစ်နောက်ကျတယ်ဆိုပြီး လိုက်မလုပ်ကြဘူး၊ ဒါလည်းအပြစ်ပြောလို့မရဘူး၊ လက်ငင်ချည်က ရက်ကန်းစင်ပေါ်တင်ဖို့ တပတ်လောက် အချိန်ပေးရချိန်မှာ စက်ချည်ကတော့ နှစ်ရက်သုံးရက်နဲ့ပြီးနိုင်တယ်“လို့ဒေါ်ခင်သန်းမြင့်ကပြောပါတယ်။
မြန်မာရနံ့က ဗိုင်းငင်သူတွေဆီက ရသမျှ လက်ငင်ချည်တွေကို ပြန်ဝယ်ယူသလို၊ ဝါပင်ကိုယ်တိုင်စိုက်တာကအစ ဝါကြိတ်တာ၊ဂွမ်းဖတ်တာ၊ ဗိုင်းငင် ၊ချည်ဆိုး ၊အထည်ချုပ်အထိ လုပ်ဆောင်ပြီး ကလေးဝတ် ၊လူကြီးဝတ် ၊အမျိုး သား အမျိုးသမီးဝတ် အဆင်ဒီဇိုင်းမျိုးစုံနဲ့ အိပ်ရာခင်း၊ တဘက်၊ခြုံစောင် စသဖြင့် ရက်ကန်းအဆင် ဒီဇိုင်းသုံး ရာ ကျော်ရက်လုပ်လျက်ရှိပါတယ်။
လက်ငင်ချည်ထည်က လက်မှုစစ်စစ် ထုတ်ကုန်ဖြစ်တဲ့အပြင် ကုန်ကြမ်း မှာတင်စရိတ်စကမြင့်တော့ စက်ချည် ထည် ထက် စျေးက နှစ်ဆ ၊သုံးဆခန့်ကြီးမြင့်ပါတယ်။ ဒါပေမယ့်လည်း ရိုးရာလက်မှုထည်တွေဖြစ်တော့ တန်ဖိုး ထားဝယ်ယူသူတွေ ရှိနေဆဲ ပဲလို့ဆိုတယ်။
“အကြီးအတွက်ကတော့ ခက်ခဲလေ တန်ဖိုးရှိလေဆိုသလိုပေါ့၊ ကွာလတီလည်းကောင်းတယ်၊ လုပ်ရင်လုပ်နိုင် သ လောက် ကောင်းတယ်ဆိုတာသိတယ်၊ နိုင်ငံခြားသားကလည်း ဒီလိုမျိုးကို တန်ဖိုးထားတယ်”လို့ ပြောပါတယ်။
လက်ငင်ချည်နဲ့သဘာဝဆိုးဆေးနဲ့ပြုလုပ်ထားတဲ့ ချည်ထည်လေးတွေကထူတယ်ဆိုပေမယ့် လေဝင်လေထွက် ကောင်းတဲ့အတွက် ချွေးထွက်လာရင်လည်း လှောင်မနေနဲ့ အေးမြတဲ့အထိအတွေ့ဖြစ်တာကြောင့် သက်တောင့် သက်သာရှိပါတယ်။ ဓာတုဆိုးဆေးတွေမသုံးဘဲ သဘာဝဆိုးဆေးတွေသာအသုံးပြုထားတော့ ဓာတ်မတည့်တာ၊ အသားအရေယားယံ တာတွေ ဖြစ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
ဒီအတွက်ကြောင့် ပြည်တွင်းကသူတွေက မြန့်မာရိုးရာလက်မှုအထည်တစ်ခုအနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင် ကြသလို၊ နိုင်ငံခြားဧည့်သည်တွေကလည်း မြန်မာရိုးရာအမှတ်တရအဖြစ်ဝယ်ယူကြပါတယ်။
လက်ငင်ချည်၊ လက်ရက်ကန်းလုပ်ငန်းတွေကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းချင်ပေမယ့် စိတ်ဝင်စားသူ နည်းပါးလာတာကလည်း ဝမ်းနည်းဖွယ်ပဲလို့ ဒေါ်ခင်သန်းမြင့်ကဆိုပါတယ်။ ဒီအတွက်လည်း စိတ်ဝင်တစားသင် ယူလိုသူတွေရှိရင်လည်း သင်ကြားပေးချင်တယ်လို့ဆက်ပြောပါတယ်။
ဒါ့အပြင်လက်ငင်ချည်၊ လက်ရက်ကန်း၊ သဘာဝဆိုးဆေးတွေနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ ပြည်သူတွကြားပျံ့နှံ့ပြီး စိတ်ဝင်စားလာဖို့အတွက်လက်ငင်ချည်နဲ့ သဘာဝဆေးဆိုးနည်းအကြောင်းအရာတွေကို ဗဟု သုတမျှဝေတာ၊ ကိုယ်တိုင်စိုက်ပျိုးတာ၊ စိုက်ပျိုးလိုသူတွေကိုလည်း မျိုးစေ့အခမဲ့ပေးတာတွေကိုလည်း လုပ် ဆောင်လျှက်ရှိပါတယ်။
လက်မှုနည်းလမ်းတွေကနေ အချိန်ကုန်ငွေကြေးသက်သာတဲ့နည်းပညာတွေထွန်းကားလာတာက ကောင်းမွန်ပေ မယ့် ခက်ခဲတဲ့ မြန်မာမှုရိုးရာနည်းလမ်းတွေလည်း ရှိပါသေးလားလို့ဆိုပြီး မပျောက်ပျက်အောင် ထိမ်းသိမ်းဖို့လဲ လုပ်ဆောင်ရမှာဖြစ်တယ်လို့ဆက်ပြောပါတယ်။
“ပြည်တွင်းမှာသုံးဖို့ ချည်ထည်လုပ်ငန်းတွေအများကြီးရှိတာကောင်းပေမယ့် ရိုးရာထိန်းမယ်ဆို လက်ချည်ပဲထိန်း တာကောင်းတယ်” လို့ ဒေါ်ခင်သန်းမြင့်ကဆိုပါတယ်။
Website link - https://bit.ly/3VjJZI6
#ဗိုင်းငင်
#ရိုးရာဓလေ့
credit # ဂုဏ်ယူစွာမျှဝေသည်
ရိုးရာဗိုင်းငင်ဓလေ့မပျောက်ကွယ်အောင် ထိန်းသိမ်းချင်သူ အမျိုးသမီး “အကြီးအတွက်ကတော့ ခက်ခဲလေ တန်ဖိုးရှိလေဆိုသလိုပေါ့၊ ကွာလတီလည်းကောင်းတယ်၊ လုပ်ရင်လုပ်နိုင်သလောက် ကောင်းတယ်....
03/06/2024
နွေပူပူမှာ ရင်ထဲအေးသွားစေတဲ့ မင်မင်တို့ MOTI Collection ရဲ့ အမြဲတမ်းအားပေးနေသော Customer ညီမလေး ❣❣❣❣
အမြဲတမ်းအားပေးပြီး ပုံလေးတေပို့ပေးလို့ ကျေးဇူးပါ....
အများကြီးတန်ဖိုးထားရပါတယ်ရှင့်❤
ပုံပိုင်ရှင်လေးရဲ့ခွင့်ပြုချက်လေးနဲ့တင်ထားတာပါရှင်😘
Always Thank you for choosing MOTI Collection
22/05/2024
#ကဆုန်လပြည့်နေ့
( 22 . 5 . 2024 ) ဗုဒ္ဓဟူးနေ့
ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် အခါသမယတွင်
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ🙏
တန်ဖိုးထားရပါသော ချစ်customersများလည်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ🙏
ရောင်းပန်းသာလို့ ဝယ်ပန်းလှကြပါစေ 🙏
ပြည့်စုံကြွယ်ဝ လိုတရကြပါစေကြောင်း မင်မင်တို့ရဲ့ MOTI Collection မိသားစုမှ ချစ်ခင်လေးစားစွာဖြင့်ဆုတောင်း မေတ္တာများပို့သလိုက်ပါတယ်ရှင်🙏
29/04/2024
ကဲ အခုလို နွေရာသီအလယ်မှာ ဘယ်မှမသွားဘဲ အင်္ကျီလေးဝယ်ရင်း phone bill လေးလက်ဆောင်ယူလိုက်ရအောင်နော်😍😍
အခု Post လေးမှာတင်ထားတဲ့ အင်္ကျီလေးကို ဝယ်ယူအားပေးပြီး မင်မင်တို့ MOTI Collection pageကို Like & Share လေးလုပ်ပြီး Screenshot လေး ပြတာနဲ့ Phone bill လက်ဆောင် ပေးသွားမှာဖြစ်ပါတယ်နော်
🎨 3 colors (Sticky)
🏷 Free size
👕အင်္ကျီ ( ရင် - 44", ပခုံး - 16", အရှည် - 25")
👖ဘောင်းဘီ ( ခါး - 28", တင် - 36", အရှည် - 17")
💰 17,000 Kyat
📦 YGN cash on delivery
ကြာချိန် - ပစ္စည်းအသင့်ရှိလို့ စောင့်စရာမလိုဘဲ (၃)ရက်အတွင်း အိမ်အရောက်ပို့ပေးပါတယ်ရှင့်
Page messenger တွင် မှာချင်သည့်ပုံနှင့်အတူ order လာတင်လို့ရနေပါပီနော်
🔜 ဝယ်ယူသူ MOTI လေးတွေအတွက်က အပို service အနေနဲ့ fitting ပြန်ချပေးသွားမှာပါနော်
🌞🌞🌞အခုလို ပူအိုက်တဲ့နွေရာသီအလယ် မှာအရမ်း ဝတ်လို့ကောင်းတဲ့အပြင်❄❄အေးမျှပြီးပေါ့ပါးမှု အပြည့်ပေးတဲ့ မင်မင်တို့ MOTI Collection က ချည်ထည် Desgin လေးတေကိုရွေးချယ်လိုက်တော့နော်😘😘😘😘
Page messengerကနေ မှာယူဝယ်လို့ရသလို
မင်မင်တို့ရဲ့ဆိုင်လေးတေဖြစ်တဲ့
အမှတ် 768၊ ရတနာစျေးမှတ်တိုင်၊ ရတနာလမ်းမကြီး၊ AYA Bank အပေါ်ထပ်၊ သင်္ဃန်းကျွန်းမြို့နယ်။
ဆိုင်လေးမှာလာဝယ်လို့ရသလို
စိန်ပန်းမြိုင်လမ်း,သုဝဏ္ဏ(၂၅)ရပ်ကွက်၊ လမ်းညွှန်သံသုမာလမ်းမကြီးကလာရင် ပေါ်ဆန်းမွှေးလမ်းနဲ့မျက်စောင်းထိုးလမ်း၊သုဝဏ္ဏမူကြိုကျောင်းနားက ဆိုင်လေးမှာလဲ ကိုယ်တိုင်လာရောက် ဝယ်ယူအားပေးလို့ရပါတယ်နော်
ဝယ်ယူအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်😍😍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 768, 1st Floor, Yadanar Road, South Oakkalarpa Township
Yangon