SPT
Learning IT from Beginners to Professionals.
Computer တွင် VPN software install လုပ်ခြင်း။
Computer ဖြင့် Facebook (or) other website များကို VPN ကျော်၍အသုံးပြုချင်သူများအတွက်။
26/09/2020
Computer ရဲ့အဓိကကျတဲ့အစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်တဲ့ RAM (Memory) အကြောင်း.....
RAM ဆိုတာကတော့ Random-access memory ပါ (အလုပ်လုပ်ဖို့ယာယီသိမ်းထားပေးတဲ့နေရာဖြစ်ပါတယ်)။ RAM or Memory လို့ခေါ်ကြပါတယ်။
ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ Software တွေ File (e.g Word, Excel, PowerPoint, Internet browsing, etc…) စတာတွေအပြင် ရုပ်ရှင်ကြည့်ခြင်း ၊ သီချင်းနားထောင်ခြင်း စတဲ့အလုပ်တွေကလည်း RAM ပေါ်ကိုဆွဲတင်ပြီး အလုပ်ပါတယ်။
တကယ်လို့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ RAM နဲ့ကမမျှဘူးဆိုရင် ဝန်နဲ့အားမမျှသလိုဖြစ်နေပြီး စက်လေးတာတို့ စက်ဟန်းတာတို့ဖြစ်တတ်ပါတယ်။ အလုပ်ကို တစ်ခုချင်းလုပ်တာဆိုရင်ပြဿနာမရှိပေမယ့် ပြိုင်ပြီးလုပ်ရတဲ့အခါမျိုးတွေဆိုရင် အရမ်းသိသာပါတယ်။ အဲ့ဒါကြောင့် Computer တစ်လုံးမှာ RAM 8GB လောက်ထားဖို့အကြံပြုပါတယ်။
RAM နည်းတာနဲ့များတာကို ဥပမာအနေနဲ့ပြောမယ်ဆိုရင် ကားအသေးဆိုရင်လူနည်းနည်းပဲတင်နိုင်သလို ကားအကြီးဆိုရင်တော့လူများများတင်နိုင်တဲ့သဘောပါပဲ။ RAM နည်းရင်အလုပ်နည်းနည်းပဲလုပ်နိုင်မယ်ပေါ့။ များများလုပ်ရင် စက်လေးတာတို့ ဟန်းတာတို့ဖြစ်ပါတယ်။ RAM များရင်တော့ အလုပ်များများနဲ့မြန်မြန်လုပ်နိုင်ပါတယ်။
RAM ကိုအပေါ်မှာပြောခဲ့သလိုမျိုးပဲ အလုပ်လုပ်ဖို့ယာယီသိမ်းထားပေးတဲ့နေရာဖြစ်တဲ့အတွက် အလုပ်လုပ်နေတုန်းမှာ computer အားကုန်သွားလို့ပဲဖြစ်ဖြစ် desktop ဆိုရင် မီးပျက်သွားလို့ပဲဖြစ်ဖြစ် RAM ပေါ်တင် run ထားတဲ့ file တွေက ပျောက်သွားမှာပါ။
ဥပမာ ။ ။ ကိုယ်ကစာရိုက်နေတုန်း save မထားရသေးတဲ့အချိန် computer ကမတော်တဆ shutdown ကျသွားခဲ့မယ်ဆိုရင် ကိုရိုက်ထားတဲ့စာတွေက အစကပြန်ရိုက်ရမှာပါ။ Software မှာ recovery function ပါရင်တော့ recovery ပြန်ခေါ်လို့ရတာပေ့ါ မပါရင်တော့ မရတော့ပါဘူး။
နောက်ထပ် ဥပမာတစ်ခုဆိုရင် Desktop Computer မှာ UPS မခံထားတာပဲဖြစ်ဖြစ် ၊ UPS မကောင်းတာပဲဖြစ်ဖြစ် ကိုယ်က Computer နဲ့ရုပ်ရှင်ကြည့်နေရင်း တစ်ဝက်လောက်ရောက်တော့ မီးပျက်သွားတယ်။ ဒါဆိုရင် မီးပြန်လာလို့ ရုပ်ရှင်ပြန်ကြည့်ရင် အစကနေပြန်လာမှာပေါ့။ ကိုယ်ကြည့်ပြီးသား တစ်ဝက်လောက်ကနေပြန်လာမှာမဟုတ်ပါဘူး။ ကိုကိုယ်တိုင် ရောက်တဲ့နေရာကိုပြန်ကျော်ကြည့်ရမှာပါ။
ဒါကတော့ RAM ရဲ့သဘောတရားကို စာဖတ်သူများအားလုံး မြင်သာအောင်ပြောပြခြင်းဖြစ်ပါတယ်။
ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
25/09/2020
Desktop နဲ့ Laptop ဘယ်ဟာကောင်းလဲ ၊ Computer ဝယ်ရင် Desktop ရွေးရမလား Laptop ရွေးရမလား ဒါလေးတွေကိုကျွန်တော်တို့ ဆွေးနွေးကြည့်ကြရအောင်ပါ။
✅ Desktop ကိုဘယ်သူတွေသုံးသင့်လဲဆိုရင်...
Graphic Designer (or) AutoCAD Designer
Heavy Gamming
Video Editing စတဲ့သူတွေသုံးသင့်ပါတယ်။
✅ Laptop ကိုဘယ်သူတွေသုံးသင့်လဲဆိုရင်...
Computer ကိုသွားလေရာသယ်သွားဖို့လိုအပ်အပ်တဲ့သူတွေ
Meeting တွေ Presentation တွေ လုပ်စရာလိုတဲ့သူတွေ
မီးပျက်လည်း ဆက်လက်အသုံးပြုချင်တဲ့သူတွေ
Design ၊ Gamming ၊ Video Editing တွေကို ပေါ့ပေါ့ပါးပါးပဲလုပ်ဖို့လိုတဲ့သူတွေ အသုံးပြုသင့်ပါတယ်။
မှတ်ချက်။ ။ Laptop ဆိုရင် အိမ်မှာသုံးမလား ၊ ကျောင်းမှာသုံးမလား ၊ ရုံးမှာသုံးမလား ၊ Coffee ဆိုင်မှာသုံးမလား ၊ နိုင်ငံခြားသွားရင်ယူသွားမလား စတဲ့အားသာချက်တွေရှိတဲ့အတွက် Laptop ကတော့အများစုအတွက် သင့်တော်ပါတယ်။
Desktop Computer နှင့် Laptop Computer များ၏ အားသာချက် အားနည်းချက်များကိုအနည်းငယ်ဖော်ပြပေးပါ့မယ်
🖥 Desktop Computer 🖥
အားသာချက်
----------------
▶️ အကြမ်းခံခြင်း ၊ ရေရှည်အသုံးပြုနိုင်ခြင်း
▶️ အစိတ်အပိုင်းတစ်ခုပျက်လျှင် အလွယ်တကူ လဲလှယ်တပ်ဆင်နိုင်ခြင်း
▶️ ပစ္စည်းအသစ်များအား အလွယ်တကူ Upgrade ပြုလုပ်နိုင်ခြင်း
▶️ Hardware များကိုစွမ်းအင်အပြည့်အဝဖြင့်ပေါင်းစပ်လုပ်ဆောင်နိုင်ခြင်း
အားနည်းချက်
-----------------
▶️ တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ရန်မလွယ်ကူခြင်း
▶️ လျှပ်စစ်မီးမရှိလျှင် အလုပ်မလုပ်နိုင်ခြင်း
▶️ Computer ထားရှိရန်အတွက် နေရာ သတ်သတ်မှတ်မှတ်လိုအပ်ခြင်း
▶️ ပစ္စည်းအမျိုးအမည်များခြင်း
(ဥပမာ UPS ၊ System Case ၊ Monitor ၊ Keyboard & Mouse ၊ Speaker)
💻 Laptop Computer 💻
အားသာချက်
----------------
▶️ အရွယ်အစားသေးငယ်ခြင်း
▶️ သွားလေရာ အလွယ်တကူ သယ်ဆောင်သွားနိုင်ခြင်း
▶️ အစည်းအဝေးများတွင် ကောင်းမွန်စွာ Presentation လုပ်နိုင်ခြင်း
▶️ Computer ထားရှိရန်နေရာသတ်သတ်မှတ်မှတ်မလိုပဲ အဆင်ပြေသည့်နေရာတွင် သုံးစွဲနိုင်ခြင်း
▶️ မီးပျက်ပါက Laptop တွင်ပါဝင်သော battery စနစ်ဖြင့် ၂နာရီ , ၃နာရီ , ၄နာရီ စသဖြင့် အလုပ်ဆက်လုပ်နိုင်ခြင်း
▶️ Wifi, Bluetooth, build in speaker စနစ်များပါဝင်ခြင်း
အားနည်းချက်
-----------------
▶️ Hardware အစိတ်အပိုင်းများအား အသစ်လဲလှယ်ရန်မလွယ်ကူခြင်း
▶️ CPU , Graphic Card များမှာ built in ဖြစ်သွားခြင်း ၊ upgrade ပြန်လုပ်ချင်၍မရခြင်း
▶️ အစိတ်အပိုင်းတစ်ခုခု ပျက်ပါက စျေးကြီးခြင်း ၊ Service Charges စျေးကြီးခြင်း
ဒီလိုကွာခြားချက်လေးတွေကို လေ့လာပြီးတော့ မိမိတို့နှင့် ဘယ်လို အမျိုးအစားဆိုရင်သင့်တော်မလဲဆိုတာကို ရွေးချယ်လို့ရလောက်ပြီလို့မြင်ပါတယ်ခင်ဗျာ။
ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Address
Yangon
11411