Everyday WITCH

Everyday WITCH

Share

Tarot Reading , Magic Spells & Witchcrafts

Photos from Everyday WITCH 's post 01/06/2026

Edited ~ Reading Answers ရေးပေးထား
ပြီးပါပြီ။

☘️June 1 ~ June 7✨
Collective Reading
Pick a pile.

ရွေးထားပေးပါ။😇

01/06/2026

☘️JUNE ✨
Job & Career Reading

JUNE လမှာ လူအမျိုးမျိုး စိတ်အထွေထွေ နဲ့
လူပုံစံ မျိုးစုံကြုံတွေ့ရတတ်ပါတယ်။

ကိုယ်တိုင်လည်း စိတ်တက်ကြွလိုက် စိုးရိမ်ပူပန်လိုက်နဲ့ ဖြစ်နေပါမယ်။

သူတို့ရဲ့ မထင်မှတ်တဲ့အကူအညီတွေ အကြံတွေ ချိတ်ဆက်ပေးမှုတွေက တဆင့် ကိုယ့်ရဲ့ဆန္ဒတွေ ပြည့်ဝ သွားပါမယ်။

လူတွေနဲ့ ဆက်ဆံရေးကောင်းအောင် သဟဇာတဖြစ်အောင် အလိုက်သင့် ဆက်ဆံတတ်ဖို့လိုပါတယ်။

လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများ သို့မဟုတ် အလုပ်နဲ့ဆက်စပ်တဲ့ လူမှုကွန်ယက်များကတစ်ဆင့် အခွင့်အရေးကောင်းများ ရရှိလာနိုင်ပါတယ်။

တစ်ယောက်တည်း ကြိုးစားနေတာထက်
အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်ပါတယ်။

လက်ရှိအလုပ်လုပ်နေသူများအတွက်တော့ ကြိုးစားအားထုတ်မှု အကျိုးခံစားရမယ်။

လုပ်ငန်းခွင်အတွင်း အသိအမှတ်ပြုခံရခြင်း၊ ပျော်ရွှင်စရာ သတင်းကောင်းများ ကြားရခြင်း များရှိမယ်။

အလုပ်နဲ့ပတ်သတ်ပီး ရှေ့တိုးရအခက် နောက်ဆုတ်ရအခက်ဖြစ်နေပါက ရှေ့တိုးပါ ယုံကြည်မှု အပြည့်နဲ့ စွန့်စားပါ။
အန္တာရယ်ကို တော့ သတိမူပါ။

လတ်တလော အလုပ်ရှာဖွေနေသူများအတွက်က မိတ်ဆက်ပေးသူ၊ အသိမိတ်ဆွေ သို့မဟုတ် Connection များမှတစ်ဆင့် အလုပ်အကိုင်များ ပေါ်ပေါက်လာနိုင်ပါတယ်။

✨ဖြစ်မလာသေးတဲ့ အရာတွေ ကို စိုးရိမ်စိတ်များပြီးရှေ့မတိုးရဲမဲ့အစား

ရှေ့ဆက်သွားရင်း နဲ့ ဖြစ်လာမဲ့အရာတွေကို
ရဲရဲရင်ဆိုင် စွန့်စားလိုက်ပါ။✨

Everyday W I T C H🌙

01/06/2026

☘️JUNE will be filled with
Plenty of good news , Blessing,Gratitude,
Love and Prosperity.☘️✨

So mote it be.

Photos from Everyday WITCH 's post 27/05/2026

Money and Lucky Energy တွေ

ရရှိဖို့ ၊ Money Flowing တွေ ပိုအားကောင်း

လာစေဖို့ အလင်းစွမ်းအင် ကိုအသုံးပြုပြီး

ကိုယ့်ရဲ့ Earth and Fire Energy ကို Activate

လုပ်နိုင်ပါတယ်။

✨Light the Candles 🕯️ ✨

Invite Abundance & Attract Prosperity✨
Money Come To You Everyday.✨

Everyday W I T C H🌙✨

26/05/2026

May 26 to May 31
Card Reading

7 of Cups Card 🪐✨

✨Fantasy နဲ့ Reality ကြား Balance ရှာပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။✨

Money & Job 💰🧳✨

ဒီကာလမှာ ငွေရေးကြေးရေးပိုင်းကို
စိတ်ကူးယဉ်ပြီး မျှော်လင့်ချက်ကြီးကြီးထားတာထက် လက်တွေ့ကျကျ စီမံဖို့လိုပါတယ်။

opportunities အများကြီးပေါ်လာနိုင်ပေမယ့် အားလုံးက profit မဖြစ်နိုင်ဘူးလို့ ပြနေပါတယ်။

အချိန်တိုတိုနဲ့ လွယ်လွယ်ကူကူ ငွေဝင်မယ်ဆိုတဲ့ကမ်းလှမ်းချက်တွေ ကို သတိထားပါ။

အလုပ်ကိစ္စတွေမှာ အလျင်လိုဆုံးဖြတ်ခြင်းကို
ရှောင်ပါ။

Offer, Partnership, Project အသစ်တွေ ရလာရင် အသေးစိတ် စစ်ပါ။

လူတချို့က စကားလှလှနဲ့ ဆွဲဆောင်နိုင်ပေမယ့် လက်တွေ့ မှာတော့ မတည်ငြိမ်နိုင်ပါ။100%မဟုတ်ပါ။

ရွေးချယ်ရခက်နေသော ကိစ္စတွေအတွက်
တစ်ခုကိုအရင် Focus ထားပြီး လုပ်
ရင် Result ပိုမြန်လာပါမယ်။

စိတ်လိုက်မာန်ပါ ငွေကြေးသုံးစွဲလိုက်ခြင်း၊
မလိုအပ်ပဲ စျေးကြီးပေးဝယ်ခြင်းများ လုပ်မိတတ်
ပါတယ်။

Love & Relationship /Partnership💌✨

လူတစ်ယောက်ကို ဖြစ်ချင်တဲ့ပုံစံ နဲ့မဟုတ်ဘဲတကယ်ဖြစ်နေတဲ့ပုံစံ နဲ့ မြင်အောင်ကြည့်ပါ။

လူတစ်ယောက်ရဲ့ အပြောထက်
သူထပ်ခါထပ်ခါ လုပ်တတ်တဲ့ အမူအကျင့်ကိုပဲ
လေ့လာကြည့်ပါ။

Red flags 🚩 သေးသေးလေးတွေကစ
သတိထားပါ။

Communication မှာ နှစ်ဖက်ပွင့်လင်း
မြင်သာမှု ရှိဖို့ အရေးကြီးပါတယ်။

ကိုယ်လိုချင်တဲ့ စံနှုန်းအပြည့် နဲ့ အချစ်ကို
ရဖို့အတွက် ကြိုးစားရင်း နဲ့ ကိုယ့်ရဲ့ ငြိမ်းချမ်းမှု
အရင် ပျောက်ဆုံးသွား တတ်ပါတယ်။

Everyday W I T C H 🌙✨
Tarot Reading

24/05/2026

UNIVERSAL LAWS ✨✨🪐

No .10🪐 The Law Of Polarity ✨

Everything has an opposite on the
same continuum.

အရာရာမှာ ဆန့်ကျင်ဘက်နှစ်ဖက် အမြဲရှိတယ်
ဆိုတဲ့ သဘောပါ။

နေ့ရှိသလို ညလည်းရှိတယ်။

အလင်းရှိရင် အမှောင်လည်း ရှိမယ်။

ပျော်ရွှင်မှုရှိရင် ဝမ်းနည်းမှုလည်း ရှိမယ်။

တွေ့ဆုံခြင်းရှိရင် ခွဲခွါခြင်းလည်း ရှိမယ်။

နှစ်ခုလုံးက cycle တခုရဲ့ အစိတ်အပိုင်းတွေပါ။

No.11 🪐The Law of Rhythm✨

Everything flow out and in,rises and falls in constant motion.

ဘဝမှာ အရာရာက လှိုင်းလို ရွေ့လျားနေတယ်ဆိုတဲ့ သဘောပါ။

လူတွေ ဝင်လာကြတယ်၊ ပြန်ထွက်သွား
ကြတယ်။

နီးကပ်မှုရှိတဲ့အချိန် ရှိသလို ဝေးကွာရတဲ့အချိန်တွေ
လည်း ရှိပါတယ်။

ဘာမှ အမြဲတမ်း တစ်နေရာတည်း မတည်ရှိနိုင်ဘူး
ဆိုတဲ့ Universal flow ကို ပြောတာပါ။

တွေ့ဆုံခြင်းတိုင်းက လှပတာမလို့

ခွဲခွါခြင်းကလည်း အဲ့ဒီတွေ့ဆုံမှု တကယ်ရှိခဲ့

ကြောင်း ခိုင်မာတဲ့ သက်သေ တစ်မျိုးပါပဲ။

ခွဲခွါ တိုင်းမှာ လည်း တွေ့ဆုံခဲ့ရတုန်းကလိုပဲ

လှပစွာ ခွဲခွါ တတ်မယ်ဆိုရင်

လှပစွာ တွေ့ဆုံကြမဲ့ အကြောင်းတရားတွေပဲ

ကိုယ့်ဆီကို cycleတခုရဲ့pattern သဘောအတိုင်း

ပြန်ရောက်ရှိလာဦးမှာပဲဖြစ်ပါတယ်။✨

တွေ့ဆုံခြင်းကိုလက်ခံထားခဲ့ရင်

ခွဲခွါခြင်းကိုလည်း လက်ခံနိုင်ရပါမယ်။😇♥️💛

Everyday W I T C H 🌙✨

21/05/2026

May 21 🌹💐🐶😽🤩☘️✨
Oracle Card Reading & Quick Messages

✨JOY & DELIGHT ✨

ရုတ်တရက် စိတ်ပျော်ရွှင်လာခြင်း

လေးလံနေတဲ့စိတ်တွေကနေ ဖျတ်ခနဲပေါ့ပါး
လာခြင်း

မျှော်လင့်နေတဲ့ သတင်း တခု မထင်မှတ်ချိန် မှာကြားလိုက်ရခြင်း

အကြံတစ်ခု အဖြေတစ်ခုလင်းခနဲရလိုက်ခြင်း

စတဲ့ မသိစိတ်က သိနေတဲ့ ကိုယ့်ရဲ့ကံကောင်းမှုကို

ပြန်လည်ရရှိမဲ့နေ့လေးပဲဖြစ်ပါတယ်။

ဒီနေ့ခဏတာတော့

စိတ်ဖိစီးစေတဲ့ အရာတွေနဲ့ ဝေးဝေးနေပြီး

ကံကောင်းခြင်းတွေ လက်ခံရယူပြီး

ပျော်ရွှင်ပေါ့ပါးသော စိတ်လေးနဲ့ ဖြတ်သန်း

လိုက်ပါ။

အားလုံး နှလုံး စိတ်ဝမ်း အေးချမ်း

ပျော်ရွှင်ကြပါစေရှင်။😇♥️

Everyday W I T C H 🌙✨

Photos from Everyday WITCH 's post 20/05/2026

Edited- Reading Answers ရေးပေးထားပါ။တယ်။

LOVE Reading 🧚‍♀️🪄✨💘
(May 21 ~ May 31)

😇♥️✨

20/05/2026

Energy For You. 😇💙⚡️✨

Tired is temporary.
Better days are coming.☀️🌱🏞️

Photos from Everyday WITCH 's post 17/05/2026

Edited ~ Reading answers ရေးပေးထားပါတယ်။

လတ်တလော ပူပန်စရာ အတွေးတွေ
ကိစ္စတွေ ရှိ သူတွေ အတွက်
Card Reading ကြည့်ပေးထားပါတယ်။

May 18~ May 27

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon