Learn with TMN

Learn with TMN

Share

Sharing Knowledge of; Administrative Management, Facilities Management, Vehicle Management and Share

23/02/2024

#စီမံအတွေးများ_၁၄



စီမံများအနေဖြင့် Reports များရေးသားကြရာတွင် လုပ်ငန်း၏အခြေအနေကိုမူတည်၍ ကြုံတွေ့ရသည့် အဖြစ် အပျက်များ နှင့် ထင်မြင်ချက်များကို သက်ဆိုင်ရာ အထက်လူကြီးများ သိရှိစေနိုင်ရန် ရည်ရွယ်ရာ အကယ်၍ မိမိတို့၏ တင်ပြချက်များသည် လိုအပ်သည်ပိုနေခြင်း၊ Management Team မှ သိလိုသည့်အချက်များ မပါဝင်ခြင်း တို့ဖြစ်ပါက အစီရင်ခံခြင်း (Reporting) သည် အကျိုးမရှိဖြစ်သွားတတ်ပါသည်။

သို့ဖြစ်ရာ အစီရင်ခံစာများရေးသားကြရာတွင် အောက်ဖော်ပြပါအချက်များကို ဦးစွာသိရှိလိုက်နာကြရမည် ဖြစ်ပြီး အခြေခံအားဖြင့် Management ၏ Policy နှင့် Philosophy ကို သိရှိရန် အထူးလိုအပ်ပါသည်။

(၁) အချိန်မှန်ခြင်း ( နေ့စဥ်၊ အပတ်စဥ်၊ လစဥ်)
(၂) အချက်အလက်များ ပြည့်စုံခြင်း
(၃) နားလည်လွယ်စေခြင်း စသည့် အင်္ဂါရပ်များနှင့် ပြည့်စုံရန်လိုအပ်ပါသည်။

အစီရင်ခံစာဆိုသည်နှင့် တပြိုင်နက် ၎င်းနှင့်ကပ်လျှက် စာရင်းဇယားများသည်လည်း အရေးပါလာပါသည်။ ထို့အတွက် စာရင်းများနှင့်ပတ်သက်၍ -

(က) လိုအပ်မည့် အခြေခံအချက်အလက်များကို အချိန်မှန်မှန် ကြိုတင်စုဆောင်းထားရှိခြင်း။
(ခ) ရရှိသည့် အခြေခံအချက်အလက်များကို စုပေါင်းလျှက် စနစ်တကျပုံစံများပြု၍ ထိန်းသိမ်းထားရှိခြင်း။
(ဂ) ရရှိသောစာရင်းများကို အချိန်ကာလအားလျှော်စွာ ပြန်လည်စီစစ်၍ အခြေအနေမှန်ကို အမြဲတစေ ရရှိနေရေးအတွက် စီမံဆောင်ရွက်ထားခြင်း။
(ဃ) မိမိတို့အဖွဲ့အစည်းရှိ (Management Team / Line Manager) တို့ တောင်းဆိုသည့် အချက်အလက်များ၊ ပုံစံများနှင့် ပတ်သက်၍ ရှင်းလင်းမှု့မရှိပါက သက်ဆိုင်ရာအလိုက် ကြိုတင်ချိတ်ဆက် မေးမြန်းစုံစမ်းထားခြင်း စသည် ဖြင့် သိရှိလိုက်နာဆောင်ရွက်သင့်ပါသည်။

#တင်မျိုးနိုင်

16/02/2024

Admin အမျိုးတွေ အလုပ်လျှောက်လိုကြရင်ဖြင့်
- Head of Administration
- Admin Manager
ရာထူးများဖြင့် Vacants များရှိလို့
စိတ်ဝင်စားရင် CB ကနေဆက်သွယ်လို့ရပါတယ်။
လစာများလည်းထိုက်သင့်သလောက်
ရနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ။

#တင်မျိုးနိုင်

Photos from Learn with TMN's post 09/02/2024

’s_Group_Of_Companies
တဖွဲ့လုံး တက်တက်ကြွကြွနဲ့
လေ့လာသင်ယူကြ မေးခွန်းတွေမေးမြန်းကြတာ
တကယ့်ကို ကျေနပ်အားရဖြစ်ရပါတယ်။
Admin သင်တန်းလေးကို စီစဥ်ပေးတဲ့
GBS မှ တာဝန်ရှိသူအားလုံးကိုကျေးဇူးတင်စွာဖြင့်။
Good Brothers' Group of Companies

#တင်မျိုးနိုင်

27/01/2024

😊ကြာပါတယ်ကွာ သင်္ဘောကြီးပေါ်ကို
5000 သာ တင်လိုက်
အဲဒါဆို အဲသင်္ဘောကြီးလည်း
ဘယ်မှကိုရွေ့မှာမဟုတ်တော့ဘူး😊

#တင်မျိုးနိုင်

13/01/2024

စီမံနှင့် ပြဿနာဆိုတာ မိတ်ဖက်ဆိုသလိုပါပဲ
လုပ်ငန်းနယ်ပယ်သာမတူရှိရမယ်
တနေ့တနေ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရတာခြင်းတော့
တူကြတာပါပဲ။ ဒါကြောင့်မို့လို့ ပြဿနာဆိုတာဟာ
Admin တွေအတွက်
လက်ဆောင်လို့တောင် ဆိုရမလိုလိုပါ။
အဆိုပါ လက်ဆောင်တွေကို ဖြေရှင်းကြတဲ့အခါ
ဆုံးဖြတ်ချက်ကောင်းတွေချမှတ်နိုင်စေဖို့
#စီမံအတွေးများ အနေနဲ့ ရေးသားလိုက်ပါတယ်။

#စီမံအတွေးများ_၁၃

စီမံများအနေဖြင့် ပြဿနာများကို
ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ကြသည့်အခါ
ပြဿနာ၏ အကြောင်းတရား (Root Cause) ကို သိမှသာ
အမှန်တကယ်ဖြေရှင်းနိုင်ကြမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မိမိတို့ကြုံတွေ့ကြရသည့် ပြဿနာများကို
အောက်ဖော်ပြပါအတိုင်း နယ်ပယ်အလိုက်သတ်မှတ်ခွဲခြားပြီး
ချဥ်းကပ်မှု့မှန်မှသာ တကယ့်ပြဿနာများကို
ဖြေရှင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။
- ပြဿနာ၏အနေအထား
o ကြိုတင်ခန့်မှန်းနိုင်မှု့ (Predictable)
o ကြိုတင်မခန့်မှန်းနိုင်မှု့ (Unpredictable)
- ပြဿနာ၏အခြေအနေ
o အသေအချာသတ်မှတ်နိုင်ခြင်း (Certain)
o စွန့်စားသတ်မှတ်ရခြင်း (Risk)
o အသေအချာမသတ်မှတ်နိုင်ခြင်း (Uncertainty)
အဆိုပါပြဿနာ၏ အနေအထားနှင့် အခြေအနေအလိုက်
ဆုံးဖြတ်ချက်များချမှတ်ကြရာတွင်-
- လုပ်ရိုးလုပ်စဥ်အတိုင်းဆုံးဖြတ်ခြင်း (Routine Decision)
- အတွေ့အကြုံနှင့်ဗဟုသုတအပေါ်မူတည်၍ဆုံးဖြတ်ခြင်း (Based on Knowledge and Experience)
- ဖန်တီးတွေးတောမှု့ဖြင့်ဆုံးဖြတ်ခြင်း (Creative Decision)
စသည်ဖြင့် ပြဿနာများကိုဖြေရှင်း ဆုံးဖြတ်ဆောင်ရွက်ရလေ့ရှိပါသည်။

02/01/2024

"Admin တွေရဲ့အောင်မြင်မှု့ဆိုတာ သူတို့ဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေရဲ့ စုဖွဲ့ထားမှု့ပါပဲ"

#တင်မျိုးနိုင်

Photos from Learn with TMN's post 02/01/2024

ကိုယ်ရဲ့ Client Company ဖြစ်တဲ့ PTI Company Limited- Power Generators Distributor အတွက် အလုပ်လေးကြေငြာပေးခြင်းပါ။
နဲ့ အလုပ်လိုရင်ဖြင့် သက်ဆိုင်ရာ
သို့ ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။

#တင်မျိုးနိုင်

26/12/2023

အထူးသဖြင့် ဒီကာလမှာ …………

“ကျွန်တော်တို့ဘယ်လောက်ပဲညံ့ညံ့၊
ကျွန်တော်တို့ထက်ညံ့တဲ့သူ ရှိသေးတယ်ဆိုတဲ့အသိက
ကျွန်တော်တို့ကို ရှေ့ဆက်သွားဖို့ တွန်းအားပေးပါတယ်လေ”

#တင်မျိုးနိုင်

16/12/2021

စီမံရေးရာဆိုသည်မှာ ...

16/12/2021

Welcome to Learning with TMN following topics;
Administrative Managment
Facilities Management
Vehicle Management
Shared Services Management

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon