CORE Collections

CORE Collections

Share

local clothing,local handmade,love local brand

14/05/2023

ရိုးရှင်းကပ်ချပ်🥰

Photos from Phụ liệu may Anh Việt's post 17/09/2022

လေ့လာပြီးပညာတွေရကြပါစေ👌

Photos from CORE Collections's post 22/08/2022

T Shirtအသားအရမ်းကောင်းဈေးတန်တာလေးတွေ လာပါပီရှင့်
ပြန်ရောင်းချင်တယ့်သူတွေဆိုပိုတန်ပါတယ်နော်
အထည်ဖြတ်ချင်လို့ဈေးလျော့ရောင်းပေးတာပါနော် No Errorပါ 😊
ခုဈေးနဲ့အိမ်နေပေါ့ပေါ့ပါးပါးဝတ်ချတာတောင်အရမ်းတန်‌နေပါပြီးနော်
Made in Thailand အထည်အစစ်တွေပါနော် 100%Cottonပါ
ခပ်လန်းလန်းဝတ်ချင်တယ့်သူတွေယူသင့်ပါတယ်နော်

Buy 7 Get 1

Size Chart -M,L,XL

3500/4000/5000/6000

10ထည်ဈေးသီးသန့်ရှိပါတယ်နော်

17/04/2022

မြန်မာနှစ်သစ်ကူးမှာ စိတ်ချမ်းသာ ✨
ကိုယ်ကျန်းမာ ပြီး လူသားအားလုံးအေးချမ်းကြပါစေ လိုရာဆန္ဒ ပြည့်ဝကြပါစေရှင်💦💦💦

22/03/2022
10/09/2021

🤍🤍🤍

14/07/2021

Handmade တွေကစျေးမပေါဘူး
ကျနော်တို့ရောပါပဲ...... ✨

Handmade လေးတွေနဲ့ ပက်သက်ရင်အများဆုံးကြားရတာ စျေးကြီးတယ်ဆိုတာလေးပဲ

ဟုတ်တယ် Handmade လေးတွေကစျေးကြီးတယ် ဘာလို့လဲဆိုတော့ အဲ့ပိစိလေးတစ်ခုဖြစ်လာဖို့အများကြီးရင်းနှီးထားခဲ့ရလို့ပါပဲ

အချိန်တွေ
Handmade လုပ်တဲ့အချိန်ကိုပဲပြောတာမဟုတ်ပါဘူးနော် ရှေ့မှာရင်းနှီးခဲ့ရတဲ့အချိန်တွေ

စိတ်ပင်ပန်းမှု
အရမ်းသေသပ်တဲ့ပစ္စည်း‌လေးရလာဖို့ အမှားတွေအများကြီးကနေသင်ယူခဲ့ရတယ် တစ်ခုပြီးသွားပေမယ့်စိတ်မကျေနပ်တဲ့အခါအရမ်းပင်ပန်းရတယ်

နာကျင်မှု
Handmade ဆိုတာ အကူစက်ကိရိယာမပါပဲလုပ်ကြရတာများပါတယ် ၉၀%လောက်ကလက်နဲ့လုပ်ကြရတာပါ နာရီပေါင်းများစွာ တစ်ခုပြီးဖို့ လက်တွေနာကျင်ပေါက်ပြဲတဲ့အထိကြိုးစားရပါတယ်

ခံစားချက်
Handmade တွေကိုခံစားချက်မပါပဲဖန်တီးလို့ရမယ်ထင်နေလား ဘယ်တော့ပြိုင်ဘက်ကင်းတဲ့အရာဖြစ်လာမှာမဟုတ်ပါဘူး

Handmade လုပ်တဲ့သူတိုင်းက ကိုယ်လုပ်ပြီးသားအရာလေးတွေကိုတုန်နေအောင်ချစ်ကြတယ်
မယုံရင်ပုံပြင်မှတ်ပေါ့

Handmade ကိုစျေးကြီးတယ်ထင်ရင် ကိုယ်တိုင်လုပ်ကြည့်ပါ တစ်ခုမပြောနဲ့အစမှာတင် ထပြေးချင်စိတ်ပေါက်သွားပါလိမ့်မယ်

ဒါပါပဲ ကျနော်တို့က စျေးကြီးပါတယ်
ဘဝနဲ့ နှလုံးသားကိုရင်းထားရလို့ပါ 💜✨

Crd

13/07/2021

အနံ့ပျောက်နေရင် ကြက်သွန်နီကို ခြေမွှပြီး လတ်လတ်ဆတ်ဆတ် ရှူပေးပါ။

ကြက်သွန်နီကို ဓားနဲ့ခွဲလိုက်ရင် သူ့မှာပါဝင်တဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းဟာ အောက်ဆီဂျင်နဲ့ အင်ဇိုင်းတို့ရဲ့ အကူအညီနဲ့ အော်လီစင် (Allicin) ဓာတ်ပစ္စည်းအဖြစ် ပြောင်းလဲသွားပါတယ်။

အော်လီစင်ဟာ အငွေ့ပျံလွယ်တဲ့ အဆီဖြစ်ပြီး အငွေ့ပျံကာ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ရောဂါပိုးမွှားတွေကို သေစေတယ်၊ အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး အနံ့ပြန်ရစေပါတယ်။

ဒါ့ကြောင့် အနံ့ပျောက်ခဲ့ရင် မိမိအိမ်မှာ အလွယ်တကူရှိတဲ့ ကြက်သွန်နီကို သုံးလို့ရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

Photos from CORE Collections's post 12/07/2021

💥💥💥မှောက်အိပ်ပေးပါ အရေးကြီးပါတယ် အမောသက်သာစေချင်လို့ပါ💥💥💥

Covid ကြောင့် အဆုတ်ထိပြီး မောလာတဲ့ သူတွေ
Acute respiratory distress syndrome တွေမှာ မှောက် အိပ်ခြင်းဟာ အလွန်အရေးပါထိရောက်တဲ့အရာပါ .....

မှောက်အိပ်ခြင်းအားဖြင့် အဆုတ်အတွင်း အောက်စီဂျင် သက်ရောက်မှုဟာ ပတ်လက်အနေထားထက် များစွာ ကောင်းပါတယ်

မှောက်အိပ်ခြင်းအားဖြင့်လည်း နှလုံးကြွက်သားကို ညစ်အားပိုကောင်းစေသဖြင့် သွေးလည်ပတ်မှုပိုကောင်းပြီး သွေးနီဥမှအောက်ဆီဂျင်သယ်ယူမှုကောင်းသဖြင့် အဆုတ်သို့ အောက်ဆီဂျင်ပိုရောက်စေပါတယ်

ပုံမှန်အားဖြင့် သွေးလွှတ်ကြောတွေဟာ နောက်ကျောပိုင်းမှာရှိတာမို့ ပက်လက်လှန်အိပ်လျှင် နှလုံးနှင့် အဆုတ် ရင်ဘတ်ရဲ့ pressure တွေက ဖိထားသဖြင့် သွေးလည်ပတ်မှု လျော့နည်းပြီး အဆုတ်သို့ အောက်ဆီဂျင်သက်ရောက်မှုနည်းပါတယ်
အဆုတ်အတွင်း လေအိတ်လေးများဟာလည်း ဖိထားသလိုဖြစ်၍ လေဝင်ထွက်နည်းစေပါတယ်

မှောက်အိပ် လိုက်ခြင်းအားဖြင့် ရင်ဘတ်ရဲ့ pressure ဟာလည်း အဆုတ်ပေါ်သက်ရောက်မှုနည်းသွားသလို နှလုံးမှ အဆုတ်ကို ဖိထားမိတွေလျှော့ကျပြီး သွေးလည်ပတ်မှုလည်း ပိုကောင်းစေကာ ဝမ်းဗိုက်မှ ရင်ခေါင်းပေါ် သက်ရောက်သည့် pressure လည်းလျှော့စေသည့်အတွက် အဆုတ်တွင်းရှိ လေအိတ်လေးများ ကြုံ့နိုင် ဆန့်နိုင်အား ပိုကောင်း လာပြီး အဆုတ်မှအောက်စီဂျင်ရယူသုံးစွဲမှုပိုကောင်းစေမှာဖြစ်ပါတယ်

မှောက်အိပ်ဖြင်းအားဖြင့် အောက်စီဂျင်အားပိုက်နှင့်ပေးထားရသည်ဖြစ်စေ ICU ထဲတွင် အသက်ရှူစက်ဖြင့် ပေးထားရသည်ဖြစ်စေ အောက်စီဂျင်ရရှိမှု ပိုမိုတိုးတက်ကောင်းမွန်စေမှာဖြစ်ပြီး ပက်လက် အိပ်တာထက် SPO2 ပိုတက်လာမှာဖြစ်ပါတယ်

ပြင်းထန် အဆုတ်ရောင် Covid pneumonia ဖြင့် HDU နှင့် ICU တွင်တက်ရောက်ကုသခဲ့သော လူနာများတွင်လည်း မှောက်အိပ်ခြင်းဖြင့် အောက်စီဂျင်တိုးတက်မှုများစွာရှိကာ အသက်ဘေးမှ လွှတ်မြောက်ရာ အထောက်အပံ့နည်းလမ်းကောင်း တစ်ခုအဖြစ်လည်း basic theory နှင့် studies နှင့် မျက်မြင်ကိုယ်တွေ့တွေလည်းများစွာရှိပါတယ် ( % နဲ့ရှင်းပြရင်လည်း ဒီညမပြီးတော့မှာမို့ပါ)

👉သို့ဖြစ်၍ မော၍ အောက်စီဂျင်ကျလျှင်မှောက်အိပ်ပါ

👉မှောက်အိပ်လျှင် အနည်းဆုံး နာရီဝက်မှ ၂နာရီကြာမှောက်အိပ်ပေးပါ မှောက်အိပ်ချိန်တွင်လည်း နောက်ကျောကို ဖွဖွလေး ပုတ်ပေးပါ

👉ညောင်းလာ၍ ဆက်မအိပ်နိုင်လျှင် ဘေး ဘယ်/ညာ လှည့်၍ နာရီဝက်မှ ၂နာရီခန့် စောင်းအိပ်ပေးပါ

👉မအိပ်န်ုင်လျှင် ဦးခေါင်းနှင့် နောက်ကြောတွင်ခေါင်းအုံးခု၍ ၃၀/၆၀ ဒီဂရီ ထောင်အိပ်ပေးပါ

👉မှောက်အိပ်လျှင် ခေါင်းအုံးထားရမည့် သင့်တော်မည့် အနေအထားအား ပုံတွင်ပြထားပေးပါတယ်

👉ပြီးလျှင် SPO2 ပြန်တိုင်းကြည့်ပါ တိုးတက်လာပါလိမ့်မယ်

တတ်နိုင်သလောက် အမောတွေ ပြေလျော့ကြပါစေ

07/07/2021

သတိပြုရန်များ... COVID-19

ကြောက်စိတ်မဝင်ပါနဲ့ စိတ်အေးစွာနဲ့ ရင်ဆိုင်ပါ အဖြစ်အပျက်သဘောကို နားလည်ထားပါ။

ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။

လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ
++++++++++++++++++++++++++++++

- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

- ထမင်းငွေ့ရှူပါ။

- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

- Aircon, ပန်ကာ ပိတ်ထားပါ။

- ပြတင်းများ ဖွင့်ထားပါ။

- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

- အသီးအနှံစားပါ။

- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။

- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

- Multivitamin ရေဆူဆေးပြားသောက်ပါ။

- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။

- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။

- စိတ်ကို ငြိမ်အောင်ထားပါ။

- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

- အချိုရည်တွေ မသောက်ပါနဲ့။

- ပူပူနွေးနွေးစားပါ။

- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

- ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်
ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ
အား ကျပါတယ်။

- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

- ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ
ဇာတ်ကားများ ကြည့်နေလိုက်ပါ။

- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။

- ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။

- ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။

မေတ္တာဖြင့်

မေနှင်းဆီ

အားလုံး ရောဂါကပ်ဆိုးကြီးမှ ကင်းဝေးကြပါစေ။
Pho ~~~fbမှစုစည်းပြီး
မေနှင်းဆီနှင့်အတူ crdပါ

Photos from CORE Collections's post 06/07/2021

ဒါလေးတော့ သတိထားပေးပါ

🔰.၁။ Stay home ....ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာ
ရှိနေရင်အကုန်ကူးဖို့များတယ်။

🔸. အထူးသဖြင့် ... အိမ်ကျဉ်းပြီး
အခန်းနည်းရင်အပြင် ...(open air) မှာကိုဗစ်က မအောင်းနိုင်ဘူး။

🔰.၂။ air borne ..ဆိုပေမယ့် တစုံတယောက်က နှာချေလိုက်မှ
အမှုန်.. droplet...လေးတွေက လေထဲမှာကြာကြာနေတာပါ။

🔹.Mask တို့ face shield တို့တပ်ထားရင် လုံခြုံတယ်။

🔹.ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

🔰.၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂ပေါက်၊ ပါးစပ်၊ မျက်စိ၂လုံးကဘဲဝင်နိုင်တယ်။

🔹.ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။

🔹.Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

🔰.၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာရိုးရိုးမျက်မှန်သုံးပါ။

🔸.မျက်စိကိုအကာအကွယ်ရတဲ့အပြင် ၊မျက်လုံးထဲလက်ထည့်စရာမလိုဘူး။

🔰.၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။

🔹.အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။

🔹.အားမှလျှော်။...မလျှော်လဲ ၅..ရက်ကြာရင်ပိုးကအလိုလို
သေသွားလိမ့်မယ်။

🔰.၆။ အရေးကြီးတာက ➖🔹

်🔹.အော်ကျယ်ပြောနေတဲ့လူ..

🔹.ချောင်းဆိုးနေတဲ့နှာချေနေတဲ့
လူ..တွေကိုဝေးဝေးကရှောင်ပါ။

🔰.၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်
လဲကိစ္စမရှိဘူး။

🔸....၅ရက်ဆိုပိုးက သူ့အလိုလိုသေတယ်။

🔸.ရွရွလျှောက်ပြေး
နေတာမဟုတ်ဘူး။

🔸.သူ့ဖာသာသူကပျနတော။

🔸.ကိုယ်ကလက်နဲ့ယူပြီး
နှာခေါင်းနိုက် .မျက်စိပွတ်..
ပါးစပ်နိုက်မှ ..ဝင်ကုန်တာ။

🔹.ဒါကြောင့် လက်ဆေးခိုင်းတာ။🔹

🔰၈။ လေဝင်လေထွက်ကောင်းဖို့ပို
အရေးကြီးတယ်။

🔹.ပြူတင်းပေါက်ဖွင့်ပြီးပန်ကာဖွင့်ထားတာကအလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာ
ထက်ပိုကောင်းတယ်။

🔹.ပညာပေးဆောင်းပါးများကို
မျက်ခြည်မပြတ်ဖတ်ရှုပြီး
နောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။➖🔰

🔹.ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး
အားလုံးကျန်းမာချမ်းသာကြပါစေ။🔹

Credit 💕ပါမောက္ခဦးသိန်းဝင်း💕

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
130405

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 17:00