HTY Information
ပြည်တွင်း ပြည်ပ Update သတင်းများကို ဖော်ပြပေးနေသော အမှီအခိုကင်းသည့် သတင်းဌာတစ်ခုဖြစ်ပါသည်။
14/09/2024
ပြည်သူအများလက်ရှိကြုံတွေ့နေရသော #ရေဘေးအတွက် ရည်ရွယ်ပြီး HTY Information ကအဖွဲ့သားတွေစုပေါင်းကာ ငွေကျပ် ၁၀သိန်းကျပ်တိတိအား လှူတန်းပေးထားပါတယ် ။
ဘယ်ကမှလည်းအလှူခံထားတဲ့ငွေမဟုတ်သလို ဘယ်သူဆီကမှလည်း အထောက်အပံ့ရထားတာမျိုးမရှိပါဘူး အလှူလည်းမခံသလို လာလှူမယ်ဆိုလည်း လက်မခံသေးပါဘူး နီးစပ်ရာဖြစ်ဖြစ်တကယ်လိုအပ်နေတဲ့ ပရဟိတအဖွဲ့တွေကိုဖြစ်ဖြစ် လှူလိုက်ပါ တွေဖျက်ထားတာကလည်း info လိုက်လို့မရအောင်ဖျက်ထားတာပါ။
အဓိကပြောချင်တာကတော့ ကျွန်တော်တို့အဖွဲ့သားတွေအားလုံးယနေ့ထိ ပြည်သူတွေနဲ့တစ်သားထဲရှိနေပါတယ်ဆိုတာပါပဲ။ အကြောင်းကြောင်းကြောင့်သာ သတင်းတွေမတင်ဆက်ဖြစ်သေးတာပါ မကြာမှီတော့ ပြန်လည်တင်ဆက်နိုင်အောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။
အားလုံးဘေးကင်းလုံခြုံစွာနဲ့ တစ်ဦးတစ်ဦးရိုင်းပင်းကူညီရင် အောင်ပွဲအထိ သက်ရှည်ကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏
07/09/2022
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ တစ်ခုတည်းသောလွတ်လပ်စွာ သွားခွင့်ရနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံကို စက်တင်ဘာလ ၄ ရက်နေ့က ရောက်ရှိခဲ့ပြီး အရှေ့ဖျားစီးပွါးရေးဖိုရမ် (EEF) ကိုတက်ရောက်ခဲ့ကာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာတော့ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတွေ့ဆုံမှု၏ ဆွေးနွေးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
(စက်တင်ဘာလ ၇ ရက်)
#စစ်ခေါင်းဆောင်
#ဗလာဒီမာပူတင်
06/09/2022
ရွှေပြည်သာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက် ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦး သေဆုံး
HTY Information (စက်တင်ဘာလ ၆ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ စက်တင် ဘာ ၆ ရက် ည (၇:၃၀)ဝန်းကျင်ခန့်က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်ခံရမှုကြောင့်ထိမှန်ခဲ့သူမှာ ရာအိမ်မှူးဦးအောင်ထူး ဆိုသူဖြစ်ပြီး ကျည်ထိဒဏ်ရာသုံးချက်ဖြင့် အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ် လို့နီးစပ်သူတွေထံက သိရပါသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ စစ်ကား ၂ စီးဖြင့်ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့လည်းသိရှိရပါသည်။
#ရွှေပြည်သာ
#ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပစ်ခက်မှု
06/09/2022
ကုန်ဈေးနှုန်းမြင့်တက်မှုတွေအတွက် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့လိုက်ပီဖြစ်တယ်လို့ဆိုသော်လည်း မည်သည့်ဈေးနှုန်းမျှမကျ
HTY Information (စက်တင်ဘာလ ၆ ရက်)
ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး တာဝန်ခံ ဇော်မင်းထွန်းက ဆိုပါတယ်။
အဆိုပါ ထောက်ပံ့ငွေတွေကို အဓိကလိုအပ်တဲ့ စက်သုံးဆီ နဲ့ စားသုံးဆီ ကဏ္ဍတွေအပြင် လိုအပ်နေတဲ့ လုပ်ငန်းတွေကို ထောက်ပံ့ခဲ့တာလို့ ၎င်းကဆိုထားသော်လည်း မည်သိုမည်ပုံ ထောက်ပံ့လိုက်သည်မသိတာကြောင့် မည်သည့်ဈေးနှုန်းမျှသိသိသာသာကျဆင်းလာတာ မတွေ့ရတဲ့အပြင် ရန်ကုန်စက်သုံးဆီဈေးမှာတင် ၂,၅၀၀ ဝန်းကျင် ရှိနေတာတွေ့ရပါတယ်။
သို့သော် စစ်ကောင်စီရဲ့ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းကတော့ ကုန်ဈေးနှုန်းမြင့်တက်နေတာ သက်သာစေဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ဗဟိုဘဏ်ကတစ်ဆင့် အဓိကလိုအပ်လုပ်ငန်းတွေကို ထောက်ပံ့ပေးခဲ့ပြီး ဝယ်ယူတင်သွင်းသူတွေအနေနဲ့ ထိုက်သင့်တဲ့အမြတ်ကိုသာယူပြီး ပြန်လည်းရောင်းချရမှာဖြစ်တယ်လို့တော့ ဆိုထားပါသည်။
#စစ်ကောင်စီ
#ဒေါ်လာသန်း၂၀၀ပလုံ
ပရဟိတအမည်ခံ အလှူငွေဝင်ရောက်ကောက်ခံပြီး ဆိုင်အတွင်းမှ ပိုက်ဆံအိတ်ခိုးယူမှုဖြစ်ပွား
HTY Information (စက်တင်ဘာလ ၆ ရက်)
ပိတောက်မြိုင်ပရဟိတဂေဟာဟုခေါ်ဆိုသော အမည်ခံပရဟိတအဖွဲ့အစည်းတစ်ခုဟာ ယမန်နေ့ နေလည် (၁:၅၀) ဝန်းကျင်အချိန်ခန့်က ဈေးဆိုင်တစ်ခုအတွင်း အလှူငွေဝင်ရောက်ကောက်ခံပြီး ဆိုင်တွင်းရှိ ပိုက်ဆံအိတ်ခိုးယူသွားကြောင်း CCTV မှတ်တမ်းနဲ့ ဆိုင်တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။
"မနေ့က ၅ ရက်နေ့ဆိုတော့ ဆိုင်မှာဝန်ထမ်းတွေလစာထုတ်ရက်ပေါ့ အဲ့ဒါ နေ့လည်လောက် ပိတောက်မြိုင်ပရဟိတဂေဟာကပါ အလှူငွေလေးထည့်ပေးပါဦးဆိုပြီး အင်္ကျီအဖြူနဲ့ ယောက်ျား (၂)ရောက်ဝင်လာတယ် ဆိုင်ကလည်း အလုပ်တွေရှုပ်နေတဲ့ကြားက ပရဟိတဂေဟာဆိုတော့ အလှူငွေထည့်ပေးတယ်ပေါ့နော် နောက်ပြီး ကို့ဆိုင်ကိုလာတာဆိုတော့ ထိုင်ခုံတောင် သေချာလိုက်ချပေးနေတာ အဲ့အချိန် ဆိုင်ကပိုက်ဆံအိတ်ကို ခိုးသွားတယ်။ အဓိက က ပိုက်ဆံအိတ်ပြန်ရဖို့ထက် အခုလိုပရဟိတအဖွဲ့အစည်းခေါင်းစဉ်တက်ပြီး အခုလိုလုပ်တာတော့မကောင်းဖူးပေါ့ ဒါကြောင့် ပြည်သူတွေ သတိထားရအောင်လို့ပါ" ဟုတာဝန်ရှိသူကဆိုပါတယ်။
ယခုကာလ နိုင်ငံရေးနဲ့ရောထွေးပြီး အကျင့်ပျက်ချစားမှုတွေနဲ့ မသမာသူတွေဟာ ပုံစံမျိုးစုံနဲ့ လိမ်လည် လုယက် ခိုးယူမှုတွေပုံစံမျိုးစုံနဲ့ရှိနေခဲ့တဲ့အပြင် ဥပဒေစိုးမိုးမှုမရှိ ဖမ်းဆီးအရေးယူမှုတွေ မရှိတော့တာကြောင့် သွားလာနေထိုင် သတိရှိစေဖို့ တိုက်တွန်းလိုက်ရပါသည်။
#ပိတောက်မြိုင်ပရဟိတဂေဟာအမည်ခံ
#ပိုက်ဆံအိတ်ခိုးယူမှု
05/09/2022
ရွှေဈေးကျဖို့ ရွှေဒင်္ဂါးထုတ်ရောင်းနေသောစစ်ကောင်စီက ရွှေဒင်္ဂါးကို လက်ရှိအပြင်ပေါက်ဈေးအတိုင်းရောင်းချ
HTY Information (စက်တင်ဘာလ ၅ ရက်)
ပြည်တွင်းရွှေဈေးအဆမတန် မြင့်တက်နေမှုကြောင့် ရွှေဈေးကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ရွှေဒင်္ဂါးများ ထုတ် ယူရောင်းချနေသော်လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေ ညာထားသောဈေးနှုန်းမဟုတ်ပဲ လက်ရှိအပြင်ပေါက်ဈေး နဲ့ ရောင်းချနေတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
စစ်ကောင်စီဟာ ရွှေဒင်္ဂါးများကို ပြည်တွင်းရွှေဈေးထိန်း ချုပ်နိုင်ရန် ၁၉ သိန်းနဲ့ရောင်းချသွားမှာဖြစ်တယ်လို့ သတင်းစာတွင်ထည့်သွင်းကြေညာခဲ့သော်လည်း တကယ် တမ်းရောင်းချတဲ့အခါမှာတော့ အထဲရွှေသားအပြင် ဗူးဖိုးပါထည့်သွင်းပေးဆောင်နေရပြီး စုစုပေါင်း ၂,၉၉၀,၀၀၀ ကျသင့်နေတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါပြင် လက်ရှိရွှေဈေးနှုန်းမှာ ၂,၉၈၀,၀၀၀ ဖြစ်နေသော် လည်း ဗူးဖိုးပါဝယ်ယူရတဲ့အတွက် ရွှေဈေးပေါက်ဈေးထက်ပင် ၁၀၀၀၀ ပိုများနေသေးကြောင်း သိရှိရပါသည်။
#ရွှေဒင်္ဂါး
#စစ်ကောင်စီ
05/09/2022
"ပလ္လင်ရူးတာလည်းမပြောနဲ့ ကျွန်ရူးတွေကအဲ့သလို"
#ကာတွန်း_ဘီရုမာ
29/08/2022
ရန်ကုန် အင်းယားကန်ထဲ လူတဦးခုန်ချ၍သေကြောင်းကြံ ရက်ပိုင်းတွင်းသေကြောင်းကြံမှုဆက်တိုက်ဖြစ်ပေါ်နေ
HTY Information ( ဩဂုတ်လ ၂၉ ရက်)
ရန်ကုန်မြို့တိုင်း ကမာရွတ်မြို့နယ်၊ အင်းယားကန်ထဲသို့ ဒီကနေ့ ဩဂုတ်လ ၂၉ ရက် မွန်းလွဲ (၂:၀၀) ဝန်းကျင်က လူတဦး သေကြောင်းကြံ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတိတပ်ဖွဲ့မှသိရပါသည်။
ခုန်ချသွားသူဟာ အသက် ၄၀ ကျော်ခန့်ရှိပြီး အမျိုးသား တစ်ဦး ဖြစ်တယ်လို့သိရကာ ကယ်ဆယ်ရေးအဖွဲ့တွေရှာနေကြတယ်လို့လည်း ဆိုပါတယ်။
ဒါပြင် ယမန်နေ့ကလည်း ပဲခူးတိုင်း၊ ပြည်မြို့ နဝဒေးတံ တားပေါ်မှ အသက် (၃) နှစ်အရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့ ခုန်ချသတ်သေမှု ဖြစ်ပေါ်ခဲ့ပြီး ယနေ့တိုင်းရှာဖွေနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ (၂၅) ကလည်း ရန်ကုန်၊ ကမ္ဘာအေးလူကူးခုံးကျော်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှုပြု လုပ်ခဲ့သေးသည်။
ဆက်လက်ပြီး ဩဂုတ်လ ၂၆ ရက်နေ့တွင်းလည်း စစ် ကိုင်းတိုင်း၊ တမူးမြို့နယ် CDM ကျောင်းဆရာမတစ်ဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးသည်။
#အင်းယားကန်ထဲ
#လူတဦးခုန်ချမှု
27/08/2022
❗️လှိုင်သာယာ၊ အမှတ် ၁၆ ရပ်ကွက်၊ မင်းတပ်လမ်းတွင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေသည်ဟု သိရသည်။ စစ်သား ၁၀ ယောက်ခန့်နှင့် ရပ်ကျေးများပါပြီး၊ အိမ်/အဆောင်များ တွင်နေထိုင်သူများကို သန်းကောင်စာရင်း/ဧည့်စာရင်းများနှင့်တိုက်ကာ စစ်ဆေးသည်ဟုလည်း သိရသည်။
ဩဂုတ်လ ၂၇ ရက်
#ဧည့်စာရင်း
27/08/2022
ကန်ဒေါ်လာ ၁ သန်းကျော် သုံးစွဲထားပြီး နိုင်ငံအနှံ Drone ဖြင့်တိုက်ခိုက်မှုရာနဲ့ချီပြုလုပ်ပြီးကြောင်း Federal Wings ထုတ်ပြန်
HTY Information (ဩဂုတ်လ ၂၇ ရက်)
Drone Project နှင့် Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ကုန်ကျခဲ့ပြီ ဖြစ်တယ်လို့ Federal Wings က ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါပြင် ဒရုန်းတပ်ဖွဲ့တွေ နိုင်ငံအနှံ့ဖြန့်ကျက်ထားပြီးဖြစ်သလို တိုက်ခိုက်မှု အကြိမ်ရေ ရာနဲ့ချီပြီး ပြုလုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
နောက်ပိုင်း စစ်ဆင်ရေးတွေဆက် လုပ်ဆောင်ဖို့အတွက် ဒရုန်းတပ်ဖွဲ့တွေ ထိုက်သင့်သလောက် အင်အားရှိသော် လည်း နေ့စဥ် ဗုံးကြဲချနိုင်ဖို့ ငွေကြေး အကူအညီ လိုအပ်နေတယ်လို့ Federal Wings က ဆိုထားပါတယ်။
#ဓာတ်ပုံ_FederalWings
27/08/2022
Breaking-လှိုင်သာယာမြို့နယ်ရွှေလင်ပန်း (၂၃)ရပ်ကွက် ခရေ (၅)လမ်းနှင့် (၆) လမ်းကြားရှိ လမ်းသွယ်တစ်ခုတွင် ဒီကနေ့ ည (၇:၀၀) ဝန်းကျင်အချိန်ခန့်က လူငယ် (၃) ဦး စစ်ကား ၃ စီးဖြင့် ဝင်ရောက်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီး (၁)ဦး လွတ်မြောက်ကာ (၂)ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ အဆိုပါ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အကြောင်းအရင်း အသေးစိတ်မသိရှိရသေးပေမဲ့ လွတ် မြောက်သူ (၁) ဦးရှိနေတဲ့အတွက် လမ်းအတွင်း ကြိမ်း မောင်းသွားတယ်လို့သိရှိရပါသည်။
(ဩဂုတ်လ ၂၇ ရက်)
Click here to claim your Sponsored Listing.
Category
Contact the business
Address
Yangon
14/03/2024