Yo Yo's Notes

Yo Yo's Notes

Share

Your travel Partner!

27/09/2020

✈️🌎



Pann Pan

Photos from Yo Yo's Notes's post 30/08/2020

Min ga lar pr 🥳💃🏼

Mandalay ကနေKalaw မြို့လေးကို ကိုယ်တိုင် Budget နည်းနည်းနဲ့သွားခဲ့တာလေးပြန်shareပေးချင်ပါတယ်ရှင့်🤩

(Budget ဆိုတာကိုစိတ်မဝင်စားသူများဒီကနေဆက်မဖတ်ပါရန်)ဟဲဟဲ🌚🤪

ပထမဆုံးအနေနဲ့ ကားလက်မှတ်ဖြတ်မဲ့အချိန်ကတည်းကစပြီး သေချာဆုံးဖြတ်ဖို့လိုပါပြီ...

OK mini busနဲ့ပဲသွားမှာပါရှင့်!!!..တစ်OkထဲOkနေလို့ sponcerရတယ်လို့လည်းမထင်လိုက်ပါနဲ့ရှင့်😛

budget အသက်သာဆုံးနဲ့သွားလို့ရလို့ Ok mini bus ကိုပဲရွေးဖြစ်တာပါ...Ok mini busကလက်မှတ်ဘယ်ကနေတကူးတကသွားဖြတ်ရမှာလဲဆိုပြီးစိတ်ရှုပ်ခံမနေပါနဲ့...

31လမ်း 83-84ကြား ၊ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ ရဲ့ block 3ခုအကျော် မှာ
Major ticket လို့ခေါ်တဲ့ flight ticketတွေရော လက်မှတ်အကုန်နီးပါးရပါတယ်...

အဲ့ရောက်မှ အချိန်ရွေး ...လက်မှတ်ဖြတ်...ပြီးရင် counterထဲမှာဝင်ထိုင်နေခဲ့လိုက်တာပဲ...ဧည့်ခံတဲ့ coffeeလေးသောက်..မုန့်လေးစားပြီး အေးဆေးနော်...😎

Pick up လုပ်မဲ့ကားကလာကြိုရင်ထပြီးလိုက်သွားလိုက်ရုံပါပဲ..ဘယ်လောက်အချိန်ကုန်သက်သာ..စိတ်ရှုပ်သက်သာလိုက်လဲ!!!?

Mandalayကနေ Kalawထိဆို OK bus က 13500 ပါပဲနော်...

တစ်ခြားbusတွေသာမန်စျေးက mandalayကနေkalawထိဆို 22000 ,23000ပတ်ဝန်းကျင်ရှိတာပါ...okကတော့လက်မှတ်ဖြတ်ပြီးပြီဆိုကတည်းက ဘာမှစိတ်ပူစရာကိုမလိုဘူး ..ကိုယ်သွားချင်တဲ့ hostel,hotelတန်းရောက်မှာ...စျေးကလည်းတော်တော်လေးသက်သာတော့ ကိုယ်တော့ကြိုက်တယ်...💫

Kalaw မှာတော့ hostel တွေ သိပ်အများကြီးမရှိဘူးနော့...
ဒါပေမဲ့ ဖွင့်ထားတာအရမ်းမကြာသေးတဲ့ Kalaw The Lodge hostel ကိုရွေးလိုက်ပါတယ်...

ကိုယ်ကတစ်ယောက်တည်းခရီးထွက်ရတာကြိုက်ပေမဲ့ တစ်အားကိုစကားများသူပါ...ကားစီးလာသမျှ ရေငုံနှုတ်ပိတ်နေလာရသမျှ hostelရောက်ရင် အထုပ်ချ.. မနားခင်ကို အခန်းဖော်တွေနဲ့ လေစပေါတော့တဲ့လူမျိုးပါပဲ...😋

Hotel မှာဆို တစ်ယောက်တည်းအေးဆေးနေချင်တဲ့သူတွေ အတွက်အဆင်ပြေပေမဲ့ ကိုယ်ကကျ စကားမပြောရရင်ကိုပျင်းနေတော့ hostelဆိုတာ ကိုယ့်အကြိုက်...

-အခန်းဖော်တွေနဲ့ table tennisကစားမလား
-chessကစားမလား..Unoလား
-ဒါမှမဟုတ်လည်းစာအေးဆေးဖတ်မလား..စာအုပ်စင်လေးပါရှိသေးတယ်နော့

သူတို့ဆီကguest တွေအတွက် Bicycle လေးတွေ serviceပေးတယ်ဆိုတော့သက်သက်ငှားစရာမလိုတော့ဘူးပေါ့အပြင်က ...

အပြင်မှာငှားရင် တစ်နာရီ 500 မနက်ကနေညနေထိလည်မယ်ဆိုအနည်းဆူံးတော့ 8နာရီ9နာရီပဲ...အဲ့လိုဆို 4500ks .4500သက်သာလည်းနည်းလား နော့!!!😉

သူတို့ရဲ့ခေါင်မိုးထပ်လေးမှာ သစ်ပင် ပန်းပင်လေးတွေ စိုက်ပေးထားတယ်...သစ်ရွက်ဖျင်တဲလေးတွေနဲ့စိမ်းစိုနေတာမှတစ်အားပဲ
...ပြောရမယ်ဆိုရင်Romanticဆန်ဆန်လေးလုပ်ပေးထားတာပါ...လေလေးတဖြူးဖြူး...စာလေးဖတ်...စိတ်ပါရင် selfieပါဆွဲပစ်ခဲ့လိုက်လို့ရပါတယ်🥳
ဘာလို့လဲဆို အဲ့ နေရာလေးကမြင်ရတဲ့viewလေးကတော်တော်လေးကိုလှတာ

ပြီးတော့ kalawရောက်လာပြီဆိုတော့လူတွေတော်တော်များများသွားနေကြမဟုတ်တဲ့နေရာ လေးတွေကိုသွားဖို့ စဉ်းစားဖြစ်တယ်...

Receptionကိုမေးကြည့်တော့ သူတို့က သူတို့ဆီမှာ guestများတဲ့အချိန်ဆိုရင်တော့ free tour လုပ်ပေးပါတယ်တဲ့!!!

tour အတွက်ငှားရင် တစ်ယောက် 20000 အဲ့ဒါဆိုင်ကယ်နဲ့...
လမ်းလျှောက်tourဆို 15000 တစ်ရက်စာပေါ့...
(ဒီ15000,20000) ကကလောdowntownထဲမဟုတ်ဘဲ...ရွာလေးတွေ...viewတော်တော်လှတဲ့နေရာလေးတွေ..ဘုရားတွေ.
ကလောviewpointပါအပါ ခရီးစဉ်အတွက်စျေးနှုန်းပါနော်🥳

ဒီThe lodge hostel Kalaw ကhostelမှာတည်းတဲ့သူတွေအတွက် သူတို့hostelကTour guideပါစီစဉ်ပေးတော့....ကျေနပ်ပြီလေ view point ရော...အနားကရွာလေးတွေဆီလည်းသွားရမယ်...ပိုက်ဆံလည်းမကုန်ဘူးဆိုတော့...!!! 🤭

ပြီးတော့ ညစာစားပြီးချိန်ဆို သူတို့hostelလေးမှာ cooking class ရှိတယ်...free classလေးပါ guestတွေအတွက် ...

Bar လေးပါတွဲဖွင့်ထားတော့ သာယာပြီလေ...သောက်ချင်စားချင်ရင်တော့ သုံးလိုက်ပါပေါ့နော်...😛
တော်တော်ကြီးလည်းချွေတာထားပြီးပြီဆိုတော့ Barမှာဒီလောက်လေးသောက်လိုက်ဖို့တော့သုံးသင့်တယ်ထင်တာပဲ.. ဟဲဟဲ🤫

Breakfast ကတော့ တစ်
က်နဲ့တစ်ရက်menu လေးတွေchangeတယ်

ဥပမာ ဒီနေ့ မြန်မာstyleဆို မနက်ဖြန်အတွက်က ဥရောပstyle...အဲ့လိုလေး!!

-Serviceကောင်းတာရယ်
-viewလေးတော်တော်လှတာရယ်
-လုံးဝအကုန်အကျနည်းပြီး chillရတာစိတ်ကျေနပ်စရာကောင်းတာရယ်
-free tourတွေ free bicycle serviceတွေပါရှိလို့ပြန်shareပေးတာပါရှင့်😉

Tada...💃🏼

ဒီ Kalaw The Lodge hostel လေးကတော့ တစ်ရက်ကို 9000ks ပဲနော်... (local price)

ဒီ ကလော budgetလေးကလည်း တကယ့်စျေးအသက်သာဆုံးတွေထဲက စျေးအသက်သာဆုံးဖြစ်မယ်လို့ထင်ပါတယ်.

ပြီးတော့...တစ်ခြားbus ticketတွေရဲ့စျေးကိုပါအခုပုံတင်တဲ့ထဲမှာထည့်ပေးထားပါတယ်...ပုံမြင်ရင်သိသွားပါလိမ့်မယ် အခုBudget planလေးက ဘယ်လောက်ထိစျေးသက်သာပြီး မိုက်လဲဆိုတာ!!!

ဒီကလောခရီးစဉ်အတွက်ခြွေတာနိုင်သမျှခြွေတာ သုံးခဲ့ပါတယ်....စျေးအတော်သက်သာပြီးအကုန်အကျအတိုင်းထက်အလွန်သက်သာခဲ့တယ်ဆိုပေမဲ့ နေရတာလေးလည်းတော်တော်လေး quality မိုက်လို့ အပြေးလာshareပေးတာ... 🤩💫

View pointသွားကြတော့ အရမ်းခင်ဖို့ကောင်းတဲ့ဒေသခံတွေက BBQ လုပ်စားနေကြတာ...
အန်တီတို့ကအရမ်းတွေခေါ်နေတာနဲ့...
အားမနာဘူး ဝင်joinခဲ့တယ်...beerလေးပါအစစ်ပါသေး!!🌚

ပြီးတော့လေ...

ကလောက အဝစား 7000 တန်Hotpot ဗိုက်ကားအောင်စားပြီး air con ခန်းထဲကွေး...wifi နဲ့ ဇာတ်ကားကြည့်ခဲ့လိုက်တာပဲ!!!🌝

Photos from Yo Yo's Notes's post 18/08/2020

ဒီတစ်ခုကိုတော့ English subtitleနဲ့မရေးပေးတော့ဘူးနော်:

Hellooo !!
Welcome back from my Yo Yo's Travel Notes page 🥳

ဒီကြားထဲpageကActiveမဖြစ်တာ တော်တော်လေးကြာသွားလို့ လွန်ခဲ့တဲ့ ရက်ပိုင်းကမှBaganမှာ တည်းဖြစ်ခဲ့တဲ့ Resort လေးအကြောင်းကို Honest Reviewလေးပြန်ရေးပေးမယ်နော်🤩

ဘယ်ဟာလေးတွေကအဆင်ပြေပြီး ဘယ်ဟာလေးတွေကတော့အဆင်မပြေဘူးဆိုတာလေးကို Honest Reviewလေးရေးပေးပါ့မယ်🤩

Hotelတွေ...Motelတွေကိုမရွေးဘဲ Resortကိုရွေးကြတယ်ဆိုကတည်းက လုံးဝRelax ဖြစ်ချင်လို့ ရွေးကြတာချည်းပါပဲ

ပုံမှန်ဆိုညီမခရီးတွေသွားတိုင်း Hotelတွေ Resortတွေဘယ်တော့မှမရွေးပါဘူး..

Why?🤷‍♀️
ဘာလို့လဲဆိုတော့ Hostel Dormitory room ပဲရွေးတဲ့Backpacker ကျွန်မက Resort မှာတစ်ခါနေမဲ့အစား ခရီးစဉ်အရေအတွက်ပိုများမှာကိုပဲ ရွေးမှာမလို့ပါရှင့်..(Luxury traveler တွေနဲ့တော့ခံယူချက်တူနိုင်မှာမဟုတ်ပါဘူး)

ဒါပေမဲ့ ဒီတစ်ခေါက်တော့ ဒီcovidကာလအတွင်းခရီးတွေလုံးဝမထွက်ရဘဲ နေရတာကြောင့် စိတ်အပြောင်းအလဲလေးဖြစ်အောင်ရယ်..
ပြီးတော့ အေးဆေးနားချင်တာရယ်ကြောင့် ခုတစ်ခါပုဂံခရီးမှာ Resortကိုရွေးဖြစ်သွားတာပေါ့နော်...

ခုချိန်ပုဂံမှာခရီးသွားများတဲ့အတွက်ကိုယ်မသွားခင် Resortကိုတိုက်ရိုက်phခေါ်ပြီးBookingလုပ်လိုက်တယ်..
ပုံမှန်Booking.com တို့ Agodaတို့ကနေလည်းBooking လုပ်လို့ရပေမဲ့ တိုက်ရိုက်Phခေါ်ပြီးBookingလုပ်တာက စျေးပိုသက်သာပါတယ်နော်😉

အခုsharingလုပ်ပေးချင်တာလေးက

ရဲ့Reviewလေးပါရှင့်🥳

Viewကတော့တော်တော်ကြီးကိုလှတာပါ🤩
အဲ့ကိုရောက်တော့ မနက်အစောပိုင်းရောက်သွားတဲ့အချိန် အဲ့viewမြင်ပြီး အမောပြေတာတော့တကယ်..
ဓာတ်ပုံရိုက်တာဝါသနာပါတဲ့လူတွေဆို တကယ်ကွက်တိပဲ..

check in ကတော့ 2PMဆိုရပြီ...
ဒါပေမဲ့ မသွားခင်ကတည်းကသူတို့ကိုကိုယ်ရောက်မဲ့အချိန်လေးသေချာပြောပြထားရင် 10:30 AM လောက်ဆိုဝင်လို့ရပြီ..Early check inအတွက်chargesပေးစရာမလိုတာကတော့တော်တော်လေးကိုအဆင်ပြေတယ်..💫

late check outအတွက်ကျတော့ တစ်နာရီ5$ပေးရတာဆိုတော့ early ceck in အတွက် chargesမပေးရတာကတော်တော်ကြီးကိုအဆင်ပြေတာ🤩

-အခန်းအတွင်းပိုင်းDecorationsတွေfacilitiesကလည်းစုံတာရော...

-cleaness,wifiလည်းပြောစရာမလိုအောင်ကို လုံးဝ အဆင်ပြေပါတယ်🥳

-Breakfastကကိုယ့်ဘာသာDinning roomမှာသွားမစားချင်လို့ အခန်းရှေ့ထိလာပို့ပေးတာလေးလည်းသဘောကျပြန်ရော🤣

-swimming pool ရယ် ရှေ့ကRiver viewနဲ့ဆိုတော့sunsetကြည့်ဖို့ကတော့လုံးဝperfectပဲ 💫

-ပြီးတော့ လုံးချင်းလေးတွေဆိုတော့ ကိုယ့်အခန်းရှေ့မှာ အေးဆေး စားလို့သောက်လို့ရတာလေးကိုတော့ တော်တော်လေးကြိုက်တယ်...မူးရူးနေလည်းဘယ်သူမှမသိဘူး😂
Resortကတော်တော်လေးကျယ်ပြီးviewကလည်းလုံးဝအမိုက်စားလေး...

တော်တော်ကြီးကိုRelaxဖြစ်တာ!

ဒါပေမဲ့ Welcome drink က foreignerတွေအတွက်ပဲသီးသန့်serviceရှိတာမျိုးကျ အဆင်မပြေဘူးလို့ထင်တာပဲ..
Welcome drink serviceကိုအဓိကပြောချင်တာမဟုတ်ဘဲ
မြန်မာနိုင်ငံမှာ Foreginerနဲ့ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်းယှဉ်ရင် ကိုယ့်နိုင်ငံသားကို ဘယ်တော့မှအရင်ဦးစားမပေးကြတာတော့ သိပေမဲ့ သူတို့နဲ့တန်းတူအခွင့်အရေးလေးတောင်မှကိုယ့်နိုင်ငံသားအချင်းချင်းကိုမပေးတာကြီးကတော့ အမှန်တိုင်းပြောရရင် impression downပါတယ်..

localနဲ့foreginer ကြား ဝန်ထမ်းတွေရဲ့ဆက်ဆံရေးမတူတာကလည်း အဆင်ပြေမနေဘူးပေါ့နော်...(ဒါလေးသာအဆင်ပြေရင် Righly recommendပေးတယ်)

ခုcovidကာလမလို့ lunchတွေဘာတွေအတွက်ထမင်းကြော်နဲ့ခေါက်ဆွဲကြော်ပဲရသေးတာလေးရောပဲ.. နည်းနည်းအဆင်မပြေဘူး😉

ဆိုတော့...75% လောက် အဆင်ပြေခဲ့ပါတယ်ပေါ့နော် 😉

Thank you 🤩🙏


Bagan Thiripyitsaya Sanctuary Resort

Photos from Yo Yo's Notes's post 08/06/2020

English subtitle below:😉

ကလောကနေ အင်းလေးကို ပိုက်ဆံ30000နဲ့ Trekking လုပ်ကြတုန်းက🥳

တောထဲတောင်ထဲလမ်းတွေတော့ကိုယ်တွေလည်းလမ်းမကျွမ်း🤭

အဲ့တော့ ကလောကနေ

Jungle king Trekking service ကိုJoin ပြီး ကိုယ်နဲ့ ကိုယ့်ဧည့်သည် 7ယောက် နဲ့အတူတူ Trekking လုပ်ဖြစ်ခဲ့တာလေး... တကယ့် အမှတ်တရပဲ 💯

ကလောမှာ Trekking servicesတွေတော်တော်များပါတယ်...
ဒါပေမဲ့ ညီမကလောကနေ အင်းလေးကို နွေရာသီမှာရော..မိုးရာသီမှာရော..ဆောင်းမှာရော Trekking (3)ခါသွားခါသွားခဲ့ဖူးတယ်...
သူ့ရာသီဥတုနဲ့သူ အတွေ့အကြုံအပြောင်းအလဲလေးတွေသိချင်လို့ဆိုပြီး..🤩

(3)ခါစလုံးကလည်း Jungle King Trekking Servicesနဲ့ပဲသွားဖြစ်ခဲ့တာ...

ပထမဆုံးTrekkingမလိုက်ခင်ကတည်းက Trekking servicesတွေရဲ့ Reviewတွေကိုအရင်ဝင်ကြည့်ဖြစ်တော့

-Jungle King ရယ်
-Ever Smileဆိုတဲ့ Trekking serviceလည်းကောင်းတယ်...Highly Recommend မလို့ Jungle King နဲ့စသွားဖြစ်ခဲ့တာပါပဲရှင်🌚

တစ်ယောက်စာချင်းစီအတွက်ကို30000 ပေးခဲ့ရတယ်..
ဒါပေမဲ့ Trekking တစ်လျှောက်

Breakfast,Lunch,Dinner ကအစသူတို့ပဲစီစဉ်ပေးတာ...

​Trekking ခဏနား..နေ့လည်စာစားတဲ့အိမ်မှာပါ တစ်ရေးအိပ်ခဲ့သေးတာကိုယ်တွေအဖွဲ့ဆို🤓😂

ကလောကနေ စစထွက်ချင်းတော့ ပျော်ရွင်မြူးတူးနေတာပါ ကျွန်မက 🤭
အံမယ် အတွေ့အကြုံအသစ်ပေါ့...🌚

1ညအိပ် 2ရက်ခရီးလေးပဲဆိုတော့ ကျောပိုးအိတ်သေးသေးလေးထဲ အဝတ်က3ထည်ထဲထည့်တာ...

ကျန်တာက မုန့်တွေ..စကင်းကဲTravel kitလေးတွေ..ရေမွှေးပုလင်းသေးသေးလေးလည်းပါသေးတယ်နော်🤣

​-ခေါင်းကိုက်နေလား.. ဘယ်နားနာနေလဲ ?🤓ကျွန်မကျောပိုးအိတ်လေးထဲမှာ ဘာမီတွန်ကအစ Mixagrip အဆုံး...
-ပြီးတော့ Hand gel ,wet tissueအစုံပဲ 🤓

နောက်ဆုံး Aloe vera gelကအစ lotion အဆုံး အကုန်ပါတယ်..🥴

ကိုယ့်ဧည့်သည်တွေကတောင် ကိုယ့်ကျောပိုးအိတ်သေးသေးလေးကို လိုတရအိတ်ဆိုပဲ.. သူတို့လိုတာ မှန်သမျှ ဘယ်သူ့ဆီပါပါ မပါပါ ကိုယ့်ကိုသာမေး..ပါတယ် 🤣

ကလောကနေTrekking စထွက် ပြီး 4 နာရီလောက်ထိ
ကျောပိုးအိတ်ထဲကနှိုက်တိုင်းထွက်လာတဲ့မုန့်စားလိုက်..
သီချင်းလေးညည်းလိုက်နဲ့..
နေ့လည်တောင်တွေတစ်လုံးပြီး တစ်လုံးတက်ရမှ ငိုချင်သလိုလိုဖြစ်လာတာ 😂
တက်ရတဲ့တောင်ကလည်း (၉)လုံး
တောင်ကိုးလုံးTrekking !!!

ငါတော့ ဒီတောင်ကိုးလုံးကို ကျော်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေးရင်း..
လမ်းတွေလျှောက်ရင်းနဲ့ ညနေ 7နာရီလောက်ဘုန်းကြီးကျောင်းကိုရောက်လာပါလေရော..🥳

အဲ့အချိန် ကျောပိုးအိတ်ထဲက မုန့်လည်းထုတ်မစားနိုင်တော့ပါဘူးရှင်🤥
လူကပစ်လှဲပြီးပဲ အိပ်ပစ်ချင်တာ ချက်ချင်းကို 😆

ဘုန်းကြီးကျောင်းရောက်တော့ အိပ်ယာတွေ​ရော..ညစာတွေပါအသင့်...ရေချိုးမယ်ကြံလိုက်ပါတယ်..

ခရီးသွားရာသီဆိုတော့ Trekking groupတွေအကုန်လာစုံပြီး လူပေါင်း 30 ကျော်လောက်ဖြစ်သွားတော့ ရေတောင်မနည်းလုချိုးရတယ်.. မီးကမရှိ..ဖယောင်းတိုင်နဲ့ အသက်ဆက်ရ🤣

အံမယ် ညစာစားပြီး local guide က ခွန်ဆန်လောတို့ နန်းဦးပြင်တို့ ပုံပြင်တွေပါ သူက English လိုပြောပြနေသေးတာ..
ကိုယ်ကတော့ ငုတ်တုတ်လေးထိုင်ငိုက်😂

တစ်လမ်းလုံးလည်း အဲ့local guideနဲ့ စကားအရမ်းပြောဖြစ်ဘူး.. ကိုယ်နဲ့တောင်မပြောရပါဘူး guide က..🥴
ကိုယ့်ဧည့်သည်တွေအမေးအမြန်းထူချက်.. အဲ့ထဲက ကောင်လေးတစ်ယောက်ကတော့ အမေးနိုင်ဆုံး!!! 🥴
ထိုင်ပါငိုချင်သွားမယ်ထင်တယ် ဟို Local guide 🤣

ကိုယ်ကအဲ့အချိန်လေးသက်သာတာလေ.. ဘာစကားမှပြောမနေဘူး 🤣နားပဲထောင်နေလိုက်တယ်..ဝွန်း!!🤓

ညစာစားပြီး ဘုန်းကြီးကျောင်းရှေ့မှာလည်း ဘီယာရောင်းတယ်တဲ့..
အဖွဲ့လိုက်ကြီးသွားဝယ်ကြတော့ သူတို့ပြောတဲ့စကားလည်းကိုယ်နားမလည်.. ကိုယ့်စကားလည်းသူတို့နားမလည်..
foreignersတွေကလာမေးသေး..ဟယ် သူတို့ပြောတာနင်နားမလည်ဘူးပေါ့တဲ့..🥴
​ငါကဗမာစကားပဲနားလည်တာပါလို့ ပြန်ရှင်းခဲ့ရသေး🤣
နားမလည်တော့Guideကိုသွားပြန်ခေါ်ခဲ့ရသေးတာလည်းအမှတ်တရ 🌚

ပြီးတော့ လူ30 ကျော်စုပြီး မီးပုံပွဲပါလုပ်လိုက်သေး..
ရာသီဥတုကအေး..
ဘီယာလေးနဲ့..
ကိုယ့်ကျောပိုးအိတ်ထဲက ဆိတ်သားခြောက် အချောင်းလေးတွေထုတ်ပြီး ဝါးနေလိုက်တယ်😎

ခဏနေတော့ ကိုယ်လည်းသူတိူ့နားမှာထိုင်ရတာ နားငြီးလာလို့ အိပ်တော့မယ်လို့ လိမ်..
ပြီးတော့ ကင်မရာ ကိုင်ပြီး ဟိုချိန်ဒီချိန်စရိုက်တော့ ညဘက်ကောင်းကင်ကြီးကလည်းတော်တော်လေးလှတော့ ဒီပုံတွေထွက်လာတာပါပဲရှင်...🤩

လျှပ်စစ်မီးတွေသာရှိနေခဲ့ရင်..phလိုင်းတွေသာမိနေခဲ့ရင် ဒီပုံလေးရဖို့မသေချာ👀

တော်တော်ကြီးကို ပျော်စရာ ကောင်းခဲ့တာ.. သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကြီး သွားချင်မိသေးတယ် .ကလောကနေ အင်းလေးကိုလမ်းလျှောက်လို့ပြောလိုက်တာနဲ့တင် သူတို့က လိုက်မှာမဟုတ် 🤕

အင်းလေးကိုလည်းရောက်ရော..
Hostel ကိုCheck inမဝင်ခင်.. တွေးနေမိတာက ငါHostelရောက်ရင်ဘယ်အဝတ်သွားဝတ်ရမှာလဲဆိုပြီး🤣

လူကလည်းချွေးတလုံးလုံးနဲ့ဆိုတော့...လူကသာHostelရောက်တော့မယ်...ငါ့ရဲ့ ကျောပိုးအိတ်ကြီးက Hostelကိုရောက်ပါ့ဦးမလားဆိုပြီးတွေးပူခဲ့သေးတာ...

Hostelအထိ Guideကလိုက်ပို့ပေး..
ရောက်ရောက်ချင်း ညောင်ရွှေက Ostello Bello Hostelမှာ Check in ဝင်ခဲ့လိုက်ပါတယ်ရှင်🌚
ကလောကစထွက်ကတည်းက Booking.comကနေHostelကို တစ်ခါထဲကြိုBookingလုပ်ထားလိုက်တော့ အင်းလေးကိုရောက်တော့ Hostelရှာတာတို့ဘာတို့ အမောထပ်ဆို့စရာမလိုတော့ဘူးပေါ့!!

check in လည်းလုပ်ပြီးရော ကိုယ်တို့အဖွဲ့ရဲ့ ကျောပိုးအိတ်တွေရှိတဲ့ အခန်းကို Hostelကဝန်ထမ်းလေးကခေါ်သွားပေးတယ်...

ကိုယ့်အိတ်ကိုယ်သယ်ပြီး ကိုယ့်အခန်းထဲမှာကိုယ်အိပ်ပစ်လိုက်တာ.. မိုးချုပ်သွားတဲ့အထိပဲ🤣

အိပ်ယာကနိုးလာတော့.

ဟာ ငါလုပ်နိုင်ခဲ့ပြီဆိုပြီး ကိုယ့်ကိုက်ိုယ်အောင်နိုင်သူကြီးလို ပီတိတွေဖြာပြီး..ဂုဏ်ပြုတဲ့အနေနဲ့ ဘီယာတွေ...Mojitoတွေတစ်ဝကြီးသောက်ပြီး လူမှန်းမသိမူးလိုက်သေးတယ် 🥳🤭😂

အဲ့ဒီTrekking မှာဆုံခဲ့တဲ့ groupလေးနဲ့ပဲ အင်းလေးမှာလျှောက်သွားဖြစ်ခဲ့တယ်🤩
အကုန်လုံးကတော့ Trekking စထွက်လာတုန်းက တစ်ယောက်စီသီးသန့်ပဲ...

အင်းလေးလည်းရောက်ရော.. တကယ်အဖွဲ့ကျသွားပြီး လျှောက်လည်လည်း အဖွဲ့လိုက်..စားလည်းအဖွဲ့လိုက်..မူးလည်းအဖွဲ့လိုက်နဲ့..နောက်ဆုံးသူတို့ပြန်သွားမှ ကိုယ်တွေလည်းပြန်လာခဲ့တော့တာပဲ!!!

memoryလေးပြန်တက်လာလို့ သတိရမိသွားလို့ shareတာ🌚🤩

Trekking သွားချင်ရင် သူငယ်ချင်းတွေလိုက်စုမနေပါနဲ့တော့...
Trekking သွားနေတုန်း တစ်ယောက်နဲ့ တစ်ယောက်မသိဘဲ မိတ်ဆက်..စကားတွေပြောကျနဲ့...
နောက်ဆုံး Trekkingပြီးတော့ သူငယ်ချင်းအသစ်တွေပါထပ်ရလာတာကတော့အမှန်🥳

Here's about of 2 days and 1 night trekking from Kalaw to Inle Lake(Nyaung Shwe) what I did before !🤩

Most of the backpackers asked me like where should we go and how you prefer if we want to see more locals.

I highly recommend to do trekking from Kalaw to Inle lake(Nyaung Shwe) if you want to find more locals!
I already did this trekking for 3 times.
In summer,Rainy season and also in winter.Cause wanna get different experiences and weather conditions changes for three of those and I did it.

But I swear if you do in winter ,Thats will be cooler and better than doing at summer and rainy season. In summer be like lots of dry and that makes you a bit tired more.
If you being scared of muddy ,dont do it in rainy season cause thats will be like a little sh*tty too!🤣
Everythings green but I want you to be notice its mosquito season!🌚
So should be more careful and take mosquito sprays and some medicines what you need.To be Safe!!

And dont look up for wifi also on the way😒
And I saw mostly everyones busy with their cameras on trekking and they might be thinking was like can work on social media at trekking night but Nooooooo!🤭
Theres no electricity on the way!🌚
So take more camera batteries with you together thats all you can do. 100% impossible to charge on trekking.
So Take more camera batteries and stay away of regrets !😝

But no worries ! Thats totally enjoyable and you can check my photos first thats how cool !
I just described with photos below. Go and check it!😉

And I just joined with the 'Jungle King ' trekking service from Kalaw. The local guide from Jungle King , He was totally nice and responsible at all. So Highly recommend to Jungle King service!!

-Do a trekking ,Get more friends ! More fun and Enjoy!😉
Thank you 🙏

Photos from Yo Yo's Notes's post 06/06/2020

English Subtitle below:😉

မနက်ဖြန်ကျရင်

____မြို့ကနေ_____ကို 1ညအိပ်2ရက်Trekking လုပ်ခဲ့တာလေး Share ပေးမယ်နော်🤩
ခုတော့ ဒီဓာတ်ပုံလေးတွေပဲအရင်ကြည့်ထား😝

ဘယ်မြို့ကနေဘယ်မြို့Trekkingလုပ်ခဲ့တယ်လို့ထင်ပါသလဲ👀
Guess what?

I want to inform about of 2 days & 1 night trekking what I did. 🤩
But not today.. On Tomorrow !!😉

Go and see my photos first what I already described below. More photos will be coming tomorrow.. Tada!!! 👀

Photos from Yo Yo's Notes's post 06/06/2020

English subtitle below: 😉

MandalayကနေBagan ကို အကုန်အကျနည်းနည်းလေးနဲ့ ဘယ်လိုသွားကြမလဲ?🤔

ပုံမှန်Bus တွေဆိုရင်Bus ticket price က 13000 ks ပါ...13000 ကျပ်ဆိုတာက လက်မှတ်ခပဲရှိသေးတာပါ...
အဲ့ထက်စျေးနည်းတဲ့busလေးအောက်မှာပြောပြပေးပါ့မယ်!!!🤓
ကဲ!!အိမ်ကနေ bus station ကိုသွားရဦးမယ်...အိမ်ကနေgrabပဲငှား ငှား ဘာငှားငှား 1500 နဲ့ 2000 လောက်တော့အဲ့မှာကုန်မှာပဲ..1500ဆိုတာလည်း ပိုက်ဆံပါပဲ...1500သက်သာမဲ့နည်းရှိပါတယ်...haha 🤭🌚
အခု ညီမပုဂံကိုလာတော့ OK လို့ခေါ်တဲ့ Mini bus နဲ့လာခဲ့တာပါ...ကားလက်မှတ်ခကတော့ 6500 ပဲရှိတာပါ...

ဟင်!!!6500 !!!

ကားကစီးရတာအဆင်ပြေပါ့မလား ?ဘယ်လိုကားလဲ? Air con busပါ ...ပုံမှန်ကိုယ်တွေစီးနေကြbusလိုပါပဲနော်...😉

ပြီးတော့သူတို့က ကိုယ့်အိမ်အထိပါ pick up(လာကြို)ပေးပါတယ်...အိမ်အထိလာကြိုတော့ ကာgrabတို့ taxiဖိုးတို့မကုန်တော့ဘူး...ပြီးတော့ကားခကလည်း 6500 ...အဲ့မှာတင် ပိုက်ဆံခြွေတာလိုက်နိုင်ပြီ...tada..!🕺

ကိုယ်အဆင်ပြေတဲ့အချိန်တွေရွေးလို့ရပါတယ်..တစ်ရက်လုံး ဘယ်ချိန်ထသွားသွားလို့ရသလောက်ကို ရွေးစရာအချိန်တွေများတယ်...

ညီမကတော့ နေ့လည်2 နာရီကားနဲ့ ထွက်လာတယ်...ပုဂံ ကားဂိတ်ကို 7:30 လောက်ရောက်ပါတယ်...

ဟာ!!အဲ့မှာတင်ပြသာနာပဲ...ကားဂိတ်တွေက ပုဂံမြို့ဟောင်းမှာပါ...taxiငှားပြီး ကိုယ့်hostelကိုသွားရတော့မယ်...

ကိုယ့်hostelကပုဂံမြို့သစ် jatty (downtown )ထဲမှာ...taxiက 8000တဲ့...🤔

အဲ့မှာ!!!မငှားချင်ဘူးကိုယ်ကလည်း..,🤥

​ခဏနေတော့ စီးလာတဲ့ Ok Busက spare manက ကိုယ့်အထုတ်တွေကားပေါ်ကနေချပေး ပြီး တစ်ခြားကားပေါ်တင်လိုက်တယ်...

ဟာ!!!ဒါဘာလုပ်တာလဲပေါ့ ကိုယ်ကရန်ရှာလိုက်တာ...🤣
hostelအထိ လိုက်ပို့ပေးဖို့ ကားchangeရတာပါတဲ့....

ဟမ်!!!!အသေကုန်ပျော်...ြေခြွေခြွေတာတာနဲ့ခရီးထွက်ရတော့ ကိုယ့်မျက်နှာကအဲ့အချိန် မှိုရတဲ့မျက်နှာကြီးနဲ့ ြဖြီးလို့!!!hahaha😂🤭

တော်တော်လေးကို အဆင်ပြေတဲ့busပါလားဆိုပြီးနောက်လည်းအဲ့Busနဲ့ပဲသွားဖို့ဆုံးဖြတ်လိုက်တယ် ကိုယ်ကတော့

အဲ့ဒါပြီးတော့ hostelကိုရောက်လာပြီ...🤩

ညီမတည်းခဲ့ တဲ့ hostel က Arthawka B& B hostel ပါ...receptionသွား...check in ဝင်....လူက တော်တော်ပင်ပန်းနေပြီ အခန်းထဲရောက်တော့!!!

အမရေ salt water swimming pool ရှိပါတယ်တဲ့ ...

-hostel customerတွေဆို အခမဲ့ဝင်ကြေး ..

-အပြင်လူဆို တစ်ယောက်6000ပေးရတယ်တဲ့...အယ် ပျော်ိာပေါ့ ကိုယ်လည်း...ရေကူးကန်ထဲ 1နာရီလောက်စိမ်ပစ်လိုက်တယ်...စတာပါ mins 30လောက်ပါပဲ 😛

အဲ့ဒါပြီးတော့ receptionကဝန်ထမ်းကလာမေးတယ် ...အမ မနက်ဖြန်breakfastဘာစားမလဲဗျာ တဲ့...ကိုယ်စားချင်တာလေးကိုပြောထားပြီး သူတို့ကတစ်ျယာက်ချင်းစီအတွက်စီစဉ်ပေးတာပါ...တော်တော်လေး serviceကောင်း!!! 😉

အဲ့ဒါနဲ့ အခန်းထဲဝင် lineသုံးမယ်အလုပ်...wifi password ကအခန်းထဲမှာကပ်ထားပေးပြီးသား ...Airconနဲ့ စောင်ခြုံကွေးပြီး saveထားတဲ့ ဇာတ်ကားတွေ ကြည့်ပစ်လိုက်တယ်...wifi နဲ့...ကိုယ်ဟာဂျင်းကောင်!!!🤭🤣

Ahh!!ပြီးတော့မေ့တော့မလို့ hostelက တစ်ရက်ကို 8000 ပါပဲနော်...ပုံမှန်Tour ရာသီဆို စျေးကလည်း 12000 နီးပါးဝန်းကျင်လောက်ရှိသလို အခုရောက် အခုcheck inဝင် အ ခန်းရဖို့တော့မလွယ်ဖူးပေါ့နော့...

အခုကတော့ lower seasonဆိုတော့ အစစအရာရာ စျေးသက်သာသွားတယ်...အဲ့ဒါနဲ့ ကျွန်တော်လည်း ပိုက်ဆံပိုသေးတာပဲဆိုပြီး ပုဂံကနေ ကလောကိုခရီးဆက်လာခဲ့ပါတယ်ပေါ့နော်....Hahaha....ပုဂံကနေကလောကိုပဲဖြစ်ဖြစ်...mandalayကနေကလောကိုပဲဖြစ်ဖြစ် cheapest budget planလေးအကြောင်းလည်း ထပ်shareပေးပါ့ဦးမယ်နော်...

ပြီးတော့ Hostelက sponcerပေးတာမဟုတ်..ကိုယ့်ဟာကိုယ်ကိုယ့်Budgetနဲ့သွားပြီး ကြိုက်လို့ Reviewပြန်ရေးပေးတာ...ဝွန်း😒

Arthawka B & B Hostel ပါတဲ့နော်😉

How can we set a cheapest budget trip from Mandalay to Bagan?😉

For bus ticket prices could be between 15000 and 23000 in normally (foreigners price)

But I can prefer for you a cheap one (Thats may be the cheapest one what you ever asked to someone about Mandalay-Bagan trip😉)

I recommend 'OK ' Mini Bus for the cheapest in cheapest.It was kinds of aircon mini bus and comfortable. About the prices were between 10000 and 12000 mmk for foreigners. And also they have picked up service and you can save your Taxi charges to go to bus station from wherever you stay!! 🥳
But you have to notice that was not sleeping bus !! 😉

After that if you arrive to Bagan bus station ,Spare men will pick you up to your hostel if you're lucky ! 🤣
They do always for locals normally but not sure for foreigners cause some of Taxi drivers from Bagan bus station ,They always complained and have some problems between bus drivers and taxi drivers from bus stop.
So grab a taxi and pay 8000. 🤭

You paid 8000 mmk for taxi but after that you can choose the cheap hostel with excellent services. I just recommend

' Arthawka B & B hostel ' and already described below with photos together! Go and check it!!😉You can also search in Hostel world ,Agoda and Booking. com App. I'm sure you may be found some of nice hostels also were

-Baobabed Hostel
-Ostello Bello Hostel
-Arthawka B & B hostel
I just recommend three of those.And also they are together with swimming pools.
But now I just described 'Arthawka B & B Hostel ' only in photos.🤓
About of price for 'Arthawka B & B hostel ' was between 6$ and 10 $ for dorm at lower season. Around 9$ and 12$ at high season. And cleanness also highly recommend !😉

Notice:I didnt get any sponcer from these hostels. Just traveled byself and sharing about of cheapest budget experiences.

Thank you 🙏

31/05/2020

English Subtitle below:😉

တစ်ယောက်ထဲခရီးတွေသွားရင်...
- Hostelမှာနေရတာကိုကြိုက်လား ?

-Hotel မှာနေရတာကိုပိုကြိုက်လား?🌚

Whats you more prefers to stay when travel alone,

-Hostel ?

-Hotel?

01/05/2020

English subtitle below:

Good Morning guys!!

ဒီနေ့ ညနေပိုင်းကျရင်

Mandalay 🔁 Bagan

Yangon 🔁 Bagan ဆိုပြီး အပိုင်းလေး 2ခုခွဲပြီးတင်ပေးသွားမယ်ရှင့်🤩

အဲ့ထဲမှာ Mandalayကနေစထွက်ဖို့ စျေးအသက်သာ အဆင်ပြေဆုံး Bus ticketကအစ...

ပုဂံရောက်ရင်စျေးသက်သာပြီး

-တည်းခိုရတာလည်းအဆင်ပြေ

-Hostel မှာတည်းတဲ့လူတွေအတွက် သူတို့ဘက်က free ပေးထားတဲ့ serives တွေကြောင့်ကိုယ်လည်း အကုန်အကျသိသိသာသာကြီးကို သက်သာမဲ့ Hostelလေးတွေရော

-စျေးလည်းတော်တော်လေး သက်သာပြီးစားရတာပါ အဆင်ပြေ..သန့်လည်းသန့်.serviceပါတကယ်ကောင်းတဲ့Restaurantsလေးတွေရော သိရမှာနော်..

ညနေကျမှDetailsကျကျ သေချာလေးတင်ပေးပါ့မယ်ရှင့် 🤩

Good Morning guys!!

I gonna update and would like to inform to you guys about of trips

Mandalay 🔛 Bagan

Yangon 🔛 Bagan

-Might be including and started from the cheapest bus tickets for this trip

-And also feels about of free services as if you become a guest of hostel with the low budget price. Eg-Services like Swimming pool,and....more 🤩

-Also you would be known kind of Restaurants with the good,fresh foods and not really expensive and excellent services too!

Thank you 🤩

30/04/2020

English subtitle below:

ဒီPage လေးကို createလုပ်ထားတာကြာပါပြီရှင့်..
ခရီးထွက်ရတာကိုစိတ်ဝင်စားပြီး

-Budgetပါအဆင်ပြေ.

-နေရတာအဆင်ပြေတဲ့Hostelလေးတွေ...စျေးနှုန်းလည်း အသင့်အတင့်ရှိတဲ့ Restaurantsလေးတွေ

-ပြီးရင် transportationကအစ တကယ်အဆင်ပြေတာလေးတွေကို ပြန်shareပေးချင်လို့ပါရှင်🤩

ညီမကိုယ်တိုင် ညီမရဲ့Budgetနဲ့ ဒီတစ်နှစ်အတွင်းခရီးတွေတော်တော်များများထွက်ဖြစ်ခဲ့ပါတယ်...

အဲ့ထဲကမှ တကယ်ကို ခရီးသွားရတာစိတ်ဝင်စားပြီး Budgetအတိအကျနဲ့ပါခရီးသွားချင်တဲ့လူတွေ...
servicesကိုပါ အလေးထားတဲ့လူတွေအတွက် ရည်ရွယ်ပြီး ဒီpageလေးထဲမှာ shareပေးသွားမယ်နော်🤩

ကျေးဇူးပါရှင့်🤩

Hey guys!

I just created this page since of long time ago but I didn't make to get attentions from you guys.

Sorry for that and I will do recommend for what the most cheapest in cheapest budget travels among of them I already traveled within 1 year and half.🤓

Thats information might be including like -Budget Hostels and also with excellent services

-And also for budget transportation tickets such as Bus,Flight and where's nice to have meals with the fair price.

I do recommend only for the real good things what i traveled within these over 1 year and just want you guys to be know without any sponcer from what i really recommend!!
Sharing is caring thats why i do!

If would you like to know more,just get inform from this page by following.
Thank you 🤩

26/11/2019

English subtitle below:

အခုဆို ကိုယ်ခရီးထွက်တွေထွက်ရင်Budget နဲ့ပဲသုံးပါတယ်...Luxury traveller များအတွက်ကတော့ အပန်းဖြေအနားယူယုံသက်သက်ပဲဆို တကယ့်Hotel တွေမှာနေပြီး အေးဆေးသုံးလို့ရပါတယ်...
အခုဆို ကမ္ဘာ့အနှံ့အပြားမှာ Budget traveller တွေ Backpacker တွေ တစ်နိုင်ငံပြီးတစ်နိုင်ငံလေ့လာခြေဆန့်နေတာတွေတွေ့ရပါတယ်...

ဒီလိုပါ...ညီမ မိဘတွေနဲ့အတူတူခရီးထွက်ခဲ့တုန်းက ခရီးထွက်ရင် selfieရိုက်ပြီး check in တင်ဖို့လောက်ပဲ အာရုံရှိတာပါ...hahaha🤭
အခုတစ်ယောက်တည်းခရီးစထွက်ဖူးတဲ့အချိန်ကစပြီး ကိုယ် ခရီးထွက်ရင် ကျောပိုးအိတ် တစ်လုံးနဲ့ပဲခရီးထွက်ဖြစ်တယ်...

အဝတ်အစားက 5စုံ..ပိုပိုလိုလို အနွေးထည်တို့...ခြေအိတ်တို့..ပြီးတော့ ကိုယ်တကယ်လိူအပ်မှာတွေပဲထည့်လိုက်တယ်....

တစ်ယောက်စာအတွက်ကတော့ အဲ့ကျောပိုးအိတ် တစ်လုံးစာနဲ့လုံလောက်ပါတယ်...🤓

ကိုယ်အရင်ကခရီးထွက်တဲ့အခြေအနေဆိုတာက သွားမဲ့ ခရီးက5ရက်ဆိုအဝတ်အစား15စုံလောက်ထည့်...အကုန်ထည့်တာ...
အခုက ကိုယ်စပြီးခရီးတွေထွက်တော့ Hostel တွေမှာပဲတည်းဖြစ်ပါတယ်...

-hotelထက်စျေးပိုသက်သာတာရော...
-hostelမှာဆို ကိုယ့်လို Budget traveller တွေဆုံမိကြတယ်...စကားတွေပြောကျ...

အဲ့ဒီInternational budget travellerတွေက မြန်မာနိုင်ငံထဲခရီးထွက်ဖို့ကို ကိုယ့်ထက်တောင် ပိုသိနေသေး...
-ဘယ်နေရာကပိုသက်သာပြီး ဘယ်လို အဆင်ပြေတယ် မပြေဘူးဆိုတာတွေပေါ့!!!

Travel opens your eyes ပါ...🤩
ငယ်တုန်း ရွယ်တုန်း အလုပ်လုပ်..ပိုက်ဆံစု...ခရီးတွေသွားပါ...
ခရီးတစ်ခုသွားရင် ပိုက်ဆံကို budgetနဲ့သွားတာနဲ့ luxury သီးသန့်အတွက်ပဲသွားတာနဲ့ တော်တော်ကြီးကို အကုန်အကျတွေက သြီးသန့်စီပါပဲ!!! ကိုယ်ဆို စျေးအသက်သာဆုံးhostel...စျေးအသက်သာဆုံးနဲ့ တကယ့် စျေးအသက်သာဆုံးလေးတွေပဲရွေးတာပါ ...🤓

တကယ် ခရီးလည်းထွက်ချင်တယ်...ပိုက်ဆံamountကလည်းအများကြီးမရှိဘူးဆို Budget နဲ့သွားတာအကောင်းဆုံးပါ...
ဒါပြီး
င် Mandalayကနေ Baganကိုတကယ့်စျေးသက်သက်သာသာနဲ့လာခဲ့တာလေး ကို ြပြန်ပြီးshareပေးပါ့မယ်...

I just started budget traveling within these year. I’m not that rich but one thing’s need to be reach of more numbers for how many places had I been travelled! Not luxury !So love to stay at the hostels and always choose the cheap things.

And now I would like to inform you about of the cheapest in cheapest travel plans such as hostels,Bus ,Restaurants and great services in Myanmar.

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon