April Business Store
emotionလေးတွေလဲ တင်မယ်��
�����OSလေးလဲ လုပ?
12/06/2024
#စိတ်ညစ်တဲ့အခါတိုင်း ဖတ်ဖို့ ...
(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။
(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။
(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။
(4)တခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။
(5)တခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။
(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။
(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။
(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။
(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။
(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။
(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင်
ကိုယ်သင်းနံ့မွှေးနေမှာပါ။
(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။
(13)အမှား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။
အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။
(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။
(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။
(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။
(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။
(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။
(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရှိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။
(20)သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကတော့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။
ရွှေဈေးတက်🪙🪙🪙
ငွေဈေးတက် 💰💰💰
ကုန်ဈေးနှုန်းတက် 😢😢😢
Facebook ကြီးတောင် မသုံးရတော့မယ့် အခြေအနေ
တည်ငြိမ်နေတာဆိုလို့ ကိုယ့်လစာပဲ
တက်လဲမလာ လျော့လဲမသွား သုံးလို့လဲမလောက်ဖူး
04/06/2024
ကုသိုလ်ရအောင်
Like & Share လေး လုပ်ပေးကြပါအုန်းနော်
ရင်နာနာနဲ့ ကြိုးစားမေ့နေတယ်
ငါ့မဆက်သွယ်ပဲ နေနိုင်တဲ့
နင့်ကိုလဲ ချီးကျူးတယ်
မစခဲ့သင့်တာကို စခဲ့မိတဲ့အတွက်
ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရင်း
#12-Mar-23
ဒီလူတော့ ငါ့ကို
ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူးဆိုပြီး
ယုံကြည်မိသွားပြီးမှ
အချိုးတွေ ပြောင်းသွားတာက
ပိုနာကျင်ရတယ် ...
အဲ့ဒီအချိန် ...
သူက ငါ့ကို အရမ်းချစ်တာဆိုပြီး
တစ်လောကလုံးကို
ပတ်ကြွားပြီးနေပြီ
အမှတ်မရှိသေးဘူးလားဆိုတဲ့
မေးခွန်းတွေကို
သူနဲ့တော့ ဘယ်တော့မှမဝေးဘူးဆိုပြီး
ဖြေပြီးနေပြီ
ဒီတစ်ခါတော့
ဘယ်သူမှ မသိအောင်
ကြေကွဲရပြန်ဦးမယ် ထင်တယ်
အဆင်ပြေနေတာပဲဆိုတဲ့
ခေါင်းစဥ်အောက်မှာ
မျက်ရည်တွေ ခိုးပြီး ကျရဦးမယ်ထင်တယ်
နင်ကိုက အမှတ်မရှိတာဆိုတဲ့
စကားတွေကို
ကြားရဦးမယ်ထင်ပါတယ် ။
#ကျေးကို
မေ့ရမတဲ့လား
စက်ဘီးနင်းပြီး ပျော်ခဲ့တဲ့အချိန် မေ့လို့ရလား
လိုင်းကားတွေပတ်စီးပြီး လည်ခဲ့တဲ့အချိန် မေ့လို့ရလား
Shopping centreတွေလည်ခဲ့တဲ့အချိန် မေ့လို့ရလား
လစာထုတ်ချိန်တလလုံးသုံးဖို့ ချန်ပြီး သုံးခဲ့တာတွေ မေ့သွားလား
အဆင်မပြေချိန်တွေ တိုင်ပင်ခဲ့တာ မေ့နိုင်မယ်တဲ့လား
ပျော်စရာရှိရင် အရင်အသိပေးခဲ့ချိန်တွေ မေ့နိုင်သွားလား
လကုန်ရက် ရုပ်ရှင်ကြည့်ပြီး သဝေထိုးခဲ့ချိန်တွေ မေ့နိုင်ပြီလား
အစားအသောက်လုစားခဲ့ချိန်တွေ မေ့နိုင်ပြီလား
အတူတူပျော်ခဲ့ ဝမ်းနည်းခဲ့ ကြိုးစားခဲ့ချိန်တွေ မေ့နိုင်သတဲ့လား
ဪ ဘယ်မေ့နိုင်ပါ့မလဲ အချိန်တွေက
အစားထိုးမရတဲ့ ပြန်မရနိုင်မယ့်အချိန်တွေ ဖြစ်ခဲ့ပြီလေ
တိုက်ဆိုင်မှုတွေရှိရင် ဪ အတူတူလုပ်ခဲ့ဖူးတာပဲလို့ သတိရတယ်
အာ့လောက်ပဲ ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲ မေ့မရမဲ့ အရာတွေကို
အတင်းမေ့ဖို့ မကြိုးစားတော့သလို
သတိရလဲ ဪ အာ့အချိန်က အာ့လိုလေးပါလား ဆိုတာလောက်နဲ့
ရပ်တန့်နိုင်ပြီလေ အချိန်က တိုက်စားလာတဲ့အခါ အတိတ်က
အတိတ်မှာ ပြီးဆုံးခဲ့ပြီ ပစ္စုပ္ပန်ကို သယ်မလာတော့ဖူး
ဒီလောက်ပါပဲ
အချိန်ကလဲ တရွေ့ရွေ့သွားတယ်
ကိုယ်ကလဲ အချိန်နဲ့အမျှ ပြောင်းလဲလာတယ်
မတည်မြဲတဲ့ နိယာမ သဘောတရားပဲလေ
မေ့မရနိုင်တာကတော့ အဖိုးနဲ့အဖွား
အဖိုးနဲ့အဖွား အသက်ရှိစဉ်ကာလတွေကို
သေသည်အထိ မေ့ရမှာမဟုတ်ဖူး
သူငယ်ချင်း မရှိအတူ ရှိအတူ ဆယ်စုနှစ်တခုစာ
ပေါင်းလာတဲ့သူငယ်ချင်းတွေ မေ့မရပါဖူး
ကိုယ့်အတွက် အစားထိုးမရတဲ့ မေတ္တာတွေနဲ့ အေးချမ်းစေသူဆိုလို့
အဖိုးအဖွားပဲရှိတာလေ ခုချိန်ဆို အရမ်းသတိရတယ်
ရေစက်ကုန်လို့ အနားမရှိတော့ပေမယ့်
ရောက်လေရာဘဝတိုင်းမှာ အေးချမ်းသာယာပါစေလို့
ဆုတောင်းပေးနေပါတယ်
မင်းနဲ့မှ ထပ်ပြီး လွဲခဲ့ဦးမယ်ဆိုရင် ...
အချစ်ကြောင့် ကျွန်တော် နာကျင်ခဲ့ရပြီးသွားပြီ နှစ်တွေအကြာကြီး ကျွန်တော် ကြေကွဲခဲ့ရပြီးသွားပြီ ။ ပြီးတော့ မျက်ရည်တွေ ခမ်းတဲ့အထိ ငိုခဲ့ရပြီးသွားပြီ ။ ပြီးတော့ ကျွန်တော် ခင်ဗျားကို ချစ်ခဲ့မိသွားခဲ့ပြီးပြီ ... ဒီတစ်ကြိမ်မှ မင်းနဲ့ထပ်ပြီး လွဲရဦးမယ်ဆိုရင် အချစ်ဆိုတဲ့အရာကို ကျွန်တော် နောက်ထပ် ထပ်ချစ်မိဖို့ဘယ်တော့မှ ကြိုးစားမိတော့မယ်မထင်ဘူး ။ အချစ်ဆိုတဲ့ အရာကနေ ကျွန်တော် ပတ်ပြီး ပြေးနေတော့မယ်ထင်တယ် ။
ကျွန်တော် ခင်ဗျားကို ချစ်တယ် ... ငယ်တော့တဲ့ အရွယ်လဲ မဟုတ်တော့တာမို့ စိတ်ကစားပြီး ချစ်ခဲ့တာမဟုတ်တာတော့သေချာပါတယ် ။ အပျော်ကစားခဲ့တာ မဟုတ်သလို ခဏတဖြုတ် ရင်ခုန်ခဲ့တာလဲ မဟုတ်ဘူး ။ အရာရာကို စိတ်ခံစားချက်ကို ဦးစားမပေးခဲ့တာရယ် ။ စကားတစ်လုံးကို ဖြစ်သလို မပြောခဲ့တာတွေရယ်ကြောင့်သာ တစ်ခါတစ်ရံ တိတ်ဆိတ်နေခဲ့မိတာ ။
ခင်ဗျားကို ချစ်တယ်လို့ တွေးခဲ့တုန်းကလေ ... သူ့ကို ပျော်အောင်ထားပေးနိုင်ပါ့မလားလို့ အရင်တွေးဖြစ်ခဲ့တယ် သူ့အတွက် အချိန်တွေပေးနိုင်ပါ့မလားလို့ အရင်တွေးဖြစ်ခဲ့တယ် ။ သူ့အတွက် ငါ ဘာလုပ်ပေးနိုင်မလဲဆိုပြီး ကျွန်တော်တွေးဖြစ်ခဲ့တယ် ။ ဒီအကြောင်းအရာတွေ ပြောပြနေခဲ့တာကလေ ခင်ဗျားကို ချစ်တယ်ပြောခဲ့တာ လွယ်လွယ်ကူကူလေး ပြောခဲ့တာမဟုတ်သလို ခဏတဖြုတ်အတွက် ရင်ခုန်ခဲ့တာ မဟုတ်ဘူးဆိုတာလေးသိချင်ရုံသက်သက်ပါ ။
တစ်ကြိမ် ဂဲမှန်ခဲ့ဖူးတဲ့ စာသူငယ်က နောက်တစ်ကြိမ် ထပ်ပြီး နာကျင်ရမှာကို ကြောက်နေမိတဲ့အတွက် အစစအရာရာ ပြင်ဆင်ပြီးမှ အစစအရာရာဆင်ခြင်ပြီးမှ ခင်ဗျားအနား ပျံသန်းချင်နေခဲ့မိတာပါ ။ ကျွန်တော့်ကြောင့် မျက်ရည်တစ်စက်ကျမှာ ကြောက်နေမိသလို ကျွန်တော့အနားက မပျော်လို့ ထွက်သွားမှာကို ကြောက်နေမိတယ် ပြီးတော့ ကျွန်တော့်ကြောင့် အနှောင့်အယှက်ဖြစ်သွားမှာကြောက်လို့ ကျွန်တော့ပုံစံတွေ အယူအဆတွေ အများကြီး ချိန်းထားခဲ့တာလေ ။ ဖုန်းတွေဆက်ချင်နေမိတဲ့ ... အချိန်တွေမှ အများကြီးပဲလေ တကယ်ဆက်ခဲ့မိတဲ့ အကြိမ်အရေအတွက်တွေတော့ နည်းတယ် စာတွေပို့ချင်နေမိတာတွေတော့ အများကြီးပေါ့ ဒါပေမယ့် တကယ်ပို့ခဲ့မိတဲ့ စာတွေက အဆင်ပြေရဲ့လား ... အလုပ်များနေလား ဒီလောက်ပဲပေါ့ ကျွန်တော့်ကြောင့် အနှောင့်အယှက်ဖြစ်သွားမှာကြောက်နေရုံလောက်ပါ ။
ခေါ်လာတဲ့အချိန် အမြဲအသင့်ရှိနေအောင် နေခဲ့သလို ချစ်တယ်ဆိုတဲ့ စကားကို ကျွန်တော် ခဏခဏ မပြောဖြစ်တာကလွဲရင် ခင်ဗျားကို တကယ်ချစ်ခဲ့ပါတယ် ။ ပြီးတော့ ... တကယ်လဲ လိုချင်ခဲ့တယ် ။ ထားပါ ... ဒါတွေက ကျွန်တော့်ဖက်က အတွေးတွေပေါ့ ဒီနေ့ဒီအချိန်မှာ ကျွန်တော် တခြားတစ်ခုကို တွေးနေမိတယ် ထင်တယ် ။ အရင်လို နွေးထွေးမနေတော့တဲ့ ဆက်ဆံရေးမှာ ကျွန်တော် ငိုနေမိတာတွေ မင်းကို မသိစေချင်တော့ဘူး ပျော်အောင် ထားမပေးနိုင်ခြင်းတွေအတွက် အကြောင်းပြချက်တွေ အများကြီး ပေးမနေချင်တော့ဘူး ။
မင်းက ငယ်သေးတယ်ကလေးရဲ့ ... ပြီးတော့ သိပ်ရင့်ကျက်တယ် အဆင်ပြေအောင် နေတတ်မယ်ဆိုရင် ... ကျွန်တော်လဲ အဆင်ပြေပါတယ် ။ လွမ်းပါတယ်ဆိုပြီး မ တ ချင်တော့ဘူး ကျွန်တော့်ကို ငဲ့ကြည့်ပါဆိုပြီး ကျွန်တော် မငိုပြချင်တော့ဘူး မာနတွေ ထားနေတာ မဟုတ်ဘူးနော် တကယ်တမ်းကျတော့ အနှောင့်အယှက်တွေဖြစ်မှာ စိုးနေတာပါ ။ စိတ်ထဲရှိတဲ့အတိုင်းသာ လုပ်ချလိုက်မယ်ဆိုရင် Missed Call အထပ်ထပ်နဲ့ စာတွေအထပ်ထပ်နဲ့ ခင်ဗျားဖုန်းလေး ဆူညံသွားလိမ့်မယ် ။ ကျွန်တော် အဲ့လောက် မနှောင့်ယှက်ချင်တော့ဘူး ။
ကျွန်တော် ခင်ဗျားကိုချစ်တယ် ပြီးတော့ လိုချင်တယ် ပိုင်ချင်တယ် ။ ဒါပေမယ့် ခင်ဗျားနဲ့မှ ထပ်ပြီး လွဲရမယ်ဆိုရင်တော့ ကျွန်တော် ဒီတစ်သက် ဘယ်သူ့ကိုမှ ထပ်ပြီးချစ်ဖို့ ကြိုးစားတော့မှာမဟုတဘူး ။ ချစ်တယ်ဆိုတဲ့ စကားကို ဘယ်တော့မှ သုံးဖြစ်တော့မှာမဟုတ်ဘူး ။ပြီးတော့ ... ဘယ်သူ့ဆီကမှ အချစ်ကိုတောင့်တတော့မှာ မဟုတ်ဘူး တကယ်လို့ မင်းနဲ့ လွဲခဲ့ရမယ်ဆိုရင်ပေါ့ တစ်ယောက်တည်းပဲ နေဖြစ်သွားဖို့ များပါတယ် ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
Page လေး Activeမဖြစ်တာ ကြာခဲ့ပြီ
07/11/2022
သဘောကျလိုက်တာ
နောက်ထပ်ပုံပြင်လေးတပုဒ်
ဇာတ်သိမ်းသွားခဲ့ပြီ
31/08/2022
Good Night ပါ ... စူပုတ်လေးရေ ...
မနက်မိုးလင်းကတည်းက
မပျော်ရတဲ့
နှုတ်ခမ်းတွေက
ဒီအချိန်ထိ
စူပုတ်နေရတုန်းလား ...
ပျော်ပါစေဆိုတဲ့
ဆုတွေပေးလဲ
ပြုံးမလာဘူးလေ
မျှော်နေတဲ့ ဖုန်းလေးကလဲ
မလာပြန်ဘူးလား
ပြောချင်တဲ့ လူတစ်ယောက်ကလဲ
တိတ်ဆိတ်နေပြန်ပြီ ထင်ပါတယ်
ဒီကလေးကလေ ...
ပြုံးရင် သိပ်လှတာကို
လူတချို့က
မသိလို့ ထင်ပါတယ်
ဒီကောင်မလေးက ပျော်နေရင်
သိပ်ချစ်ဖို့ကောင်းတာကို
တချို့ မသိကြဘူးထင်တယ်
အနားနားရှိရင်
ပုံပြင်လေးပြောပြပြီးသိပ်မယ်နော်
အဲ့ဒီပုံပြင်လေးကလေ ..
သိပ်လှတဲ့ မင်းသမီးလေးအကြောင်းပါတယ်
စူပုတ်နေတဲ့ ကောင်မလေးကို
ရည်ညွှန်းတယ်
အဲ့ဒီမင်းသမီးလေးက
ငိုနေတဲ့ မျက်ရည်တွေသုတ်ပြီး
ပြုံးပြီး အိပ်သတဲ့ ...
Good Night ပါ ...
စူပုတ်လေးရေ ...🤍🤍🤍
#ကျေးကို
01/08/2022
တကယ်လို့သာ ဆက်ချစ်ဖြစ်ခဲ့မယ်ဆိုရင်
ဒီနေ့ဆို rsသက်တမ်း 9နှစ် ပြည့်မှာနော်
ဒါပေမဲ့ အခုတော့ ခြောက်နှစ်မပြည့်ခင်
လွန်ခဲ့တဲ့ 3နှစ်က နင်ငါ့ကို ထားပစ်ခဲ့တယ်
ငါဝမ်းမနည်းပါဖူး စိတ်နာတာ
ငါ့မှာ ငါ့အနားမှာ ငါ့သူငယ်ချင်းတွေ
တယောက်တမျိုးစီနဲ့
ငါစိတ်ဓာတ်မကျအောင်
ငါအားမငယ်အောင်
ငါဝမ်းမနည်းအောင်
အကုန်လုံးလိုက်ဂရုစိုက်ပေးကြတယ်
နင်မကောင်းမြင်ခဲ့တဲ့ ငါ့သူငယ်ချင်းတွေက
နင့်ထက်ငါ့အနားမှာ ငါ့ကို ပိုဂရုစိုက်ပေးကြတယ်
ငါ့ကို ပိုချစ်ပေးကြတယ်
နောက်နှစ်တွေကျရင် ငါနင့်ကို သတိရလာမှာမဟုတ်တော့ဖူး
နင်သာ တချိန်ချိန်ကျရင်
ငါ့ကို သတိရမလာပါစေနဲ့လို့ ငါဆုတောင်းပေးလိုက်ပါတယ်
1-Aug-22
10:22pm
Click here to claim your Sponsored Listing.
Category
Website
Address
Yangon