TechBridge
Bridging Tech Frontiers.
31/12/2023
Happy New Year 2024 🤩
နှစ်သစ်မှာ လူတိုင်း စိတ်၏ချမ်းသာခြင်း l
ကိုယ်၏ကျန်းမာခြင်း နဲ့ စီးပွားတိုးတက်ခြင်း များ
ပြီးပြည့်စုံကြပါစေ လို့ TechBridge Team မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ 🙆♂️
TechBridge
08/11/2023
🌟Our Service of TechBridge Software Company ‼️
TechBridge Software Company ဟာ မိတ်ဆွေတို့ရဲ့စီးပွားရေးလုပ်ငန်းများကိုတာဝန်ယူဆောင်ရွက်ပေးဖို့အတွက် အတွေ့အကြုံရင့် Developer များစုပေါင်း ဖွဲ့စည်းထားတဲ့ Company ဖြစ်ပါတယ်…
TechBridge Company မှာရရှိနိုင်တဲ့
Service များကတော့
🔻 Web Design & Development
🔻 Domain & Hosting
🔻 Cloud Solution
🔻 Customized Web Application စတဲ့ Service တွေကိုစိတ်တိုင်းကျဝန်ဆောင်မှုပေးနေပါတယ်…
🌟Technology နဲ့ပတ်သတ်ရင် စိတ်တိုင်းကျဆောင်ရွက်ပေးနေတာ TechBridge Company ပါ‼️
ဒါကြောင့် မိတ်ဆွေတို့ရဲ့
တိုးတက်နေတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုဖန်တီးနိုင်ဖို့ အခုပဲဆက်သွယ်လိုက်ပါ💢
📱Ph- 09421711078, 09768719919
📍Address- Hlaing Campus,Yangon,Myanmar.
21/10/2023
Laravel မှာ Data Metrics တေပြချင်တဲ့အခါ Laravel Easy Metrics ကို
သုံးလို့ရပါတယ်။ သူကတော့ Laravel Filament နဲ့တွဲသုံးဖို့ ထုတ်ထားတာလို့ပြောပါတယ် custom သုံးလည်း မအိုကေစရာမရှိပါဖူး။ ကျတော်စမ်းရသလောက်တော့ တော်တော်စုံပါတယ်။
Laravel Easy Metrics - https://github.com/sakanjo/laravel-easy-metrics
26/09/2023
သင့်ရဲ့ Laravel application ထဲတွင် https ကို enforce လုပ်ချင်သောအခါ အခုလိုအသုံးပြုနိုင်ပါတယ်
TechBridge
22/09/2023
Laravel မှာ columnတွေကို Modify အခုလို လုပ်ပြီး
အသုံးပြုလို့ရကြောင်း Example Codeလေးနဲ့
အတူပြပေးထားပါတယ်ဗျ
20/09/2023
Beginner တွေအနေဲ့ ကိုယ်ရေးလိုက်သော Query သည် N+1 ပြသနာ ဖြစ်မဖြစ်ကို Laravel verison 8 မှစပြီး built in ပါဝင်လာသော N+1 query detector ကိုအသုံးချပြီးဖြေရှင်းနိုင်ပါတယ်..
17/09/2023
Laravel ရဲ့ service container
Laravel ရဲ့ service container ဆိုတာ သူရဲ့အဆိုရတော့ zero configuration resolution ပေါ့ ဆိုလိုတာက dependencies မရှိတဲ့ class သို့မဟုတ် concrete class တွေဟာ ဘာမှပြောစရာမလိုပဲ သူ့ဟာသူ resolve လုပ်ပေးတာပေါ့ အောက်ပါcodeမှာဆို ဘာ dependency မှ မရှိတဲ့ connection.php ကို ConnectionController ရဲ့ construct method ကနေ Dependency Injection ခေါ်ထားပါတယ် အဲ့ဒီအခါ Connection.php ကို resolve လုပ်ပြီး instance ကိုပြန်ပေးပါတယ်
class Connection
{
public function connect()
{
return "connect to db”;
}
}
class ConnectorController extends Controller
{
public $connection;
public function __construct(Connection $connection)
{
$this->connection = $connection;
}
}
ဒါဆို အောက်က code လို Connection.php မှာ dependency ရှိလာရင်ရော ဘယ်လို လုပ်မလည်း ?
class Connection
{
public $key;
public function __construct($key)
{
$this->key = $key;
}
public function connect()
{
// connect using $key
return "connect to db";
}
}
ဒါဆိုရင်တော့ ConnectionController ထဲမှာ resolve လုပ်ရမယ့် Connection.php မှာ unresolvable dependency ဖြစ်နေပါတယ်ဆိုပြီး exception throw ပါလိမ့်မယ် Laravel အနေနဲ့ သူလည်း Connection.php အတွက် ဘယ်လိုရှင်းရမလည်းဆိုတာ လိုနေပါပြီ အောက်က code အတိုင်း AppServiceProvider ရဲ့ register method ထဲမှာသွားပြီး instruction ရေးပေးရပါ့မယ်
public function register(): void
{
$this->app->bind(Connection::class, function () {
return new Connection("blahblah");
});
}
ဒါဟာဘယ်လိုလည်းဆိုတော့ Connection.php ကို Service Container နဲ့ bind လိုက်တာပါ resolve လုပ်ပေးဖို့လိုလာတိုင်း new Connection("blahblah"); ကို သုံးခိုင်းလိုက်တာပါ
နောက်တစ်ခုက Bind လိုက်တာဖြစ်တဲ့အတွက်
app()->make(Connection::class) ဆိုပြီး မည်သည့်နေရာကမဆို container ထဲကနေ ပြန်လည်ခေါ်ယူလို့ရသွားပါတယ်
Service Container ရဲ့နောက်ကွယ်က အလုပ်လုပ်ပုံကိုသိချင်ရင်တော့ vendor/laravel/framework/src/Illuminate/Contracts/Container/Container.php မှာကြည့်လို့ရပါတယ်
Service container နဲ့ decouple ဖြစ်တဲ့ code တွေကိုလည်း ရေးလို့ရပါသေးတယ် နောက်ကွယ်ကဘယ်လို resolve လုပ်တယ်ဆိုတာ ရိုးရှင်းလှတဲ့ container တစ်ခု ရေးကြည့်ကြပါမယ်
အဲ့အကြောင်းကိုတော့ နောက် post တစ်ခု သို့မဟုတ် အကြောင်းအရာများလို့ video နဲ့ဖြစ်ဖြစ် ရှင်းမှအဆင်ပြေမှာပါ
အားလုံးပဲ ဘဝရဲ့ dependency တွေ resolve နိုင်ကြပါစေဗျာ
Laravel - The PHP Framework For Web Artisans Laravel is a PHP web application framework with expressive, elegant syntax. We’ve already laid the foundation — freeing you to create without sweating the small things.
02/07/2023
Phpမှာ Classတွေကတစ်ခုကနေ တစ်ခုကိုပဲ
extendလုပ်လို့ရတယ် Single Inheritance ပုံစံပဲရတာပေါ့
အကြမ်းဖြင်းအားဖြင့် extendလုပ်သုံးပြီဆိုကတည်းက
extendလုပ်ခံရတဲ့Classတွေထဲကနေ methodတွေ propertiesတွေကိုခေါ်သုံးချင်လို့ပဲ
ကျနော်တိူ့ Classကနေ တခြား Classတစ်ခုကို extend
လုပ်သုံးလိုက်ပြီ အဲဒီမှာ ပြဿနာက ကျနော်တို့ Classမှာ
နောက်ထပ် methodတွေထပ်ထည့်ရမယ်ဆိုပါစို့
ထပ်ထည့်ရမယ့် methodတွေကလည်း ခုနက
extendလုပ်လိုက်တဲ့ Classထဲမှာလည်း မပါဘူး
ပြီးတော့ ကျနော်တို့ Class မှာကလည်း နောက်ထပ်
extend လုပ်လို့မရတော့ဘူး
အဲဒီအခြေအနေရောက်လာရင်တော့ Traitကိုသုံးနိုင်တယ်
Traitထဲမှာ ကိုယ်ထပ်ထည့်ချင်တဲ့ methodတွေရေးမယ်
ပြီးရင် ကိုယ်သုံးချင်တဲ့ Classမှာ extendလုပ်စရာ မလိုပဲ
use keywordသုံးပြီး traitထဲကနေ public နဲ့
protected ကြေညာထားတဲ့ methodတွေ
propertiesတွေ ကိုသုံးလို့ရမယ်
Traitထဲမှာက PHP Magic method
တွေတော့အလုပ်မလုပ်ဘူး Classတစ်ခုထဲမှာ
traitတွေအများကြီးသုံးလို့ရတယ် ဒါကြောင့်
Traitက Collection of methods တစ်ခုပါပဲ
၀င်ရောက်ဆွေးနွေးထောက်ပြလို့ရပါတယ်ဗျ
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Hlaing Campus
Yangon