365

365

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 365, Public Figure, Yangon.

23/09/2025

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓

ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။

ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်
စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။

စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..
ဆရာတို့ ဘယ်လိုဖြေကြမလဲ..?

အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ
ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)
ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်
အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက
ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ
အသုံးချခဲ့ကြပါတယ်။

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။
ရှေးအခါက နေ့ နှင့် ည အချိန်များကို
နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး
တွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး
၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်
၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)

ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်
ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ
တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။

13/09/2025

ဥပဒေသစ်တွေထုတ်လိုက်ပြီနော်....
အားလုံးဆင်ခြင်နိုင်ကြပါစေ...

ယာဉ်နံပါတ်မထင်ရှား = ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ။

အခြားနံပါတ်တပ် = ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း.
ထောင်သုံးလ။

ယာဉ်နံပါတ်ပြားမတပ်= ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ
သုံးသိန်း. ထောင် သုံးလ။

ဝှီးတက်သက်တမ်းကုန် = ကျူးလွန်သည့်ပုဒ်မ(၈၀)။ အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေ
တစ်သိန်း. ထောင် တစ်လ။

ယဉ်မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး = ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁။ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ။

မူးယစ်ဆေးဝါးသုံးအရက်အမူးလွန်းမောင်း ပုဒ်မ(၈၁-ဇ)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ

ယဉ်မောင်းလိုင်စင်မပါ ပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။

ယဉ်မောင်းလိုင်စင်သက်တမ်းလွန် = ကျုးလွန်
သည့်ပုဒ်မ(၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ = ဒဏ်ငွေ သုံးသောင်း။

မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။
အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။

ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု = ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ)။ အရေးယူသည့်ပုဒ်-၈၆ = ဒဏ်ငွေ
သုံးသောင်း။

ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။

ရှေ့မီးအနိမ့်နေ့/ညဖွင့်မောင်းရန်ပျက်ကွက် = ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း။

ပါဝါအိတ်ဇောအသံထိန်းမပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။

ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယူသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း။
တို့ဖြစ်သည်။

သိထားတော့ဆောင်ရန်ရှောင်ရန်နားလည်ထားတာပေါ့_စေတနာဖြင့်အသိပေးအပ်ပါသည်။



#ဗန်းမော်သိန်းဖေ

11/09/2025

"ကျွန်တော်က လူတွေကို ကျန်းမာပါစေ ( ဒါမှမဟုတ် ) ချမ်းသာပါစေလို့ ဆုတောင်းမပေးချင်တော့ပါဘူး။ ကျွန်တော်သူတို့ကို ''ကံကောင်းပါစေ'' လို့ပဲဆုတောင်း ပေးချင်ပါတော့တယ်။ ''

" ဘာလို့လဲဆိုတော့ တိုက်တန်းနစ်သင်္ဘောပေါ်က လူတွေဟာ ကျန်းမာ​ကြတယ်၊ သူတို့ဟာ ချမ်းလည်း ချမ်းသာကြပါတယ်။ ''

" ဒါပေမယ့် သူတို့ ကံမကောင်းခဲ့​ကြပါဘူး။ ''

ဒီစကားက သင့်အတွက် စဉ်းစားစရာ ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။

9/11 တိုက်ခိုက်မှုအပြီးမှာ လူများစွာက သူတို့ရဲ့ အဲ့ဒီနေ့က အဖြစ်အပျက်တွေကို မျှဝေခဲ့ကြပါတယ်။

သူတို့ဘာကြောင့်အသက်ရှင်သန်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းတွေဟာ၊ ရွေးချယ်မှု​တွေမဟုတ်ဘဲ အခွင့်အရေးတစ်ခုသာဖြစ်နေကြပါတယ်။

တစ်ယောက်က သူ့သားကို သူငယ်တန်း ပထမနေ့မှာ ကျောင်းသွား ပို့ပေးခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။

နောက်တစ်ယောက်က ဒိုးနပ်စားဆိုင်မှာ၊ ဒိုးနပ်သွားယူဖို့ အလှည့်ကျနေခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။

တစ်ယောက်က ရထားလွတ်သွားခဲ့တယ်။

တစ်ယောက်က ယာဉ်ကြောပိတ်နေခဲ့တယ်။

တစ်ယောက်က အချိန်မှန်နှိုးစက်မြည်ခဲ့ခြင်းမရှိခဲ့ဘူး။

နောက်တစ်ယောက်က သူမရဲ့အင်္ကျီပေါ်ကော်ဖီဖိတ်သွားလို့ တခြား အင်္ကျီ​ပြန်လဲခဲ့တယ်။

တစ်ယောက်ရဲ့က၊ ကားစက်နိူးတာအဆင်မပြေခဲ့ဘူး။

တစ်ယောက်က အရေးကြီးတဲ့ ဖုန်းဖြေဖို့ အိမ်ကိုပြန်သွားခဲ့တယ်။

တစ်ယောက်က သူတို့ကလေးက အဲ့ဒီနေ့မှာ ပုံမှန်မဟုတ်ဘဲနှေးနှေးလုပ်ခဲ့လို့ နောက်ကျခဲ့တယ်။

နောက်တစ်ယောက်ကတော့ တက္ကစီငှားတာ မအောင်မြင်ခဲ့ဘူး။

ဒါတွေဟာ တကယ်တော့ ပုံမှန်အချိန်မှာဆို အသေးအဖွဲ့ လို့ပြောလို့ရတဲ့ သာမန်အရာတွေပါ။

ဒါပေမယ့် ဒီသေးငယ်တဲ့အချိန်လေးတွေက၊ ထိုနေ့သူတို့ ဘဝရဲ့ဖြစ်စဉ်တွေကို ပြောင်းလဲသွားစေခဲ့တယ်။

တနည်းအားဖြစ်ဆိုလျင် သေမဲ့ဘေးကနေ လွတ်မြောက်ခဲ့ကြပါတယ်။

ဒီဇာတ်လမ်းတွေကိုဖတ်ပြီးကတည်းက ကျွန်တော်စဉ်းစားပုံပြောင်းလာခဲ့ပါတယ်။

အကြောင်းတစ်ခုခုကြောင့် ကျွန်တော်နောက်ကျနေတဲ့အခါ၊

တစ်ခုခုမေ့သွားပြီး ပြန်သွားရတဲ့အခါ၊

မနက်ခင်းမှာ အကြောင်းပြချက်မရှိဘဲ အစီအစဉ်တွေပျက်သွားတဲ့အခါ၊

ကျွန်တော်ကိုယ့်ကိုယ်ကို သတိပေးဖို့ကြိုးစားတယ်။

ဒါဟာ ကံမကောင်းတာမဟုတ်ဘူး၊
ငါလိုအပ်နေတဲ့နေရာမှာ ငါရောက်နေတာဖြစ်ကောင်းဖြစ်မယ်၊
ငါမမြင်နိုင်တဲ့အရာတစ်ခုခုကနေ ငါ့ကိုကာကွယ်ပေးနေတာဖြစ်ကောင်းဖြစ်မယ်။

ဒါကြောင့် နောက်တစ်ခါ သင့်အတွက်အဆင်မပြေတဲ့ အကြောင်းအရာတွေ ဖြစ်လာတဲ့အခါ ဥပမာ
သော့တွေပျောက်နေတဲ့အခါ၊ ယာဉ်ကြော​တွေပိတ်နေတဲ့အခါ၊ စီစဥ်ထားတဲ့ အစီအစဉ်တွေပျက်သွားတဲ့အခါ၊

ခဏ ရပ်လိုက်ပါ။
အသက်ပြင်းပြင်းရှုလိုက်ပါ။
ဒါဟာ အတားအဆီးမဟုတ်ဘူး၊
သင့်ဘဝက သင့်ကိုမထင်မှတ်ဘဲ ကူညီနေတာဖြစ်ကောင်းဖြစ်မယ်။

ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ၊
ကျွန်တော်တို့ကို စိတ်ပျက်စေတဲ့ နှောင့်နှေးမှုတွေဟာ
ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အရာတွေလည်းဖြစ်နေတတ်လို့ပါ။

Saya U Khin Zaw ( ဘာသာပြန် )
မှတ်ချက်။ ။ 9/11 နေ့အမှတ်တရ post အဟောင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

11/09/2025

အိုဘားမားကနေ ဂျက်မားကို မေးတယ်...
မင်းဘာဖြစ်လို့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးတွေအတွက်..
သဲကြီးမဲကြီးလုပ်နေရတာလဲတဲ့....

ဂျက်မားက ပြန်ဖြေတယ်..
သူငယ်ငယ်တုန်းက ရေကူးခဲ့တဲ့
ရေကန်လေးတစ်ခုရှိတယ်...
သူအရွယ်ရောက်လာတော့
ပြန်သွားကြည့်တော့
သိပ်နက်မယ်ထင်ခဲ့တဲ့ ရေကန်မနက်တော့...
နောက်တော့ အဲဒီထက်ပိုဆိုးသွားတယ်...
ရေကန်လေး ပျောက်သွားတယ်...
ပတ်ဝန်းကျင်က လူတွေ
ဒုက္ခရောက်ကြတယ်...

လွန်ခဲ့တဲ့ အနှစ်ဆယ်ကို ပြန်စဉ်းစားကြည့်ရင်
ကင်ဆာရောဂါသည်ဆိုတာ ရှားရှားပါးပါးပါပဲ...
အခုကြည့်ကြည့်လိုက် ငါတို့ ဆွေမျိုးတွေထဲမှာ
ငါတို့ သူငယ်ချင်းတွေထဲမှာ
ကင်ဆာဖြစ်နေတဲ့လူတွေ အများကြီးပဲ...

ငါတို့တွေ အလုပ်လုပ်ကြတယ်
ပိုက်ဆံတွေရှာကြတယ်...
အဲဒီပိုက်ဆံတွေကို
ဆေးရုံတွေထဲမှာပဲ ထည့်မယ်..
ဆေးတွေပဲဝယ်ဆိုရင်
မင်းပိုက်ဆံဘယ်လောက်ရှာရှာ အလကားပဲ...

အဲဒီတော့ ကျန်းမာရေးနဲ့ညီညွှတ်ပြီး
သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင်
ဖန်တီးခြင်းက
ဆေးတွေဝယ်သောက်တာထက်
ပိုကောင်းတယ်..
ဒါကြောင့် အလီဘာဘာရတဲ့ အမြတ်တွေကို
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်
သုံးနေတာပါတဲ့....

သူပြောတာကို နားထောင်ပြီးတော့
ခေါင်းထဲမှာ အတွေးတစ်ခုရောက်သွားတယ်...
သူပြောတာ ဟုတ်တာပဲ...

ဆေးရုံဆေးခန်းတွေ
ဘယ်လောက်ပဲကောင်းကောင်း
ဆေးဝါးတွေ ဘယ်လောက်ပဲ ခေတ်မှီမှီ
ကိုယ်ကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွှတ်စွာ
နေထိုင် မစားသောက်ဖူးဆိုရင်တော့...
ရှာတဲ့ပိုက်ဆံတွေက ဆေးဖိုးတွေ
ဖြစ်နေဦးမှာပါပဲ...

ကျွန်မတို့နိုင်ငံမှာ ဖြစ်နေတာလဲ
အဲဒါပဲထင်ပါတယ်...
လူတွေအားလုံးက ဆေးရုံဆေးခန်းတွေ
မလောက်ငှတာကိုပဲ
လက်ညိုးထိုးပြနေကြတာပဲ များပါတယ်...
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့
ပတ်ဝန်းကျင်နဲ့ အစားသောက်တွေ ဖြစ်လာဖို့...
ပြောကြဆိုကြတာ နည်းနေသေးတယ်
ထင်ပါတယ်....

ဆေးရုံတွေဘယ်လောက်ထပ်ဆောက်ဆောက်...
အစားသောက်နဲ့ ပတ်ဝန်းကျင်က
ကျန်းမာရေးနဲ့ မညီညွှတ်ရင်တော့
ဆောက်သလောက် လောက်မယ် မထင်ဘူး...
Credit
#ဒေါက်တာဟေမာမွှေး

09/09/2025

#ကိုလံဘီယာတက္ကသိုလ် သင်္ချာချိန်တစ်ခုတွင်ဂျော့ဒန်းဇစ် George Dantzig ဟူသည့် ကျောင်းသားတစ်ယောက်သည် အိပ်ပျော်နေရာမှ အတန်းဖော်သူငယ်ချင်းများ၏ စကားပြောသံကြောင့် လန့်နိုးလာခဲ့သည်။ ထိုအချိန်တွင် စာသင်ချိန်ပြီးသွားလေပြီ။ စာသင်ခန်းထဲတွင် ဆရာမရှိတော့။ သင်ပုန်းပေါ်တွင် ဆရာရေးထားခဲ့သော ပုစ္ဆာနှစ်ပုဒ်ကို သူတွေ့ရသည်။ အိမ်စာဖြစ်ရမည်ဟု တွေးလိုက်ပြီးနောက် ပုစ္ဆာနှစ်ပုဒ်ကို ကူးယူလာခဲ့လိုက်သည်။

သူ အဆောင်သို့ပြန်ရောက်လာပြီးနောက် အိမ််စာများကို ပထမအကြိမ်တွက်ကြည့်လိုက်သောအခါ အတော်ကြီးကို ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။ သို့သော် သူသည် စာကြည့်တိုက်တွင် နာရီပေါင်းများစွာကြာသည်အထိ ရည်ညွှန်းစာများကို ရှာဖွေဖတ်ရှုလေ့လာပြီးနောက် ဇွဲမလျှော့ဘဲ ကြိုးစားလိုက်သောအခါ စိန်ခေါ်မှုအပြည့်ပါနေသည့် ပုစ္ဆာနှစ်ပုဒ်ထဲမှ တစ်ပုဒ်ကို အောင်မြင်စွာ ဖြေရှင်းလိုက်နိုင်သည်။

နောက်တစ်ရက်တွင် သူအံ့ဩသွားခဲ့သည်မှာ ဆရာသည် ထိုစာသင်ချိန်တွင် ပထမနေ့ကပေးထားခဲ့သော အိမ်စာများအကြောင်းကို တစ်ခွန်းမှ ပြန်မမေးခြင်းပင်ဖြစ်သည်။ သိချင်စိတ်ပြင်းပြနေသော တပည့်ဖြစ်သူက မတ်တပ်ထရပ်ပြီး ဆရာ့ကို မေးကြည့်သည်။

"ဒေါက်တာခင်ဗျ... ပထမနေ့တုန်းက ဆရာပေးထားခဲ့တဲ့ အိမ်စာပုစ္ဆာတွေအကြောင်းကို ဒီနေ့ ဘာဖြစ်လို့ မမေးတာလဲခင်ဗျာ..."

ဆရာက ပြန်ဖြေသည်။

"မေးစရာလိုလို့်လားဟ... အဲဲဒါက မင်းတို့တွက်ဖို့ပေးလိုက်တဲ့ ပုစ္ဆာမှမဟုတ်တာ ... သိပ္ပံပညာနဲ့ သိပ္ပံပညာရှင်တွေ အခုအချိန်အထိ ဘယ်လိုမှဖြေရင်းလို့မရသေးတဲ့ သင်္ချာပုဒ်စာတွေကို မင်းတို့မြင်ဖူးတယ်ရှိအောင် နမူနာအဖြစ် ရေးပြတာ..."

ကျောင်းသားက တအံ့တဩဖြင့် ပြန်ပြောသည်။

"ဒါပေမယ့် အဲဒီပုစ္ဆာတစ်ပုဒ်ကို ကျွန်တော်တွက်ကြည့်လိုက်တာ စာမျက်နှာ လေးမျက်နှာကုန်တော့ အဖြေထွက်လာတယ်ဆရာ..."

ထိုကျောင်းသားတွက်ပြထားသော ဖြေရှင်းချက်ကို ကိုလံဘီယာတက္ကသိုလ်တွင် ဂုဏ်ပြုပြီး စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းထားပါသည်။ ထိုပုစ္ဆာနှင့်ပတ်သက်ပြီး သူတွက်ထားသော စာမျက်နှာလေးမျက်နှာကိုလည်း တက္ကသိုလ်တွင် ယနေ့အချိန်အထိ ပြသထားပါသည်။

ထိုကျောင်းသားအနေနှင့် ထိုမျှခက်ခဲသောပုစ္ဆာကို ဖြေရှင်းနိုင်ခဲ့သည့် တစ်ခုတည်းသောသော့ချက်မှာ ဆရာပြောပြခဲ့သည့် "ဒီပုစ္ဆာတွေဟာ ဒီနေ့အထိ ဘယ်သူမှတွက်လို့မရသေးတဲ့ပုစ္ဆာတွေဖြစ်တယ်..." ဟူသောစကားကို မကြားမိခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ထိုပုစ္ဆာများသည် သူတွက်ရမည့် အိမ်စာများဖြစ်သည်ဟုယူဆလိုက်ပြီး စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နည်းလမ်းတစ်ခုပြီးတစ်ခုရှာဖွေပြီး တွက်ချက်ကြည့်လိုက်ခြင်းကြောင့် နောက်ဆုံးတွင် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

ထိုဇာတ်လမ်းမှ ကျွန်ုပ်တို့ကို သတိပေးလျက်ရှိသည်မှာ -

သင့်အနေနှင့် တစ်စုံတစ်ခုကို မရနိုင် မဖြစ်နိုင်ဟု တစ်စုံတစ်ယောက်က လာပြောလျှင် ထိုသူ့စကားကို အရေးတယူလုပ်ပြီး နားထောင်မနေပါနှင့်။ ယနေ့ခေတ်လူငယ်များတွင် အပျက်သဘောဆောင်သော အတွေးအမြင်များနှင့် သံသယများ ဝိုင်းလျက်ရှိသည်။ တချို့လူများကလည်း သင့်စိတ်ထဲတွင် ရှုံးနိမ့်ခြင်းနှင့် စိတ်ပျက်အားလျှော့ခြင်းများကို ရည်ရွယ်ချက်ရှိရှိနှင့် မျိုးစေ့ချပေးလေ့ရှိကြသည်။

သင့်ပန်းတိုင်ကို ရောက်နိုင်ဖို့၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့၊ သင်၏ ပြင်းပြသောဆန္ဒကို ဖြည့်စွမ်းနိုင်ဖို့ သင့်မှာ စွမ်းရည်အပြည့်ရှိပါသည်။

ကိုယ့်ကိုယ်ကိုယုံကြည်ပါ...။

ဘာဖြစ်ဖြစ် ရှေ့ဆက်ပါ... ။

(Translated by )

DURING a mathematics course at Columbia University, a student fell asleep and woke up to the sound of his classmates talking. As the lesson ended, he noticed the lecturer had written two problems on the whiteboard. He assumed these were homework assignments, so he copied them into his notepad to tackle later.

When he first attempted the problems, he found them quite difficult. However, he persevered, spending hours in the library gathering references and studying until he was able to solve one of the problems, though it was challenging.

To his surprise, the lecturer didn’t ask about the homework in the next class. Curious, the student stood up and asked, "Doctor, why didn’t you ask about the assignment from the previous lecture?"

The lecturer replied, "Required? It wasn’t mandatory. I was simply presenting examples of mathematical problems that science and scientists had not yet solved."

Shocked, the student responded, "But I solved one of them in four papers!" The solution he discovered was eventually credited to him and documented at Columbia University. The four papers he wrote on the issue are still on display at the institution.

The key reason the student was able to solve the problem was that he didn’t hear the lecturer say, "No one has found a solution." Instead, he believed it was a problem worth solving and approached it without frustration, ultimately succeeding.

This story serves as a reminder: don't listen to those who tell you that you can't achieve something, as many young people today are surrounded by negativity and doubt. Some people intentionally plant seeds of failure and frustration.

You have the power to achieve your goals, overcome obstacles, and fulfill your aspirations. Simply trust in God and keep trying.

Edit:

The student was George Dantzig, and the problem came from Math Stack Exchange.

"Dantzig demonstrated that, in the context of Student's t-test, the only way to create a hypothesis test whose power is independent of the standard deviation is to use an absurd test that always has an equal probability of rejecting or failing to reject, which, of course, is not practical."

Source: Xpressing /FB

09/09/2025

" အရမ်းကြီး မတွယ်တာပါနဲ့ ”
***********************

ကိုယ်ယုံကြည်ရတဲ့သူက
သစ္စာဖောက်သွား ရင်
ပို နာ ကျင် ရ တတ် တယ်...။

ကိုယ်မြတ်နိုးရတဲ့သူက
လျစ်လျူရှု လိုက်ရင်
ပို ခံစား ရ တတ် တယ်...။

ကိုယ်တန်ဖိုးထားတဲ့သူက
ကျဉ်ဖယ်သွားရင် ပိုဝမ်းနည်း
ရ တတ် ပါတယ်....။

တစ်ခါတစ်ခါ . .
ကိုယ် နဲ့ မနီး တဲ့ ပတ်ဝန်းကျင် ထက်
ကိုယ့် နဲ့ နီး တဲ့ အရာ တွေက
ကိုယ့် ကို စိတ် ပင် ပန်း မှု
ပို စေ တတ် တာ အမှန် ပါ ပဲ...။

အရမ်းမတွယ်တာထားပါနဲ့ . .
ဝေး တဲ့ သူ ပစ် တဲ့ မြှား ထက်
နီး တဲ့ သူ ခုတ် တဲ့ ဓားက
သွေး ပို ထွက် တတ် လို့ ပါ...။

မေတ္တာဖြင့်




#ကဗျာ

09/09/2025

ဒွတ္တဘောင် မင်းကြီးဟာ
စစ်တိုက်ပြီးပြန်လာတော့
ပန်ထွာမင်းသမီးရဲ့
တိုင်းပြည်မှာ
တစ်ည၀င် အိပ်ခဲ့တယ်။

ပန်ထွာမင်းသမီးဟာ
မငျးကျွီးဘုနျးကံနိမျ့အောငျ
ဆိုပြီး
မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့
မျက်နှာသုတ်ပဝါကို
မျက်နှာသုတ်ဖို့ပေးခဲ့တယ်။

မင်းကြီးလည်း
အဲဒီမျက်နှာသုတ်ပဝါကိုမျက်နှာသုတ်လိုက်
တာဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ဟာ
ကွယ်ခဲ့တယ်။မင်းကြီးလည်းဘုန်းနိမ့်မှန်း
သိပြီးပြန်လာခဲ့တယ်။

လမ်းရောက်တော့
မိုးရွာတဲ့အတွက်
တ ရော်ပင် အောက်မှာ
မိုး၀င် ခိုခဲ့တယ်။

တ ရော်ကင်းပွန်းကစီးကျလာတဲ့မိုးရေဟာ
မင်းကြီးအ ပေါ်ကျပြီးဘုန်းကျက်သ ရေ
ရှိစေတဲ့မှဲ့ရှင် ဟာပြန်ပေါ်လာခဲ့တယ်။

မင်းကြီးလည်း
တ ရော်ဟာဘုန်းကျက်သ ရေရှိစေတယ်
ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို
မကြာခဏလုပ်ပေးတာကစပြီး

မြန်မာဘုရင် အဆက်ဆက်ဟာ
တ ရော်ကင်းပွန်းနဲ့
ဦးခေါင်းဆေးမင်္ဂလာကို
ပြုလုပ်တဲ့ အယူအဆ
ပေါ်ပေါက်ခဲ့တယ်။

ကင်းပွန်းသီးရဲ့အာနိသင် က
အပုပ်အစပ်နိုင် တာပါ။
ဘယ်လောက်ပဲ့ အပုပ်နံ့ နံပါစေ
ကင်းပွန်းသီးကို မီးမြှိုက်လိုက် ရင်
အပုပ်နံ အားလုံး ပျောက်ကွယ်သွားပါတယ်။

ဒါကြောင့်
ဦးခေါင်းကအနံ့ကိုပျောက်အောင်
ကင်းပွန်းသီးကစွမ်းဆောင် နိုင်ပြီး
ဘုန်းကျက်သ ရေရှိဖို့ကို
တ ရော်က စွမ်းဆောင် ပေးပါတယ်။

အဲဒါကြောင့်
မြန်မာလူမျိုးတွေဟာ
အသုဘပို့ပြန်လာတဲ့အခါတွေ
မီးနေသည်အိမ်ကပြန်လာတဲ့အခါတွေမှာ
တ ရော်ကင်းပွန်းကိုအသုံးပြုကြတာ
ဒီနေ့အထိပါပဲ့။

Credit to writer

09/09/2025

တခါက ပညာရှိကြီးတစ်ယောက်က ပြောဖူးတယ်။
1.▪ သင့်သူငယ်ချင်း၏ဇနီးနှင့် ချိန်းတွေ့ခြင်းမပြုပါနှင့်။ သင့်ကိုယ်သင် သေတွင်းသို့ ပို့နေခြင်းသာဖြစ်သည်။
2.▪ အိပ်ဖို့ တံခါးမပိတ်ခင် အပြင်မှာ တစ်ခုခုကို မေ့မထားဘူးလားဆိုတာ စစ်ဆေးပါ။
3.▪ သင်၏အဆွေခင်ပွန်းသည် အသက်မွေးဝမ်းကြောင်း စီးပွားရေးတစ်ခုခု အောင်မြင်နေလျှင် သူ့ကို ဂုဏ်ပြုကြောင်းပြောပါ၊ တစ်နေ့နေ့ သင့်အတွက်လည်း တံခါးများဖွင့်လာလိမ့်မယ်။
4.▪ အသက်ကြီးသူတို့ရှေ့၌ စကားအလွန်မပြောနှင့်။
5.▪ ပညာရှိသောဖခင် သို့မဟုတ် ပညာရှိသောမိခင်ကို သင်ရှာတွေ့လျှင် သူတို့ကို သင်၏မိဘအရင်းများကဲ့သို့ လေးစားပါ။
6.▪ သင့်သူငယ်ချင်း အိမ်ထောင်ကျပါက ဂုဏ်ပြုပေးပါ၊ သင့်အလှည့်ရောက်လာလိမ့်မယ်။
7.▪ တစ်စုံတစ်ယောက်သည် သင့်ကူညီလိုလျှင်
တုံ့ဆိုင်းခြင်းမရှိပဲ ကူညီပါ၊ အနာဂတ်မှာ သူသင့်ကို ကူညီနိုင်မယ့် နေ့မရှိနိုင်ဘူးဆိုတာ သင် ကြိုတင်မသိပါဘူး။ အကူညီလိုအပ်သူကို တတ်နိုင်သလောက်ကူညီပါ။
8.▪ ဆင်းရဲသောသူကို မဝေဖန်နှင့်။ အနာဂတ်မှာ ချမ်းသာတဲ့သူတစ်ခုဖြစ်နိုင်မယ်ဆိုတာ မသိနိုင်ဘူး။
သင်ယခု ချမ်းသာပေမယ့် သင်ဘယ်တော့မှာ ဆင်းရဲမှာမဟုတ်ဘူးဆိုတာ ခန့်မှန်းလို့မရဘူး။
9.▪ ချမ်းသာတဲ့သူတွေ တွေ့ရင် အရမ်းအထင်မကြီးမိစေနဲ့ သူတို့၏ ၀င်ငွေအရင်းမြစ်ကို ဘယ်ကနေလာသလဲဆိုတာ သင်မသိနိုင်ဘူး။
10.▪ သင်၏ဆုတောင်းချက်များကို လေးစားပါ။ သင်၏ဖန်တီးရှင်ကို ကျေးဇူးတင်ကြောင်းပြသသည့် ကောင်းသောနိမိတ်တစ်ခုဖြစ်သည်။

မူးရင်းရေးစားသူအား လေးစားစွာဖြင့်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon